• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သိန်း ၁၀၀၀ တန် Ford ကား ၁၀ စီးဝယ်ရန်တင်ပြချက် ဝေဖန်မှုဖြင့် ရင်ဆိုင်နေရ

by သဇင်လှိုင်
31 May 2018
in သတင်း
A A
ယနေ့ လွှတ်တော်တွင် တင်ပြနေသော လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး / ဧရာဝတီ

ယနေ့ လွှတ်တော်တွင် တင်ပြနေသော လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး / ဧရာဝတီ

39.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တင်သွင်းလာသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းထဲတွင် ကျပ် သိန်း ၁ ထောင်တန် Ford ကား ၁၀ စီး ဝယ်ရန် တင်ပြချက်နှင့် ပတ်သက်ပြီး လွှတ်တော်တွင် ကိုယ်စားလှယ်များ၏ ထောက်ပြ ဝေဖန်ချက်များနှင့် ရင်ဆိုင်နေရသည်။

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကိုမေလ ၃၁ ရက်က ပြုလုပ်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော ”၂ဝ၁၈ -၂ဝ၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)” နှင့်ပတ်သက်ပြီး ထောက်ပြဝေဖန်ခံနေရခြင်းဖြစ်သည်။

RelatedPosts

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
199
တောင်ကိုရီးယားရဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဥ် ရပ်ဆိုင်း (ရုပ်/သံ)

တောင်ကိုရီးယားရဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဥ် ရပ်ဆိုင်း (ရုပ်/သံ)

14 June 2025
4
ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

14 June 2025
250

လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး က “တချို့ရငွေသုံးစွဲမှုတွေမှာ တင်ပြချက်တွေကတော့ လိုအပ်တာ မှန်ပေမယ့် အဓိက ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတွေ ဖြစ်ပါရဲ့လားဆိုတာ ကျမအနေနဲ့ ဆွေးနွေးချင်ပါတယ်။ ဥပမာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ရုံးသုံးယာဉ်များဝယ်ယူရာမှာ Ford ကားတစ်စီးကို သိန်းတစ်ထောင်နဲ့ ၁၀ စီး သန်းတထောင်သုံးစွဲရမှာ လိုအပ်ပါရဲ့လား” ဟု ထောက်ပြသွားသည်ကို တွေ့ရသည်။

ယနေ့ အစည်းအဝေးတွင် လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၊ အင်းစိန်မြို့နယ်မှ ဦးဝေဖြိုးဟန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ ဦးသိန်းနိုင်၊ ကျောက်တန်းမြို့နယ်မှ ဦးဇော်မိုးလွင်နှင့် ဒေါ်သက်သက်မူ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဦးဇင်မင်းထွေး၊ လသာမြို့နယ်မှ ဦးဇော်ဝင်းနိုင် တို့ကလည်း ဘက်ဂျက်တင်ပြမှုနှင့် ပတ်သက်၍ ဝေဖန်ဆွေးနွေးခဲ့ကြသည်။

အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် က “ပြည်သူကိုဗဟိုပြုတဲ့ ပြည်သူ့အစိုးရဟာ ပြည်သူ့လိုအပ်ချက်ကို အရင်ဆုံး ဖြည်ဆည်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ပြည်သူတင်ပြတာတွေကျတော့ ငွေမလောက်လို့ အပြည့်အဝမရကြဘဲ ဌာနလိုအပ်ချက် ဖြည့်ဆည်းဖို့ကျတော့ ငွေတွေ ဗုံးပေါလအော သုံးထားတာကို မခံသိမခံသာ တွေ့နေရပါတယ်။ ဥပမာ အစိုးရအဖွဲ့က တင်ပြထားတဲ့ Ford ကား ၁၀ စီး ဝယ်ဖို့ ၁ ဘီလီယံ သုံးထားတာမျိုး” ဟု ထောက်ပြ ပြောဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ရုံးသုံးအတွက် Ford ကား ၁၀ စီးဝယ်ယူရန် ကျပ်သန်း ၁၀၀၀ သုံးစွဲထားခြင်းအပြင် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေး ဌာနက ပြည်သူ့လွှတ်တော် ဇာတ်သဘင်ဆောင် အဆင့်မြှင့်ရန် ကျပ်သန်း ၁၀၀၀ နီးပါးတောင်းခံ ထားခြင်း၊ စည်ပင်သာယာ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ ၆ ထပ်တိုက် ၆ လုံးတည်ဆောက်ရန် ကျပ်သန်းပေါင်း ၅၁၀၀ ခန့် အသုံးပြုထားခြင်း၊ ရငွေမည်မည် ရရမပြနိုင်သည့် သမဝါယမဦးစီးဌာန၏ အသုံးစရိတ်မှာကျပ်သန်း ၂၀၀၀ ခန့်ဖြစ်နေခြင်းတို့ကို လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။

ဦးဝေဖြိုးဟန် က “ဘဏ္ဍာငွေ မဟားတရားသုံးနေတာမျိုးတွေလို့ပဲ ပြောချင်ပါတယ်။ ဘက်ဂျက်ကာလရောက်တိုင်း အစိုးရအဖွဲ့နဲ့ လွှတ်တော် နောင်ချိန်ပလေး နေရတာတွေကို ကျနော်တို့ အင်မတန် စိတ်ပျက်နေပါပြီ။ လိုအပ်တာတွေကိုလည်း လိုအပ်သလို သုံးစွဲရယူကြပါ။ ပေးသင့်ပေးထိုက် လုပ်သင့်လုပ်ထိုက်တွေ ကိုလည်း သင့်တင့်မျှတအောင် ညှိနှိုင်းဆောင်ရွက်ပေးကြပါ” ဟု တိုက်တွန်းသွားသည်။

ကျောက်တန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်ကလည်း “သမဝါယမ ဦးစီးဌာနရဲ့ ရငွေလုပ်ငန်းဆောင်ရွက်မှု ခေါင်းစဉ်တွေဟာ စဉ်းစားသုံးသပ်လိုက်မယ်ဆိုရင် စီးပွားရေးအကောင်အထည်ဖော်လို့ အကျိုးအမြတ်ရတဲ့ ခေါင်းစဉ်မျိုးတွေ မတွေ့ရပါဘူး။ ဒါပေမယ့် သုံးငွေပေါင်းကတော့ လျာထားတဲ့နေရာမှာ ၂၀၀၃ ဒသမ ၄၄ သန်းလျာထားတာကို တွေ့ရပါတယ်” ဟု ဝေဖန်ထောက်ပြခဲ့သည်။

ယခုနှစ်တွင် သုံးစွဲရန် လျာထားသည့် ဘဏ္ဍာငွေ ၆၄၈ ဘီလီယံရှိပြီး ထိုပမာဏမှာ ယခင် ဘဏ္ဍာနှစ် ၂ နှစ်စာအသုံးစရိတ်ခန့် ရှိနေသဖြင့် ထူးခြားသည့် တိုးတက်မှု မဖြစ်မနေရရှိရန် လိုအပ်ကြောင်း လသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် ကလည်း ပြောသည်။

ဦးဇော်ဝင်းနိုင် က “ကျနော်တို့ သုံးစွဲခဲ့တဲ့ ဘဏ္ဍာနှစ် ၃ နှစ်ကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်နှစ်စာနီးပါး ဒီနှစ်ကိုသုံးစွဲတာကို လျာထားတာတွေ့ရှိရပါတယ်။ အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိလို့ တဖက်မှာ အခွန်ဘဏ္ဍာတွေကို တိုးတက်သုံးစွဲတဲ့ လျားထားချက်လို့ ကျနော်တို့ ယူဆစရာအကြောင်းရှိပါတယ်။ ဒီလိုဘဏ္ဍာငွေတွေ အမြောက် အများသုံးစွဲတဲ့ နှစ်ဆိုခဲ့ရင် တိုးတက်မှုကလည်း ထူးခြားတဲ့ တိုးတက်မှု ဖြစ်ဖို့ အထူးလိုအပ်လာပါတယ်”ဟု ဆိုသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် အသုံးစရိတ် ကျပ်ငွေ ၃၃၆ ဘီလီယံကျော် သုံးစွဲခဲ့ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ်ငွေ ၄၀၀ ဘီလီယံ သုံးစွဲရန် လျာထားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မှတ်တမ်းများအရ သိရသည်။

ယခုလာမည့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် သုံးစွဲမည့် ငွေပမာဏကျပ် ၆၄၈ ဒသမ ၈၈ ဘီလီယံ ဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် ရငွေများမှာ အခွန် အကောက်ရငွေ ၊ အခြားသာမန်ရငွေ ၊ ငွေလုံးငွေရင်းရငွေ ၊ ကြွေးမြီးရငွေများ ဖြစ်သည့်အနက် အခြားသာမန် ရငွေက အများဆုံးဖြစ်ကာ ကျပ် ၄၁၅ ဒသမ ၉၂၈ ဘီလီယံဖြစ်ပြီး အခွန်အကောက် စင်စစ်မှ ရငွေမှာမူကျပ်ငွေ ၇၁ ဒသမ ၈၅၄ ဘီလီယံသာ ရှိသဖြင့် အနည်းဆုံး ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက လွှတ်တော်သု့ိ တင်သွင်းထားသည့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းအရသိရသည်။

၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ရန်ကုန်တိုင်း ဒေသကြီး၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) နှင့်စပ်လျဉ်းပြီး မေလ ၃၀ ရက် နေ့က ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးမှလည်း ဆွေးနွေးခဲ့ကြသည်။

Your Thoughts …
Tags: ရန်ကုန်တိုင်းဒေသကြီး အစိုးရ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ရန်ကုန်တိုင်း လွှတ်တော်တွင် ဇန်နဝါရီ ၂၉ ရက်နေ့က ဆွေးနွေးနေသည့် ဦးကျော်ဇေယျနှင့် ဒေါ်နီလာကျော်  / Yangon Hluttaw

ရန်ကုန်တိုင်းအစိုးရ၏ အိမ်ရာများ ကျူးကျော်များအတွက် မထိရောက်

by သဇင်လှိုင်
30 January 2020
9.5k

ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင် သူများအတွက်ဟုဆိုကာ တိုင်းအစိုးရအနေဖြင့် အိမ်ရာများ ဆောက်လုပ် ရောင်းချခဲ့သော်လည်း ကျူးကျော်စင်စစ်များကို ရောင်းချခဲ့ခြင်း မဟုတ်သည့် အပြင် အဆိုပါ စီမံကိန်းများမှာလည်း မထိရောက်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

နှစ်ဘက်ဆွေးနွေးမှုအပြီး မီဒီယာများအား ဖြေကြားနေသည့် MPC ဒု-ဥက္ကဋ္ဌ (၂) ဒေါက်တာမျိုးသန့်တင် (တိုက်ပုံအနက်) / ဇူးဇူး / ဧရာဝတီ

Eleven သတင်းသမား ၃ ဦး အမှု အမြန်ဆုံး ရုပ်သိမ်းပေးရန် မီဒီယာကောင်စီ တိုက်တွန်း

by ဇူးဇူး
19 October 2018
37.1k

တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အောက်တိုဘာလ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်၍ ညှိနှိုင်းဆာင်ရွက်ပေးရန် MPC သို့ ယမန်နေ့ က တိုင်ကြားခဲ့သည့်အတွက် ယနေ့ (အောက်တို ဘာလ...

Next Post
နိုင်ငံတော် သမ္မတ၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့်အဖွဲ့အား တွေ့ဆုံအပြီးတွေ့ရစဉ်  / Myanmar President Office

မူးယစ်နှိမ်နင်းရေးတွင် အရပ်သားထည့်သွင်းဖွဲ့စည်းရန် သမ္မတညွန်ကြား

ကော့စ်ဘဇား အနီးရှိ ဘလုခါလီ ဒုက္ခသည်စခန်းအတွင်းရှိ ဆေးပေးခန်းတခု / Reuters

ဒုက္ခသည် စခန်းများတွင် ပဋိသန္ဓေတားရန် ဘင်္ဂလားဒေ့ရှ်နှင့် ကုလသမဂ္ဂ ညှိနှိုင်းမည်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
4.2k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate