• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယခင် အစိုးရ တိုင်းနှင့် ပြည်နယ် ရန်ပုံငွေ စာရင်းများ မကိုက်ဟု စာရင်းစစ်ချုပ်ပြော

by ထက်နိုင်ဇော်
16 January 2018
in သတင်း
A A
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း / ထက်နိုင်ဇော် / ဧရာဝတီ

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း / ထက်နိုင်ဇော် / ဧရာဝတီ

12.3k
VIEWS
Share on FacebookShare on Twitter

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များ သုံးစွဲခဲ့သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ စာရင်းများ အားလုံးကို အစိုးရသစ်လက်ထက်တွင် စာရင်းစစ်ချုပ်ရုံးက ပြန်လည်စိစစ်ခဲ့ရာ ဥပဒေနှင့် မကိုက်ညီသည့် သုံးစွဲမှုများ တွေ့ရှိရသဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက“စာရင်းစစ်ချုပ်ရုံး အနေနဲ့ တွေရှိချက်ကို အရေးယူပါ။ ဟိုဟာလုပ်ပါ။ ဒီဟာလုပ်ပါလို့ ပြော လို့မရဘူး။ သမ္မတရုံး အနေနဲ့ပဲ အရေးယူမယ့်ကိစ္စကို အရေးယူမှာပေါ့နော ်။ ကျနော်တို့က တွေ့ရှိချက်ကို တင်ပြရုံပဲ။ အောက်တိုဘာ နိုဝင်ဘာလလောက်က သမ္မတရုံးကို တင်လိုက်တယ်”ဟု ဇန်နဝါရီလ ၁၆ ရက်နေ့က နေပြည်တော်တွင် ပြောသည်။

နေပြည်တော် ကောင်စီ အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၄ ခုစလုံးကို စစ်ဆေးရာတွင် မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ အဓိက ကျကြောင်း၊ တခြားတိုင်းနှင့် ပြည်နယ်များမှာလည်း ပမာဏ မများသော်လည်း ဥပဒနှင့် မညီသည့် ကိစ္စရပ်များရှိကြောင်း သိရသည်။

“တိုင်းတွေကို ပြန်စစ်တဲ့အခါ တချို့ လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ တွေ့ရတယ်။ ဘယ်လိုပုံစံမျိုးလဲဆိုတော့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မကိုက်တာပေါ့လေ။ ငွေသုံးတဲ့ နေရာမှာ အတွက်အချက်တွေ လွဲတာတို့၊ ခန့်မှန်းခြေ စာရင်း မတင်ပြဘဲ သုံးတာတို့ ဒီလိုကိစ္စ မျိုးတွေ ရှိပါတယ်”ဟု ဦးမော်သန်းက ပြောသည်။

သို့သော် ငွေကြေး ပမာဏများ၊ တိုင်းနှင့် ပြည်နယ်များ၏ အသေးစိတ် စာရင်းများကို ပြောကြားခြင်း မရှိပေ။ စာရင်းစစ်ချုပ်ရုံးသည် သမ္မတရုံး၏ အထူးတာဝန်ပေးချက်အရ ၂၀၁၇ ခုနှစ် ဇွန်လမှ စတင်ကာ ယခင် အစိုးရအဖွဲ့ဟောင်း၏ စာရင်းများကို ပြန်လည် စိစစ်တင်ပြခဲ့ခြင်း ဖြစ်သည်။

ယခု စာရင်းစစ် အစီရင်ခံစာများကို လက်ခံရရှိထားကြောင်း သမ္မတရုံး အတည်ပြုသော်လည်း မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဌ ဦးခင်မောင်ဝင်းကမူ ယခုကိစ္စရပ်များကို အများပြည်သူသို့ ပွင့် လင်းမြင်သာစွာဖြင့် အသိပေးသင့်ကြောင်း၊ ယခင် မကွေးတိုင်း ဝန်ကြီးချုပ်၏ လုပ်မှားကိုင်မှား ကိစ္စများကို ပြန်ဖော်ထုတ်ပြီး ရသလောက် ပြန်တောင်းခဲ့ရသည့် ဖြစ်စဉ်၊ မန္တလေးတိုင်းမှာ တာဝန်အလွှဲအပြောင်း ဖြစ်ချိန်တွင် မြေဂရန်များကို လုံးဝ မဖြစ်နိုင်သည့် ဈေးနှုန်းများဖြင့် ထုတ်ပေးခဲ့ခြင်း မန္တလေးတိုင်း အစိုးရက ပြန်၍ ပယ်ဖျက်ခဲ့ရသည့် ဖြစ်စဉ်တို့မှာ အကောင်းဆုံး ဥပမာ ဖြစ်ကြောင်း ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
65

“ဒီကိစ္စတွေက အလွဲသုံးစားမှုပဲ ခေါ်ခေါ် ဒါတွေက ရှိနေတယ်ဆိုတဲ့ သဘောပဲ။ တခုချင်း အနေနဲ့ ဘယ်ကိစ္စမှာတော့ ဘယ်လို အလွဲသုံး စား လုပ်ထားတယ် Corruption ဖြစ်ပါတယ်ဆိုပြီး ပြောတာ မရှိသေးဘူး။ ဒါပေမယ့် ဒီကိစ္စတွေမှာလည်း ပြန်လည် ရယူသင့်တာတွေကို ရယူပြီးတော့ အရေးယူသင့်တာတွေကိုလည်း အရေးယူရမယ်လို့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။

မကွေးတိုင်း ဖြစ်စဉ်တွင် ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ဦးဆောင်သည့် အစိုးရအဖွဲ့၏ ငွေကြေး အရှုပ်တော်ပုံ ကိစ္စများသည် ဥပဒေနှင့်အညီ အရေးယူနိုင်သော်လည်း ယခု အစိုးရသစ်၏ “နောက်ကြောင်း ပြန်မလှန်ရေး” မူဝါဒအရ အရေးယူမည် မဟုတ်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ဖူးသည်။

ကျပ် ၄.၈ ဘီလီယံနီးပါးရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မကွေးတိုင်း အစိုးရသစ်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရမှုအပေါ် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ၂၀၁၇ ခုနှစ် ဧပြီလတွင် မေးခွန်းထုတ်ခဲ့ပြီး အမှန်တကယ် စစ်ဆေးရာတွင် အမှန်တကယ် စစ်ဆေးမှုပြုရာတွင် ငွေကျပ် ၇.၄၅၉ ဘီလီယံအထိ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ထိုငွေများကို ပြန်အပ်ရန် ညွှန်ကြားခဲ့ရာ ကာယကံရှင်ဖြစ်သူက အကျေပြန်လည်ပေးသွင်းခဲ့ ရသည်။

ဧရာဝတီတိုင်းတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် တိုင်းအစိုးရဟောင်း အနေဖြင့် လက်ရှိ ဧရာဝတီတိုင်း အစိုးရသစ်ထံသို့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ကျပ် ၅ ဘီလီယံမှ ၇ ဘီလီယံအထိ လွဲှပြောင်းပေးရန် ကျန်ရှိ နေကြောင်း ထုတ်ဖော်မှုများ ရှိခဲ့ရာ ကာယကံရှင်များက သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ရသည်။

“ကျနော်တို့ စာရင်းစစ်ချုပ်ရုံး အနေနဲ့ အပြစ်ရှာတဲ့ အနေနဲ့စစ်တာ မဟုတ်ပါဘူး။ သို့သော်လည်းပဲ ပြည်သူ့ဘဏ္ဍာ စီမံခန်ခွဲမူ လမ်းကြောင်းပေါ်မှာ တင်ပေးဖိုပါ။ လမ်းကြောင်း တည့်မတ်ပေးဖို့ပါ။ မကောင်းတာရှိရင် ကောင်းအောင် လမ်းကြောင်းပေါ် ပြန်ရောက်အောင် တင်ပေးတဲ့ သဘောပဲ”ဟု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောဆိုခဲ့သည်။

Your Thoughts …
Tags: စာရင်းစစ်တိုင်းပြည်နယ်ရန်ပုံငွေ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် စစ်သားများ အရှုံးပေးရခြင်း အကြောင်းရင်း

မင်းအောင်လှိုင် စစ်သားများ အရှုံးပေးရခြင်း အကြောင်းရင်း

by ညီလတ်
23 January 2024
11.4k

အရပ်ဖက်ဌာနများတွင် အခွင့်အာဏာကို အသုံးချပြီး စီးပွားရှာခဲ့ကြသော အကျင့်ဆိုးများသည် နောင်အခါ စစ်တပ်အတွင်းသို့ပါ ကူးစက်သွားခဲ့သည်။

တက်လာတဲ့စာရင်းနဲ့ အတိအကျပဲ ပြုံးပြုံးလေး Page ကနေ ဖော်ပြပြီး ရှင်းသွားမယ်

တက်လာတဲ့စာရင်းနဲ့ အတိအကျပဲ ပြုံးပြုံးလေး Page ကနေ ဖော်ပြပြီး ရှင်းသွားမယ်

by ဧရာဝတီ
7 August 2025
9.2k

အရေးကြီးတာက တော်လှန်ရေးအတွက်ဖြစ်သွားတော့ အနုပညာအတွက် အများကြီးမျှော်လင့်မထားဘူး။ နံပါတ်တစ်က ရန်ပုံငွေရှာပေးချင်တယ်။ တော်လှန်ရေးအတွက် လိုအပ်နေတာ ရန်ပုံငွေပဲ။ ဒီပိုက်ဆံတွေနဲ့ပဲ ကျန်းမာရေးအတွက်၊ စစ်ရှောင်တွေအတွက် ဗုံးကြဲလို့ပျက်စီးသွားတဲ့ ကျောင်းတွေ ဆောက်ပေးလို့ရတယ်။

ကုလ အကူအညီပေးရေး အကြီးအကဲ၏ မြန်မာပြည်ခရီးစဉ်အား အထုပ်ဖြေခြင်း

ကုလ အကူအညီပေးရေး အကြီးအကဲ၏ မြန်မာပြည်ခရီးစဉ်အား အထုပ်ဖြေခြင်း

by အီဂေါဗလာဇီဗစ်
18 August 2023
4.3k

စစ်တပ်ဟာ လူသားချင်းစာနာမှု အကူအညီကိစ္စကို ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်တဲ့အပြင် သူ့ရဲ့ ရပ်တည်မှုအတွက်လည်း လက်နက်သဖွယ် အသုံးပြုနေပါတယ်။

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

by ဧရာဝတီ
23 January 2025
3.4k

ထိပ်တန်း အလှူရှင်နိုင်ငံ၏ လုပ်ရပ်အတွက် စိတ်မကောင်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။

တော်လှန်ရေး ရန်ပုံငွေအတွက် “သူပုန် လက်ဖက်ခြောက်”

တော်လှန်ရေး ရန်ပုံငွေအတွက် “သူပုန် လက်ဖက်ခြောက်”

by Brian Wei
29 July 2024
3.2k

"အကျိုးအမြတ်တွေ အားလုံးက လွိုင်ကော် PDF နဲ့ ရွာငံ PDF ဆီကို စီးဆင်းမယ်"

ပြည်နယ်အခြေပြု ဖက်ဒနယ်စနစ် ပူးပေါင်းဖော်ဆောင်နေဟု တော်လှန်ရေးအဖွဲ့များ ထုတ်ပြန်

ပြည်နယ်အခြေပြု ဖက်ဒနယ်စနစ် ပူးပေါင်းဖော်ဆောင်နေဟု တော်လှန်ရေးအဖွဲ့များ ထုတ်ပြန်

by ဧရာဝတီ
15 February 2025
2k

ဗဟိုအခြေပြုဖက်ဒရယ်စနစ်အား လက်မခံဘဲ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-Up Federalism)ကို အခြေခံကာ တိုင်းပြည်တည်ဆောက်ရေး ကြိုးပမ်းနေကြောင်း တော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က (၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့တွင် ထုတ်ပြန်ကြေညာသည်။

Next Post
‘ကျားမ တန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာ ဗျူဟာများ’ မူဝါဒရေးရာ စာတမ်း ထုတ်ပြန်ပွဲ  / ဇူးဇူး / ဧရာဝတီ

ကျားမ တန်းတူရေး အထောက်အကူ ပြုနိုင်မည့် မဟာဗျူဟာ စာတမ်း ထုတ်ပြန်

ဝေငှနေသော ထောက်ပံ့ရေးပစ္စည်းများအား တန်းစီထုတ်ယူနေသော ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ / Reuters

စိစစ်ပြီး ဒုက္ခသည် တထောင်ကျော် စာရင်း ဘင်္ဂလားဒေ့ရှ်ထံ မြန်မာပေးအပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved