• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တိုင်းအစိုးရ၏ အိမ်ရာများ ကျူးကျော်များအတွက် မထိရောက်

by သဇင်လှိုင်
30 January 2020
in သတင်း
A A
ရန်ကုန်တိုင်း လွှတ်တော်တွင် ဇန်နဝါရီ ၂၉ ရက်နေ့က ဆွေးနွေးနေသည့် ဦးကျော်ဇေယျနှင့် ဒေါ်နီလာကျော်  / Yangon Hluttaw

ရန်ကုန်တိုင်း လွှတ်တော်တွင် ဇန်နဝါရီ ၂၉ ရက်နေ့က ဆွေးနွေးနေသည့် ဦးကျော်ဇေယျနှင့် ဒေါ်နီလာကျော် / Yangon Hluttaw

9.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင် သူများအတွက်ဟုဆိုကာ တိုင်းအစိုးရအနေဖြင့် အိမ်ရာများ ဆောက်လုပ် ရောင်းချခဲ့သော်လည်း ကျူးကျော်စင်စစ်များကို ရောင်းချခဲ့ခြင်း မဟုတ်သည့် အပြင် အဆိုပါ စီမံကိန်းများမှာလည်း မထိရောက်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

ဦးကျော်ဇေယျ က “တိုက်ခန်းတွေကို ဘယ်လိုပေးလိုက်လဲ။ အိုးအိမ်နဲ့ ပေါင်းပြီးတော့ ရောင်းချင်တာကို ရောင်းလိုက်တဲ့ သဘောရှိတယ် ကျူးကျော်တွေမှ မဟုတ်တာ။ ကျူးကျော် ဘယ်နှဦးပါလို့လဲ။ ကျူးကျော်စမတ်ကဒ် ထုတ်ပေးထားတာ ၂ သိန်းလောက် ရှိတယ် အခုကျူးကျော် ဘယ်လောက်ကို တင်လိုက်ပြီ ဘယ်မြို့နယ်က ကျူးကျော် ဘယ်လောက် လျော့သွားပြီ ဆိုတာကို ပြောမယ်ထင်လိုက်တာ မှန်းချက်နဲ့ နှမ်းထွက်လွဲနေတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း အတွင်းရှိ ကျူးကျော်အိမ်ရာနေ ပြည်သူများ နေထိုင်ရန်အတွက် ဆောက်လုပ်ပြီးစီးခဲ့သည့် တိုက်ခန်းပေါင်း ၂၂၀၈  ခန်းနှင့် ဆောင်လုပ်ဆဲတိုက်ခန်း ၈၀၀၀ အား မည်ကဲ့သို့ ဆက်လက်စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ဖြေကြားမှုကို အပေါ် ဦးကျော်ဇေယျက ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ပိုင်မရှိသေးဘဲ အိမ်ငှားနေထိုင်ရသူများအတွက် အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် တန်ဖိုးနည်းအိမ်ရာတိုက်ခန်းပေါင်း ၂၂၀၈ ခန်းကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အိမ်ရာစီမံကိန်းများ ရောင်းချရေး ကော်မတီက စိစစ်ရောင်းချပေးခဲ့ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဒေါ်နီလာကျော်က လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်တွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဝင်ငွေနည်းပါးသောမိသားစုများ ဝယ်ယူနိုင်စွမ်းရှိလာအောင် CHID Bank မှ အိမ်ဝယ် ချေးငွေထုတ်ချေးပေးသည့် စနစ်နှင့် ချိတ်ဆက်ရောင်းချ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဘဏ်ချေးငွေအား ၁၅ နှစ်အရစ်ကျ ပေးဆပ်နိုင်ရန် စီစဉ်ထားရှိပြီး၊ ဝယ်ယူသူများကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပြန်လည် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

ကျူးကျော်များကို ဦးစားပေးပြီး တိုက်ခန်းများ ရောင်းချနေကြောင်းနှင့် တိုက်ခန်းဝယ်ယူနိုင်စွမ်း မရှိသူများအတွက်လည်း အိမ်ရာ ယူနစ်များ စီစဉ်နေကြောင်း ဒေါ်နီလာကျော်က ပြောသည်။

တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကွင်းမြေဧက ၂၄၀၀ ခန့် တွင် တန်ဖိုးနည်းအိမ်ရာ ၂၆၁၈၂ ယူနစ် ဆောက်လုပ်ပြီး လစဉ် အရစ်ကျပေး စနစ်ဖြင့် ကျူးကျော် အိမ်ရာနေပြည်သူများအား ဦးစားပေးပြီး တိုက်ခန်းရောင်းချ ပေးသွားရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ဒေါ်နီလာကျော်ကလွှတ်တော်တွင် ပြောကြားခဲ့သည်။

ထို့ပြင် တန်ဖိုးနည်းအိမ်ရာကျပ် ၆၆ သိန်းမှ ကျပ် ၁၄၅ သိန်းအတွင်း တန်ဖိုးရှိသော တိုက်ခန်းများဝယ်ယူရန် မိသားစုဝင်ငွေ သတ်မှတ်ချက် မပြည့်မီသူများ၊ အထူးသဖြင့် ကျူးကျော်အိမ်ရာများတွင် နေထိုင်သူများအတွက် နေအိမ်များကို နေရာချ ထားပေးသွားရန် အစီအမံများချမှတ်ထားကြောင်း ၎င်းက ပြောသည်။

Microfinance ချေးငွေဖြင့်ဆောင်ရွက်နေ သည့် ကျပ်သိန်း ၃၀ တန်အိမ်များကို ရွှေပြည်သာမြို့နယ်၊ သံဒင်း ၄၈  ရပ်ကွက်တွင် ၂၆၄ လုံး ဆောက်လုပ်ပြီးစီး၍ နေရာချထားပေးခဲ့ပြီး ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒဂုံ(တောင်)၊ ဒဂုံ(အရှေ့) နှင့် ရွှေပေါက်ကံတို့တွင် အိမ်ရာယူနစ် ၁၀၀၀၀ စီ၊ စုစုပေါင်း အိမ်ရာယူနစ် ၆၀၀၀၀ အထိ ဆောင်ရွက်သွားနိုင်ရန် စီမံကိန်းရေးဆွဲထားကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

သို့သော် ဦးကျော်ဇေယျက “ကျူးကျော်အတွက် မျှော်လင့်ချက်က၊ မျှော်လင့်ချက်မဲ့နေတဲ့ အနေအထားရှိတယ်။ ခေါင်းစဉ်ကတော့ ကျူးကျော် သို့သော်လည်း သူတို့စီမံကိန်းက မထိရောက်ဘူး။ အန်ကယ်တို့ လိုချင်တဲ့ ရာနှုန်းပြည့်မပြောနဲ့ ၁၀၊ ၂၀ လောက်တောင် မရပါဘူး” ဟု ပြောသည်။

တန်ဖိုးနည်း အိမ်ရာများဆောက်လုပ်ရန် လွှတ်တော်မှ အတည်ပြုပေးခဲ့သည့် ငွေကျပ် ၆၄ ဘီလီယံအား ရန်ကုန်တိုင်း ဒေသကြီး  အစိုးရက  အခြားကဏ္ဍတွင် သုံးစွဲခဲ့ခြင်းမှာလည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မညီကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အဆိုပါ ၆၄ ဘီလီယံအား မက်ထရိုပိုလီတန် ကုမ္ပဏီ တွင် ၅၄ ဘီလီယံ နှင့် ရန်ကုန်မြို့သစ်စီမံကိန်း ကုမ္ပဏီ NYDC တွင် ၁၀ ဘီလီယံ သုံးစွဲနေသည်ကို တွေ့ရှိရကြောင်း ထောက်ပြခဲ့ခြင်း ဖြစ်သည်။

Your Thoughts …
Tags: ကျူးကျော်ရန်ကုန်တိုင်းဒေသကြီး အစိုးရဦးကျော်ဇေယျ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ  တောင်းဆို

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
8 August 2023
2.8k

ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက စာပို့ တောင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၃ရက်နေ့က မန္တလေးမြို့တွင် ကျူးကျော်နေအိမ်များ ရှင်းလင်းပြီး တွေ့ရစဉ်

မန္တလေး၌ အင်အားသုံး ကျူးကျော်ရှင်းလင်းမှုကြောင့် နေထိုင်ရေး အခက်တွေ့နေ

by ဧရာဝတီ
7 December 2021
13k

အမှန်ပြောရမယ်ဆိုရင် အိမ်ငှားနဲ့ နေရတဲ့ဘဝကို စိတ်ကုန်လို့ ကျုးကျော်ရပ်ကွက်မှန်း သိပေမယ့် ဝယ်ပြီးနေခဲ့တာပါ။ အနည်းဆုံး ၅ နှစ်လောက် နေရရင်ပဲ တန်တယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ အခုက သတိပေးစာ ပေးတယ်ဆိုပေမယ့် ညှိနှိုင်းမှုတော့ လုပ်ပေးရမယ်လေ။ ညှိနှိုင်းမှု ဘာတခုမှ...

ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်လာသည့် မြန်မာတိုက်လေယာဉ်  / Bangkok Post

ထိုင်းလေပိုင်နက်ကျူးကျော်မှု မြန်မာစစ်တပ် တောင်းပန်

by ဧရာဝတီ
1 July 2022
8.8k

ထိုသို့ မြန်မာစစ်တပ်၏ တိုက်လေယာဉ် ကျူးကျော်ပျံသန်းမှု ဖြစ်ခဲ့သလို ထိုင်းနိုင်ငံဘက်သို့ ကျည်ကျရောက် ပေါက်ကွဲမှု ကြောင့်လည်း မော်တော်ယာဉ် ၁ စီး ထိမှန်ခဲ့ပြီး လူ ၁ ဦး ထိခိုက်ခဲ့သလို စာသင်ကျောင်းများလည်း ပိတ်ခဲ့ရသည်။

သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်မှုများကို ဆိုင်းဘုတ်များ ချိတ်ဆွဲ၍ ပြင်ဦးလွင် သစ်တောဦးစီးဌာနမှ သတိပေးထားပုံ / ဇော်ဇော် / ဧရာဝတီ

ပြင်ဦးလွင်သစ်တောမြေ ဝယ်သူရော၊ ရောင်းသူပါ အရေးယူမည်

by သဇင်လှိုင်
9 January 2021
24.4k

ကျူးကျော်မှုများကို တွေ့ရှိပါက ပထမအဆင့်အနေဖြင့် သစ်တောဦးစီးဌာန ဝန်ထမ်းများက သွားရောက် ပြောဆိုတားမြစ်ပြီး ဒုတိယအဆင့်တွင်မူ သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးရန် သတိပေး တားမြစ်စာ ပို့မည်ဖြစ်ကာ သတ်မှတ်ရက်အတွင်း မဖယ်ရှားပေးပါက သစ်တောဥပဒေနှင့် အရေးယူခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ်ရှိ ကျူးကျော်များအတွက် အစိုးရက ချထားပေးသည့် နေအိမ်များ / ထက်ခေါင်လင်း / ဧရာဝတီ

ရန်ကုန်တွင် ကျူးကျော်များအတွက် နေအိမ်များ စတင် ချထားပေး

by ထက်ခေါင်လင်း
10 March 2020
14.8k

ပထမအဆင့် အနေဖြင့် ကျနော်တို့ နေရာချထားပေးတာ။ ပထမ ကျူးကျော်စာရင်း ကောက်ပြီး စမတ်ကတ် ထုတ်ပေးတယ်။ နောက်တော့ အဲဒီထဲက တကယ်မှန်၊ မမှန်ကို GPS အင်တာနက်မြေပုံတွေနဲ့ပါ စစ်တယ်။ ပြီးမှ နေရာချထားပေးတယ်

သံချေးတက်နေသော ဂျိုးဖြူ ရေပိုက်လိုင်းနေရာ အစားထိုး လဲလှယ်နေသည်ကို ၂၀၁၇ ခုနှစ် မေလ အတွင်းက တွေ့ရစဉ်  / moi

ဂျိုးဖြူ ရေပိုက်လိုင်း အနီး ကျူးကျော်များနှင့် အမှိုက်ပစ်ခြင်း ကိစ္စရပ် လွှတ်တော်တွင် ဆွေးနွေး

by မိုးမိုး
19 July 2019
6.8k

ရန်ကုန်မြို့တွင်း သောက်သုံးရေ ဖြန့်ဝေနေသော ဂျိုးဖြူရေပိုက်လိုင်း အနီး၌ အခြေချ နေထိုင်နေသည့် ကျူးကျော်များ နှင့် အမှိုက်၊ အညစ်အကြေး စွန့်ပစ်ခြင်း ဆိုင်ရာများနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးသည်။

Next Post
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင် တွေ့ရှိခဲ့တာပါ။

အီဘိုလာ၊ ဆားစ်ရောဂါတွေထက် ပြင်းထန်ပြီး ကူးစက်မြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်

တညင်းကုန်းဈေးရှိ သစ်သီးဝလံ အရောင်းအဝယ်ပြုလုပ်နေမှုများ / မျိုးပပစန်း / ဧရာဝတီ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့ ဖရဲသီးဈေးကွက် ပျောက်နေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved