• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဒေါ်လာဈေးတက်နေချိန် အရောင်းအဝယ်သမားအချို့ စစ်ကောင်စီ ဖမ်းဆီး

by ဧရာဝတီ
22 June 2023
in စီးပွားရေး
A A
ရန်ကုန်မြို့ ဒေါ်လာလဲလှယ်ရေးလုပ်ငန်းတခု / ဧရာဝတီ

ရန်ကုန်မြို့ ဒေါ်လာလဲလှယ်ရေးလုပ်ငန်းတခု / ဧရာဝတီ

12.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုများလုပ်ဆောင်မည်ဟု သတင်းများ ထွက်လာပြီးနောက် ဒေါ် လာလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ ငွေကျပ် ၃၀၀၀ ကျော်ထိ မြင့်လာချိန်၌ ရွှေဘုံသာလမ်းရှိ ဒေါ်လာ အရောင်း/ အဝယ်သမားများကို စစ်ကောင်စီမှ ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ (ဇွန် ၂၁ ရက်) နေ့လယ်ပိုင်းက ရွှေဘုံသာလမ်းရှိ ဒေါ်လာ ရောင်း/ဝယ်ရေး လုပ်ဆောင်သူ ၉ ဦးကို စစ် ကောင်စီက ဖမ်းဆီးခဲ့ပြီး ယနေ့ ညနေပိုင်းထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း၊ ထိုသို့ အဖမ်းဆီးများကြောင့် ပြည် တွင်း‌ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင် အရောင်းအဝယ် ရပ်တန့်နေကြောင်း ငွေကြေးလုပ်ငန်း လုပ်ကိုင်သူများ က ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက် ကြောင်း ယမန်နေ့ (ဇွန် ၂၁) တွင် ထုတ်ပြန်ကြေညာပြီး နောက်ပိုင်း ယခင်တပတ်က ၂၉၀၀ ဝန်းကျင်ရှိနေသည့် ဒေါ်လာဈေးမှာ ယနေ့တွင် ၃၁၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်သည်။

ရန်ကုန်မြို့မှ ဒေါ်လာငွေကြေးလဲလှယ်ရေး ကိုယ်စားလှယ်တဦးက “မနေ့က ရွှေဘုံသာ အစိမ်းအုပ်စုကို သူတို့(စကစ) ဝင်ဆွဲတာ။ ညနေစောင်းနဲ့ ညဦးပိုင်းမှာက ၃၊ ၄ ယောက်လောက် ထပ်ဆွဲတယ်။ အခုချိန်ထိတော့ ပြန်လွှတ်တာ မကြားသေးဘူး။ အရင်ကတော့ သူတို့ (စကစ) က အဲဒီလို မလုပ်ဘူး။ မနက်ပိုင်း ခေါ်တယ်၊ မေးတယ် နေ့လယ်ပိုင်း လောက်ဆို ပြန်လွှတ်တယ်။ စကစက ဈေးတက်နေတာကို ချချင်တဲ့သဘောနဲ့ ခြိမ်းခြောက်တယ်။ လန့်နေကြလို့ထင် တယ်၊ ဒီနေ့တော့ အရောင်းအဝယ်က ရပ်တာပေါ့။ ဘယ်ဝယ်ရဲတော့မလဲ။ ဈေးပဲ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် မဖြစ်မနေ ကျောင်းလခပေးသွင်ဒရမည့်သူ၊ လုပ်ငန်းကိစ္စလုပ်ရမည့်သူများလောက်သာ အရောင်း၊ အဝယ် လုပ်ဆောင်ခြင်း အနည်းငယ်ရှိသော်လည်း ဈေးကွက်၌ အရောင်းအဝယ်မှာ ရပ်တန့်နေကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “ဝင်ဆွဲတာတော့ ၉ ယောက်လောက်ရှိမယ်။ ဒီနေ့တော့ ငွေပမာဏများတဲ့ လက်ထဲမှာ ဒေါ်လာ သိန်းနဲ့ချီလုပ်တဲ့သူတွေ (အကြီးတန်း) ကတော့ ဒီနေ့ စရှောင်ကြတယ်။ ဝိုင်းထဲမှာ မတွေ့ရဘူး။ ငွေကြိုစိုက်ပြီးလုပ်တဲ့ ဝယ်/ရောင်းအကြီးတွေလည်း ရပ်ထားတယ်။ ဈေးကတော့ လောလောဆယ် ၃၁၆၀ ကျပ်လောက် ရှိတယ်” ဟု ပြောဆိုသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
90
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
155
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482

နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်အနေဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးမှုများကြောင့်သာ အရောင်းအဝယ် ရပ်တန့်နေသော်လည်း လက်ရှိ ဈေးကွက်အတွင်း ဒေါ်လာရှားပါးခြင်းနှင့် အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကြောင့် ဈေး ဆက်တက်နိုင်မည့်အခြေအနေများရှိကြောင်း ငွေကြေးလုပ်ကိုင်သူများက သုံးသပ် ပြောဆိုကြသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်ရည်ညွှန်းဈေးမှာ ၁ ဒေါ်လာလျှင်၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပပေါက်ဈေးတွင် ၁ ဒေါ်လာလျှင် ၃၁၆၀ ကျပ်အထိ မြင့်တက်နေသောကြောင့် ကျပ် ၁၀၀၀ ကျော် ဈေးနှုန်း ကွာဟလျက်ရှိသည်။

အမေရိကန်အစိုးရက စစ်ကောင်စီ၏ MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ဒေါ်လာဈေးမှာ အချိန်နှင့်အမျှ မြင့်တက်လာနေရာ ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက်အတွင်း ရိုက်ခတ်မှုကြီးမားလာနိုင် ကြောင်း ဒေါ်လာငွေကြေးလဲလှယ်ရေးလုပ်ကိုင်နေသူတချို့က ဆိုသည်။

အလားတူ ထိုင်း- မြန်မာ ငွေကြေးဈေးကွက်တွင်လည်း ထိုင်းဘတ်ငွေဈေးမှာ ယခင်အပတ်များက ၁ ဘတ်လျှင် ၈၃ ကျပ်ဝန်းကျင်မှ ယနေ့ တဘတ်လျှင် ၈၇ ကျပ်အထိ မြင့်တက်လာပြီး၊ ကျပ်ငွေတန်ဖိုးကျကာ ဇွန် ၂၁ ရက်တွင် ကျပ်ငွေ ၁ သိန်းလျှင် ၁၁၆၀ ဘတ် (ကျပ်ပေးဘတ်ယူ) ရှိရာမှ ယနေ့တွင် ကျပ်ငွေ ၁ သိန်းလျှင် ၁၁၃၅ ဘတ်အထိ ဈေးနှုန်းများကျဆင်းနေကြောင်း ဈေးကွက်အတွင်းရှိ ငွေကြေးလဲလှယ်သူများထံက သိရသည်။

You may also like these stories:

ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမည့်သတင်းကြောင့် ဒေါ်လာဈေး ၃၀၀၀ ကျော်ထိ မြင့်တက်

ရန်ကုန်နှင့် မြို့ကြီးများမှ ဟိုတယ်များ အစုလိုက်အပြုံလိုက် ရောင်းချလာ

တရုတ်ယွမ် အစားထိုးသုံးမယ့် ကုန်သွယ်ရေး အလုပ်ဖြစ်နိုင်မလား

Your Thoughts …
Tags: ဒေါ်လာရွှေဘုံသာလမ်းအရောင်းအဝယ်သမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
24.3k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

ဝန်ကြီးချုပ်နှင့် ဒေါ်ကြူကြူလှ မကယ်က ဦးသန့်စင် ထောင်ကျနိုင်ဟုဆို

ဝန်ကြီးချုပ်နှင့် ဒေါ်ကြူကြူလှ မကယ်က ဦးသန့်စင် ထောင်ကျနိုင်ဟုဆို

by အောင်သူရ
27 November 2025
8.7k

ဒုဝန်ကြီး ဦးသန့်စင်အား စစ်ထောက်လှမ်းရေးများမှ ဖမ်းဆီးစစ်ဆေးခြင်းသည် ဝန်ကြီးချုပ် ဦးညိုစောနှင့် စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့၏ အားပြိုင်မှုကို မြင်ရသည့်ဖြစ်ရပ်တခု ဖြစ်သည်

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

by ဧရာတီ
15 November 2023
7.9k

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

by ဧရာဝတီ
24 January 2024
5.5k

ဇန်နဝါရီလဆန်းက ၃၄၀၀ ကျပ်ကျော်သာ ရှိခဲ့သည့် အမေရိကန်ဒေါ်လာမှာ ယခုအခါ ၃,၅၅၀ ကျပ်ဖြစ် လာပြီး ၁ ဒေါ်လာ လျှင် ၁၀၀ ကျပ်ကျော် မြင့်လာသလို အကယ်ဒမီအခေါက်ရွှေဈေးသည်လည်း ၁ ကျပ်သား ကျပ် ၃၇...

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

by ဧရာဝတီ
1 September 2023
4.7k

လူမှုကွန်ရက်စာမျက်နှာတွင် ဂရုဖွဲ့ပြီး အမေရိကန်ဒေါ်လာ၊ ယူရိုငွေရောင်းဝယ်မှု ပြုလုပ်နေသူများကို စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က အသွင်ယူပြီး စစ်ဆေးဖမ်းဆီးနေကြောင်း ဩဂုတ် ၃၁ ရက်၌ ထုတ်ပြန်ချက်ထွက်လာ ပြီးနောက် ပြင်ပဒေါ်လာဈေးကွက်အတွင်း အရောင်းအဝယ်ရပ်ဆိုင်းနေကြောင်း သိရသည်။

Next Post
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်သည်

နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ

ကျောက်ဖြူမှ ရိုဟင်ဂျာဒုက္ခသည်များ စခန်းသစ်တွင် အခက်ကြုံနေရ / CJ

ကျောက်ဖြူမှ ရိုဟင်ဂျာဒုက္ခသည်များ စခန်းသစ်တွင် အခက်ကြုံနေရဟုဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved