• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

မဲဆောက်မြို့က မြန်မာ အလုပ်သမားများဆန္ဒပြ တောင်းဆိုမှု အလုပ်ရှင် လိုက်လျော

by ကျော်ခ
16 February 2018
in သတင်းတို
A A
Gold fine ကျောက်သွေးစက်ရုံ က မြန်မာ အလုပ်သမားများ ဆန္ဒပြစဉ် /  ရောင်ခြည် ဦးအလုပ်သမားများအဖွဲ့

Gold fine ကျောက်သွေးစက်ရုံ က မြန်မာ အလုပ်သမားများ ဆန္ဒပြစဉ် / ရောင်ခြည် ဦးအလုပ်သမားများအဖွဲ့

3.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဂိုးလ်ဖိုင်း ကျောက်သွေးစက်ရုံ (Gold fine Manufacturer Mae Sot)၌ ဆန္ဒပြခဲ့ကြသည့် မြန်မာ အလုပ်သမား ၁၇၀၀ ကျော်၏ တောင်းဆိုမှုများကို အလုပ်ရှင်က လိုက်လျော လိုက်သဖြင့် ပြေလည်မှုရရှိသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုစက်ရုံ၌ ကျောက်မျက်နှင့် ပတ်သက်သော အလှကုန်ပစ္စည်းများကို ပုံဖော်ခြင်း လုပ်ငန်းကို လုပ်ကိုင် နေကြသည့် မြန်မာ အလုပ်သမား ၁၇၁၇ ဦးသည် အချိန်ပိုလုပ်အားခ တိုးမြှင့်ပေးရန်အပါအဝင် အချက် ၆ ချက်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပြီးနောက် တွေ့ဆုံညှိနှိုင်းမှုများ မှတဆင့် ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
821
စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

12 June 2025
4.4k
၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

12 June 2025
343

“တောင်းဆိုချက် ၆ ချက်လုံး ညှိနှိုင်းလို့ အဆင်ပြေသွားတယ်” ဟု ထိုအလုပ်သမား ဆန္ဒပြမှု ဖြစ်စဉ် အား ဥပဒေအကြောင်း အရ လိုက်ပါဆောင်ရွက်ပေးခဲ့သော မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ ဥပဒေရေးရာ ဌာနမှ ကိုမျိုး က ဧရာဝတီသို့ ပြောသည်။

ဂိုးလ်ဖိုင်း ကျောက်သွေးစက်ရုံ ဆန္ဒပြမှုဖြစ်စဉ်သို့ ထိုင်းရဲတပ်ဖွဲ့နှင့် စစ်တပ် တို့ရောက် ရှိလာခဲ့ကြ ကြောင်း၊ ထို့နောက် ထိုင်း အလုပ်သမား ကာကွယ်ရေးရုံး၊ အလုပ်အကိုင်ရှာဖွေရေးရုံး၊ လူမှုဖူလုံရေး ရုံး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်ခင်မြင့် တို့အပါအဝင် အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ အကြား ဆွေးနွေးပြီးနောက် ပြေလည်မှု ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ်ရှင်က ဖေဖော်ဝါရီလပိုင်းမှစတင်ကာ ဧပြီလ ၁ ရက်နေ့ အတွင်း အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု သဘောတူညီချက် ရရှိခဲ့ ကြောင်းသိရသည်။

အလုပ်သမားများ၏ တောင်းဆိုချက် ၆ ချက်မှာ အချိန်ပိုလုပ်အားခ တိုးမြှင့်ပေးရန် အပါအဝင် CI စာအုပ်နှင့် အလုပ်လုပ်ခွင့် လက်မှတ်အား အလုပ်သမားများထံသို့ ပြန်လည်ပေးအပ်ရန်၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွင် အလုပ်ဆင်းပါက အလုပ်သမား ကာကွယ် စောင့်ရှောက်ရေး ဥပဒေ နှင့်အညီ လုပ်အားခ ၂ ဆပေးရန်၊ အလုပ်သမားများအား ထမင်းဖိုးဖြတ်တောက်မှုများ မပြုလုပ်ရန်၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ခွင့်များ ဖြတ်တောက်ခြင်း မပြုလုပ်ရန် တို့ဖြစ်ကြောင်းသိရသည်။

မဲဆောက်မြို့ရှိ PA အထည်ချုပ် စက်ရုံမှ မြန်မာအလုပ်သမား ၁၃၀ ဦးကလည်း အလုပ်သမား အခွင့် အရေး ချိုးဖောက်ခံရမှု အတွက် ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့နှင့် ချိတ်ဆက်ကာ ဥပဒေ အကြောင်းအရ ထိုင်းအလုပ်သမား ကာကွယ်ရေး ရုံးမှ တဆင့် နစ်နာကြေး နစ်နာကြေး တောင်းဆို ခဲ့မှုတခုလည်း ၂၀၁၇ ခုနှစ် အောက်တိုဘာလထဲတွင် ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအလုပ်သမား ကာကွယ်ရေးရုံး (ဆပ်ဝါပ်ဒီကန်) ရုံးက မြန်မာအလုပ် သမား ၁၃၀ ကို အလုပ်ရှင်မှ နစ်နာကြေး ဘတ် သိန်း ၂၀၀ ကျော် (ကျပ် သိန်း ၈ ထောင်ကျော်) ပေးဆောင်ရန် ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

Your Thoughts …
Tags: မြန်မာ အလုပ်သမားများဆန္ဒပြ
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

No Content Available
Next Post
EXO အဖွဲ့ဝင် အဆိုတော် Baekhyun  / Soompi

Live လွှင့်တုန်း ဖုန်းဆက်တိုက် ခေါ်ဆိုသူကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့တဲ့ EXO အဖွဲ့ဝင် Baekhyun

တိုက်ပွဲရှောင်လာသော မြောင်ဇီးလူမျိုးများ  / စိုင်းစိန်လူ

သိန်းနီတွင် တိုက်ပွဲဖြစ်ပွား၍ မြောင်ဇီးလူမျိုး ၁၅၀ နီးပါး တိမ်းရှောင်ရ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate