• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အသံတိတ်သပိတ်ကို ထိတ်လန့်သဖြင့် ဆိုင်ဖွင့်ရန် စစ်ကောင်စီက ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းနေ

by ဧရာဝတီ
31 January 2022
in သတင်း
A A
၂၀၂၁ မတ်လအတွင်းက ပြုလုပ်သည့် အသံတိတ်သပိတ်ကြောင့် ရန်ကုန်မြို့ကြီး လူသူကင်းမဲ့ကာ ခြောက်ကပ်သွားစဉ်

၂၀၂၁ မတ်လအတွင်းက ပြုလုပ်သည့် အသံတိတ်သပိတ်ကြောင့် ရန်ကုန်မြို့ကြီး လူသူကင်းမဲ့ကာ ခြောက်ကပ်သွားစဉ်

12.7k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ်သပိတ်ကို ထိတ်လန့်သဖြင့် စစ်ကောင်စီက လမ်းဘေးဈေးသည်မှအစ စတိုးဆိုင်၊ စားသောက်ဆိုင်ကြီးများအထိ ဖွင့်လှစ်ရန် ဖိအားပေး လက်မှတ်ထိုးစေကာ ခြိမ်းခြောက်နေသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပိတ်ခဲ့မည်ဆိုပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည့်အပြင် အကြမ်းဖက်မှု တိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က၊ ၅၀၅ (က) တို့ဖြင့်ပါ အရေးယူခံရနိုင်သည်ဟု ခြိမ်းခြောက်ထားသည်။

“ကျမက ကွမ်းယာဆိုင်နဲ့ ကွမ်းပစ္စည်းဆိုင်လေး ဖွင့်ထားတာပါ၊ အဲဒါကို ၃၀ ရက်နေ့က ၁ ရက်နေ့မှာ ဆိုင်မပိတ်ဖို့နဲ့ ဆိုင်ပိတ်ရင် ဆိုင်ကိုဖျက်မယ်၊ ပြီးရင် ထောင်ချခံရမယ်တို့ ဘာတို့ ပြောပြီး လက်မှတ်ထိုးခိုင်းလို့ ထိုးပေးလိုက်ရတယ်၊ အဲဒီလို လာပြောတာတောင် သေနတ်ကြီးတွေ တကားကားနဲ့ လူ ၄၀ လောက်ပါတယ်”ဟု မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်မှ ကွမ်းနှင့် ကွမ်းပစ္စည်းဆိုင်ရှင်တဦးက ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
57
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
47
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
73

ဖိအားပေး ခြိမ်းခြောက်မှုများကြောင့် လက်မှတ်ထိုးပေးထားသည့် ဆိုင်ရှင်များအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆိုင်များကို ဟန်ပြဖွင့်လှစ်ထားကြမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လာရောက် ဈေးမဝယ်ကြဘဲ သပိတ်တွင် ပူးပေါင်း ပါဝင်ရန် ပြောဆိုသည်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးမှ အထည်ဆိုင်ရှင်တဦးက “ကျနော့် မိဘအမွေအနှစ် မိသားစု ထမင်း အိုးကို ထိန်းပေးနေတဲ့ ဆိုင်လေးဆိုတော့ ရေရှည်ကို ကြည့်ပြီး လက်မှတ်ထိုးပေးလိုက်တာ အရင်အသံတိတ် သပိတ် တွေကတော့ ဆိုင်ပိတ်ခဲ့ပါတယ်၊ ပြောချင်တာက ကျနော်တို့ ဆိုင်ဖွင့်မယ်၊ ဒါပေမယ့် ဈေးမရောင်းပါဘူး၊ အဲဒီလိုပဲ ပြည်သူတွေလည်း ဈေးဆိုင်တွေမှာ ဈေးဝယ်မထွက်ကြဘဲ နေရင်တော့ အကောင်းဆုံးပါပဲ”ဟု ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်လုံးကျွတ် အသံတိတ်သပိတ်တွင် မပါဝင်စေရန် ဆိုင်များနှင့် ဒေသခံများကို အရေးယူမည် ဆိုသည့် ဆိုင်ဘုတ်များကို ဇန်နဝါရီ ၂၈ ရက်နေ့မှစတင်၍ ဆိုင်းဘုတ်ထောင်၍ အသိပေးကြေညာ ထားသည်ကို တွေ့ရသည်။

အသံတိတ်သပိတ်၌ ပါဝင်ပါက အောက်ပါ ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သတိပေး ဆိုင်းဘုတ်ထောင်ထားပုံ

“ကျနော်တို့က နှစ်ဖက်ကြောက် ကြောက်နေရတယ်၊ တဖက်က ဆိုင်မဖွင့်နဲ့၊ တဖက်ကလည်း ဆိုင်မဖွင့်ရင် အရေးယူ မယ်ဆိုပြီး သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်၊ ဆိုင်ပိတ်ပြန်ရင်လည်း ဖြစ်ပေါ်လာမယ့် အကျိုးဆက်က မတွေးဝံစရာ၊ အခန့်မသင့်ရင် လူပါအဖမ်းခံရ နိုင်တယ်၊ အဲဒီတော့ ဖွင့်မလား၊ ပိတ်မလား စဉ်းစားရ အတော်ခက်တယ်”ဟု မြစ်ကြီး နားမြို့မှ ဖုန်းနှင့် ဖုန်းအပိုပစ္စည်းဆိုင်ဖွင့်လှစ်ထားသူ တဦးက ပြောသည်။

ထိုသို့ ဆိုင်းဘုတ်ထောင် အသိပေးရာတွင် ဥပဒေအရ အရေးခံရနိုင်သည့် ပုဒ်မများနှင့် အမြင့်ဆုံး ပြစ်ဒဏ်များကို ထည့်သွင်း ရေးသားထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ထောင်ဒဏ် ၇ နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ထောင်ဒဏ် ၃ နှစ်၊ အီလက်ထရော နစ် ဥပဒေ ထောင်ဒဏ် ၇ နှစ်တို့ဖြင့် အရေးယူခံရနိုင်ကြောင်း ပါရှိသည်။

မန္တလေးမြို့ခံ ရှေ့နေတဦးက “အသံတိတ်သပိတ် လုပ်ရုံနဲ့ အကြမ်းဖက်ဥပဒေ ငြိစွန်းပါ့မလား၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ နဲ့လည်း ငြိစွန်းသလား၊ ဒါကို ပြန်စဉ်းစား သုံးသပ်ရမှာပေါ့၊ အသံတိတ်သပိတ်မှာ ပါတာနဲ့ ဒီပုဒ်မတွေနဲ့ မငြိစွန်းတာကို သိသိကြီးနဲ့ နည်းမျိုးစုံ သုံးပြီးတော့ ပြည်သူကို ခြိမ်းခြောက်တာလို့ပဲ မြင်တယ်၊ အာဏာကို အလွဲသုံးစား လုပ်ပြီးတော့ ပြည်သူကို ခြိမ်းခြောက်နည်းမျိုးစုံနဲ့ ဥပဒေပုဒ်မတွေ တပ်ပြီးတော့ လုပ်တယ်လို့ သုံးသပ်ပါတယ်”ဟု မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေတဦးက ပြောသည်။

ယခုအခါ စစ်ကောင်စီအနေဖြင့် ပြည်လုံးကျွတ် အသံတိတ်သပိတ် ကို အကြောင်းပြကာ ဇန်နဝါရီ ၂၇ ရက်မှ စတင်၍ မန္တလေးမြို့ပေါ်ရှိ ဈေးဆိုင်နှင့် စားသောက်ဆိုင်အချို့ကို ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေရာ Facebook တွင် အသံ တိတ်သပိတ်ပြုလုပ်ရန် လှုံဆော်သည်ဟုဆိုကာ မန္တလေး ဖက်ထမင်းဆိုင်၊ ဆရာဂျီး မုန့်ဟင်းခါး၊ SIP Café Club ၊ Royal Boots Sneaker ဖိနပ်ဆိုင်၊ ထိုးမုန့်ဆိုင်၊ ပြင်ဦးလွင်မြို့ မောဓနုဆိုင်များကို ဝင်ရောက်စီးနင်းမှုများ ပြုလုပ် ထားသည်။

“မိမိရဲ့ နိုင်ငံသားအခွင့်အရေးအရ လုပ်တာကို ဖမ်းဆီးတာမျိုးကတော့ ဥပဒေမဲ့ ရမ်းကားကြတာလို့ပဲ ပြောချင်တယ်၊ စကစ က ပြောနေတာက ဖေဖော်ဝါရီ ၁ ရက်နေ့ပေါ့၊ အဲဒီမတိုင်ခင် ဖမ်းဆီးတာမျိုးကတော့ သူတို့ကိုယ်တိုင် သူတို့ ထုတ်ပြန်တဲ့ ဥပဒေကို လေးစားလိုက်နာမှု မရှိတာပဲလို့ မြင်တယ်”ဟု တရားလွှတ်တော်ရှေ့နေတဦးက သုံးသပ် သည်။

ဆရာဂျီးမုန့်ဟင်းခါးဆိုင်ပိုင်ရှင် အသက် ၅၀ခန့် အမျိုးသားမှာ အသံတိတ်သပိတ်ကို အားပေးထောက်ခံခြင်း၊ ဆူပူ ဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခဲ့ခြင်း၊ စစ်ခေါင်းဆောင်များကို ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားလှုံဆော်ဖြန့်ဝေ ခြင်း၊ PDF များအား ငွေကြေးထောက်ပံခြင်း စသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသလို ဖက်ထမင်းဆိုင် ဝန်ထမ်း ၁၀ တန်းကျောင်းသူ တဦးကိုလည်း Facebook တွင် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြပြီး ဖေဖော်ဝါရီ(၁) ရက်တွင် အသံတိတ်သပိတ် ပြုလုပ်ရန် လှုံဆော်သည်ဟူသော စွပ်စွဲချက်ဖြင့် အမှတ်(၆)ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများက အများပြည်သူကို အသံတိတ်သပိတ်တွင် ပါဝင်ခြင်း မပြုရန် လိုက်လံခြိမ်းခြောက်နေသလို ဖမ်းဆီးဖိနှိပ်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်နေသည်။

Your Thoughts …
Tags: စစ်ကောင်စီဈေးဆိုင်များအသံတိတ်သပိတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အသံတိတ် သပိတ်ကြောင့် ခြောက်ကပ်သွားတဲ့ ရန်ကုန်မြို့မြင်ကွင်း  / ခင်မောင်ဝင်း

ပြည်လုံးကျွတ် အသံတိတ်သပိတ်ကို ဖျက်ဆီးရန် စစ်ကောင်စီ နည်းမျိုးစုံ ကြိုးပမ်း

အကြမ်းဖက် စစ်အုပ်စု အတွက် မရဏ မောင်းသံက မကြာခင်လာတော့မယ် (ရုပ်/သံ)

အကြမ်းဖက် စစ်အုပ်စု အတွက် မရဏ မောင်းသံက မကြာခင်လာတော့မယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved