• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျိုးဖြူ ရေပိုက်လိုင်း အနီး ကျူးကျော်များနှင့် အမှိုက်ပစ်ခြင်း ကိစ္စရပ် လွှတ်တော်တွင် ဆွေးနွေး

by မိုးမိုး
19 July 2019
in သတင်း
A A
သံချေးတက်နေသော ဂျိုးဖြူ ရေပိုက်လိုင်းနေရာ အစားထိုး လဲလှယ်နေသည်ကို ၂၀၁၇ ခုနှစ် မေလ အတွင်းက တွေ့ရစဉ်  / moi

သံချေးတက်နေသော ဂျိုးဖြူ ရေပိုက်လိုင်းနေရာ အစားထိုး လဲလှယ်နေသည်ကို ၂၀၁၇ ခုနှစ် မေလ အတွင်းက တွေ့ရစဉ် / moi

6.8k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင်း သောက်သုံးရေ ဖြန့်ဝေနေသော ဂျိုးဖြူရေပိုက်လိုင်း အနီး၌ အခြေချ နေထိုင်နေသည့် ကျူးကျော်များ နှင့် အမှိုက်၊ အညစ်အကြေး စွန့်ပစ်ခြင်း ဆိုင်ရာများနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးသည်။

ဇူလိုင် ၁၈ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် ၁၀ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုး က အဆိုပါ ပိုက်လိုင်းသည် ရန်ကုန်မြို့၏ အဓိက ရေပေးဝေရာ ပိုက် ဖြစ် သော် လည်း ပိုက်လုံး အနီးတွင် စည်းကမ်းမဲ့ ကျူးကျော်ဝင် ရောက်နေထိုင်ခြင်း၊ အမှိုက်ပစ်ခြင်း ပြုလုပ်နေသည် များကို ပညာပေးခြင်း၊ အရေးယူခြင်း ပြုလုပ်ရန် ရှိ/မရှိ လွှတ်တော်တွင် မေးမြန်း ဆွေးနွေးခြင်း ဖြစ်သည်။

ရန်ကုန်မြို့ကို သောက်သုံးရေ ဖြန့်ဝေပေးနေသည့် ဂျိုးဖြူရေပိုက်လိုင်းမှ တရက်ကို ဂါလန် ၂၀၅ သန်း အထိ ဖြန့်ဝေနေ သည့် ပိုက်လိုင်း ဖြစ်သော်လည်း ယခုအချိန်တွင် အခိုင်အမာ တည်ဆောက်ထားသည့် အဆောက်အအုံများ ရှိနေ ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် စဖြစ်သည့် အချိန်မှစ၍ ပြည်သူများထံမှ တိုင်ကြားစာ များစွာ ရရှိကြောင်းလည်း နော်လှလှစိုး က ပြောသည်။

ထိုသို့ တိုင်ကြားစာများ ရရှိမှုကြောင့် မြေပြင်သို့ ကွင်းဆင်းပြီး ကျူးကျော်နေထိုင်သူများကို အခိုင်အမာ အဆောက် အအုံ များ ဆောက်လုပ် နေထိုင်၍ မရကြောင်း၊ ရေပိုက်လိုင်း အတွက် အလွန်အန္တရာယ် ရှိသကဲ့သို့ ပိုက်လိုင်းတခုခု ဖြစ်ပေါ်ခဲ့ပါကလည်း အနီးတွင် နေထိုင်သူများ အန္တရာယ်ရှိကြောင်း၊ ရန်ကုန်တမြို့လုံး အတွက် ရေရရှိမှု အခက်အခဲ လည်း ဖြစ်နိုင်ကြောင်း ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိဟု နော်လှလှစိုးက ပြောဆိုသည်။

၎င်းက“ညှိလို့ မရဘူးဆိုတာက ဘေးနားမှာ မြေကွက်တွေ ငွေကြေး တစုံတရာနဲ့ ရောင်းချပြီးတော့မှ အခိုင်အမာ တည် ဆောက်နေတဲ့ သူတွေလည်း ရှိနေတယ် ဆိုတာကို သက်သေ အထောက်အထားတွေလည်း ရှိတဲ့အတွက် အဂတိတွေ လည်းပါလာပြီ။ အဂတိကော်မရှင်ကို ဆက်ပြီး တိုင်ကြားသွားမှာ ဖြစ်ပါတယ်”ဟု လွှတ်တော် အစည်းအဝေးပြီးတွင် မီဒီယာများကို ပြောသည်။

အဆိုပါ မေးမြန်းချက်ကို နေပြည်တော် ကောင်စီမှ ကောင်စီအဖွဲ့ဝင် ဦးညီထွန်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ဖြေကြား ချက်အား လာရောက် ဖတ်ကြားပေးခဲ့ရာတွင် ကျူးကျော် ဝင်ရောက်နေထိုင်သူများကို ဥပဒေနှင့်အညီ ဖယ်ရှား ရှင်းလင်း ပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေးခွန်းရှင် နော်လှလှစိုးက“ရန်ကုန်တိုင်း အစိုးရကပေး ထားတဲ့ အဖြေကိုပဲ လာဖတ်ရတာ ဆိုတော့ ကျမကတော့ အဲဒီ အပေါ်မှာတော့ သိပ်တော့ ဘဝင် မကျဘူး။ ဆက်ပြီး နောက်ဆက်တွဲ လုပ်ရဦးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ရန်ကုန်မြို့ ဂျိုးဖြူ ရေပိုက်လိုင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အမိန့် ကြော်ငြာစာ အမှတ် (၆/၉၉) ဖြင့် ထုတ်ပြန်သည့် နည်းဥပဒေ ပုဒ်မ(၂) ၊ ပုဒ်မခွဲ (ဇ)အရ ပိုက်လုံး နယ်နိမိတ်ဆိုသည်မှာ မြို့တော် နယ်နိမိတ် အတွင်း မြို့တော် ရေပေးရေး လုပ်ငန်း ရေပို့ ပိုက်မကြီးများ၏ အလယ်အူကြောင်းမှ ဘေးဝဲယာ တဖက် တချက် (၂၅) ပေ အထိ နေရာကို ဆိုသည်ဟု ပြဋ္ဌာန်းထားသည်။

ဂျိုးဖြူရေ ပိုက်လိုက်လိုင်းအား ၁၉၃၇ ခုနှစ် လှော်ကား ရေပိုက်လိုင်းအား ၁၉၀၄ ခုနှစ်တို့တွင် စတင် သွယ်တန်း၍ ရန်ကုန် မြို့တော်သို့ ရေပေးဝေခဲ့ခြင်း ဖြစ်ကြောင်း၊ ရေပိုက်လိုင်းတို့၏ သက်တမ်းကြာလာသည်နှင့် အမျှ ပိုက်လုံး နယ်နိမိတ် အတွင်း ခေတ်အဆက်ဆက် ကျူးကျော် နေထိုင်လာသူ များပြားလာသဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရ၏ ဖြေကြားချက်တွင် ပါရှိသည်။

ရန်ကုန်တိုင်း ဒေသအတွင်း၌ ကျူးကျော်သူများသည် ပုံစံမျိုးစုံဖြင့် ကျူးကျော်ဝင်ရောက် နေထိုင်မှုများ ရှိနေကြောင်း၊ လတ်တလော ဖြေရှင်းရမည့် ကျူးကျော်များကို လတ်တလော ဖြေရှင်းသင့်သည်ဟု ထင်မြင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။

၎င်းက“မဖြစ်မနေ ရှင်းရမည့် နေရာတွေဆိုရင် ကန်တွေ အပေါ်မှာ ကျူးထားတာတွေဆို တကယ့်ကို အန္တရာယ် ရှိတဲ့ နေရာ ဖြစ်တယ်။ ရေသုံးစွဲတဲ့ သူတွေအတွက်လည်း ကျန်းမာရေး အရ အများကြီး ထိခိုက်နိုင်ပါတယ်”ဟု ဆိုသည်။

ရန်ကုန်မြို့အတွင်းရှိ နောက်ဖေးလမ်းကြားပါ မကျန် ကျူးကျော် ဝင်ရောက်နေထိုင်သူများ ရှိနေသည့်အတွက် လမ်းကြား ပိတ်သည့် အဆင့်ထိ ရောက်နေသည့် နေရာများ ရှိနေကြောင်းလည်း ဒေါ်ဖြူဖြူသင်းက ပြောဆိုသည်။

ကျူးကျော် နေထိုင်သူများကို ရှင်းလင်းရာတွင် ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း တာဝန်ခံ အဖွဲ့ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) ဌာန တခုတည်း အနေဖြင့် ဆောင်ရွက်ရန် အခက်ခဲ ရှိသဖြင့် အာဏာပိုင် အဖွဲ့အစည်းများ ဦး ဆောင် မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ အပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီများ၊ သက်ဆိုင်ရာ နယ်မြေခံ လွှတ်တော် ကိုယ်စားလှယ်များ၏ အကူအညီများဖြင့် ဥပဒေနှင့်အညီ ဖယ်ရှား ရှင်းလင်းနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်မှ လွဲ၍ ကျန်သည့် ၃၁ မြို့နယ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီ၏ ရေလှောင်ကန်များမှ ရေပေးဝေလျက် ရှိသည်ဟုလည်း သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
507
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
38
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
84

You may also like these stories:

ယူရို သန်း ၆၀ခန့် တန် မန္တလေး ရေပေးရေး စီမံကိန်း အကျိုးမဲ့ မဖြစ်ဖို့ အမတ်များ အကြံပြု

မီးပြတ်မှုကြောင့် ရေအားလျော့နည်းခြင်းနှင့် ရေပြတ်ခြင်းများဖြစ်ပေါ်နေ

Your Thoughts …
Tags: ကျူးကျော်ဂျိုးဖြူပိုက်လိုင်းစည်ပင်ရန်ကုန်မြို့လွှတ်တော်အမှိုက်
မိုးမိုး

မိုးမိုး

...

Similar Picks:

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

တော်လှန်ရေး ဒီရေမြင့်လာချိန် ရန်ကုန်ကို မီးပေးရန် မင်းအောင်လှိုင် ကြိုးစား

တော်လှန်ရေး ဒီရေမြင့်လာချိန် ရန်ကုန်ကို မီးပေးရန် မင်းအောင်လှိုင် ကြိုးစား

by ဧရာဝတီ
17 January 2024
6.3k

မင်းအောင်လှိုင်သည် သူကိုယ်တိုင် ကြီးထွားလာအောင်လုပ်ခဲ့သည့် လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ထိန်းချုပ်နိုင်ရန် လက်တွေ့ကျသည့် မည်သည့်အလုပ်မှ မလုပ်ပေ။

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

by ဧရာဝတီ
15 June 2024
5.1k

သတ်မှတ်ဈေးဖြင့်သာ မဖြစ်မနေ ဖွင့်လှစ် ရောင်းချရမည်ဟု ထိန်းချုပ်လိုက်သည့်အတွက် ရန်ကုန်မြို့ ရွှေဆိုင်တချို့တွင် တန်းစီ ဝယ်ယူခြင်းထိ ဖြစ်သွားခဲ့သည်။

ရန်ကုန်မြို့ရှိ အပေါက်များ အကြောင်း

ရန်ကုန်မြို့ရှိ အပေါက်များ အကြောင်း

by မောင်သော်က
8 June 2024
4.2k

ညအချိန်တွင် အပေါက်တို့၏ အန္တရာယ် ပို၍ ထူပြော၏။ အသွားမတော် တလှမ်း ဟူသကဲ့သို့ …

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

by ဧရာဝတီ
12 August 2023
3.9k

ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ  တောင်းဆို

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
8 August 2023
2.8k

ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက စာပို့ တောင်းဆိုလိုက်သည်။

Next Post
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဘိုကလေးဈေး  / ဧရာဝတီ

ရန်ကုန်မြို့တွင်း ဈေးများကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်မည်

ပြင်သစ် ဘီလီယံနာသူဌေး Bernard Arnault

ကမ္ဘာ့အချမ်းသာဆုံး ဒုတိယနေရာကို ရောက်ရှိလာတဲ့ ပြင်သစ် ဘီလီယံနာသူဌေး Bernard Arnault

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved