• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးလေဝသ ရေဒါစခန်း နှစ်ခု ထပ်မံ လုပ်ဆောင်ရန် JICA နှင့် ညှိနှိုင်းနေ

by ဒီလှိုင်းဝင်း
7 January 2019
in သတင်း
A A
မိုးလေဝသ ရေဒါစခန်းများက ပိုမိုတိကျသည့် မိုးလေဝသခန့်မှန်းချက်များကို အချိန်နှင့် တပြေးညီ ရရှိစေနိုင်မည် / /ဧရာဝတီ

မိုးလေဝသ ရေဒါစခန်းများက ပိုမိုတိကျသည့် မိုးလေဝသခန့်မှန်းချက်များကို အချိန်နှင့် တပြေးညီ ရရှိစေနိုင်မည် / /ဧရာဝတီ

10k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတွင်း မိုးလေဝသ သတိပေးချက်များ ပိုမိုတိကျသည့် မိုးလေဝသ ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီရရှိစေနိုင်ရန် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းစွန်းဒေသများတွင် မိုးလေဝသရေဒါစခန်း ၂ ခု ထပ်မံ လုပ်ဆောင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။

အဆိုပါ မိုးလေဝသရေဒါစခန်း၂ ခုကို ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တည်ဆောင်နိုင်ရန် ရည်ရွယ်ထားပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီဖြင့် လုပ်ဆောင်သွားမည်ဟု သိရသည်။

“မိုးလေဝသရေဒါစခန်းတွေက နိုင်ငံတကာမှာ အများကြီးရှိနေပြီးသားပါ၊ ဒီလိုစခန်းမျိုးတည်ဆောက်ဖို့ ထပ်ပြီး လိုအပ်နေပါ သေးတယ်၊ ဒီလို မိုးလေဝသရေဒါစခန်းတွေက ပိုပြီးတိကျမှန်ကန်တဲ့ ခန့်မှန်းချက်တွေကို ရရှိလာနိုင်စေမှာ ဖြစ်ပါတယ်၊ ဒါ ကြောင့် ထပ်ပြီး တည်ဆောက်ဖို့ ညှိနှိုင်းမှုတွေလုပ်နေပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။

ယခုအခါ ကျောက်ဖြူ၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏ အကူအညီဖြင့် မိုးလေဝသရေဒါစခန်းများ ဆောက်လုပ်ပြီးဖြစ်သလို ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများအတွက် အဆင့်မြင့် နည်းပညာရပ်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကူညီပေးနေနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“လက်ရှိ ရှိနေတဲ့ရေဒါတွေ ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ လာမယ့်ဘဏ္ဍာနှစ်ထဲမှာ JICA ကနေ နည်းပညာကူညီပေးမယ်၊ အဲဒါပြီးရင် နိုင်ငံမြောက်ပိုင်းနဲ့ တောင်ဖျားပိုင်းမှာ ရေဒါလွတ်နေသေးတာကြောင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်ထဲမှာ JICA ကနေ ရေဒါ ၂ လုံး ထပ်ပြီး တပ်ဆင်ပေးဖို့ ဆွေးနွေးမှုတွေလုပ်နေတယ်” ဟု ဒေါက်တာ ကျော်မိုးဦးက ဆက်လက် ပြောသည်။

အဆိုပါမိုးလေဝသရေဒါစခန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ်က စတင်လုပ်ဆောင်ခဲ့သလို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အင်ဂျင်နီယာများကို ရေဒါကိရိယာနှင့် ပတ်သက်သည့် ပြုပြင်ထိန်းသိမ်းရေးနှင့် ကိုင်တွယ်သုံးစွဲခြင်းဆိုင်ရာတို့ကို သင်ကြားပေးခဲ့ကြောင်း၊ ရေဒါကိရိယာများနှင့် စခန်းများ ပြည့်ပြည့်စုံစုံရှိလာပါက မြန်မာနိုင်ငံတဝှမ်းလုံး ရေဒါပုံရိပ်များ ဖမ်းမိနိုင်မည်ဖြစ်ရာ ယင်းပုံရိပ်များဖြင့် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းများ၊ မိုးတိမ်တောင်များနှင့် မိုးရွာသွန်းမှုအခြေအနေများကို ထုတ်ပြန် ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

”ရေဒါရဲ့ အားသာချက်က ကိုယ့်နိုင်ငံရဲ့ကမ်းရိုးတန်းကို မုန်တိုင်းတွေ ချဉ်းကပ်လာတဲ့ အခြေအနေကို ရေဒါပုံရိပ်က တဆင့် သဲသဲကွဲကွဲ မြင်နိုင်တယ်၊ မုန်တိုင်းရဲ့ ဗဟိုချက်၊ တည်နေရာ၊ အရွယ်အစားနဲ့ ဘယ်လောက်အမြန်နှုန်းနဲ့ ဦးတည် လာမယ်ဆိုတာကို အနီးစပ်ဆုံး အချိန်မီ သတင်းထုတ်ပြန်နိုင်တဲ့ အခွင့်အရေးတွေ ရရှိနိုင်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
605
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
192
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
59

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အပိုင်း ၂ ပိုင်းပါဝင်ပြီး အပိုင်း (၁) တွင် မိုးလေဝသတိုင်းတာရေး ရေဒါ ၃ လုံးနှင့် အပိုင်း (၂) တွင် အလိုအလျှောက် မိုးလေဝသ တိုင်းတာရေးစခန်း အလုံး ၃၀ ပါဝင်ကာ နှစ်ခုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၇၂ သန်းရှိကြောင်း သိရသည် ။

မြန်မာနိုင်ငံတွင် ကမ္ဘာ့မိုးလေဝသအစီအစဉ်ဖြင့် ၁၉၇၄ ခုနှစ်တွင် ကျောက်ဖြူမြို့၌ မင်းပြင်မုန်တိုင်းပြ ရေဒါစခန်းတစ်ခု ဖွင့်လှစ်ခဲ့သော်လည်း ကြာရှည် တည်တံ့စွာ သုံးစွဲနိုင်ခြင်းမရှိဘဲ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ရေဒါကိရိယာမပါဘဲ မိုးလေဝသသတိပေးချက်များ ခန့်မှန်းထုတ်ပြန်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊ ကျောက်ဖြူနှင့် မန္တလေးမြို့များတွင် ရေဒါသုံးလုံးတပ်ဆင် ဖွင့်လှစ်နိုင်ခဲ့ပြီး မိုးလေဝ သရေဒါများက ရေဒါပုံရိပ်များဖြင့် ပိုမိုတိကျသည့် မိုးလေဝသခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီရရှိပြီး ရရှိလာသည့် မိုးလေဝသ ခန့်မှန်းချက်များအား နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေကြောင်း သိရသည်။

ထို့အပြင် မိုးလေဝသ သတင်းထုတ်ပြန်ချက်များကို ယခင်က တရက် တကြိမ်ထုတ်ပြန်ခဲ့ရာမှ ယခုအခါ ရေဒါ ၃ ခုမှ ထောက်လှမ်း ရရှိသည့် အချက်အလက်များကြောင့် နံနက် ၇ နာရီမှ ည ၇ နာရီအတွင်း တစ်ရက်လျှင် ၅ ကြိမ် ထုတ်ပြန်ပေး နေသလို ပင်လယ်ပြင်ဆိုင်ရာ မိုးလေဝသခန့်မှန်းချက်များကို နံနက် ၁၀ နာရီခွဲနှင့် မွန်းလွဲ ၂ နာရီ တို့တွင်လည်း ထုတ်ပြန် ပေးနေလျက်ရှိကြောင်း သိရသည်။

Your Thoughts …
Tags: JICAမိုးလေဝသရေဒါစခန်း
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

သံလျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန် ကြံစည်မှုနှင့် နောက်ဆက်တွဲ မေးခွန်းများ

သံလျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန် ကြံစည်မှုနှင့် နောက်ဆက်တွဲ မေးခွန်းများ

by David Scott Mathieson
17 June 2024
8.3k

စစ်ကောင်စီထိန်းချုပ် မီဒီယာများက စစ်ကောင်စီတပ်များသည် တံတားဖွင့်ပွဲကို တိုက်ခိုက်မည့် အစီအစဉ်တခုအား ဟန့်တားခဲ့ကြောင်း ကြေညာသည်။

သင်းသတ်ခံထားရတဲ့ ရန်ကုန်မြို့ပျက်ကြီးထဲ

သင်းသတ်ခံထားရတဲ့ ရန်ကုန်မြို့ပျက်ကြီးထဲ

by နွေနေ
28 July 2025
6.2k

ရန်ကုန်ဟာ အရင်ရန်ကုန် မဟုတ်တော့ဘူး။ ရန်ကုန်ဟာ လေးနှစ်ကျော်ကာလအတွင်းမှာ နားမလည်နိုင်အောင် ပြောင်းလဲသွားတယ်။

အိန္ဒိယနဲ့ နီပေါမှာ အချိန်အခါ မဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

အိန္ဒိယနဲ့ နီပေါမှာ အချိန်အခါ မဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

by ဧရာဝတီ
13 April 2025
1.1k

အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ နီပေါ နိုင်ငံမှာတော့ မိုးကြိုးပစ်ခြင်းနဲ့ မိုးကြီးခြင်းကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အညွန့်ပဲ သတ်ပါရစေ

အညွန့်ပဲ သတ်ပါရစေ

by မောင်သစ်လွင် (လူထု)
10 March 2024
900

ဝါ၊ ဂျုံ၊ နှမ်း ပျိုးဖို့ စိုက်ပျိုးရေး ဘဏ်က စိုက်ပျိုးရေး စရိတ်များ ချေးခဲ့ကြတယ်။ ဒီနှစ်တော့ မိုးလေဝသ မမှန်လို့ ဝမ်းစာတောင် ခဲခဲယဉ်းယဉ်းမို့၊ စိုက်ပျိုးစရိတ်ကို ပြန်မဆပ်နိုင်ဘူး။

ငလျင်ဒဏ်ခံရတဲ့နေရာတွေမှာ မိုးများရင် မြေကျွံပေါက်တွေဖြစ်လာနိုင်  (ရုပ်/သံ)

ငလျင်ဒဏ်ခံရတဲ့နေရာတွေမှာ မိုးများရင် မြေကျွံပေါက်တွေဖြစ်လာနိုင် (ရုပ်/သံ)

by ဧရာဝတီ
9 April 2025
139

စစ်ကိုင်းတိုင်း၊ ရေမျက်ကြီးအင်းအနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်း၊ မန္တလေး နဲ့ နေပြည်တော် အနီးတဝိုက် မှာ မြေကြီးအက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လူအများအပြားသေဆုံးစေခဲ့သော အာရှက နိုဝင်ဘာမိုးများ

လူအများအပြားသေဆုံးစေခဲ့သော အာရှက နိုဝင်ဘာမိုးများ

by Helen Regan
14 December 2025
130

ထိုမုန်တိုင်းများသည် လူ ၁,၇၀၀ ကျော်ကို သေဆုံးစေသည်ဟု သဘာဝဘေးအန္တရာယ်ဌာနများမှ အချက်အလက်များကို CNN က စုဆောင်းထားသည့် စာရင်းအရ သိရသည်။

Next Post
ဘီဘီ ဘရန်ဒီ သောက်ကာ စိတ်ဖြေမည်

ဘီဘီ ဘရန်ဒီ သောက်ကာ စိတ်ဖြေမည်

အိချောပိုနဲ့ ညီမဖြစ်သူ အိသီရိချိုမောင် / Ei Chaw Po's Facebook

သရုပ်ဆောင် မလုပ်ဘဲ ပညာရေးကို ဦးစားပေးလုပ်မယ့် အိချောပိုရဲ့ ညီမ အိသီရိချိုမောင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved