• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒီပဲယင်း NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို ပကဖ ဖမ်းဆီး

by NLD
22 June 2023
in သတင်း
A A
ဒီပဲယင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်အောင်

ဒီပဲယင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်အောင်

11.2k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟုဆိုကာ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၏ လက်အောက်ခံအဖွဲ့တဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်အတွင်းမှ တော်လှန်ရေးသမားတဦးက “အဖမ်းခံရတယ်ဆိုတာ မှန်ပါတယ်။ ဒီပဲယင်းမြို့နယ် ပကဖအဖွဲ့ဝင် ထဲက အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတာလို့ သိရပါတယ်။ သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီးတော့ စစ်ဆေးဖို့ခေါ်သွားတာမျိုးပါပဲ။ ဦးဝင်းမြင့်အောင်က စစ်ကောင်စီထံမှာ ခံဝန်လက်မှတ်ရေးထိုးထားပြီး စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတာတွေရှိတယ် လို့ သိရတယ်။ သူ့ကို စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းရှိမရှိကို ထိန်းသိမ်းစစ်ဆေးမယ့်သဘောလို့ ယူဆပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဦးဝင်းမြင့်အောင်သည် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့တွင် နေထိုင်လျက်ရှိပြီး ရွှေဘိုအကျဉ်းထောင်တွင်း ဖမ်းဆီးထောင်ချခံ ထားရသော ညီဖြစ်သူကို ထောင်ဝင်စာတွေ့ရန် ဒီပဲယင်းမြို့နယ်အတွင်းမှ ရွှေဘိုမြို့သို့အသွား ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဒီပဲယင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဦးဝင်းမြင့်အောင် ဖမ်းဆီးခံရတာ နှစ်ပတ်လောက်ရှိပြီ။ လတ်တလောထိ တော့ အမှုစွဲထားတာမျိုး မကြားရသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် NUG က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေအရ ပဲ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။ သူ့ကို ဥပဒေနဲ့အညီ အမြန်ဆုံးစစ်ဆေးဆောင်ရွက်သင့်တယ်လို့ပဲ ပြောချင်ပါ တယ်” ဟု ဆိုသည်။

ဦးဝင်းမြင့်အောင် ဖမ်းဆီးစစ်ဆေးခံနေရမှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရေး ဒီပဲယင်းမြို့နယ် ပကဖအား ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍မရပါ။

စစ်တပ်အာဏာသိမ်းစတွင် ဒီပဲယင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်အောင်သည် နေအိမ်မှ ရှောင်တိမ်းနေစဉ် ၎င်း၏နေအိမ်အား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ခဲ့ရာ ၎င်းအား ဖမ်းမမိသည့်အတွက် ဇနီးဖြစ်သူနှင့် ညီဖြစ်သူတို့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးထောင်ချခံရပြီးနောက် ၎င်း၏ဇနီးဖြစ်သူမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်က ပြန်လည်လွတ်မြောက်လာခဲ့သော် လည်း ညီဖြစ်သူမှာ ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

NLD ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးဝင်းမြင့်အောင်သည် ပါတီနာမည်အား အလွဲသုံးစားလုပ်မှု၊ အာဏာသိမ်းစစ်ကောင်စီ နှင့် ပူးပေါင်းလုပ်ဆောင်မှုများကြောင့်ဟုဆိုကာ NLD ပါတီ ဗဟိုအလုပ်ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် တခြားဗဟိုကော်မတီ ဝင်များဖြစ်သော ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်တို့နှင့်အတူ မတ်လ ၃ ရက်တွင် ပါတီမှ ထုတ်ပယ်ခံထားရသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
28
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
797
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
52

ထို့ပြင် ဦးဝင်းမြင့်အောင်သည် NLD အား စစ်ကောင်စီက ဖျက်သိမ်းကြောင်း မကြေညာမီ မတ်လ ၂၅ ရက်တွင် ဒေါ်အောင် ဆန်းစုကြည်အား အကျဉ်းချထားရာ နေပြည်တော်အချုပ်ထောင်သို့ တခြားပါဝင်ဟောင်းတဦးနှင့်အတူ သွားရောက်တွေ့ဆုံ ခဲ့သေးသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းတို့အား လက်ခံတွေ့ဆုံခြင်းမရှိဘဲ ငြင်းပယ်ခဲ့သည်။

ဒီပဲယင်းဒေသခံတဦးက “ခရီးတခုကနေအပြန်မှာ သူ့ကို နမခ (အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)ကနေ ဖမ်းဆီးခဲ့ တာ။ နမခထဲမှာ သူ့ကို ထိန်းသိမ်းထားပြီးတော့ ခံဝန်လက်မှတ်ထိုးပြီးတော့မှ ပြန်ထွက်လာတယ်။ အဲဒီနောက်မှာ လက် နက်ကိုင်လမ်းစဉ်နဲ့ ပတ်သက်ပြီး သူ မကြိုက်တဲ့အကြောင်း၊ မလုပ်သင့်တဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေးတရားတွေကို စိုင်ပြင် နယ်ဘက်မှာ လိုက်ပြီးဟောပြောတာတွေ လုပ်ခဲ့တာမျိုးရှိတယ်” ဟု ပြောသည်။

ယခုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ အမတ်ဟောင်းတဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့တခုက ဖမ်းဆီးမှုမှာ ပထမဦးဆုံးဖြစ်ကြောင်းသိရပြီး အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်၍ NUG ဘက်က တရားဝင် သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။

You may also like these stories:

ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင် နှစ်ဦး တွေ့ခွင့်ရ

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမလုပ်ဖို့ သဘာဝတရားရိပ်သာဆရာတော် ပြောဆိုမှု အများဝေဖန်

Your Thoughts …
Tags: NLDဒီပဲယင်းမြို့နယ်ပကဖအမတ်ဟောင်းဦးဝင်းမြင့်အောင်
NLD

NLD

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၅)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၅)

by အေးချမ်းဆု
23 October 2023
11.4k

AA တပ်ဖွဲ့များ အများစုသည် ရခိုင်တွင် ရှိနေသော်လည်း အချို့အင်အားများသည် KIA, ကိုးကန့်နှင့် KNU ဒေသများတွင်လည်း ရှိနေသေးသည်ဟု သိရသည်။

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

by အေးချမ်းဆု
5 January 2025
9k

တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၁)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၁)

by အေးချမ်းဆု
11 October 2023
8.7k

လူထုပုန်ကန်မှုဖြစ်ရာ နွေဦးတော်လှန်ရေးတွင် အဖွဲ့အစည်းအမည်များစွာကို တွေ့ရသည်။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၂)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၂)

by အေးချမ်းဆု
13 October 2023
8.2k

ရန်ကုန်တိုင်း စစ်ဒေသခွဲတွင် ရင်း ၅၀၀၁ တပ်ရင်းဖွဲ့စည်းထား၏။ နောက်ထပ် နှစ်ရင်း ထပ်မံဖွဲ့စည်းရန် ပြင်ဆင်နေ၏။

Next Post
ရန်ကုန်မြို့ ဒေါ်လာလဲလှယ်ရေးလုပ်ငန်းတခု / ဧရာဝတီ

ဒေါ်လာဈေးတက်နေချိန် အရောင်းအဝယ်သမားအချို့ စစ်ကောင်စီ ဖမ်းဆီး

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်သည်

နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved