ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ အရှေ့ဖျား ရုရှားမြို့ဖြစ်တဲ့ ဗလာဒီဗော့စတော့မြို့ကို သူ့ရဲ့ မီးရထားနဲ့ ရောက်ရှိလာခဲ့ပါပြီ ဖြစ်သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၏ ပထမဆုံး အကြိမ် ရုရှားခရီးစဉ်မှာ ယခင်တရုတ်၊ ဗီယက်နမ် ခရီးစဉ်များကဲ့သို့ ပင် သူ၏ သံချပ်ကာ မီးရထားဖြင့် နယ်စပ်ဖြတ်ကျော် လာရောက်ခြင်းဖြစ်သည်။
သူတို့နှစ်ဦးရဲ့ ထိပ်သီးတွေ့ဆုံပွဲကို မနက်ဖြန် ကြာသာပတေးနေ့ ရရှား အရှေ့ဖျားက ရပ်စကီကျွန်းပေါ်မှာ ပြုလုပ်မှာဖြစ်မည်ဖြစ်သည်။
၎င်း၏ ရုရှား ခရီးစဉ်နှင့် ပတ်သက်၍ အထူးလျှို့ဝှက် ထားသော်လည်း အဆင့်မြင့် အစည်းအဝေး ကျင်းပရန် ရှိသည့် သိသာသော ပြင်ဆင်မှုများကို တနင်္လာနေ့ကတည်း တွေ့ရခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်း ခေါင်းဆောင်ကြီး ကင်ဂျုံအန်း၏ သံချပ်ကာ ရထား ဗလာဒီဗော့စတော့မြို့ ဘူတာရုံသို့ ဆိုက်ရောက်ချိန်တွင် တာဝန်ကျ အနက်ရောင် ဝတ်စုံနှင့် လက်အိတ်အဖြူ ဝတ်ထားသည့် ကိုရီးယား သက်တော် စောင့်များက ဘူတာရုံ ပလက်ဖောင်းပေါ်သို့ အလျိုလျို ပြေးဆင်းလာကာ ၎င်းတို့ခေါင်းဆောင် ဆင်းလာမည့် ရထားတွဲ ထွက်ပေါက်ကို ပွတ်တိုက်သန့်စင်ပေးက ကော်ဇောနီကို တဆက်တည်း ခင်းလိုက်သည်ကို တွေ့ရသည်။
ရုရှားနယ်စပ်မြို့လေးဖြစ်သည့် ခါစန်တွင် ကင်ဂျုံအန်းကို ရုရှားထုံစံအရ ပေါင်မုန့်နှင့်ဆားဖြင့် တည်ခင်းဧည်ခံကာ မြောက်ကိုရီးယား အာဏာရမိသားစု၏ အထင်ကရဖြစ်သည့် သမိုင်းဝင်အဆောက်အဦတခုဆီသို့ အချိန်တိုအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။