အာဏာသိမ်း စစ်ကောင်စီဟာ ပစ်ခတ်မှုစနစ် ချို့ယွင်းနေတဲ့ တိုက်လေယာဉ်တွေကို မှားယွင်းဝယ်ယူမိ ထားတယ်လို့ မြန်မာစစ်ကောင်စီ လေတပ်အကြောင်း လေ့လာစောင့်ကြည်နေတဲ့ သုတေသန ပညာရှင် တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မြန်မာလေတပ်ဟာ တရုတ်နိုင်ငံက JF-17 တိုက်လေယာဉ်တွေကို ဝယ်ယူနိုင်ဖို့ ၂၀၁၆ ခုနှစ် အစောပိုင်းက စာချုပ် ချုပ်ဆိုခဲ့ခြင်းအားဖြင့် ကမ္ဘာပေါ်မှာ JF-17 ကို ပထမဆုံးဝယ်ယူတဲ့ ပြင်ပနိုင်ငံအဖြစ် မှတ်တမ်း ဝင်ခဲ့တာပါ။
အဲ့ဒီ တိုက်လေယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်ရေးနဲ့ အပေါ့စား ဗုံးကြဲလေယာဉ် အနေနဲ့ သာမက ဝေ ဟင်ကနေ ရေပြင်ကိုပါ တိုက်ခိုက်နိုင်တဲ့ အစွမ်းရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပေမယ့်၊ လက်ရှိမှာတော့ မြန်မာလေတပ်အတွက် အလှပြမောင်းရုံသာ အသုံးပြုနေရတယ်လို့ သုတေသီတွေက ဧရာဝတီကို ပြောကြားထားပါတယ်။