• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

YBS ကားများတွင် ကတ်စနစ်ဖြင့် ငွေပေးချေမှု ယခုနှစ်အတွင်း လုပ်ဆောင်မည်

by မျိုးပပစန်း
16 January 2018
in စီးပွားရေး
A A
ယနေ့ ကျင်းပသော YBS နှစ်ပတ်လည် အခမ်းအနား  / ချမ်းစွန်း / ဧရာဝတီ

ယနေ့ ကျင်းပသော YBS နှစ်ပတ်လည် အခမ်းအနား / ချမ်းစွန်း / ဧရာဝတီ

9.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင်း လက်ရှိ ပြေးဆွဲနေသော ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု (YBS) ယာဉ်လိုင်းများတွင် ၂၀၁၈ ခုနှစ် အတွင်း ကတ် (Card) စနစ်ဖြင့် ငွေပေးချေမှု စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒီ ၂၀၁၈ ခုနှစ်ရဲ့ အဓိကကျဆုံး အချက်ကတော့ ငွေပေးချေတဲ့ စနစ်ကို ဘဏ်ကတ်နဲ့ ပေးချေ ဖို့ ကြိုးစား ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ကတ်စနစ်ကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကတ်စနစ်ဟာ ကတ်တိုင်း ကတ်တိုင်း ဘတ်(စ်)ကားစီးနိုင်ဖို့ ကျနော်တို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ နိုင်ငံတကာမှာ ကျင့်သုံး နေတဲ့ ထဲမှာ နောက်ဆုံး အဆင့်ဖြစ်ပါတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပိုု့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)၏ နာယကလည်း ဖြစ်သူ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၁၆ ရက် ရန်ကုန်မြို့SKY Star ဟိုတယ်တွင် ပြုလုပ်သော YRTA အဖွဲ့နှင့် YBS တနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား၌ ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ ကတ်စနစ် အသုံးပြုရခြင်းမှာ မြန်မာနိုင်ငံရှိ ပြည်သူတရပ်လုံးက ဘဏ်စနစ်နှင့် နီးစပ်သွားစေရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် YBS နှင့် အခြား သယ်ယူပို့ဆောင်ရေး ယာဉ်များ စီးနင်းမှုသာမက ဈေးဝယ်ယူ သည့် အခါများတွင်ပါ ကတ် စနစ် ကျင့်သုံး ဆောင်ရွက်နိုင်သည်အထိ လုပ်ဆောင်သွားရန် ရှိကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားသည်။

“ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ နိုင်ငံသူ/သား တော်တော်များများက ပိုက်ဆံကိုင်ပြီး သုံးစွဲတဲ့ ယဉ်ကျေးမှုနဲ့သာ ကျင်လည်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဏ်ကတ်နဲ့ ဒါမှမဟုတ်ရင် ငွေပေးချေမှုကို ကတ်စနစ်နဲ့ ကျင့်သုံး ဆောင်ရွက်နိုင်ဖို့ အလှမ်းဝေးနေ ဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စတင် ဆောင်ရွက်မယ့် ကတ်စနစ်ဟာ ပြည်သူတွေ လက်လှမ်းမီနိုင်တဲ့ ကတ်စနစ်မျိုးဖြစ်ဖို့ အတွက် ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ရှင်းပြခဲ့သည်။

ထို့ကြောင့် လွယ်လွယ်ကူကူနှင့် ကတ်ဝယ်ယူပြီး YBS စီးနင်းမှုအပြင် အခြားငွေပေးချေရေး လုပ်ငန်းများတွင်လည်း အသုံး ပြုနိုင်ရန် ပြင်ဆင် ဆောင်ရွက်သွားခြင်းသည် နိုင်ငံ၏ အရေးကြီးဆုံးသော ပြုပြင်ပြောင်းလဲမှု တရပ်ဖြစ်ကြောင်း ဝန်ကြီးချုပ် က ပြောကြားသည်။

ဆက်လက်၍ ၎င်းက “နိုင်ငံတိုင်းမှာ ဘတ်စ် ကားစီးဖို့ ကတ်တခုကိုပဲ ဝယ်ယူပြီးတော့ အဲ့ဒီကတ်ကို မဝယ်ယူဘဲ အခြား ဘဏ် ကတ်တွေနဲ့ စီးလို့ မရပါဘူး။ ဒါကြောင့် ကျနော်တို့ ဒီကတ်တွေ တော်တော်များများ စတင်သုံးနိုင်ဖို့ အတွက် ပြင်ဆင် နေပြီဖြစ်ပါတယ်။ တင်ဒါစနစ်ခေါ်ယူပြီး အောင်မြင်တဲ့ ကုမ္ပဏီတွေလည်း ကြေညာထားပြီး ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

မည်သို့သော ခရီးစဉ်မျိုး၏ ကျသင့် ယာဉ်စီးနင်းခအား ယင်းကတ်က ဖြတ်မည် ဆိုသည်ကို ခရီးသည်က သိရှိရန် လိုအပ် ကြောင်း YBS နေ့စဉ် စီးနင်းနေသော ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်

“YBS စီးရင် တချို့ကားတွေက ဂိတ်စ ဂိတ်ဆုံး ၂၀၀ ကျပ်ပေးရတယ်။ ဒါပေမယ့် ၃၇ လိုယာဉ်လိုင်းမျိုးကျတော့ ထောက် ကြန့် ကနေ စံပြ သရက်တော အထိဆိုရင် ၂၀၀ ကျပ်၊ ဒီမှတ်တိုင်ကျော်ရင် ၃၀၀ ဆိုတော့ ကတ်နဲ့ အစအဆုံးစီးရင် ကျပ် ၃၀၀ က အဆင်ပြေတယ်။ လမ်းတဝက်ဆင်းရင် ကျပ် ၂၀၀ ဆိုတော့၊ ဘယ်လိုမျိုးခရီးစဉ်ရဲ့ ပိုက်ဆံ ကျသင့်သလောက်ကို ဖြတ်မလဲ ဆိုတာ သိချင်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့ရှိ YBS ကားများနှင့် အခြား သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများတွင် ကတ် သုံးပြီး ငွေပေးချေမှုစနစ် ဖြစ်လာ စေရန်အတွက် Yangon Payment Services တင်ဒါ ပထမအဆင့်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၉ ရက်တွင် စတင် တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ပထမအဆင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၅၀ ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက ကြေညာပေးခဲ့ပြီး ဒုတိယအဆင့် Request For Proposal (RFP) လျှောက်လွှာ ရောင်းချရန်အတွက် ဖိတ်ခေါ်ခဲ့သည်။

RFP တင်သွင်းခဲ့သည့် ကုမ္ပဏီများကို စိစစ်ရွေးချယ်ရာတွင် ယှဉ်ပြိုင်မှု ၃ မျိုးဖြစ်သည့် စီးပွားရေးဆိုင်ရာ ယှဉ်ပြိုင်မှု၊ နည်းပညာပိုင်း ဆိုင်ရာ ယှဉ်ပြိုင်မှုနှင့် လုပ်ငန်း လက်တွေ့လုပ်ကိုင် အကောင်အထည် ဖော်ဆောင်နိုင်မှုဆိုင်ရာ တို့ကို ပညာရှင်အဖွဲ့ ၂ ဖွဲ့ဖြင့် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံး ဆန်ခါတင်အဖြစ် မြန်မာ ကျပ်ငွေ ၁၉ ဘီလီယံ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမည့် EXCEL KC MYANMAR CO,LTD အား Yangon Payment Service (YPS) တင်ဒါ အောင်မြင်သူအဖြစ် ယခုလ ၁ ရက်တွင် ကြေညာခဲ့သည်။

YBS စီအီးအို ဦးစောဘိုဘို(ခ) ဦးဘိုဘိုဝေမောင်က “ကတ်စနစ် လုပ်တဲ့အခါ အဓိကစဖို့ ကျနော် စဉ်းစားတာက အချက် အလက် အခြေနေမျိုးစုံပေါ် မူတည်ပြီး ယာဉ်လိုင်းကို စနစ်တကျ ဘယ်လိုမျိုး ကိုင်တွယ်နိုင်လဲ၊ ပြီးတော့ ဒီယာဉ်လိုင်းမှာ စီးတဲ့ ခရီးသည်တွေက ဘယ်လောက်ထိ စည်းကမ်းရှိလဲ၊ နောက်ပြီးတော့ ဒီလို နည်းပညာအသစ်နဲ့ ဘယ်လောက်ထိ နည်းစပ်မှုရှိလဲပေါ့။ ဒါ့အပြင် အခြားအချက်တွေပါ စဉ်းစားပြီး အကောင်းဆုံးဖြစ်မယ့် လိုင်းတွေကို အရင်ဆုံး ရွေးပြီးတော့ စမ်းသပ် တပ်ဆင်မယ်။ ကျန်တဲ့လိုင်းတွေကိုလည်း အကြာကြီး အချိန် ဆွဲထားမှာ မဟုတ်ဘူး။ မြန်မြန် ဖြစ်လာမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ကတ် စနစ် တင်ဒါအောင်သည့် ကုမ္ပဏီကို ကြေညာပြီးပြီ ဖြစ်သောကြောင့် ၃ လအတွင်း အကောင်အထည်ဖော်ပြီး ယာဉ် လိုင်း ၃ ၊ ၄ လိုင်းကို စမ်းသပ်တပ်ဆင်၍ အမြန်ဆုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
7.1k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ယင်း ကတ် စနစ် တင်ဒါအောင်သည့် ကုမ္ပဏီနှင့် ပတ်သက်ပြီး တင်ဒါရသည့် EXCEL KC MYANMAR CO,LTD ကို ကုမ္ပဏီ သက်တမ်းနုနုဖြင့် ယခုကဲ့သို့ တင်ဒါအောင်သွားသည့်အတွက် ဝေဖန်မှုများလည်း ရှိနေသည်။

ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပိုု့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က “ဒါကတော့ Yangon Payment Service (YPS) အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ အမျိုးမျိုး ပြောကြတယ်။ ဒါပေမယ့် သူတို့ကုမ္ပဏီက မကြာခင်မှာတော့ ကတ်စနစ်ကို စမှာဖြစ်ပါတယ်”ဟု ရှင်းပြသည်။

EXCEL KC MYANMAR CO,LTD သည် မြန်မာပြည် အခြေစိုက် EXCEL MYANMAR Group နှင့် ၁၉၇၆ ခုနှစ်မှ စတင်၍ ထိုင်ဝမ်နိုင်ငံတွင် စတင်ဖွဲ့စည်းထားသော အီလက်ထရွန်နစ်နှင့် ICT နည်းပညာများကို ဖြန့်ဖြူးနေသော နိုင်ငံတကာ ကုမ္ပဏီ ဖြစ်သည့် ACER Incorporated (ACER) ပူးပေါင်း ပါဝင်ပြီး ၁၀၀ ရာခိုင်နူန်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထား ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီ လည်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါ စိစစ်ကြီးကြပ်ရေးအဖွဲ့ YPS မှ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ယခုအချိန်ထိ ရန်ကုန်မြို့တွင် YBS ယာဉ်လိုင်းပေါင်း ၉၀ ကျော်မှ ကားအစီးရေ ၄ ထောင်ကျော်ဖြင့် နေ့စဉ် ပြေးဆွဲလျက် ရှိနေပြီး ထပ်မံ၍ ကား အစီးရေ တိုးချဲ့သွားမည် ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပိုု့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA)ရှိ တာဝန်ရှိသူက ပြောကြားထားသည်။

Your Thoughts …
Tags: YBS ကတ်စနစ်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS  / ဧရာဝတီ

YBS ယာဉ်လိုင်းများ ကတ်စနစ် ငွေပေးချေမှု ၆ လ အတွင်း အသုံးပြုနိုင်မည်

by ဇူးဇူး
16 January 2019
8.8k

YBS ယာဉ်လိုင်းများတွင် ကတ်စနစ်ဖြင့် ငွေပေးချေမှု (Yangon Payment Services –YPS) ကို ၆ လ အတွင်း စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ  / မျိုးမင်းစိုး  / ဧရာဝတီ

YBS အဆင့်မြင့် ကတ်စနစ် ဖြစ်ရေး အချိန်ယူနေရဟု ဆို

by သဇင်လှိုင်
8 June 2018
35.3k

ရန်ကုန်ဘတ်စ်ကားလိုင်း အားလုံးကို ခြုံလွှမ်းနိုင်တဲ့ စနစ်လည်း ဖြစ်ရမယ်။ ထို့အပြင် နောက်ပိုင်းမှာ ရေလမ်း တွေကအစ၊ မီးရထားသွားလာရေးနဲ့ အခြားသော လုပ်ငန်းတွေမှာပါ အသုံးပြုနိုင်တဲ့ ကတ်စနစ် ဖြစ်ရေးကို ဆောင်ရွက်ရ

စည်ပင်က တည်ဆောက်နေဆဲ ဈေးဆိုင်ခန်းများ / အောင်ကျော်ထက် / ဧရာဝတီ

YBS ကတ်စနစ် အတွက် ရည်ရွယ်၍ ဆိုင်ခန်းဆောက်ခြင်းဟု မြို့တော်ဝန်ပြော

by သဇင်လှိုင်
3 September 2019
12.7k

အဆိုပါ ဈေးဆိုင်ခန်းများကို ဘတ်စ်ကားမှတ်တိုင်များ ဘေးရှိ ပလက်ဖောင်းပေါ်တွင် ဆောက်လုပ်မည် ဖြစ်ပြီး ၅ ပေပတ်လည် အကျယ်ရှိ ဆိုင်ခန်း ၁ ခန်း တည်ဆောက်မှု ကုန်ကျစရိတ်မှာ ကျပ်သိန်း ၂၀ ကျော်ရှိ

Next Post
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း / ထက်နိုင်ဇော် / ဧရာဝတီ

ယခင် အစိုးရ တိုင်းနှင့် ပြည်နယ် ရန်ပုံငွေ စာရင်းများ မကိုက်ဟု စာရင်းစစ်ချုပ်ပြော

‘ကျားမ တန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာ ဗျူဟာများ’ မူဝါဒရေးရာ စာတမ်း ထုတ်ပြန်ပွဲ  / ဇူးဇူး / ဧရာဝတီ

ကျားမ တန်းတူရေး အထောက်အကူ ပြုနိုင်မည့် မဟာဗျူဟာ စာတမ်း ထုတ်ပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved