• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်လေဆိပ်တွင် တပ်မတော်လေယာဉ်ပြေးလမ်းချော်၍ ပြည်ပ ခရီးစဉ်တချို့ရပ်ဆိုင်း

by အောင်သီဟ
5 September 2019
in သတင်း
A A
ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည့် တပ်မတော်လေယာဉ်  / Sithu Thant / FB

ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည့် တပ်မတော်လေယာဉ် / Sithu Thant / FB

42.3k
VIEWS
Share on FacebookShare on Twitter

ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ Shaanxi Y 8 အမျိုးအစား တပ်မတော် လေ ယာဉ်သည် အတက်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သဖြင့် ပြည်ပမှ ဆိုက်ရောက်မည့် ခရီးစဉ်တချို့ရပ်ဆိုင်းထားကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးရဲ ထွဋ်အောင်က “တပ်မတော် Y 8 လေယာဉ်ပြေးလမ်းချော်တာ ဟုတ်ပါတယ်။ လေဆိပ်ကို ခဏပိတ်ထားပါတယ်” ဟု ဧရာ ဝတီသို့ အတည်ပြု ပြောကြားသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
270
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
558
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
200

ယင်းဖြစ်စဉ်ကြောင့် ရန်ကုန် အပြည်ပြည်လေဆိပ်သို့ ပြည်ပနိုင်ငံများမှ လာရောက် ဆင်းသက်မည့် ခရီးစဉ်အားလုံးကို ခေတ္တရပ်ဆိုင်းထားရသော်လည်း ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့် ခရီးစဉ်များကိုမူ ရပ်ဆိုင်းထားခြင်း မရှိကြောင်း ရန်ကုန် လေဆိပ်၏ သတင်းအချက်အလက် ဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။

တပ်မတော်ဘက်မှ ပြောရေးဆိုးခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တပ်မ တော် သယ်ယူပို့ဆောင်ရေး လေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့တယ်။ သူက လေ့ကျင့်ရေး ပျံသန်းဖို့အတွက် တက်ကာ စမှာ ပြေးလမ်းချော်တာ။ အခုဆယ်ထုတ်ဖို့ လုပ်နေတယ်။ လောလောဆယ်တော့ လေဆိပ်ခဏ ပိတ်ထားတယ်။ လူ ထိ ခိုက်မှု၊ လေယာဉ် ထိခိုက်ပျက်စီးမှု မရှိဘူး” ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

လေဆိပ် ခေတ္တပိတ်ထားမှုကြောင့် ယနေ့ မနက်ပိုင်းတွင် ချင်းမိုင်-ရန်ကုန် ပြေးဆွဲမည့် Bangkok Airways လေကြောင်း လိုင်းသည်လည်း ည ၁၀ နာရီမှသာ ထွက်ခွာတော့မည်ဟု ရွှေ့ဆိုင်းလိုက်ရကြောင်း စီးနင်းမည့် ခရီးသည်များက ပြောဆို သည်။

ရန်ကုန်လေဆိပ်သို့ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှား၊ တရုတ် စသည့်နိုင်ငံတို့မှ လာရောက်မည့် ခရီးစဉ် ၁၀ ခု ဝန်း ကျင်ခန့်ကို ခေတ္တရပ်နားထားပြီး ယနေ့ နေ့လယ် ၂ နာရီကျော် နောက်ပိုင်းမှသာ ပြန်လည် ဆင်းသက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်လေဆိပ်၏ သတင်း အချက်အလက်ဌာနဘက်က ပြောဆိုထားသည်။

Y 8 လေယာဉ်များသည် တရုတ်နိုင်ငံရှိ Shaanxi လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက တပ်ဆင် ထုတ်လုပ်ပြီး ဆိုဗီ ယက်ခေတ်သုံး Antonov An-12 များကို မှီငြမ်းကာ တရုတ်တွင် တည်ဆောက်ခွင့် လိုင်စင်ယူပြီး ၁၉၈၁ မှ စတင်ကာ စီး ပွားဖြစ် ထုတ်လုပ် ရောင်းချခဲ့ကြောင်း သိရသည်။

An-12 များကို ထုတ်လုပ်မှု ရပ်ဆိုင်းထားပြီးဖြစ်သော်လည်း တရုတ်တွင်မူ Y8 များကို အဆင့်မြှင့်တင်ကာ မျိုးကွဲများသတ် မှတ်ပြီး လက်ရှိ အချိန်ထိ ဆက်လက် တည်ဆောက်နေဆဲ ဖြစ်သည်။

လက်ရှိတွင် မြန်မာ့တပ်မတော် (လေ) မှ အသုံးပြုလျက် ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇွန်လ ၇ ရက်၌ တနင်္သာရီတိုင်း ထားဝယ်မြို့အနီး တပ်မတော် ပို့ဆောင်ရေး လေယာဉ်အမျိုးအစား Y-8 200 F -အမှတ် ၅၈၂၀ လေယာဉ်တစီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါလာသူ စစ်သည်နှင့် မိသားစုဝင် ၄၀ ဦး သေဆုံးခဲ့ရ ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားခဲ့သည်။

Your Thoughts …
Tags: တပ်မတော်လေယာဉ်ပြေးလမ်းချော်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည့် တပ်မတော်လေယာဉ်  / Department of Civil Aviation Myanmar

မနက်ဖြန် နေ့လယ်မှသာ ရန်ကုန်လေဆိပ်သို့ ပြည်ပလေယာဉ်များ ဆင်းသက်နိုင်မည်

by အောင်သီဟ
5 September 2019
52.2k

ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော တပ်မတော် လေယာဉ်တစင်း ပြေးလမ်းချော်သည့် ကိစ္စကြောင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်မည့် ပြည်ပ လေကြောင်းလိုင်း ခရီးစဉ်များအား စက်တင်ဘာလ ၆ ရက်နေ့လယ်ပိုင်း အချိန်မှသာ ပြန်လည် ဆင်းသက်ခွင့်ပြုမည်...

Next Post
ဒီဖြစ်ရပ်ဟာ ဆေးလောကရဲ့ မှတ်တမ်းသစ် တရပ်ဖြစ်တယ်လို့ သိရပါတယ်

ဦးနှောက် သေဆုံးပြီးနောက် ၁၁၇ ရက်အကြာမှာ သမီးလေး မွေးဖွားခဲ့တဲ့ အမျိုးသမီး

အဆိုတော် ဂေဂေး / ယုဖြူဟန် / ဧရာဝတီ

"LGBT ဆိုတာ လူသားချင်းချင်း ချစ်ကြတာ ဖြစ်တဲ့အတွက် လက်ခံပါတယ်"လို့ ဂေဂေး ပြော

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate