• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုးစစ် အရှိန်မြှင့်လျှင် AA ကို ဝန်းရံမည်ဟု မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ထုတ်ပြန်

by ချစ်မင်းထွန်း
24 April 2019
in သတင်း
A A
AA တပ်ဖွဲ့ဝင်များ  / နန်းလွင်နှင်းပွင့် / ဧရာဝတီ

AA တပ်ဖွဲ့ဝင်များ / နန်းလွင်နှင်းပွင့် / ဧရာဝတီ

135.3k
VIEWS
Share on FacebookShare on Twitter

ရက္ခိုင့်တပ်မတော် (AA) အား ထိုးစစ်အရှိန်အဟုန်မြှင့်မြှင့်ဖြင့် ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက မိမိတို့ စစ်ရေး မဟာမိတ် ညီနောင် သုံးဖွဲ့အနေဖြင့်လည်း မဟာမိတ်ပီသစွာဖြင့် လုပ်သင့် လုပ်ထိုက်သည်များကို မလွှဲ မရှောင် သာ လုပ်ဆောင်သွားမည်ဟု မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့က ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

AA ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော ်(MNDAA) တို့မှ ခေါင်းဆောင်များသည် ဧပြီ ၂၀-၂၁ ရက်နေ့များက အရေးပေါ် အစည်းအဝေး တရပ် ကျင်းပခဲ့ပြီးနောက် ထိုသို့ ဆုံးဖြတ်ကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က “AA ဘက်မှာ စစ်ရေး ပြင်းထန်မယ်ဆိုရင် တော့ ကျနော်တို့ မဟာမိတ် ဝတ်တရားအရ ကျနော်တို့ လုပ်သင့် လုပ်ထိုက်တာကိုလုပ်မယ်၊ ဘာလုပ်မယ်ဆို တာတော့ ကျနော်တို့ ထုတ်ဖော်ပြောဖို့တော့ မရှိပါဘူး၊ စစ်ရေးကိစ္စဖြစ်တာမလို့ပါ၊ AA ကမဟာမိတ်ဖြစ်တော့ ဒီမဟာမိတ် အပေါ်မှာ တောက်လျောက်စစ်ရေး ဖိအားပေးနေတဲ့အခါ ကျနော်တို့ မဟာမိတ်ဖက် ရပ်တည်တယ် လို့တော့ ပြောလို့ရတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့ နောက်ပိုင်းတွင် မြန်မာ့ တပ်မတော်မှ အပစ်အခတ် ရပ်စဲခြင်းအား တနိုင်ငံလုံး အတိုင်းအတာဖြင့် မကြေညာဘဲ ယခင်နည်းတူ ရခိုင်ဒေသတခုတည်းအား ထပ်မံ ချန် လှပ်ခဲ့မည်ဆိုပါက စစ်ရပ်စဲရေးကဏ္ဍတွင် မြန်မာ့တပ်မတော်အနေဖြင့် မှန်ကန်သော စိတ်ဆန္ဒမရှိဟု ကောက်ချက်ချ၍ ရနိုင်သည်ဟု ဆိုသည်။

အကယ်၍ ဤထုတ်ပြန်ကြေညာချက်အား ထုတ်ပြန်ပြီးသည့်နောက်တွင်လည်း မြန်မာ့တပ်မတော်မှ AA အား ထိုးစစ်အရှိန်အဟုန်မြှင့်မြှင့်ဖြင့် ဆက်လက်ပြုလုပ်နေမည်ဆိုပါက မိမိတို့ စစ်ရေးမဟာမိတ် ညီနောင်သုံးဖွဲ့ အနေဖြင့်လည်း မဟာမိတ်ပီသစ္စာဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို မလွှဲ မရှောင်သာ လုပ်ဆောင် သွားရတော့မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်ဟု ပါရှိသည်။

တပ်မတော်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ များတွင် အပစ်အခတ်ရပ်စဲကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က ကြေညာခဲ့သည်။

ထိုကြေညာချက်တွင် AA နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွားနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ (ရခိုင်ပြည်နယ်) မပါခြင်းကြောင့် ထိုစစ်တိုင်းပါ ထည့်သွင်းပေးရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တောင်းဆို လျက်ရှိနေသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
574
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
64
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
44

လက်ရှိတွင် AA နှင့် တပ်မတော်တို့ ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ ကျောက် တော်၊ မြောက်ဦး စသည့် မြို့နယ်များမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာမှ ယခုနှစ် ဧပြီအထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး တိုက်ပွဲရှောင် သောင်းနှင့်ချီ ရှိလာခဲ့သည်။

မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ မိမိတို့ အနေဖြင့် အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့သော်လည်း MNDAA နှင့် TNLA တို့သည် နယ်မြေကျော်လွန် လှုပ်ရှားမှုများ ပြုလုပ်ကြသလို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA-SSPP ပူးပေါင်းအဖွဲ့နှင့် RCSS/SSA ကြား တိုက်ပွဲများ ဖြစ်ပွားကြပြီး IDPs များ ပေါ်ပေါက်ခဲ့ကြောင်း တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။

ထို့အတူ မြောက်ပိုင်းအဖွဲ့များကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ရာတွင်လည်း မီဒီယာ များနှင့် တွေ့ဆုံ ပြောဆိုခြင်း အပါအဝင် ဆွေးနွေးမှုများကို ကြည့်ရာမှာ အပြုသဘောဆောင်သော တိုးတက်မှု ကို မိမိတို့ မတွေ့ရကြောင်း၊ အပစ်ရပ်စဲရေး ကာလသည် လုံလောက်သွားပြီး ဖြစ်ကြောင်း ရှင်းပြသည်။

သို့သော်လည်း ဧပြီ ၃၀ ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) အပါအဝင် AA၊ MNDAA၊ TNLA တို့ဖြင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral ထိုးနိုင်ရေး ညှိနှိုင်းမည့် အခြေအနေကို စောင့်ကြည့်ရန် လိုအပ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ရှေ့ဆက်မယ့်ဟာကတော့ လကုန်မှာ တွေ့မယ့်ဟာပေါ့၊ လကုန်မှာ NRPC နဲ့ တွေ့မယ်လို့ ပြောတယ်၊ ဒါတွေတော့ ကျနေ်ာတို့ ဆက်ကြည့် ရအုံးမယ်” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံရေးလေ့လာသူ အချို့ကတော့ ဧပြီ ၂၄ ရက်က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက် နှင့် တပ်မတော်၏ အပစ်ရပ်ကာလ ကုန်ဆုံးမှု လုံလောက်ပြီးဟု ပြောမှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ တကျော့ပြန် ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

နိုင်ငံရေး သုတေသီ မောင်မောင်စိုး က “အဓိက သူတို့ရည်ရွယ်တာကတော့ တကယ်လို့ ရခိုင်မှာပဲ ဖိတိုက်နေရင် ရှမ်းမြောက်ပိုင်းမှာ စစ်ရေး လှုပ်ရှားမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ဟာကို ရည်စူးပုံရပါတယ်။ ဒါပေမယ့် ဧပြီ ၃၀ ရက်နေ့ အစည်းအဝေး မှာ ညှိနှိုင်းနိုင်မလား မညှိနှိုင်းဘူးလားပဲ စောင့်ကြည့် ရမှာပဲ၊ အဲဒါ အချက်တချက် ဒုတိယအနေနဲ့ကတော့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြားဝင်ညှိနှိုင်း ပေးနေတဲ့ တရုတ်ရဲ့အခန်းကဏ္ဍ ဘယ်လောက်အထိ ညှိနှိုင်းပေးနိုင် မလည်းစောင့်ကြည့်ရမှာ”ဟု ပြောသည်။

ထို့ပြင် အခက်အခဲ ၂ ချက်ရှိကြောင်း၊ ပထမ အချက်မှာ ရခိုင်တွင် ရောက်နေသော AA နှင့် ပတ်သက်ပြီး တပ်မတော်ဘက်က ဘယ်လိုသဘောထားလဲဆိုခြင်းနှင့် ဒုတိယ အချက်မှာ Bilateral ထိုးနိုင်ရေး ညှိနှိုင်းမည့် အထဲမှာ KIA ပါဝင်နေသည့်အတွက် KIA သဘောထား ဘယ်လိုရှိလဲဆိုတာကို ထည့်သွင်း စဉ်းစားရမယ့် အချက်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၆ ခုနှစ်တုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA အပေါ် စစ်ရေး ဖိအားပေးမှုများ ရှိလာသည့် အတွက် KIA၊ AA၊ TNLA တို့ ပူးပေါင်းပြီး ရှမ်းမြောက်ရှိ မူဆယ်၊ မုံးကိုး၊ မုံးပေါ်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) ဒေသရှိ တပ်မတော်စခန်းများနှင့် ရဲစခန်းများ အပါအဝင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဂိတ်တို့ကို တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ၃ ဦးသေခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သလို ပြည်ထောင်စု လမ်းမပေါ်ရှိ နန့်ပေါ်တံ တား၊ ဆွမ်လုံတံတား၊ သိန္ဒီမြို့အဝင်က နမ္မတူတံတားတို့လည်း ပျက်စီးခဲ့ကြကြောင်း၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဂိတ်ကို ပိတ်ခဲ့ရကြောင်း၊ ကုန်တင်ကားများလည်း ရောက်တဲ့နေရာမှာ ရပ်ထားရသည့် ကုန်စီများ ပျက်စီးခဲ့ရမှုများ ဖြစ်ပွားခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်အတွင်းတွင် ကချင်ပြည်နယ်တွင် KIA ကို တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်မှုများ အရှိန်မြှင့်တင် ဆောင်ရွက်မှုကြောင့် ၂၀၁၈ ခုနှစ်၊ မေ ၁၂ ရက်မှာ TNLA အဖွဲ့သည် မူဆယ်မြို့နှင့် တပမိုင် အကွာရှိ နန့်ပေါ်တံတားပေါ်က ပြည်သူ့စစ်စခန်းနှင့် ရဲကင်းတို့ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို မူဆယ် မြို့အစွန်ရပ်ကွက်ဖြစ်သည့် စွမ်ဇော်ရပ်ကွက်က ရဲကင်းနှင့် ကာစီနိုလောင်းကစားရုံများကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲအရာရှိ ၁ ဦး၊ ပြည်သူ့စစ် ၃ ဦး၊ အရပ်သား  ၁၅ ဦး သေဆုံးခဲ့ပြီး အရပ်သား ၂၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။

Your Thoughts …
Tags: AAKIAMNDAAတပ်မတော်မြောက်ပိုင်း မဟာမိတ်
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ကချင်ပြည်နယ်အတွင်းက KIA တပ်စခန်းတချို့  / ဧရာဝတီ

KIA တပ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့ဟု တပ်မတော်ပြော

တပ်မတော်က ထုတ်ပြန်ထားသည့် ဖမ်းဆီးခံရသော မြောက်ဦး ဒေသခံ ၂၇ ဦးထဲမှ ၄ ဦးကို တွေ့ရစဉ်  / တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့

ဖမ်းဆီးခံ မြောက်ဦး ဒေသခံများ စစ်ဆေးနေစဉ် ၃ ဦး သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved