• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

သံလျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန် ကြံစည်မှုနှင့် နောက်ဆက်တွဲ မေးခွန်းများ

by David Scott Mathieson
17 June 2024
in သူ့အတွေး သူ့အမြင်
A A
သံလျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန် ကြံစည်မှုနှင့် နောက်ဆက်တွဲ မေးခွန်းများ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်

8.3k
VIEWS
Share on FacebookShare on Twitter

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စီးပွားရေးမြို့တော် ရန်ကုန်နှင့် သီလဝါ အထူးစီးပွားရေးဇုန်ကို ဆက်သွယ်သည့် ပဲခူမြစ်ကူး သံလျင်တံတား အမှတ် ၃ ကို ဖွင့်လှစ်ပြီး အဓိကကျသည့် အခြေခံ အဆောက်အအုံ စီမံကိန်းတခုကို ဇွန်လ ၈ ရက်နေ့တွင် ပွဲထုတ်သည်။

ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေ ယန်း ၃၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၉၇ သန်း) ဖြင့် ၂၀၁၉ ခုနှစ်က စတင်တည်ဆောက်သည့် ထိုတံတားသည် ၎င်းတို့ အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် ကျယ်ပြန့်သော လက်နက်ကိုင်ပုန်ကန်မှု၊ စီးပွားရေး ကျဆင်းမှုနှင့် ဆန့်ကျင်ဘက် စစ်ကောင်စီအောက်မှ စီးပွားရေးတိုးတက်မှု သင်္ကေတဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
625
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.4k

သို့သော် ရက်အနည်းငယ်အကြာတွင် စစ်ကောင်စီထိန်းချုပ် မီဒီယာများက စစ်ကောင်စီတပ်များသည် ထိုတံတားဖွင့်ပွဲကို တိုက်ခိုက်မည့် အစီအစဉ်တခုအား ဟန့်တားခဲ့ကြောင်း ကြေညာသည်။ ထိုတံတားအနီး အလုပ်သမားတန်းလျားတခုတွင် ၁၀၇ မမ ဒုံးကျည် နှစ်ခု၊ ပစ်ခတ်သည့်ကိရိယာနှင့်အတူ လူအများအပြား အဖမ်းခံရသည်။ နောက်တနေ့တွင် နောက်ထပ် နှစ်ဦးကို ဒုံးကျည်တခုနှင့် ဖမ်းမိသည်။

အကြမ်းဖက်မှုဆန့်ကျင်သည့် ဒေသခံများမှ သတင်းများအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၆၁ ရပ်ကွက် သင်္ဘောကျင်း အလုပ်သမားတန်းလျားမှ သစ်သားအိမ်ဟောင်းတခုတွင် မြေအောက်အဖွဲ့ဝင် အများအပြားကို ဖမ်းမိသည်ဟု စစ်ကောင်မီဘက်မှ မီဒီယာများက ဖော်ပြကြသည်။

အကြမ်းဖက်မှုဆန့်ကျင်သည့် ဒေသခံများမှ သတင်းများအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၆၁ ရပ်ကွက် သင်္ဘောကျင်း အလုပ်သမားတန်းလျားမှ သစ်သားအိမ်ဟောင်းတခုတွင် မြေအောက်အဖွဲ့ဝင် အများအပြားကို ဖမ်းမိသည်ဟု စစ်ကောင်မီဘက်မှ မီဒီယာများက ဖော်ပြကြသည်။

ရန်ကုန်နှင့် သံလျင်ကို ဆက်သွယ်သည့် တတိယမြောက် ပဲခူးမြစ်ကူးတံတား စီမံကိန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖွင့်ပွဲပြုလုပ်ပေးနေစဉ် / Image: X Screengrab

ကျူးလွန်သူများ၏ ဓာတ်ပုံကွင်းဆက်များနှင့် ပူးပေါင်းကြံစည်သူများ၏ အဆက်အသွယ်များကို အမြဲတမ်းဖော်ပြသည့် စစ်ကောင်စီမီဒီယာက ထိုသူများကို ဒုံးပစ်သူ၊ ဒုံးပစ်လက်ထောက်နှင့် အခြေအနေစောင့်ကြည့်သူ စသည်ဖြင့် သတ်မှတ်ထားသည်။

Brigade Drone Force PDF မှ ကိုအာကာမင်း (လွတ်မြောက်နေဆဲ) ဆိုသူက ၂၀၂၄ ခုနှစ်၊ ဧပြီလ တတိယပတ်တွင် အင်စတာဂရမ်မှတဆင့် ဒုံးကျည်ကို မည်သို့သုံးစွဲရမည်ဖြစ်ကြောင်း ညွှန်ကြားပေးသည်ဟု ထိုသတင်းတွင် ဖော်ပြသည်။ နောက်ထပ် ခေါင်းဆောင်အဖြစ် စွပ်စွဲခံရသူမှာ မဖြူနှင်းအေး (မဲဆောက်တွင် လွတ်မြောက်နေသူ) ဖြစ်ပြီး ဒုံးကျည်ပစ် ညွှန်ကြားသူဟု သတ်မှတ်သည်။

ထိုတိုက်ခိုက်ရန် ကြံစည်မှုနောက်ကွယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပါဝင်ပတ်သက်သည်ဟု စစ်ကောင်စီက ဖော်ပြသော်လည်း မင်းအောင်လှိုင်ကို သတ်ဖြတ်ရန် ကြံစည်သည်ဟု ဖော်ပြခြင်း မရှိပေ။ ရည်ရွယ်ချက်သည် ထိုသို့ဖြစ်သည်ဆိုလျှင် စစ်ကောင်စီ အဆင့်အမြင့်ဆုံး ခေါင်းဆောင်ပိုင်းကို ဖယ်ရှားနိုင်သည့် စစ်ဆင်ရေးတခု ပြုလုပ်ရန် တော်လှန်ရေး အင်အားစု၏ စွမ်းရည်ကို မေးခွန်းထုတ်စရာဖြစ်သည်။

ထိုဖြစ်ရပ်အပြီး နှစ်ရက်ကြာသောအခါ စစ်ကောင်စီထိန်းချုပ် မီဒီယာမှ ထုတ်ပြန်သည့် မိန့်ခွန်းတခုတွင် မင်းအောင်လှိုင်က ရန်ကုန်တိုင်းအတွင်းမှ အကြမ်းဖက်သမားများကို သုတ်သင်ရှင်းလင်းရန် အလေးထားပြောသည်။ အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်များ မရှိသည့်အချိန်ကို အခွင့်ကောင်းယူကာ အကြမ်းဖက်မှုများ ကျူးလွန်ရန် ကြိုးစားသောကြောင့် ပြည်သူများအနေဖြင့် ငြိမ်းချမ်းတည်ငြိမ်စေရန် လုံခြုံရေးအသိ သတိဖြင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရမည်ဟု ၎င်းကပြောသည်။

မတည်ငြိမ်မှုကို ရှားရှားပါးပါး ဝန်ခံခြင်း သို့မဟုတ် ဖြစ်နိုင်ခြေရှိသော လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုကို ထိတ်လန့်နေရသော စစ်ရာဇဝတ်ကောင် ကြောက်သွားပါသလား။ မြန်မာတွင် လူမုန်း အများဆုံးခံရသူကို ပစ်မှတ်ထားသည့် အခြား ကြိုးစားအားထုတ်မှု မည်မျှရှိပါသနည်း။

စစ်ကောင်စီ ဝါဒဖြန့် သတင်းစာပါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လုပ်ကြံကြသူများ

မော်လမြိုင်မှ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် ဧပြီလလယ်က ဒရုန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း သေဆုံးဖွယ်ရှိသည့် သတင်းကို မြန်မာတော်လှန်ရေး အင်အားစု အများအပြားက ကနဦးတွင် ယုံကြည်ကြသည်။

ရက်သတ္တပတ်အတန်ကြာ ပျောက်ကွယ်နေသောကြောင့် သူအပြင်းအထန် ဒဏ်ရာရသည်၊ သူ့ကို ရန်ကုန်တွင် အထူး ကြပ်မတ်ကုသနေသည် သို့မဟုတ် အိန္ဒိယမှ ဆေးရုံတရုံသို့ လွှဲပြောင်းပေးသည် ဆိုသည့် ခန့်မှန်းချက်များလည်း ပျံ့နှံ့လာသော်လည်း စိုးဝင်းသည် မကြာမီ ကျန်းမာရေးကောင်းစွာ လူမြင်ကွင်း ပြန်ထွက်လာသည်။

ရက်သတ္တပတ်အတန်ကြာ ပျောက်ကွယ်နေသောကြောင့် သူအပြင်းအထန် ဒဏ်ရာရသည်၊ သူ့ကို ရန်ကုန်တွင် အထူး ကြပ်မတ်ကုသနေသည် သို့မဟုတ် အိန္ဒိယမှ ဆေးရုံတရုံသို့ လွှဲပြောင်းပေးသည် ဆိုသည့် ခန့်မှန်းချက်များလည်း ပျံ့နှံ့လာသော်လည်း စိုးဝင်းသည် မကြာမီ ကျန်းမာရေးကောင်းစွာ လူမြင်ကွင်း ပြန်ထွက်လာသည်။

စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုများသည် မောင်းသူမဲ့လေယာဉ်များ (UAVs) ကို ပိုမို အသုံးပြုလာကြပြီး ဧပြီလအစောပိုင်းတွင် စစ်တပ်၏ ခံတပ်မြို့တော် နေပြည်တော်ကို ဒရုန်းဖြင့် လက်စလက်န သိစေရန် တိုက်ခိုက်ပြသည်။ ထိုတိုက်ခိုက်မှုကြောင့် အပျက်အစီးများများ မရှိသော်လည်း စစ်ခေါင်းဆောင်ပိုင်းကို တစုံတရာသော အတိုင်းအတာအထိ စိတ်ပျက်သွားစေခဲ့မည် ဖြစ်သည်။

သို့သော် သံလျင်တံတားဖွင့်ပွဲနှင့် ပတ်သက်၍ တိုက်ခိုက်ရန် ကြံစည်မှုသည် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သည့် စစ်ပွဲတွင် ပိုမိုကြီးမားသည့် အလားအလာများကို ပြသနေသည်။ တဖက်ကကြည့်လျှင် ထိုကြံစည်မှုက မြို့ပြကလာပ်စည်းတခုကို ဖွဲ့စည်း လည်ပတ်ပြီး ပစ်မှတ်တခုကို ထောက်လှမ်းနိုင်ကာ တိုက်ခိုက်ရန် လက်နက်ခဲယမ်း ရန်ကုန်သို့ သွင်းယူလာနိုင်လျှင် လွန်ခဲ့သောနှစ်အတွင်း အဆင့်မြင့်တိုက်ခိုက်မှု မဟုတ်ဘဲ ကြိုကြားကြိုကြား ဖြစ်လာပြီး အရေအတွက် နည်းလာသည့် မြို့ပြ စစ်ဆင်ရေးများ ပြန်လုပ်နိုင်သည်ဆိုသည့် အချက်ကို ပြသနေသည်။ ထိုထက်ပိုမိုကြီးကျယ်မည့် ကိစ္စမှာ ဒုံးကျည်များကို အမှန်တကယ် ပစ်ခတ်နိုင်ခြင်း ဖြစ်မည်။

အခြား အချက်မှာ စစ်ကောင်စီ၏ ထောက်လှမ်းရေးစွမ်းရည်သည် ထိုသို့သော ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် စစ်ဆင်ရေးကို ဟန့်တားနိုင်သလားဆိုသည့် အချက်ဖြစ်သည်။

အောက်တိုဘာလက ရှမ်းပြည်မြောက်ပိုင်းမှ အောင်မြင်သည့် ၁၀၂၇ စစ်ဆင်ရေးအပြီးတွင် မြို့ပြအုံကြွမှု ပိုမိုဖြစ်လာမည်ဆိုသည့် ကြိုတင်ခန့်မှန်းမှု အများအပြား ရှိခဲ့သည်။ ထိုစစ်ဆင်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်များသည် မြို့များနှင့် စစ်တပ်စခန်း ၂၀၀ ကျော်ကို သိမ်းပိုက်သည်။ သို့သော် အထက်ပါ ကြိုတင်ခန့်မှန်းချက်များ အကောင်အထည်မပေါ်လာပေ။ ကျွမ်းကျင်ပြီး အညှာတာကင်းမဲ့သော ရဲသတင်းပေးများသည် မြို့ပြစစ်ဆင်ရေးလုပ်ရန် ခက်ခဲစေသည့် အခြေအနေကြောင့်လည်း တစိတ်တပိုင်း ဖြစ်သည်။

ထိုဖြစ်ရပ်သည် ရန်ကုန်တွင်ဖြစ်ပေါ်နေသည့် ဟန်ဆောင် ဖုံးဖိထားသော ပုံမှန်အခြေအနေကိုလည်း ပြသသည်။ ရန်ကုန်တွင် စစ်ကောင်စီခေါင်းဆောင်၊ Nippon Koei Company မှ ဂျပန်အင်ဂျင်နီယာများနှင့် ကရင် ခေါင်းဆောင်ဟောင်း မန်းငြိမ်းမောင်ကဲ့သို့ ဝေဖန်ခံနေရသည့် စစ်ကောင်စီအဖွဲ့ဝင်များသည် အခြေအနေ တည်ငြိမ်နေသည့်ပုံစံဖြင့် ထိုတံတားသစ်ကို ဖွင့်ကြသည်။

ထိုတံတားသည် အရှေ့-အနောက် စီးပွားရေးစင်္ကြံကို အသုံးပြုရေးအတွက် အထောက်အကူ ပြုသည်ဟု စစ်ကောင်စီက ပေါ့‌ပေါ့ပါးပါး ပြောသည်။ ထိုသို့ အသုံးပြုနိုင်ခြင်းသည် ဘားအံနှင့် မြဝတီဒေသကိုသာမက ကရင်နှင့် မွန်ပြည်နယ်များကိုလည်း တိုးတက်စေကာ ဒေသတွင်းနိုင်ငံများနှင့် အဆက်အသွယ် ကောင်းစေသည်ဟုလည်း ပြောသည်။ သို့သော် အာရှအဝေးပြေးလမ်း၏ အရေးပါသော အစိတ်အပိုင်း အပါအဝင် အထက်ပါဒေသများသည် စစ်ကောင်စီထိန်းချုပ်မှု ဆုံးရှုံးနေသော ဒေသများဖြစ်သည်။

၁၀၇ မမ ဒုံးကျည်များကို မြန်မာမှ စစ်မြေပြင် အများအပြားတွင် သုံးကြပြီး တိကျမှု မရှိသလို ချို့ယွင်းချက်များကြောင့်လည်း နာမည်ပျက်ရှိလှသည်။

သို့သော် ထိုတံတားစစ်ဆင်ရေးသည် ခုခံတော်လှန်ရေး အင်အားစု ပစ်မှတ်ရွေးချယ်မှုများနှင့် ပတ်သက်သည့် အရေးပါသော မေးခွန်းများကိုလည်း ဖြစ်စေသည်။ ၁၀၇ မမ ဒုံးကျည်များကို မြန်မာမှ စစ်မြေပြင် အများအပြားတွင် သုံးကြပြီး တိကျမှု မရှိသလို ချို့ယွင်းချက်များကြောင့်လည်း နာမည်ပျက်ရှိလှသည်။

Type 63 ဟုခေါ်သည့် အတွဲလိုက်ပစ် လောင်ချာစနစ်အတွက် တရုတ်စစ်တပ်က ၁၉၆၀ ပြည့်နှစ်များတွင် ထုတ်လုပ်သည့် ထိုဒုံးကျည်များသည် အလွန်အဆင့်နိမ့်သည့် နည်းပညာပုံစံဖြစ်ပြီး စင် သို့မဟုတ် သဲအိတ်ပေါ် တင်ကာ ရိုးရိုးဘက်ထရီဖြင့် မီးခတ်ပြီး ပြီးစလွယ် ပစ်ခတ်သည်။ ထိုဒုံးကျည်များသည် ကီလိုမီတာ အများအပြားအထိ ရောက်နိုင်ပြီး ပေါက်ကွဲမှု အချင်း ၁၂ မီတာရှိကာ အာဖဂန်နစ္စတန်မှ မူဂျာဟေဒင်များက ဆိုဗီယက်ကို ခုခံတိုက်ခိုက်ရာတွင် ရေပန်းစားသည်။

အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက်တွင် ၁၀၇ မမ ဒုံးကျည်များသည် မြန်မာတော်လှန်ရေး အင်အားစုများ၏ လက်ရွေးစင်လက်နက် ဖြစ်လာပြီး အဆောက်အအုံများ သို့မဟုတ် လေယာဉ်ကွင်းများကို တိုက်ခိုက်မှု အများအပြားတွင် သုံးကြသည်။ တော်လှန်ရေး အင်အားစုများသည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် မန္တလေးမှ တံတားဦးလေဆိပ်ကို ထိုဒုံးကျည် ၁၂ ခုဖြင့် ပစ်သော်လည်း ငါးခုသာ ပေါက်ကွဲသည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားအနီး နမ်ပေါင်မှ စစ်လေယာဉ်ကွင်းကို ဧပြီလတွင် ပစ်မှတ်ထား ပစ်ခတ်သော်လည်း အပျက်အစီး မည်မျှ ဖြစ်စေသည်ကို ရှင်းလင်းစွာ မသိရပေ။ ထိုဒုံးကျည်များကို ပေါပေါများများ ရနိုင်ပြီး အသုံးပြုရန် လွယ်ကူကာ မြန်မာမှ ပြန့်ကျဲနေသည့် လက်နက်ကိုင် ပဋိပက္ခ၏ အချိုးအစားမညီသည့် သဘောသဘာဝကို ဖော်ပြသည်။

သို့သော် စစ်တပ်ဆန့်ကျင်ရေး ခုခံတော်လှန်ရေး အင်အားစုများ၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ပိုမိုလေ့လာဆန်းစစ်ရမည့် မကြာသေးမီက ဖြစ်ရပ် နှစ်ခုရှိသည်။

၁၀၇ မမ ဒုံးကျည်များကို မြန်မာမှ စစ်မြေပြင် အများအပြားတွင် သုံးကြပြီး တိကျမှု မရှိ

ဖေဖော်ဝါရီလ အစောပိုင်းက ပဲခူးမြို့တွင် ၁၀၇ မမ ဒုံးကျည် အများအပြား ဖမ်းမိကြောင်း၊ နှစ်စဉ်ကျင်းပသည့် မြန်မာအကယ်ဒမီပေးပွဲကို လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ရုပ်သံမှ ကြည့်မည့် လူအုပ်များကို ပစ်ခတ်ရန် Dark Side Revolution Burma” (DSRB) PDF က ကြံစည်နေခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။

ထိုအဖွဲ့သည် အရပ်သားများကို တိုက်ခိုက်မှုကို အမှန်တကယ် ကြံစည်ခြင်း ရှိ၊ မရှိ အတည်မပြု နိုင်ပေ။ DSRB သည် လှုပ်ရှားမှုများသော အဖွဲ့အစည်း မဟုတ်သောကြောင့် ထိုသတင်းများသည် စစ်ကောင်စီ၏ လုပ်ကြံစွပ်စွဲမှု ဖြစ်နိုင်သည်။

သို့သော် မန္တလေး PDF သည် ပြီးခဲ့သည့် ဧပြီလတွင် နှစ်စဉ်ကျင်းပသည့် သင်္ကြန်ပွဲတော်အတွင်း ပြင်ဦးလွင် မြို့တွင်းသို့ ထိုဒုံးကျည် တဒါဇင်နီးပါးပစ်ပြီး စစ်တက္ကသိုလ်တွင်းသို့ကျကာ ဗိုလ်လောင်း အများအပြား ဒဏ်ရာရသော်လည်း ဘုန်းကြီးကျောင်းနှင့် ဆေးရုံတခုကိုလည်း ထိမှန်သောကြောင့် ဘုန်းကြီး နှစ်ပါး ပျံလွန်ပြီး ကလေးငယ်များ အပါအဝင် အရပ်သားအများအပြား ဒဏ်ရာရသည်။

ရမ်းသမ်းပစ်ခတ်သည့် လက်နက်များသုံးခြင်း အထူးသဖြင့် လူနေ အဆောက်အအုံ အများအပြားရှိသည့် နေရာများတွင်သုံးခြင်းသည် နိုင်ငံတကာ လူသားချင်း စာနာမှုဥပဒေကို ချိုးဖောက်ရာရောက်သည်။

ထိုကိစ္စကို ထိုစဉ်က ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းမထုတ်ကြသော်လည်း တော်လှန်ရေး အင်အားစုက ကျူးလွန်သည့် စစ်ရာဇဝတ်မှု ဖြစ်သွားနိုင်သည်။ ရမ်းသမ်းပစ်ခတ်သည့် လက်နက်များသုံးခြင်း အထူးသဖြင့် လူနေ အဆောက်အအုံ အများအပြားရှိသည့် နေရာများတွင်သုံးခြင်းသည် နိုင်ငံတကာ လူသားချင်း စာနာမှုဥပဒေကို ချိုးဖောက်ရာရောက်သည်။

အရပ်သား လူအုပ်ကြီးတခုအတွင်းမှ မင်းအောင်လှိုင်ကို ထိုသို့ ပဲ့ထိန်းမပါသော ခဲယမ်းများနှင့် ပစ်ခြင်းက စစ်ရာဇဝတ်မှုမြောက်နိုင်သည်။ သို့သော် ထိုတံတားဖွင့်ပွဲကို တိုက်ခိုက်ရန်ကြံစည်ခြင်း တော်လှန်ရေး အင်အားစုအတွက် သင်ခန်းစာအဖြစ် ယူသင့်သည့်အချိန် ဖြစ်သည်။

ကြီးမားသည့် လူအုပ်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းသည် စစ်ကောင်စီ နေ့စဉ်လုပ်နေသည့် လုပ်ရပ်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်ပစ်ခတ်မှုများကြောင့် နိုင်ငံတဝန်းမှ အရပ်သားများကို သတ်ဖြတ်သည်။ စစ်ကောင်စီခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် စစ်ကောင်စီ ဆန့်ကျင်တော်လှန်ရေး အင်အားစုဘက်မှ ကြံစည်သူများအတွက်ပင် ထိုသို့ အစွန်းရောက်သော သို့မဟုတ် မျှော်လင့်ချက်ကင်းမဲ့သော အစီအမံများသည် အရပ်သားများ ထိခိုက်သေဆုံးစေပါက ဆိုးကျိုးကို ဖြစ်စေမည်ဖြစ်သည်။

(Asia Times ပါ David Scott Mathieson ၏ A revolutionary bridge too far in Myanmar ကို ဘာသာပြန်သည်။ ဒေးဗစ် စကော့ မက်သီဆန်သည် မြန်မာ ပဋိပက္ခ၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ပြဿနာများကို လေ့လာသည့် လွတ်လပ်သော သုတေသီဖြစ်သည်။)

You may also like these stories:

လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ (ရုပ်/သံ)

ပြင်ဦးလွင် ရှော့တိုက်ဒုံး ပစ်ခတ်ခံရမှု အရပ်သား ထိခိုက်သေဆုံးမှု ရှိ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးJICANUGPDFUAVsစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုစီးပွားရေးစင်္ကြံတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတော်လှန်ရေး အင်အားစုဒရုန်းတိုက်ခိုက်မှုမြို့ပြစစ်ဆင်ရေးလုပ်ကြံသတ်ဖြတ်မှုလေကြောင်းတိုက်ခိုက်မှုသံလျင်တံတားအထူးစီးပွားရေးဇုန်အမျိုးသားညီညွတ်ရေးအစိုးရအာရှအဝေးပြေးလမ်း
David Scott Mathieson

David Scott Mathieson

ဒေးဗစ် စကော့ မက်သီဆန်သည် ပဋိပက္ခ၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး ပြဿနာများနှင့် ပတ်သက်သည့် လွတ်လပ်သော သုတေသီ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာစစ်တပ်ကို တရုတ် ပစ်ပယ်မည် မဟုတ်

မြန်မာစစ်တပ်ကို တရုတ် ပစ်ပယ်မည် မဟုတ်

ရခိုင်ပြည်နယ်ရဲ့ မြို့တော်မှာ စစ်ကောင်စီ ခံစစ်ပြင် (ရုပ်/သံ)

ရခိုင်ပြည်နယ်ရဲ့ မြို့တော်မှာ စစ်ကောင်စီ ခံစစ်ပြင် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved