• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KIA တပ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့ဟု တပ်မတော်ပြော

by ချစ်မင်းထွန်း
25 April 2019
in သတင်း
A A
ကချင်ပြည်နယ်အတွင်းက KIA တပ်စခန်းတချို့  / ဧရာဝတီ

ကချင်ပြည်နယ်အတွင်းက KIA တပ်စခန်းတချို့ / ဧရာဝတီ

29.8k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင် အတွင်းရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ တပ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ မုံးပေါ်-မုံးယားရှိ တပ်မတော် စခန်းအနီးတွင် KIA တပ်ဖွဲ့များ စခန်း လာဆောက်ခြင်း၊ တပ်မတော် စစ်ကြောင်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် တပ်မတော်က စစ်ဆင်ရေး ပြန်စကာ မုန်ဘော်ကျေးရွာအနီးရှိ KIA တပ်စခန်း ၇-၈ ခုကို ဧပြီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့ များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “စခန်းမှာရှိနေတဲ့ သာမန်လုပ်ငန်းတွေလုပ်နေတဲ့ တပ်မတော်ကို လာတိုက် တယ်၊ ပြီးတော့ သူတို့ စခန်းတွေ လာဆောက်တယ်။ သြင်္ကန်ပြီး အစပိုင်းလောက်မှာ စစ်ကြောင်းတွေကို နှောက် ယှက်ပစ်ခတ်တာတွေ မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်တယ်၊ အဲဒါနဲ့ ကျနော်တို့ စစ်ဆင်ရေး ပြန်စပြီး ဆောင်ရွက်တယ်၊ နယ်မြေ ပြန်လည် ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်တယ်တဲ့အခါမှာ သူတို့ ယာယီအခြေပြု နေထိုင်တဲ့ စခန်း ၇ ခု၊ ၈ ခုလောက်ကို သိမ်းလိုက် တာရှိတယ်” ဟု ပြောသည်။

အဆိုပါ စခန်းများ သိမ်းပိုက်ခံရခြင်းနှင့် ပတ်သက်ပြီး KIA ဘက်မှ ပြောခွင့်ရသူများကို ဧရာဝတီက ဆက်သွယ် သော်လည်း မရရှိသဖြင့် သီးခြားအတည်ပြုချက်ကို ဖော်ပြနိုင်ခြင်းမရှိပါ။

သို့သော်လည်း ကချင်သတင်းဌာနတခုဖြစ်သည့် KNG ကတော့ သိမ်းပိုက်ခံရသော တပ်စခန်းမှာ မုန်ဘော် ကျေးရွာအနီးရှိ KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၃၆) ဌာနချုပ်ဖြစ်ကြောင်း  ဧပြီ ၂၄ ရက်မှာ ဖော်ပြထားသည်။

အမည်မဖော်လိုသူ KIA တပ်မဟာ (၆) အရာရှိ တဦးက “KIA တပ်ရင်း (၃၆) ဌာနချုပ်စခန်းတွေ အားလုံး လက်လွတ်လိုက်ရပါပြီ။ ကျနော်တို့ စခန်းတွေရှိတဲ့ Howa ရွာဟောင်း၊ တပ်ရင်းမှူးထိုင်တဲ့ Ting Sa Kawng နဲ့ Wudang Bum အားလုံးမှာ အစိုးရတပ်တွေ ဝင်ရောက်စခန်းချနေပါပြီ” ဟု ကချင်သတင်းဌာန KNG ကို ပြောကြောင်းလည်း ဖော်ပြထားသည်။

KIA ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး ကြားဝင် ဆောင်ရွက်ပေးနေသော ငြိမ်းချမ်းရေး အကျိုး ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက တပ်စခန်းတချို့ သိမ်းပိုက်ခံရကြောင်း သတင်းများ ကြားရကြောင်း၊ သို့သော်လည်း တိုက်ရိုက် အတည်ပြုချက်တော့ မလုပ်နိုင်သေးကြောင်း ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
377
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
52

ဦးလမိုင်ဂွန်ဂျာ က “KIA တပ်စခန်းတချို့ သိမ်းခံရတယ်လို့တော့ သတင်းတွေကြားတယ်၊ ဒါပေမယ့် KIA ဘက်က အတည်ပြု ပြောတာတော့ ကျနော်တို့ မသိရသေးဘူး၊ အခုကျနော်လည်း ခရီးသွားနေလို့ အသေးစိတ်တော့ မသိရသေးဘူး”ဟု  ပြောသည်။

ပြီးခဲ့သည့်နှစ် ဧပြီ ၁၁ ရက်က ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လော့ဒ်ကျေးရွာအနီးတွင် KIA နှင့် တပ်မတော်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး မေလအတွင်းတွင် KIA ၏ တပ်မဟာ (၂) ဌာနချုပ် အပါအဝင် မတ်လ ၁၄ ရက်က တနိုင်းမြို့နယ် နမ့်ဗျူရှိ KIA  တပ်ရင်း ၁၄ ဌာနချုပ်လည်း ဆုတ်ခွာ ပေးခဲ့ရ ဖူးသည်။

Your Thoughts …
Tags: KIAတပ်စခန်းတပ်မတော်
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
တပ်မတော်က ထုတ်ပြန်ထားသည့် ဖမ်းဆီးခံရသော မြောက်ဦး ဒေသခံ ၂၇ ဦးထဲမှ ၄ ဦးကို တွေ့ရစဉ်  / တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့

ဖမ်းဆီးခံ မြောက်ဦး ဒေသခံများ စစ်ဆေးနေစဉ် ၃ ဦး သေဆုံး

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း  / ထက်နိုင်ဇော် / ဧရာဝတီ

နယ်မြေလုံခြုံရေး အာမခံချက် ရှိတဲ့အထိ ဆောင်ရွက် သွားရမှာပဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved