• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီတိုင်း၌ ၁၀ တန်းစာမေးပွဲ လာမဖြေသည့် ကျောင်းသား ၆ ထောင်ကျော်ရှိ

by ဆလိုင်းသန့်စင်
8 March 2019
in သတင်း
A A
ပုသိမ်မြို့ အမှတ် ၁ အထက်တန်းကျောင်း၌ ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ  / ဆလိုင်း သန့်စင် / ဧရာဝတီ

ပုသိမ်မြို့ အမှတ် ၁ အထက်တန်းကျောင်း၌ ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ / ဆလိုင်း သန့်စင် / ဧရာဝတီ

6.8k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း ဒေသကြီး အတွင်း၌ တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးသွင်းထားပြီး လာရောက် ဖြေ ဆိုခြင်း မရှိသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆ ထောင်ကျော် ရှိကြောင်း သတင်း ရရှိသည်။

ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်၂၆ မြို့နယ်၌ တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးသွင်းထားသူ ၉၄၉၄၂ ဦး ရှိသည့် အနက် စာမေးပွဲ စတင် ကျင်းပသည့် မတ် ၆ ရက်တွင် ကျောင်းသား ကျောင်းသူ ၈၈၅၇၁ ဦးသာ လာရောက် ဖြေဆို ခဲ့ကြောင်း တိုင်း ပညာရေးမှူးရုံး က သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး အခြေခံပညာ ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက“ကျနော်တို့ ဧရာဝတီတိုင်းမှာ ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ လာရောက် ဖြေဆိုခြင်း မရှိတဲ့ ကျောင်းသား ကျောင်းသူပေါင်း ၆၃၇၁ ဦး ရှိပါတယ်”ဟု ဧရာဝတီကို ပြောသည်။

စာမေးပွဲဖြေရန် ဖောင်တင်ထားပြီး လာရောက် ဖြေဆိုခြင်း မရှိသူ အများစုမှာ ယခင်နှစ်များက တက္ကသိုလ်ဝင်တန်း ကျရှုံး ခဲ့သည့် အပြင်ဖြေ ကျောင်းသား ကျောင်းသူများ ဖြစ်ကြကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပညာရေး ဌာနက သိရသည်။

ပုသိမ်မြို့ ပညာ ပါရမီ အခမဲ့ ပညာဒါနကျောင်း တာဝန်ခံ ဦးကျော်နန္ဒက“အပြင်ဖြေ ကလေးတွေကျတော့ စာမေးပွဲဖြေဖို့ ဖောင်တော့ တင်ထား လိုက်မယ်။ စာရခဲ့ရင်၊ အဆင်ပြေခဲ့ရင် ဖြေမယ်။ မရရင်လည်း ဝင်မဖြေတော့ဘူး ဆိုတဲ့ ကလေးတွေ ရှိကြတယ်။ သူတို့က အပြင်မှာ အလုပ်တဖက်နဲ့ ဆိုတော့ အနီးကပ်ကျတော့ ဖြေလို့ အဆင်မပြေတာနဲ့ လာမဖြေကြတာမျိုး တွေ ရှိပါတယ်” ဟု ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
292
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
42

ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့နယ်၂၆ ခုတွင် ယမန်နှစ်က စာစစ်ဌာန ၂၄၄ ခု ရှိခဲ့ပြီး ယခုနှစ်တွင် စာစစ်ဌာန ၂၇၀ အထိ တိုးမြင့် လာခဲ့ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း ၈ သောင်းကျော်တွင် မသန် စွမ်း ကျောင်းသား ကျောင်းသူ ၃၂ ဦးလည်း ပါဝင်ဖြေဆိုလျက် ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပညာရေး ဌာနက သိရ သည်။

ဦးကျော်ဝင်းက“မသန်စွမ်း ကျောင်းသား ကျောင်းသူ ၃၂ ဦးကို ကျနော်တို့က လက်ရှိ တက္ကသိုလ်ဝင်တန်း ထက် တဆင့် နိမ့်တဲ့ Grade 10 က ထူးချွန် ကျောင်းသား ကျောင်းသူတွေကို စာစစ်ဌာနမှာ ကြိုတင် ခေါ်ထားပြီး အဲဒီ မသန်စွမ်း ကလေး တွေ ကိုယ်စား ဖြေခိုင်းပါတယ်။ ဖြေတဲ့ အချိန်မှာလည်း မသန်စွမ်းဖြစ်တဲ့ အတွက် စာဖြေချိန် မိနစ် ၃၀ အချိန်ပို ပေးထား ပါတယ်”ဟု ဆိုသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူပေါင်း ၈၆၅၁၈ ဦး တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့သည့် အနက် ၂၆၄၁၉ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း ၃၀ ဒသမ ၅၂ ရှိခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: တက္ကသိုလ်ဝင်တန်း စာမေးပွဲ
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရန်ကုန်တိုင်းအတွင်း ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမှု မြင်ကွင်း  /  မျိုးမင်းစိုး / ဧရာဝတီ

စနစ်သစ် ပညာရေး နဲ့ သင်ကြားရေး အနုပညာရှင်များ

by ခင်မေထက် (ပညာရေး)
27 March 2018
10.5k

ပညာရေးလောကမှာ သင်ကြားရေးတာဝန်ကို ယူထားကြရတဲ့ ဆရာ၊ ဆရာမ များဟာ အင်မတန် ခက်ခဲ သိမ်မွေ့ တဲ့ “သင်ကြားရေး အနုပညာရှင်” များ ဖြစ်နေကြတာကိုလည်း

Next Post
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား / မိုးမိုး / ဧရာဝတီ

ကဏ္ဍ အသီးသီးတွင် အမျိူးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး ဆောင်ရွက်နေဟု ဒုသမ္မတ ပြော

သရုပ်ဆောင် အောင်ရဲထွေး သတ်မှုဖြင့် ရုံးထုတ်လာမှု မြင်ကွင်း  / ဧရာဝတီ

အောင်ရဲထွေး အမှုတွင် လူသတ်မှုစွဲချက် ပြင်ဆင်ခြင်း တိုင်းတရား လွှတ်တော် လက်ခံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved