• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို NLD ပါတီက သတိပေး

by သီဟလွင်
31 May 2020
in သတင်း
A A
၂၀၁၉ ခုနှစ် မေလ ၁၀ ရက်နေ့ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ကျင်းပပြုလုပ်သော ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ၌ တွေ့ရသော ဦးဖြိုးမင်းသိန်း  / မျိုးမင်းစိုး  / ဧရာဝတီ

၂၀၁၉ ခုနှစ် မေလ ၁၀ ရက်နေ့ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ကျင်းပပြုလုပ်သော ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ၌ တွေ့ရသော ဦးဖြိုးမင်းသိန်း / မျိုးမင်းစိုး  / ဧရာဝတီ

24.7k
VIEWS
Share on FacebookShare on Twitter

COVID -19 ကာလ လူစုလူဝေး မပြုလုပ်ရန် အစိုးရက တားမြစ်ထားသော်လည်း လူစုလူဝေးဖြင့် ဘာသာရေး အခမ်းအ နား ကျင်းပခဲ့သည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ပါတီအနေဖြင့် သတိပေးမှု ပြုလုပ်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ယနေ့ နေပြည်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၏ ဗဟိုအလုပ်မှုဆောင် အစည်းအဝေး ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးအပြီးတွင် ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်များကို Video Conferencing စနစ်ဖြင့် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်က“ဦးဖြိုးမင်းသိန်းကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သတိပေးလိုက်တာပေါ့ဗျာ။ နောင်ဆို လို့ရှိရင် ဗဟိုက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ဆိုတဲ့ဟာကိုပဲ ပါတီအနေနဲ့ သတိပေးတာ”ဟု ပြောသည်။

COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်သည့် အမိန့်ကြေငြာချက်များ၊ ပြည်သူသို့ ပန်ကြားချက်၊ စည်းကမ်းချက်၊ အကြံပြုချက်များကို လေးစားလိုက်နာရန်နှင့် ၎င်းအတိုင်း ဆောင်ရွက်ရန် တိုင်း နှင့်ပြည်နယ် ဝန်ကြီးချုပ်အားလုံးကိုလည်း အသိပေးထားကြောင်း သိရသည်။

“COVID -19 ကာလဟာ ပြည်သူတွေက ဝိုင်းပြီးတော့ လိုက်နာဆောင်ရွက်လို့ ကျနော်တို့က အောင်မြင်နေတာ။ အဲဒါ ကြောင့် ဗဟိုက ချထားတဲ့ စည်းကမ်း၊ အမိန့်ကြေငြာချက်၊ အကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ သတိပေး တာ”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

အဆိုပါ ဘာသာရေးအခမ်းအနားပြုလုပ်စဉ်က ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဥက္ကဌဖြစ်သူ ဦးနိုင်ငံလင်းကလည်း NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ သတိပေး ချက်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဟု ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ CEC ပြောတာ နားထောင်ရမှာပေါ့၊ ကျနော်တို့ လိုက်နာရမှာပေါ့။ နောက်ပိုင်းမှာလည်း ပြည်ထောင်စုက ညွှန်ကြားလာတဲ့အတိုင်း ကျနော်တို့ ဆောင်ရွက်သွားမှာပါ”ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးလည်းဖြစ်သူ ဦးနိုင်ငံလင်းက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

နိုင်ငံတော် သမ္မတရုံးဘက်ကလည်း ဦးဖြိုးမင်းသိန်းဦးဆောင်သော ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အဆိုပါဖြစ်ရပ်နှင့် ပတ် သက်၍ ဖြေရှင်းတင်ပြရန် အကြောင်းကြားထားပြီး တင်ပြချက်အပေါ်မူတည်ကာ အကြီးအကဲများက စီမံဆောင်ရွက် သွားမည်ဟု မနေ့က ပြုလုပ်သည် သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောဆိုထားသည်။
မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက“ကျန်မာရေး ဝန်ကြီးဌာန က ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို သေသေချာချာ လိုက်နာဖို့ လိုပါတယ်။ စည်းကမ်းချက်နဲ့ လွဲမှားသွေဖယ်ပြီး ဘယ်သူမှ ဘာမှမလုပ်သင့်ဘူး”ဟု မှတ်ချက်ပြုသည်။

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘက်စုံပြုပြမွန်းမံရေးနှင့် အစ်မတော် မြနန်းနွယ်ကျောင်း ဆောင် ပြန်လည်တည်ဆောင်ရေး၊ တည်ဆောက်နေစဉ်ကာလအတွင်း အစ်မတော် မြနန်းနွယ်ရုပ်တုအား ယာယီ စံကျောင်းဆောင်သို့ပင်ဆောင်ပူဇော်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့်အစည်းအဝေးတရပ်ကိုလည်း မေလ ၂၃ ရက်နေ့က စေတီရင်ပြင် ဆိပ်ကမ်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ဘာသာရေးအခမ်းအနား ပြုလုပ်ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် လူပုဂ္ဂိုလ် ၈ ဦးကို သ ဘာ၀ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူပေးရန် မေလ ၂၉ ရက်က တောင်ဒဂုံမြို့နယ်တွင် နေထိုင် သူတဦးက တရားလိုပြုလုပ်၍ ဗိုလ်တထောင်ရဲစခန်းတွင် လာရောက်တိုင်ကြားမှုကို ရဲခစန်းက လက်ခံထားပြီး အမှုဖွင့်၊ မဖွင့်နှင့် ပတ်သက်၍ သမ္မတရုံး အမိန့်စောင့်ရမည်ဟု အကြောင်းပြန်ထားသည်။

အစိုးရက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို မလိုက်နာဘဲ လူစုလူဝေးဖြင့် ဘာသာရေးအခမ်းအနားလုပ်ခဲ့သည့် ကျိုက်မရောမြို့ရှိ ဘုရားထီးပင့်ဆောင်သူ အားထောင်ဒဏ် ၉လ၊ မန္တလေး နေအိမ်တခုတွင် အစ္စလမ်ဘာသာဝင်များ စုပေါင်းဝတ်ပြုခဲ့သူများကို ထောင်ဒဏ် ၃ လနှင့် ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားတို့ကို အမှုဖွင့် ဖမ်းဆီး အရေးယူထားသည့် ဖြစ်ရပ်များလည်း ရှိနေသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထိုနေ့က စုဝေးမှုပြုလုပ်ခြင်းသည် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းသာဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းမီဒီယာတချို့သို့ ထုတ်ဖော်ပြောဆိုထားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ လုပ်ရပ်မှာ ကိုယ်ထုတ်ထားသည့် အမိန့်ကို ကိုယ်ကိုယ်တိုင် မလိုက်နာဘဲ ချိုးဖောက်ခြင်း သာဖြစ်ပြီး ထိရောက်သော အရေးယူမှုများ ပြုလုပ်ပေးရန် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများလည်း ရှိနေသည်။

ထိုနေ့က အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဒေါ်ခင်မိမိကြွယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Your Thoughts …
Tags: NLDဒေါက်တာ ဇော်မြင့်မောင်ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
Kylie Jenner

Kylie Jenner ဟာ ဘီလီယံနာ မဟုတ်ကြောင်း Forbes မဂ္ဂဇင်း ပြောဆို

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းမြို့တော် မြောက်ဦးတွင် ဒေသခံများကို တွေ့ရစဉ် / ဇော်ဇော်

လူမျိုးရေး အဓိကရုဏ်းဆီ တွန်းမပို့ကြပါနဲ့

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved