• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

YBS ယာဉ်လိုင်းများ ကတ်စနစ် ငွေပေးချေမှု ၆ လ အတွင်း အသုံးပြုနိုင်မည်

by ဇူးဇူး
16 January 2019
in သတင်း
A A
ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS  / ဧရာဝတီ

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS / ဧရာဝတီ

8.8k
VIEWS
Share on FacebookShare on Twitter

YBS ယာဉ်လိုင်းများတွင် ကတ်စနစ်ဖြင့် ငွေပေးချေမှု (Yangon Payment Services –YPS) ကို ၆ လ အတွင်း စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA) မှ နည်းပညာပိုင်း တာဝန်ယူထားသူ နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

Yangon Bus Services (YBS) စနစ် စတင်ခြင်း ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ Sky Star ဟိုတယ် ၌ ယနေ့ နံနက်က ပြုလုပ်ခဲ့ရာ အခမ်းအနား အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း အစိုးရပိုင် Yangon Payment Services Co., Ltd နှင့် ကတ်စနစ် အတွက် တင်ဒါအောင်မြင်ထားသည့် Asia Starmar Transport Intelligence(ASTI) Co., Ltd တို့ ကြား မကြာမီ Master Agreement လက်မှတ် ရေးထိုးမည် ဖြစ် ကြောင်း ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီးလည်း ဖြစ်သူ နော်ပန်းသဉ္ဇာမျိုးက ရှင်းပြသည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်(MIC)၌ တင်ထားသည့် ပါမစ်မှာ ယခုလထဲတွင် ရမည် ဖြစ်ရာ ခွင့်ပြုမိန့် ရသည်နှင့် တပြိုင်နက် ကုမ္ပဏီဘက်မှ စက်ပစ္စည်းများ တင်သွင်းလာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ နော်ပန်းသဉ္ဇာမျိုးက Master Agreement လက်မှတ် ရေးထိုးပြီးချိန်မှ စတင်၍ ၉ လ အတွင်း လိုအပ်သော စက်ကိရိယာများကို ကားအစီးရေ ၄၀၀၀ တွင် တပ်ဆင်မည် ဖြစ်ပြီး ၆ လအတွင်း ကနဦး အစီးရေ ၂၀၀၀ တွင် တပ်ဆင် သွားမည်ဟု ပြောသည်။

နော်ပန်းသဉ္စာမျိုး က “ဘတ်စ်ကား အစီး ၄၀၀၀ ထဲက ၂၀၀၀ ကို အမြန်ဆုံး တပ်ဆင်မှာ ဖြစ်ပါတယ်။ ၂၀၀၀ တပ်ဆင်ပြီးတဲ့ အချိန် လာမယ့် ၅/၆ လ ပိုင်းလောက်ဆို ကားအစီးရေ ၂၀၀၀ လောက်မှာ တပ်ဆင် ပြီးလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ တပ်ဆင်ပြီး သွားရင် ပြည်သူတွေ ဒီကတ်စနစ်ကို စတင် ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ကုမ္ပဏီဘက်မှလည်း ပြည်သူ လူထု သုံးစွဲရာတွင် အဆင်ပြေစေရေး အတွက် နည်းလမ်း မျိုးစုံဖြင့် ပညာပေး အစီစဉ်များ ပြုလုပ် သွားမည် ဖြစ်ကာ ကတ်စနစ်ကို နိုင်ငံတကာ စံနှုန်းနှင့် အညီ ဆောင်ရွက်ထားပြီး လက်ရှိ အချိန်တွင် ဘတ်စ်ကား တမျိုးတည်း အတွက်သာ ဆောင်ရွက်ထားကြောင်း၊ ကျင့်သား ရလာပြီးသည့် အချိန်မှ အခြားသော သယ်ယူ ပို့ဆောင်ရေး ကဏ္ဍများ အတွက်ပါ ချိတ်ဆက် သွားရန် စီစဉ်ထားသည်ဟု ASTI မှ Chief Marketing Officer ဒေါ်ရီရီခင်က ရှင်းပြ သည်။

နိုင်ငံတကာ အဆင့်မီ ကတ်ဖြင့် ယာဉ်စီးခပေးချေမှု စနစ်ကို တရုတ်နိုင်ငံ ချုံချင့်မြို့၊ စင်ကာပူ၊ ဟောင်ကောင်နှင့် လန်ဒန် မြို့ကြီးများတွင် အသုံးပြုနေသကဲ့သို့ အများ ပြည်သူသုံး ခရီးသည်တင် ဘတ်စ်ကား ၄၀၀၀ ပေါ်၌ ပြည်သူများ အသုံးပြု နိုင်ရန် အတွက် သတ်မှတ် ကာလ အတွင်း အောင်မြင် ဖြစ်မြောက်စေရန် ASTI က တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဟုလည်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ အနေဖြင့် YBS တွင် ကတ်စနစ် ကျင့်သုံးနိုင်ရေး အတွက် ၂၀၁၇ သြဂုတ်လ ၈ ရက် နေ့ ကတည်းက တင်ဒါခေါ်ယူမှု ဆောင်ရွက်ခဲ့ပြီး တင်ဒါ ခေါ်ယူသည့် လုပ်ငန်းစဉ် ၁ နှစ်ခွဲ ကြာမြင့်ခဲ့ကြောင်း တိုင်းအစိုးရ ထံမှ သိရသည်။

တင်ဒါ ဝင်ရောက်ယှဉ် ပြိုင်သည့် ကုမ္ပဏီပေါင်း ၅၆ ခုမှ ဆန်ခါတင် ၁၄ ခုကို ရွေးချယ်ခဲ့ပြီး နောက်ဆုံးပိတ် ဆန်ခါတင် ၃ ခုထဲမှ အကောင်းဆုံး ဖြစ် သည့် Asia Starmar ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
486
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
172
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
49

အဆိုပါ Asia Starmar ကုမ္ပဏီနှင့် တိုင်းအစိုးရတို့ ၇ နှစ်သက်တမ်း စာချုပ်ချုပ်ဆိုထားပြီး (လုပ်ဆောင်ချက် အပေါ် မူတည်၍ ၁ နှစ် သက်တမ်း တိုးပေးခြင်း အပါအဝင်) ယခု YPS စနစ် အတွက် ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၇ သန်း ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

YBS စနစ်တွင် ကတ်ဖြင့် ငွေပေးချေမှု စနစ် ကျင့်သုံးနိုင်မှသာ ခရီးသည်များ ကြုံတွေ့နေရသည့် ငွေအကြွေ ပြဿနာ ပြေ လည်သွားမည် ဖြစ်သကဲ့သို့ ယာဉ်လိုင်းများ ပိုက်ဆံ အပြည့်အဝ မရသည့် ကိစ္စများလည်း အဆင်ပြေသွားမည်ဖြစ်၍ သက် ဆိုင်သူအားလုံးက အမြန်ဆုံး အကောင်အထည်ပေါ်လာရေး လိုလားနေကြသည်။

လှိုင်မြို့နယ်နေ မရိုးရိုးထက် က “အကြွေပိုက်ဆံက တခါတလေကျရင် ရှိချင်မှလည်း ရှိတာလေ။ ကတ်နဲ့ဆိုရင်တော့ တခါ တည်း ကြိုသွင်းထားပြီးတော့ စီးရရင်တော့ ပိုအဆင်ပြေတာပေါ့” ဟု ပြောသည်။

ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ကတ်စနစ် မဟုတ်သည့် အတွက် ယာဉ်လိုင်း ကုမ္ပဏီများ အနေဖြင့် ဝင် ငွေ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ ဝင်ငွေ ဆုံးရှုံး နစ်နာမှု ရှိနေသည်ဟု ဆိုသည်။

Your Thoughts …
Tags: YBS ကတ်စနစ်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ  / မျိုးမင်းစိုး  / ဧရာဝတီ

YBS အဆင့်မြင့် ကတ်စနစ် ဖြစ်ရေး အချိန်ယူနေရဟု ဆို

by သဇင်လှိုင်
8 June 2018
35.3k

ရန်ကုန်ဘတ်စ်ကားလိုင်း အားလုံးကို ခြုံလွှမ်းနိုင်တဲ့ စနစ်လည်း ဖြစ်ရမယ်။ ထို့အပြင် နောက်ပိုင်းမှာ ရေလမ်း တွေကအစ၊ မီးရထားသွားလာရေးနဲ့ အခြားသော လုပ်ငန်းတွေမှာပါ အသုံးပြုနိုင်တဲ့ ကတ်စနစ် ဖြစ်ရေးကို ဆောင်ရွက်ရ

စည်ပင်က တည်ဆောက်နေဆဲ ဈေးဆိုင်ခန်းများ / အောင်ကျော်ထက် / ဧရာဝတီ

YBS ကတ်စနစ် အတွက် ရည်ရွယ်၍ ဆိုင်ခန်းဆောက်ခြင်းဟု မြို့တော်ဝန်ပြော

by သဇင်လှိုင်
3 September 2019
12.7k

အဆိုပါ ဈေးဆိုင်ခန်းများကို ဘတ်စ်ကားမှတ်တိုင်များ ဘေးရှိ ပလက်ဖောင်းပေါ်တွင် ဆောက်လုပ်မည် ဖြစ်ပြီး ၅ ပေပတ်လည် အကျယ်ရှိ ဆိုင်ခန်း ၁ ခန်း တည်ဆောက်မှု ကုန်ကျစရိတ်မှာ ကျပ်သိန်း ၂၀ ကျော်ရှိ

ယနေ့ ကျင်းပသော YBS နှစ်ပတ်လည် အခမ်းအနား  / ချမ်းစွန်း / ဧရာဝတီ

YBS ကားများတွင် ကတ်စနစ်ဖြင့် ငွေပေးချေမှု ယခုနှစ်အတွင်း လုပ်ဆောင်မည်

by မျိုးပပစန်း
16 January 2018
9.6k

ရန်ကုန်မြို့တွင်း လက်ရှိ ပြေးဆွဲနေသော ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု (YBS) ယာဉ်လိုင်းများတွင် ၂၀၁၈ ခုနှစ် အတွင်း ကတ် (Card) စနစ်ဖြင့် ငွေပေးချေမှု စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း

Next Post
သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လက်ဝါးကြီးအုပ်ဖို့ ဆန္ဒမရှိဟု ဦးဖြိုးမင်းသိန်းဆို (ရုပ်/သံ)

သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လက်ဝါးကြီးအုပ်ဖို့ ဆန္ဒမရှိဟု ဦးဖြိုးမင်းသိန်းဆို (ရုပ်/သံ)

ဒဏ်ရာ ရရှိသွားသည့် ဒိုင်းနက်လူငယ်နှစ်ဦး / မောင်တောမြို့ ဂရုဏာကွန်ရက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့

မောင်တောမြို့နယ်တွင် လက်နက်ကြီးကျ အရပ်သား ၂ ဦး ဒဏ်ရာရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved