• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဟောင်းထံကကြွေးကျန်များ ပြန်ရပြီ

by ဧရာဝတီ
19 July 2018
in သတင်း
A A
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း မြင်ကွင်း  / ဂျေပိုင်

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း မြင်ကွင်း / ဂျေပိုင်

10.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဟောင်းလက်ထက်က ကောက်ခံခဲ့ပြီး လက်ရှိအစိုးရထံ အပ်နှံခြင်းမပြုခဲ့သည့် ရန်ပုံငွေများကို ယခုအခါ ပြန်လည်ရရှိပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကနေ အရင်အစိုးရရှင်းလင်းပေးဖို့ ကျန်တဲ့စာရင်းတွေအားလုံး ရှင်းလင်းပြီးဖြစ်ပါတယ်၊ ကြွေး ကျန်အကုန်လုံး လက်ခံရရှိပြီဖြစ်ပါတယ်၊ အရင်အစိုးရအကြွေးကျန်စာရင်းတွေအကုန်လုံး အစိုးရရဲ့စာရင်းထဲကို ပြန်လည် ရောက်ရှိပြီး ဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောသည်။

အဆိုပါပြောကြားမှုကို ဇူလိုင်လ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရှိ အစည်းအဝေးခန်းမ(၂) ၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယ ၁ နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုများ နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဦးသာအေးဦးဆောင်သော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လက်ထက် ၂၀၁၁-၁၂ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ထိ ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးဆိုင်ရာရံပုံငွေစာရင်းများဆိုင်ရာ စစ်ဆေးချက်ကို နိုင်ငံတော် စာရင်းစစ်ချုပ်၏ ညွှန်ကြားချက်အရ စစ်ကိုင်းတိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ စစ်ဆေးခဲ့ပြီး ယခင်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ရန်ပုံငွေရရှိ/သုံးစွဲမှုများ စစ်ဆေးချက်အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

အစီရင်ခံစာပါဖော်ပြချက်အရ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများမှ ရင်းနှီးမြုပ်နှံထားငွေ ကျပ် ၇၀၁ ဒသမ၂၂၃သန်းနှင့် ပြန်လည် တောင်းခံ/လွှဲပြောင်းရန် ငွေ ကျပ် ၁၀၂၅ ဒသမ ၉၉၅၂၀၄ သန်း၊ စုစုပေါင်း ကျပ် ၁၇၂၇ ဒသမ ၂၁၈၂၀၄သန်းတို့ ဖြစ်ကြောင်း သိရသည်။

“ရင်းနှီးမြုပ်နှံထားငွေတွေကိုလည်း အကုန်ပြန်လည်ရယူပြီးဖြစ်ပါတယ်၊ ရင်းနှီးမြုပ်နှံမှုကနေပြီးတော့ ပြန်လည် လက်ခံရယူ ထားတာက ၇၀၁ ဒသမ ၂၂၃ သန်းဖြစ်ပြီးတော့ ငွေသားပြန်လည်ရယူထားတာက ၁၀၂၅ ဒသမ ၉၉၅၂၀၄ ဆိုတော့ ကျနော်တို့အစိုးရအနေနဲ့ ၁၇၂၇ ဒသမ ၂၁၈၂၀၄သန်းကို လက်ခံရရှိထားပြီးဖြစ်ပါတယ်”ဟု ဦးစိုးဦးက ဆက်လက် ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
361
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
50

အဆိုပါငွေများကို ယခင်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခုလက်ရှိတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း မရှိဘဲ မုံရွာကျောက္ကာရေနံချက်လုပ်ငန်း ဆောင်ရွက်သည့် စွမ်းအားဖွံ့ဖြိုးကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ခြင်းဟု သိရသည်။

ထို့အပြင် ရင်းနှီးမြုပ်နှံထားသည့်ငွေများတွင် ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ ရေအားလျှပ်စစ်လုပ်ငန်း ရင်းနှီး မြုပ်နှံမှု ကျပ် ၃၄၉ ဒသမ ၉၇၆ သန်း၊ မုံရွာမြို့နယ် သာစည်လမ်းဘေးယာမြေ ၆၂ဒသမ၉၅ဧက ဝယ်ယူခြင်းအတွက် ကျပ် ၁၀၈ ဒသမ၂၀၀ သန်း၊ Concrete Pump Truck ၁စီဝယ်ယူခြင်း ကျပ် ၂၁၄ဒသမ၀၄၇သန်း၊ မုံရွာမြို့ သီဟထွန်း ကုမ္ပဏီတွင် အစုရှယ်ယာ ၃၀၀ စုဝယ်ယူခြင်း ကျပ် ၃၀ ဒသမ ၀၀၀ သန်းတို့ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

ပြန်လည် တောင်းခံ/လွှဲပြောင်းရန် ကျန်ရှိသည့်ငွေများမှာ ဇေယျာပဒေသာဖောင်ဒေးရှင်းသို့ ထုတ်ပေးငွေ ကျပ် ၂၄၂သန်း၊ တိုင်းဒေသ ကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးငွေ ကျပ် ၆ဒသမ၅၂၈သန်း၊ နိုင်ငံတော်ဘတ်ဂျင်ုဖင့် အခမဲ့ ဗလာစာအုပ်ထောက်ပံ့ခြင်းလုပ်ငန်းမှ ဇေယျာပဒေသာဖောင်ဒေးရှင်းသို့ အမြတ်ငွေလွှဲပြောင်းပေးငွေ ကျပ် ၁၄၃ဒသမ ၇၂၉ သန်းနှင့် ဒေသဖွံ့ဖြိုးရန်ပုံငွေငွေစုစာအုပ်ရှိ ၃၀-၆-၂၀၁၈ရက်နေ့အထိ လက်ကျန်ငွေ ၆၃၃ ဒသမ ၇၃၈၂၀၄ သန်းတို့ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အစီရင်ခံစာမှာပါတဲ့အချက်တွေကို အကုန်လုံးကို စစ်ဆေးပြီးတော့ ရှင်းလင်းတဲ့အခါမှာ အခုဆိုရင်အားလုံးကို ပြန်လည် ရရှိခဲ့ပြီး ဖြစ်ပါတယ်၊ ဒီနှစ်ထဲမှာ အကုန်လုံးရရှိခဲ့တာပါ” ဟု ဦးစိုးဦးက ဆက်လက် ပြောသည်။

ယခုအခါ အစီရင်ခံစာပါ ရင်းနှီးမြုပ်နှံထားသည့် နောင်ပိုအောင်ကျေးရွာ ရေအားလျှပ်စစ်လုပ်ငန်း၊ သာစည်လမ်းဘေးယာ မြေ ၆၂ ဒသမ ၉၅ ဧကနှင့် Concrete Pump Truck တို့ကို ပြန်လည်လွှဲပြောင်းရယူပြီးဖြစ်သလို သီဟထွန်းကုမ္ပဏီ အစုရှယ် ယာဝယ်ယူခြင်း ကျပ်သန်း ၃၀ ကိုလည်း ပြန်လည်တောင်းခံခဲ့ပြီးဖြစ်ကြောင်း၊ လွှဲပြောင်းရန်ကျန်ငွေမှ ကျပ် ၁၀၂၅ ဒသမ ၉၉၅၂၀၄၀ သန်းကိုလည်း ပြန်လည်တောင်းခံရရှိပြီးဖြစ်ရာ စုစုပေါင်ငွေသားအနေဖြင့် ကျပ် ၁၀၅၅ ဒသမ ၉၉၅၂၀၄ သန်းရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ရရှိခဲ့သည့်ငွေကြေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဌာနငွေစုစာရင်းသို့ ရငွေအဖြစ် ပေးသွင်းခဲ့ပြီး ဖြစ်သလို ယခင်ဖွင့်လှစ်ထားသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ငွေစုစာအုပ်ကိုလည်း ပိတ်သိမ်းထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်- စစ်ကိုင်း အစိုးရအဖွဲ့ဟောင်း ရန်ပုံငွေ စာရင်း မစစ်ရသေး

Your Thoughts …
Tags: စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဟောင်းထံကကြွေးကျန်များ ပြန်ရပြီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
ကမ္ဘာပေါ်က စိတ်ကူးယဉ်ဆန်ဆန် လှတဲ့ နေရာများ

ချစ်သူနဲ့အတူ သွားသင့်တဲ့ ကမ္ဘာပေါ်က စိတ်ကူးယဉ်ဆန်တဲ့ နေရာ ၅ ခု

အသစ် ထွက်ရှိလာတဲ့ "Mi Max 3" စမတ်ဖုန်း

Mi Max စီးရီးထဲမှာ Screen အကြီးဆုံး ထွက်ရှိလာတဲ့ "Mi Max 3" စမတ်ဖုန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved