သတင်းတို

ကမ္ဘာ့လက်နက် ရောင်းချမှု စစ်အေးကာလနောက်ပိုင်း အမြင့်ဆုံးရောက်လာ

ကမ္ဘာ့တလွှား လက်နက်ရောင်းဝယ်မှုဟာ စစ်အေးခေတ်နောက်ပိုင်းမှာ အမြင့်ဆုံးကို ရောက်ရှိနေပြီး လွန်ခဲ့တဲ့ ၅နှစ်နဲ့ နှိုင်းယှဉ်ပါက ၈.၄ ရာခိုင်နှုန်းမြင့်တက်နေတယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့က(SIPRI)  ထုတ်ပြန်လိုက်ပါတယ်။

လက်နက်အများဆုံး ဝယ်ယူနေတဲ့ ဈေးကွက်တွေကတော့ အရှေ့အလယ်ပိုင်းနဲ့ အာရှဈေးကွက် ဖြစ်ပြီး၊ အိန္ဒိယ နိုင်ငံကလည်း လက်နက်အများဆုံး ဝယ်ယူတဲ့နိုင်ငံဖြစ်လာပါတယ်။

လက်နက်ရောင်းချမှု အပိုင်းမှာတော့ အမေရိကန်နဲ့ ရုရှားက ဦးဆောင်နေပြီး၊ အမေရိကန်က ကမ္ဘာ့ လက်နက် ဈေးကွက်၏ ၃၃ရာခိုင်နှုန်း၊ ရုုရှား ၂၃ရာခိုင်နှုန်း ယူထားကာ တရုတ်က ဈေးကွက်ဝေစု ၆.၂ ရာခိုင်နှုန်း၊ ပြင်သစ် က ၆ရာခိုင်နှုန်း၊ ဂျာမနီက ၅.၆ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။

အမေရိကန်ရဲ့ လက်နက်ကို အရှေ့အလယ်ပိုင်းက အများဆုံးဝယ်ယူပြီး၊ ရုရှားလက်နက်ကိုတော့ အိန္ဒိယ အပါအဝင်အာရှဒေသက အများဆုံးဝယ်ယူတယ်လို့ သိရပါတယ်။

“တရုတ်က လက်နက်တင်ပို့မှု တိုးပွားလာစဉ်မှာပဲ အိန္ဒိယနိုင်ငံဟာ ရုရှား၊ အမေရိကန်၊ ဥရောပနိုင်ငံ များ အစ္စရေးနဲ့ တောင်ကိုရီးယားက လက်နက်နည်းပညာတွေကို တင်သွင်းနေတယ်လို့ SIPRI ရဲ့ လက်နက်နဲ့ စစ်ဖက်အသုံးစရိတ် အစီအစဉ်မှ အကြီးတန်းသုတေသနမှူး ဆိုင်မွန် ဝီဇီမန်က ပြောပါတယ်။

ဆော်ဒီအာရေဗီးယားကလည်း ယီမင်ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့အတွက် ဒုတိယလက်နက်အဝယ်ယူ ဆုံးနိုင်ငံဖြစ်လာသလို၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)ကမူ တတိယ၊ တရုတ်နဲ့ အယ်လ်ဂျီး ရီးယားတို့လည်း ပိုမိုဝယ်ယူလာပါတယ်။

အိန္ဒိယဟာ ၂၀၁၂မှ ၂၀၁၆ခုနှစ်အတွင်းမှာ ၁၃ရာခိုင်နှုန်းအထိ မြင့်တက်ဝယ်ခဲ့ပြီး၊ အရင်ကတော့ ၉.၇ ရာခိုင်နှုန်းသာရှိတယ်လို့သိရပါတယ်။

Loading