• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID-19 ကြောင့် ရန်ကုန်တရားရုံးချိန်းများ ရွှေ့ဆိုင်း

by ထွန်းထွန်း
10 September 2020
in သတင်း
A A
ရန်ကုန်မြို့ရှိ တရားရုံး တွင် ကြေညာထားသည့် ဆိုင်းဘုတ် တခု / ထက်ဝေ / ဧရာဝတီ

ရန်ကုန်မြို့ရှိ တရားရုံး တွင် ကြေညာထားသည့် ဆိုင်းဘုတ် တခု / ထက်ဝေ / ဧရာဝတီ

11.4k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှု ဆက်လက်မြင့်တက်နေသည့်အတွက် တရားရုံး အသီးသီးရှိ စစ်ဆေးဆဲ အမှုများအား ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းမှစတင်၍ လာမည့် စက်တင်ဘာ ၂၃ ရက်နေ့အထိ ကြားနာရန်နှင့် အမိန့်ချရန် ချိန်းဆိုထားသည့် ရာဇ ဝတ်မှုနှင့် တရားမဆိုင်ရာအမှုများအား ရွှေ့ဆိုင်းကြောင်းနှင့် ပြန်လည်ကြာနားမည့် နေ့ရက်နှင့် အမိန့်ချမည့်ရက် ထပ်မံ ကြေညာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကလည်း ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ သတင်းနှင့်ပြန်ကြာရေးအရာရှိ ဦးဇော်ဇော်ထွန်းက “တရားရုံးတွေက လုံးဝ ပိတ်လိုက်တာတော့မဟုတ်ဘူး။ အမှုတင်တာတွေကို လက်ခံတယ်၊ တရားခံမိလို့ တရားစွဲတင်ရမယ့်ဟာတွေ ဆောင်ရွက် တယ်၊ နောက်ပြီး ညမထွက်အမိန့်လိုမျိုး ချိုးဖောက်လို့ မိတဲ့သူတွေကို ရုံးတင်အမိန့်ချတာတွေတော့ လုပ်ပေးတယ်၊ နေ့ချင်းပြီး ဆောင်ရွက်ရတဲ့ အမှုတွေပေါ့။ တရားရုံးဆိုတာက ပိတ်လို့လည်းမရပါဘူး။ စစ်ဆေး ကြားနာဆဲအမှုတွေ ရွှေ့ဆိုင်းတဲ့သဘောပါပဲ” ဟု ဧရာဝတီသို့ပြောသည်။

စစ်ဆေးဆောင်ရွက်လျှက်ရှိသော ရာဇဝတ်အမှုနှင့် တရားမဆိုင်ရာအမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တရားခွင် များသို့ ဖုန်းဖြင့်လည်းကောင်း၊ ရုံးရှိကြော်ငြာသင်ပုန်းတွင် ကြည့်ရှု၍လည်းကောင်း ရုံးချိန်းရယူဆောင်ရွက်သွားရန်လည်း ကြေညာထားသည်။

အမှုများရွှေ့ဆိုင်းကြောင်းကို ခရိုင်တရားရုံးများက ထုတ်ပြန်ကြေညာထားပြီး အချုပ်တရားခံ ပါဝင်သည့် အမှုများမှ အချုပ် ကျနေသူများအား ချုပ်ရမာန်ကို အင်းစိန်အကျဉ်းထောင်တွင် တာဝန်ရှိသူများက သွားရောက်ဆောင်ရွက် ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
548
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်မှုအခြေအနေအရ မြို့နယ် ၂၁ မြို့နယ်အား Stay at Home အဖြစ် ယမန့်နေ့ညပိုင်းက ထပ်မံသတ်မှတ်လိုက်သည့်အတွက် Stay at Home သတ်မှတ် ထားသည့်မြို့နယ် ၂၈ မြို့နယ် ရှိလာပြီဖြစ်သည်။

အကျဉ်းဦးစီးဌာနဘက်မှလည်း အမှုစစ်ဆေးဆဲ အချုပ်တရားခံများအား စက်တင်ဘာ ၈ ရက်နေ့မှ စတင်ကာ ရုံးထုတ် ဆောင်ရွက်ခြင်းမပြုတော့သော်လည်း အချုပ်သားအသစ်များ၊ ထောင်ကျအသစ်များ ရှိလာပါက ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လက်ခံလျှက်ရှိကြောင်း သိရသည်။

ယင်းအပြင် ရောဂါကာကွယ်၊ တားဆီးထိန်းချုပ်ရေးအနေဖြင့်လည်း အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ဆုံခွင့်များ ယာယီရပ်ဆိုင်းထားကြောင်းလည်း သိရသည်။

ဦးဇော်ဇော်ထွန်းက “အခုချိန်က အပြင်ထွက်မရတာတွေရှိလာတော့ အမှုတွေမစစ်နိုင်တော့တဲ့ အနေအထားပေါ့၊ အချုပ်က ၈ ရက်နေ့ထဲက မထွက်တော့ဘူး။ အချုပ်ပါတဲ့ အမှုရုံးချိန်းတွေကို အင်းစိန်ထောင်မှာပဲ သွားပေးရတာပေါ့။ တိုင်းဒေသကြီးတရားလွှတ်တော်က စီစဉ်မှုအောက်မှာ တခြားတရားရုံးတွေက လိုက်ပါဆောင်ရွက်ရတာပေါ့” ဟု ပြောသည်။

မြို့နယ်တရားရုံးများအနေဖြင့်လည်း ကြားနာစစ်ဆေးရမည့် အမှုများအား ရုံးချိန်းပြန်လည်ချိန်းဆိုခြင်းများ ဆောင်ရွက် လျှက် ရှိပြီး ကူးစက်ရောဂါတားဆီးကာကွယ်ရေးအတွက် ဆောင်ရွက်သည့်အစီအမံဖြစ်၍ ကောင်းမွန် သော်လည်း အချို့သော အချုပ်ကျခံနေရသူများအတွက် ကြန့်ကြာမှုများရှိမည်ဖြစ်သည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း အထက်တန်း ရှေ့နေ ၁ ဦးဖြစ်သည့် ဦးကျော်ဇင်လတ်က ပြောသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါဖြစ်ပွားမှုမှာ ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းအထိ ၂၀၀၉ ဦးရှိပြီဖြစ်ပြီး ပြန်လည်သက်သာကောင်းမွန်လာသူ ၅၅၃ ဦးနှင့် သေဆုံးသူ ၁၄ ဦးရှိပြီဖြစ်သည်။

You may also like these stories:

ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း စဉ်းစားပေးပါ

COVID-19 ကြောင့် အကျဉ်းထောင်အသီးသီးတွင် ထောင်ဝင်စာ ပိတ်ပင်

Your Thoughts …
Tags: ရန်ကုန်တရားရုံး
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်  /  ထက်ဝေ / ဧရာဝတီ

ချင်းစည်ပင်ဝန်ကြီးနှင့် အဖွဲ့ ပစ်ခတ်ခံရသဖြင့် ပလက်ဝမှ မပြန်နိုင်သေး

စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ထူထောင်နိုင်ဖို့ ရည်ရွယ်ပြီး ခရီးသွား ကန့်သတ်ချက်တွေ တဖြည်းဖြည်း ရုတ်သိမ်းသွားဖို့ ဂျပန်အစိုးရက မျှော်လင့်ထားပါတယ်။

မြန်မာအပါအဝင် အာရှ ၄ နိုင်ငံကို ဂျပန်နိုင်ငံသို့ ခရီးသွားခွင့်ပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved