• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်က နယ်စပ်ပိတ်၍ ပန်ဝါစစ်ရှောင်တို့ ရာချီပိတ်မိနေ

by ဧရာဝတီ
18 October 2024
in သတင်း
A A
တရုတ်က နယ်စပ်ပိတ်၍ ပန်ဝါစစ်ရှောင်တို့ ရာချီပိတ်မိနေ

ကချင်ပြည်နယ် ပန်ဝါမြို့ တရုတ်နယ်စပ်ဂိတ်အနီး ယနေ့ ညနေပိုင်းအထိ စောင့်ဆိုင်းနေကြသည့် ပြည်သူများ/ CJ

1.2k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က မြန်မာ- တရုတ်နယ်စပ် ပန်ဝါမြို့နှင့် ၆ မိုင်ကွာရှိ ချန်ရင်ခူးရွာအနီးမှ နယ်ခြား စောင့်တပ် (BGF)၏ စခန်းကုန်းတခုကို သိမ်းလိုက်သဖြင့် တိုက်ပွဲမှာ မြို့နှင့် နီးကပ်လာသည့်အတွက် ဒေသခံတို့ တရုတ် နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ရာ နယ်စပ်ကိုပိတ်ထားသဖြင့် ရာချီသော စစ်ရှောင်တို့ ပိတ်မိနေကြောင်း သိရသည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “ မနေ့က ချန်ရင်ခူး စခန်းငယ်လေးတခုကိုသိမ်းတယ်လို့ သိရတယ်၊ ဒီမနက် ၆ နာရီမှာ နယ်မြေရှင်းလင်းရေးလုပ်တယ်လို့ကြားရတယ်၊ ကျနော်တို့ဘက်ကတော့ ပန်ဝါမြို့ကို သေနတ်နဲ့ပစ်တာ၊ လက်နက်ကြီးနဲ့လှမ်းပစ်တာတွေ ဘာမှ မရှိဘူး။ ပြည်သူတွေကတော့ စိုးရိမ်ပြီးမှ ထွက်ပြေးကြတာတွေလည်း ရှိတယ်လို့ ပြောကြတယ်” ဟု ပြောသည်။

တရုတ်တို့က မြန်မာနိုင်ငံသားများကိုသာ အဝင်မခံဘဲ တားဆီးထားခြင်း ဖြစ်ပြီးမြေရှားသတ္ထုတူးဖော်ရေး လုပ်ငန်း အပါအဝင် အလုပ်လာလုပ်နေသည့် ၎င်းတို့နိုင်ငံသားများကိုမူ ပြန်ဝင်ခွင့်ပြုခဲ့ ကြောင်း သိရသည်။

ဒေသခံများ၏ အဆိုအရ ပန်ဝါနယ်စပ်ဂိတ်တွင် တရုတ်က လုံခြုံရေးများချထားသည့်အပြင် နယ်စပ်စည်းရိုးအနီး ကပ်မရစေရန် ကိုက်အနည်းငယ်အကွာအထိ လုံခြုံရေးစည်းတားထားသည်ကို တွေ့ရကြောင်း၊ လက်ရှိ နယ်စပ်ဂိတ်အနီး ပိတ်မိနေသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များပါဝင်နေသည်ကိုလည်း တွေ့ရပြီး ယနေ့ညနေပိုင်းအထိ ဂိတ်ဖွင့်ပေးရန် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။

ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တဦးက “ တရုတ်က သူတို့နိုင်ငံသားတွေကိုတော့ အသက်လုံခြုံရေးအတွက် ဝင်ခွင့် ပြုမယ် ထင်တယ်၊ ခုထိတော့ တရုတ်ကဂိတ်တွေ မဖွင့်ပေးသေးဘူး၊ လူထုတွေ ဂိတ်ဝမှာ စုဝေးနေ တာတွေ့ရတယ်” ဟုပြောသည်။

KIA သည် ပန်ဝါမြို့နယ်အတွင်း တိုက်ခိုက်နေသည့်နှင့်တပြိုင်နက် ကန်ပိုက်တီမြို့နယ်တွင်လည်း အမှတ်-၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကိုလည်း တိုက်ခိုက်လျက်ရှိသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
352
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49
တရုတ်နယ်စပ်ရှိ ပန်ဝါဒေသကို ပြသသည့် မြေပုံ (ဧရာဝတီ)

ဆဒုံးနှင့် ကန်ပိုင်တီကြားရှိ စင်ကြိုင်ရွာအခြေစိုက် အမှတ်-၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်အား တိုက်ခိုက်မှုတွင် ယမန်နေ့အထိ ထမ်မိုခမ်းစခန်းအပါအဝင် ကာကင်းစခန်းငယ် ၅ ခုခန့် သိမ်းပိုက်ရရှိကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း KIA ဘက်က ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “ပန်ဝါနဲ့ ကန်ပိုင်တီဘက်မှာ စစ်ရေးအခြေအနေက တင်းမာတဲ့အခြေအနေဖြစ်ပါတယ်၊ ပြည်သူ တွေအနေနဲ့ လုံခြုံတဲ့နေရာတွေမှာ တိမ်းရှောင်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ် အထူးဒေသ- ၁ တွင် ချီဖွေ၊ ဆော့လော်၊ ဝိုင်းမော်နှင့် ကန်ပိုက်တီမြို့နယ်တို့ပါဝင်ပြီး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသည့် ဦးဇခုန်တိန့်ယိန်းဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K) က စိုးမိုးထားခဲ့သလို ကချင်အထူးဒေသ-၁ သည် မြေရှားသတ္ထုတူးဖော်ရေးလုပ်ငန်းများ အများဆုံးလုပ်ကိုင်ရာ ဒေသတခုလည်းဖြစ်သည်။

ကချင်ပြည်နယ် ပန်ဝါမြို့ တရုတ်နယ်စပ်ဂိတ်အနီး ယနေ့ ညနေပိုင်းအထိ စောင့်ဆိုင်းနေကြသည့် ပြည်သူများ/ CJ

NDAK အောက်တွင် အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ နယ်ခြားစောင့်တပ်ရင်း(BGF)သုံးရင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရှိပြီး နယ်ခြားစောင့် တပ်ရင်းများအား တရုတ်-မြန်မာနယ်စပ်တလျှောက် ကန်ပိုက်တီ၊ ပန်ဝါနှင့် ဖီမော်ဒေသတို့တွင် အခြေစိုက် ထားသည်။

လက်ရှိတွင် KIA က BGF ၁၀၀၂ တပ်ရင်းအား သိမ်းပိုက်ထားပြီး ကျန်တပ်ရင်း ၂ရင်းနှင့် စခန်းများအား ဆက်လက် တိုက်ခိုက်ဖွယ်ရှိကြောင်းလည်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။

လတ်တလောတိုက်ပွဲများနှင့် ပတ်သက်ပြီး KIA အနေဖြင့် ကချင်တိုင်းရင်းသားညီအကို အချင်းချင်းကြား တိုက်ခိုက် လိုသည့် စစ်ဆင်ရေး မဟုတ်ဘဲ စစ်အာဏာရှင်စနစ်အား တိုက်ခိုက်နေခြင်းသာဖြစ်ပြီး ပြည်သူစစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေကြသည့် တိုင်းရင်းသားညီအကိုများအနေဖြင့် ယခုအချိန်သည် ဘက်ပြောင်းရန် အချိန်ကောင်းတခု ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ထပ်မံ သတိပေးခဲ့သည်။

You may also like these stories:

မြန်မာစစ်ဘေးရှောင်များ တရုတ်နယ်စပ်တွင် ပိတ်မိနေ

KIA တို့ စင်ကြိုင် BGF တပ်ရင်းကို ဆက်လက်စစ်ဆင်

နယ်ခြားစောင့်တပ်အား သိမ်းနိုင်ခြင်းက ပန်ဝါကို စစ်ဆင်ရန် ပိုမိုလွယ်ကူလာဟုဆို

Your Thoughts …
Tags: BGFKIANDA-Kကချင်ဒီမိုကရေစီသစ်တပ်မတော်ပန်ဝါဦးဇခုန်တိမ့်ယိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

Next Post
သီပေါမြို့

သီပေါမြို့

အသက်ဆက်ရှည်ဦးမည်

အသက်ဆက်ရှည်ဦးမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved