• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
in အင်တာဗျူး
A A
“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

ပညာရေး သုတေသန ပညာရှင် ဆရာကြီး ဦးသန်းဦး (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)

6k
VIEWS
Share on FacebookShare on Twitter

ဦးသန်းဦးသည် ဝါရင့် ပညာရေးသုတေသီတဦးဖြစ်သည်၊ ၁၉၅၄ ခုနှစ်တွင် B.A.(Ed)ဘွဲ့ရရှိခဲ့ပြီး ပြည်ခရိုင် ပုတီးကုန်းမြို့တွင် အထက်တန်းကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့သည်၊ ၁၉၆၀ခုနှစ်တွင် B.Ed ဘွဲ့ထပ်မံရယူခဲ့ပြီးနောက် အမေရိကန်ကွန်ဂရက် မှ ဖွင့်လှစ်သည့် အရှေ့အနောက်ပေါင်းဆုံရာ ဌာန (East- West Center)မှ ပေးသည့် စကော်လားရှစ်ရရှိကာ ဟာဝိုင်အီတက္ကသိုလ် သို့ တက်ရောက်ခွင့်ရရှိပြီး M.Edဘွဲ့ရရှိခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ဆရာအတတ်သင်သိပ္ပံကျောင်းအုပ်၊ ၁၉၇၇ ခုနှစ်တွင် မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဥက္ကဋ္ဌ၊ အခြေ ခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန အကြံ ပေးပုဂ္ဂိုလ်၊ ၁၉၉၄ ခုနှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဝိဇ္ဖာနှင့် သိပ္ပံ ပညာရှင် အဖွဲ့ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဦးသန့် တည်ထောင်သည့် ပညာ့တန်ဆောင်အဖွဲ့တွင်ဥက္ကဌ တာဝန်များအပြင် လက်ရှိလည်း“ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းကို အစိုးရနှင့် ပူးတွဲ ဆောင်ရွက်နေသည့် ပညာရှင်တဦးဖြစ်သည်။

ဆရာကြီး ဦးသန်းဦး ကို ယနေ့ခေတ် ပညာရေးနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ရန်ပိုင်က သွားရောက် တွေ့ဆုံ မေးမြန်းထားသည်။

မေး။     ။ လာမယ့် ပညာသင်နှစ်မှာ ဝိဇ္ဇာသိပ္ပံ စာသင်တန်းတွေကို ရန်ကုန်တက္ကသိုလ်မှာ အရင်လို ဖွင့်လှစ်တော့မယ်၊ ဒီလို ပြန် လည် ဖွင့်လှစ်နိုင် တော့မယ့် အပေါ်မှာ ပညာရေး သုတေသန ဥက္ကဌဟောင်း၊ လက်ရှိ မြန်မာနိုင်ငံ ဝိဇ္ဇာနဲ့ သိပ္ပံ ပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ တယောက် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။     ။ ဒီစာသင်နှစ်ကစပြီး ဝိဇ္ဇာသိပ္ပံ ကျောင်းသားတွေလက်ခံမယ်ဆိုတော့ ဝမ်းမြောက်ဝမ်းသာကြိုဆိုတယ်။၁၉၂၀ ခုနှစ်က စပြီး ရန်ကုန်တက္ကသိုလ်ဟာ ပင်မတက္ကသိုလ်တခုအဖြစ် ရပ်တည်လာခဲ့ရာက အကြောင်းအားလျော်စွာ လို့ပဲဆိုကြပါစို့ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စတဲ့Under Gratuate အတန်းတွေကို မထားပဲနဲ့ ဘွဲလွန်နဲ့ မဟာတန်း တွေကို ထားခဲ့တယ်၊ RITလည်း မနှစ်ကစပြီး ပထမနှစ်ကနေ တက်ရတဲ့ အတန်းတွေပြန်ဖွင့်ပြီ။

ကျနော့် သဘောထားကတော့ တက္ကသိုလ်တခုဟာ ဘွဲ့သင်တန်း(Under Gratuate)တွေရှိရမယ်၊ ပြီးတော့ ဘွဲ့လွန်သင်တန်း( ဒီပလိုမာ၊ မာစတာ၊ ပါရဂူ)တွေ တက္ကသိုလ် အင်္ဂါရပ်နဲ့ အညီ အပြည့်အစုံရှိသင့်တယ်။

မေး။     ။ ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်ပေမယ့် တဘာသာကို ၁၅ ဦးပဲ လက်ခံမယ်ဆိုတော့ အရမ်းနဲမနေဘူးလား၊ ရှေးကရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ မထင်မိဘူးလား။

ဖြေ။     ။ ကျောင်းသားလှုပ်ရှားမှုတိုင်းမှာ ရန်ကုန်တက္ကသိုလ်ကပဲ စခဲ့တာဆိုတော့၊ အခု ကျောင်းအာဏာပိုင်တွေကလည်း ကျောင်းသား လှုပ်ရှားမှုတွေကို အထိုက်အလျောက်စိုးရိမ်ပုံရတယ်၊ အရင်ကလည်း ကျောင်းကပိတ်လိုက်ဖွင့်လိုက်နဲ့ ၃ လသင်တန်း၊ ၆ လသင်တန်း လောက်ပဲ ဖွင့်နိုင်တာဆိုတော့ ကောင်းကောင်း စာမတတ်ကြဘူး၊ ဒီလိုဖြစ်မှာလည်း လက်ရှိ အာဏာပိုင်က စိုးရိမ်တယ်၊ ဒါကြောင့် အခုလောလောဆယ် တဘာသာ ၁၅ ဦးသွင်းကြည့်မယ်၊ အခြေအနေပေါ်မူတည်ပြီး များများလက်ခံမယ်၊ ဒါပဲ အချုပ်ကတော့ ကျောင်းသားလှုပ်ရှားမှုကို ကြောက်လို့၊ ကျောင်းသားလှုပ်ရှားမှုကလည်း ခေတ်အဆက်ဆက်ကိုး။

မေး။     ။ သင်ကြားရေးပိုင်းနဲ့ ပတ်သက်ရင်ကော ဘယ်လိုများပြောချင်ပါလဲ ဆရာကြီး။

ဖြေ။     ။ တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသားတတ်အောင်သင်ဖို့ ဆိုရင် ဆရာကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင်မြောက်မြောက်တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ်ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ သည်သာ ရတနာ၊ ဆရာသည်သာ အခရာ” ဆိုသလိုပေါ့၊ ဆရာကောင်းမှ တပည့်ကောင်းမယ်၊ ဆရာတော်မှ တပည့်တော် မယ်။ ဆရာချွန် ဆရာမွန်တွေဖြစ်အောင် အမြဲမပြတ်ပြုစုပျိုးထောင်ရမယ်။

မေး။     ။ အခြေခံပညာ အပိုင်းမှာရော မြှင့်တင်ပြောင်းလဲစရာ ရှိပါသလား ဆရာကြီး။

ဖြေ။     ။ အခြေခံပညာ(Basic Education) လို့ ခေါ်တာကိုက နာမည်လွဲနေတယ်၊ ၁၉၆၆ ခုနှစ် တော်လှန်ရေးကောင်စီခေတ်မှာ ကျနော်က အထွေထွေပညာရေး ဥပဒေကို တင်တယ်၊ ဦးနေဝင်းက ကက်ဘိနက်မှာ အထွေထွေလို့ သုံးရမယ့် အစား အခြေခံ ပညာရေး ဥပဒေလို့ပြောင်းလိုက်တယ်၊ ဦးနေဝင်းက ရေရေရာရာ မသိဘဲနဲ့ ပြောင်းပြီး ခေါ်ခိုင်းလိုက်တာ၊ နိုင်ငံတကာက ပညာရေးလောကမှာ ပထမတန်းကနေ ဆယ့်နှစ်တန်း အထိကို အထွေထွေပညာရေး(General Education) လို့ ခေါ်တယ်၊ အထွေထွေ ပညာဆိုတဲ့ ရည်ရွယ်ချက်က ကျောင်းသားတယောက်ကို နိုင်ငံကြီးသား ပြည်သူပြည်သား ကောင်း တယောက်ဖြစ်ရေး အတွက် နိုင်ငံ ကြီးသားကောင်း တယောက်ရဲ့ အင်္ဂါရပ်တွေ ပြည့်စုံအောင်၊ ညီ ညွတ်အောင် ပြုစုပျိုးထောင်ပေးရမှာက အနိ္တမရည်မှန်းချက်ပဲ၊၊ အဓိကကတော့ ပြည်သူပြည်သားကောင်း(Citizenship) ဖြစ်ရေးပဲ၊

တက္ကသိုလ်တက်ရေးဆိုတာ အစိတ်အပိုင်းလေးတရပ်ပဲရှိတယ်၊ တက္ကသိုလ်ပညာရေးဆိုတာက ကျွမ်းကျင်ဖို့ (Specialization)ပဲ၊ အဲဒီတော့ တက္ကသိုလ် ကျောင်းသားတယောက်ဖြစ်ပြီဆိုတာနဲ့ Citizenship ဖြစ်ပီးသား ပါလာရမယ်၊ ပြီးတော့မှ သူ သန်ရာသန်ရာ ဆေး ဘက်သန်ရင် ဆေး၊ အင်ဂျင်နီယာဘက်သန်ရင် အင်ဂျင်နီယာ၊ စီးပွားရေး စသည်ဖြင့် အဲ့ဒီပညာရပ်တွေ ကို ကျွမ်းကျင်အောင် ဆည်းပူးရမယ်။

ဒါမှလည်း ပညာတတ်တွေထွက်မယ်၊ ပညာတတ်ဆိုတဲ့နေရာမှာလည်း စာတတ်တဲ့ပုဂ္ဂိုလ်ကို ဆိုလိုတာမဟုတ်ဘူး၊ ပညာတတ် ဆိုတာ အကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားပြီး သိတဲ့ပုဂ္ဂိုလ်ကို ခေါ်တာ။ ပညာတတ်တွေ ထွက်ဖို့ လိုတယ်၊ နင့်မိုဆို စာတွေကိုပဲ သိတဲ့လူ သင်ညာတတ်တွေချည်းဖြစ်နေမယ်။

မေး။     ။ အခုလို ပြောင်းလဲနေတဲ့ခေတ်မှာ ပညာရေးနဲ့ ပတ်သက်လို့ သင်ကြားနည်းစနစ်အမျိုးမျိုးကြားနေ တွေ့နေရတယ်၊ တချို့လည်း ပြည်တွင်းက ထွင်တာရှိသလို၊ တချို့လည်း ပြည်ပကနေ တင်သွင်းလာတာတွေရှိတယ်၊ အဲဒီအပေါ်မှာ ဆရာကြီး ဘယ်လိုမြင် ပါသလဲ။

ဖြေ။     ။ အမေရိကားမှာ တတ်နိုင်သမျှ လေ့လာခဲ့တယ်၊ အမေရိကန်ရော ဂျပန်ရော အနောက်နိုင်ငံတွေရော မြန်မာထက် ပညာရေးမှာ အရမ်းကို ရှေ့ပြေးနေတယ်၊ အဲဒီတော့ သူတို့ဆီမှာ လုပ်သမျှကို တို့ဆီမှာ ချက်ချင်း လုပ်လို့မရဘူး၊ တို့အခြေအနေနဲ့ တို့လုပ်လို့ရနိုင်တာကို လုပ်ရမယ်လို့ ယူဆတယ်။

သူတို့ဆီက သင်ကြားနည်းစနစ်တွေက မကောင်းဘူးလားဆိုတော့ အရမ်းကောင်းတယ်၊ သို့သော် ကောင်းတိုင်းလိုက်လုပ်လို့ မရ ဘူး၊ အဲဒီနည်းစနစ်တွေကို ဆောင်ရွက်လို့ရအောင် ဆရာတွေကို လေ့ကျင့်ပေးဖို့လိုမယ်၊ နောက်တခု သင်ထောက်ကူပစ္စည်း လိုတယ်၊ တို့ပညာရေးမှာက “မြေဖြူခဲနဲ့ ကျောက်သင်ပုန်းက လွဲရင် ဘာမှမရှိတာ”၊ သူတို့ဆီမှာက အမျိုးစုံရှိတယ်၊

တို့ဆီက ကျောင်းတွေမှာ အလင်းရောင်မရှိဘူး၊ လေဝင်လေထွက်မကောင်းဘူး၊ ထိုင်ခုံတောင်မှ တယောက်ချင်းထိုင်တဲ့ ထိုင် ခုံမပေးနိုင်ဘူး၊ တချို့နေရာတွေမှာ ကျောင်းမရှိဘူး ဆောက်ပေးရမယ်၊ တိုက်ဆောက်ပေးဖို့မဟုတ်ဘူးနော်၊ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ကျောင်းမျိုး အရင်လုပ်ရမယ်၊ သင်ထောက်ကူပစ္စည်းတွေ အကုန်ဖြည့်ဆည်းပေးရမှာ၊ ပရိုဂျက်တာ ခဏထားဦးနော်၊ တို့ဆီမှာ သူငယ်တန်းဖတ်စာအုပ်ဆိုတာ စုတ်ပြတ်နေတာပဲ၊ သူတို့ဆီက ဖတ်စာအုပ်က ကတ်ထူကြီးနဲ့ ရုပ်ပုံကားချပ်တွေနဲ့ အရောင်တွေနဲ့ လေ။ အကူအညီပေးရင်တောင် တို့ဆီမှာ သိမ်းဖို့ဆည်းထားဖို့ ဗီရိုတောင် မရှိဘူး။

ဒီလို ပညာရေးစနစ်တွေကို တို့ဆီမှာ အခုရေတွင်းတူး အခုရေကြည်သောက် လုပ်လို့မရဘူး၊၊ သူတို့ကတော့ သူတို့ နည်းစနစ်တွေ ဘယ်လို ကောင်းတယ်ဆိုတာ ပြောတာတော့ ပြောမှာပေါ့။ ပိုက်ဆံရှိတဲ့ ကျောင်းသားအတွက် အဆင်ပြေပေမယ့်၊ အများစုအတွက် ကတော့ အချိန်ယူလုပ်ရလိမ့်မယ်၊ ချက်ချင်းတော့ မရဘူး။ ဆယ်စုနှစ်အတွင်း ပြောင်းဖို့ မလွယ်ဘူး။ ဆရာ့ အတွေ့အကြုံအရတော့ လက်တွေ့နဲ့ သီအိုရီ နှစ်ခုကို ပေါင်းစပ်ရတာက အခက်ဆုံးပဲ။

မေး။     ။ တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖြစ်ဖို့ကိစ္စ သတင်းတွေကြားနေရတယ်၊ အဲဒီအပေါ်မှာ ဘယ်လို ထင်ပါသလဲ။

ဖြေ။     ။ တက္ကသိုလ်များဟာ တချိန်တခါမှာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိရမယ်လို့ သမ္မတ ဦးသိန်းစိန်ပြောခဲ့တယ်၊ တချိန်မှာဖြစ်ကိုဖြစ် သင့်တဲ့ကိစ္စပါ၊ Academic Atmosphere ဆိုတဲ့ ပညာရေး ဝန်းကျင်ကောင်း၊ Academic Freedomဆိုတဲ့ ပညာရေး လွတ်လပ်ခွင့် ဆိုတဲ့ အချက်နှစ်ချက်နဲ့တော့ ပြည့်စုံရမယ်၊ အဲဒီနှစ်ခုကို ဘယ်သူက ဖန်တီးပေးရလဲဆိုတော့ တက္ကသိုလ်ကောင်စီရယ်၊ တက္ကသိုလ် ဆီးနိတ်ရယ် က ဖန်တီးပေးရတယ်။

တက္ကသိုလ် ကောင်စီကတော့ စီမံခန့်ခွဲရေးနဲ့ ပညာရေး နှစ်ရပ်စလုံး လုပ်ရတယ်၊ တက္ကသိုလ်က ပါမောက္ခတွေရော၊ သက်ဆိုင်ရာ ဝန်ကြီး ဌာန ကိုယ်စားလှယ် တွေ၊ ပြင်ပ အဖွဲ့အစည်းကလူတွေ ပါတယ်၊ ၁၉၂၀ ပြည့်နှစ်လောက်ကတော့ ဘွဲ့ရသူများ(Register Graduate) နှစ်ဦးပါရတယ်၊ နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့ ကျောင်းသားဘဝမှာ ဘွဲ့ရသူ နှစ်ယောက်အစား ကျောင်း သား သမဂ္ဂ ကိုယ်စားလှယ်ပေးပါ တောင်းတော့ခွင့်ပြုခဲ့တယ်၊ ပညာရေးဝန်ကြီးဌာနအောက်မှာ မရှိဘူး။

ဆီးနိတ်ဆိုတာကတော့ ဆရာတွေ ပါမောက္ခတွေနဲ့ချည်းဖွဲ့ထားတာ၊ သင်ကြားရေးပိုင်းမှာ တာဝန်ယူရတယ်။ နိုင်ငံတော်ကတော့ ငွေကြေးပံ့ပိုးပေါ့၊ ဆရာလုပ်ဖို့ မဟုတ်ဘူး။

ကျောင်းသားတယောက်ဟာ တက္ကသိုလ်ကို ရောက်လာတာနဲ့ အဆောက်အအုံ ကျောင်းဆောင်၊ သစ်ပင်ပန်းမန်ရော၊ ပညာရပ် အသိုင်းအဝန်း ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း၊ ယဉ်ကျေးမှု အဖွဲ့အစည်း၊ လူ့အဖွဲ့ အစည်းတွေ စတဲ့ တက္ကသိုလ် ဝန်းကျင်ကောင်းဖန် တီးပေးရမယ်၊

နောက် ကျောင်းသားရော ဆရာရော Academic Freedom ရှိရမယ်၊ ဘယ်သူမှသူတို့ကို ချုပ်ချယ်ကန့်သတ် မလုပ်ရဘူး၊ အဲဒါ တက္ကသိုလ်တခုရဲ့ အင်္ဂါရပ်ပဲ၊ နိုင်ငံခြား တက္ကသိုလ်တွေမှာလည်း ဒီအတိုင်းပဲ၊ အဲဒါကို ရှေးရှုမယ်ဆိုရင် ကောင်းတယ်။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
9
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
10
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
158

မေး။     ။ ဆရာကြီးက လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ခေတ်၊ နိုင်ငံတော် ငြိပ်ဝပ်ပိပြားရေးဆိုတဲ့ စစ်အစိုးရ လက်ထက် စတဲ့ ခေတ်သုံးခေတ်ရဲ့ ပညာရေးလောကမှာ ကျင်လည်ခဲ့ဖူးတော့ ဘယ်ခေတ်က ပညာရေး လွတ်လပ်ခွင့် အရှိဆုံး အကောင်းဆုံးလို့ ပြောလို့ရမလဲ။

ဖြေ။     ။ လွတ်လပ်ရေးရပြီး ၁၉၄၈ ကနေ ၁၉၆၂ အထိ အကောင်းဆုံးလို့ ဆိုရမှာပါ၊ ၁၉၅၂ မှာ ပြည်တော်သာ ညီလာခံ ကျင်းပပြီး ပညာ ရေး ကို “ဘဝသစ် ဖန်တီးမှု ပညာရေး စီမံကိန်”းဆိုပြီး ရည်မှန်းချက် ၅ချက်နဲ့ အကောင်အထည်ဖော်ခဲ့တယ်၊ အဲဒီ ခေတ်ကတော့ ကျနော်တို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပညာရေးခေတ် တခေတ်ပါပဲ၊

၁၉၆၂ ကနေ ၁၉၈၈ အထိ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်အစိုးရ၊ ၁၉၈၈ကနေ ၂၀၁၀ အထိက စစ်အစိုးရပေါ့၊ အဲဒီ ကာလတွေမှာ တော့ ပညာရေးလောကမှာ Academic Freedom မရှိတော့ဘူး၊ ပညာရေး ပြုစုပျိုးထောင်မှု Academic Atmosphere လျော့ပါးသွားတယ်။

မေး။     ။ အခု အစိုးရသစ် လက်ထက်မှာရော အရင်လို ပညာရေး အရည်အသွေး မြင့်တက်လာအောင် လုပ်နိုင်ပါ့မလား။

ဖြေ။      ။ တော်တော်ကြီးကို ကြိုးစားရမယ်၊ တက္ကသိုလ်မှာ ၃ လနဲ့ ပညာသင်နှစ် သတ်မှတ်၊ ၆လနဲ့ ပညာသင်နှစ် သတ်မှတ်၊ ကျောင်းသား မဆူအောင် အအောင်ပေး ဆိုတာမျိုးတွေကို ဆောင်ရွက်ခဲ့တော့၊ အခု ပါမောက္ခတွေ၊ ဆရာဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေကိုယ် တိုင် က အဲဒီ ကာလတွေကို ဖြတ်သန်းခဲ့ရကြတယ်၊ ခေတ်စနစ်တွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတယ်၊ အဲ့ဒီတော့ သူတို့လည်း အတတ်ပညာပိုင်း ဆိုင်ရာမှာ သိပ်အကျွမ်းကျင်ကြီး မဖြစ်ဘူး၊ အရည်အချင်း အရည်အသွေး လျော့ပါးသွားတယ်၊ ဒါ သူတို့အပြစ် တော့ မဟုတ်ပါဘူး၊ ဒါကြောင့် ပါမောက္ခဆိုတာ အမည်နဲ့ကိုက်ညီအောင် မိမိတို့ ဘာသာရပ်မှာ တဘက်ကမ်းခတ်အောင် တတ်ဖို့ ကြိုးစားရမယ်၊ ဟိုခေတ်တုန်းက ပါမောက္ခဆိုတာ တယောက်တည်း ရှိတယ်၊ ပါမောက္ခ ဖြစ်ဖို့လည်း နှစ်ပရိစ္ဆေဒ အကြာကြီး အချိန် ယူရတယ်။

မေး။     ။ ဆရာကြီး ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ စစ်အစိုးရခေတ် ပညာရေးလောကအကြောင်းကို ပြောပြပါအုံး

ဖြေ။     ။ အဲဒီခေတ်ကတော့ ကျောင်းသားတွေ လူမစုမိအောင် တက္ကသိုလ်တွေအများကြီး ဖွင့်ပစ်လိုက်တယ်၊ ကျောင်းတွေကို မြို့ပြင် ထုတ်တယ်ဆိုတာကလည်း ကျောင်းသားတွေ ချီတက်ဆန္ဒပြလို့မရအောင် လုပ်လိုက်တာပဲ၊ ကျောင်းသားတွေ စုစည်းမှာစိုးလို့ အဆောင်တွေ ဖြုတ်ပစ်လိုက်တော့ အဲဒီမှာ မိန်းကလေးတွေက ပျက်စီး၊ ယောက်ျားလေးတွေက ဖဲသမားတွေဖြစ်ပြီး အကျင့်စာ ရိတ္တ ပျက်သွားတာပဲ၊ မြို့ပြင်ထွက်ပြီး ဘတ်စ်ကား စီးရတာနဲ့ အချိန်ကုန်ပြီး စာကြည့်တိုက် ဝင်ချိန် မရှိတော့ဘူးပေါ့။

၁၉၉၉ ခုနှစ်က ဆရာကြီး ကိုယ်တိုင် ရေးသား ပြုစုတဲ့“ပညာရေး ရှုခင်း”ဆိုတဲ့ စာအုပ်ထုတ်တော့ ဟိုတုန်းက ရေးဆွဲထားတဲ့ ဘဝသစ်ဖန်တီးမှု ပညာရေး စီမံကိန်း ရည်ရွယ် ချက် ၅ ခုအတိုင်းပဲ “ဒီမိုကရေစီဝါဒ ထွန်းကားရန်” ဆိုတဲ့ အချက်ကို ထည့်ရေးတယ်၊ အဲဒါကို အစိုးရ စာပေ စိစစ်ရေးက ဒီမိုကရေစီ ပါလို့ ဖြှုတ်ခိုင်းတယ်။ အဲဒီတုန်းက အခြေအနေက အဲဒါပဲ။

မေး။     ။ ဦးနေဝင်းရဲ့ မြန်မာဆိုရှယ်လစ် လမ်းစဉ်ခေတ်မှာရော ပညာရေးအခြေအနေက ဘယ်လိုရှိပါသလဲ

ဖြေ။     ။ သူ(ဦးနေဝင်း)လည်းပဲ နားမလည်ဘဲ လူတတ်လုပ်ပြီး ဆောင်ရွက်တော့ သူလည်း အလွဲပေါ့။ ၁၉၆၆ ခုနှစ်မှာ ဝိဇ္ဇာ သိပ္ပံခွဲပစ်ခဲ့တာ သူ့လက်ချက်ပဲလေ၊ ဟိုတုန်းက တက္ကသိုလ်ရောက်မှ ဥပစာ ဝိဇ္ဇာ(Intermediate Art)၊ ဥပစာ သိပ္ပံ (Intermediate Science) ဆိုပြီး ခွဲတယ်၊ နောက်ပိုင်း ဦးနေဝင်း လက်ထက် အခြေခံပညာမှာကတည်းက ခွဲလိုက်တော့ အခုဆိုရင် ၉တန်း ၁၀ တန်း မှာ ဝိဇ္ဇာ ဘာသာရပ်ကို ယူတဲ့လူတောင် ရှားသွားပြီ။ မတတ်ဘဲနဲ့ သွားလုပ်တာကိုး။

မေး။     ။ ဦးနေဝင်းက ပညာရေးနဲ့ ပတ်သက်လို့ မကျွမ်းကျင်ဘူးလို့ ဆရာက ဆိုတယ်၊ အဲဒီတော့ သူက ကျွမ်းကျင်တဲ့ ပညာရှင် တွေကိုရော အကြံဉာဏ် တောင်း ဆည်းကပ်ပြီး လုပ်ခိုင်းတာမျိုးရော ရှိလား

ဖြေ။     ။ မရှိပါဘူး၊ ဦးနေဝင်းက သုံးချက်သော ဆန့်ကျင်မှုကို ဆောင်ရွက်တယ်၊ (၁) Anti Politic နိုင်ငံရေးနဲ့ နိုင်ငံရေးသမား ကို ရွံ့မုန်းတယ်၊ ဒါပေမယ့် နိုင်ငံရေးကိုတော့ လုပ်တယ်၊ (၂) Anti Intellectual ပညာတတ်ကို မုန်းတယ်၊ တတ်တယ်လို့လည်း သူက မထင်ဘူး၊ နောက်တခုက အာဏာရှင်ဆိုတော့ Anti Democracy၊ ဒီမိုကရေစီလည်း မကြိုက်ဘူး၊ အဲဒီအတိုင်းပဲ ကျင့်သုံးတယ်၊ အဲဒီမှာတင် ဘာမှ အကောင်အထည် ဖော်လို့မရတော့ဘဲ သူခိုင်းတာလုပ်ရတော့ နိုင်ငံဟာ ချွတ်ခြုံကျသွားတာလို့ သုံးသပ်မိတယ်။

ဆရာကြီး မင်းသုဝဏ် (ဦးဝန်) လုပ်ထားတဲ့ မြန်မာစာ အဘိဓာန်တို့၊ သတ်ပုံကျမ်း တို့ကို ဦးနေဝင်းက အကောင်းမထင်ဘူး၊ ဦးဝန် ကို “မကျက်တကျက် ဖုတ်ထားတဲ့ ပေါင်မုန့်”လို့ ခိုင်းနှိုင်းပြောတယ်၊ ဒါကြောင့် ဆရာဦးဝန် တော်တော်ကို စိတ်ဆင်းရဲသွားဖူးတယ်၊ အဲဒီတုန်းက သေချင်စိတ်တောင် ဖြစ်ဖူးတယ်လို့ ဆရာဦးဝန်က ပြောဖူးတယ်၊ ကျနော်က ဆရာဦးဝန်ကိုပြောရတယ်၊“ဆရာ နိုင်ငံ ရေး သမားက ပြောတာကို ခံစား မနေပါနဲ့ ကိုယ့် ပညာရှင်ချင်း ဝေဖန်တာမှ မဟုတ်တာ၊ ဦးနေဝင်းလို ဘာမှနားမလည်တဲ့ လူပြော တာကို နာမနေပါနဲ့၊ ဆရာဇော်ဂျီ(ဦးသိန်းဟန်)က ဝေဖန်ရင် ဆရာနာလို့ ရတယ်လို့” ဖျောင်းဖြရတယ်။ ဦးနေဝင်းက ဘာသာ စကား နဲ့ စာပေ(Language and Literature) ကိုမှ နားမလည်ဘဲနဲ့ ပြောတာလေ၊ နောက်တော့ ဦးနေဝင်းက ဆရာဦးဝန်ကို ပြန် တောင်းပန်ပါတယ်။

ဒေါက်တာ လှဟန် ပညာရေးဝန်ကြီးဖြစ်တော့ ဦးနေဝင်း ကို သွားတွေ့တယ်၊ ကျနော်က ကျန်းမာရေးမှာပဲ ကျွမ်းကျင်တယ်၊ ပညာ ရေး မှာ မကျွမ်းကျင်ဘူး၊ အဲဒီတော့ ပညာရေးကို ကျွမ်းကျင်တဲ့သူတွေလက် အပ်ချင်တယ်ဆိုတော့ ဦးနေဝင်းက ခွင့်ပြုတယ်၊ အဲဒီ တော့ ဒေါက်တာ လှဟန်က ဒေါက်တာ ညီညီတို့ ကျနော်တို့ကို ခေါ်ခန့်တယ်၊ ဒါပေမယ့် ဦးနေဝင်းက လွှမ်းမိုးထားတော့ ခန့်တာပဲရှိတယ်၊ ဘာမှ အလုပ်လုပ်လို့မရဘူး၊ လိုချင်တဲ့ပုံစံ မရဘူး။

မေး။     ။ ဒု ပညာရေး ဝန်ကြီးဟောင်း ဒေါက်တာ ညီညီ ကို ပညာရေးကို ဖျက်ဆီးသူလို့ စွပ်စွဲပြောဆိုမှုတွေ အပြင်မှာကြားနေရ တယ်၊ အဲဒါတွေက ဘယ်လောက်အထိ မှန်ပါသလဲ။

ဖြေ။     ။ ဒေါက်တာ ညီညီက ဘူမိဗေဒ ပါမောက္ခပေမယ့် ပညာရေးအပိုင်းမှာလည်း အများကြီး လေ့လာထားသူပါ၊ စိတ်နေ စိတ် ထားလည်း ကောင်းတယ်၊ အမှန်က သူဖျက်ဆီးတာ မဟုတ်ပါဘူး၊ ဦးနေဝင်း ဖျက်ဆီးတာပါ၊ ၁၉၆၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ် ဥပဒေ နှစ်ခုစလုံးကို ရုပ်သိမ်းလိုက်တယ်၊ ဒါဟာ ဒေါက်တာ ညီညီအနေနဲ့ ဖျက်သိမ်းနိုင်တဲ့ ပါဝါမရှိဘူး၊ ဆိုလို ချင်တာ တက္ကသိုလ် ပညာရေးရော အခြေခံပညာရေးကိုပါ ဖျက်ဆီးခဲ့တာ ဆရာညီညီ မဟုတ်ဘူး၊ ဝန်ကြီးလည်း အာဏာမရှိ ဒုဝန်ကြီးလည်း အာဏာမရှိ၊ ဦးနေဝင်းပဲ အာဏာရှိတာလေ။

ဒေါက်တာ ညီညီ အကြောင်းကို Time မဂ္ဂဇင်းမှာ မျက်နှာဖုံးပုံ ပါလာတော့၊ ဦးနေဝင်းက သူ့နေရာကို ဦးသန့်တို့လို ယူမယ့်လူ ထင်ပြီး တရုတ်သွေး ပါတယ်လို့ စွပ်စွဲပြီး ပ ထုတ်လိုက်တာပဲ၊ ဘာမှ အပြစ်အနာအဆာ မရှိဘူး၊ အကျင့်စာရိတ္တလည်း ကောင်းတယ်၊ ဒါပေမယ့် သိမ်သိမ် မွေ့မွေ့နေရာ ဖယ်လိုက်တာပဲ၊ သတ္တုတွင်း ဝန်ကြီး ဌာနကို ပို့တယ်၊ နောက်တော့ သံအမတ်ကြီး အဲဒီကမှ အနား ယူ ဒါပဲ၊ အလားအလာ ရှိသူကို မထားချင်တဲ့ သဘောပေါ့။

ဒေါက်တာညီညီက ပညာတတ်ပဲဗျာ၊ ဒီလိုဘယ်နေမလဲ၊ ကုလသမဂ္ဂကို သွားတယ်၊ ယူနီဆက်မှာ ဒါရိုက်တာအထိ လုပ်သွားတယ်၊ ဒါကြောင့် ဒေါက်တာ ညီညီက ထိုင်နေတဲ့ လူစားမဟုတ်ဘူး၊ အကျိုးရှိရာရှိကြောင်း လုပ်ရမှ ကျေနပ်တဲ့ လူမျိုးပါ။

မေး။     ။ ဆရာကြီးအနေနဲ့ လက်ရှိ ပညာရေး ဝန်ကြီးဌာနကလည်း ပင်စင်ယူလိုက်ပြီ၊ လွတ်လပ်ပြီး အတွေ့အကြုံ ရှိတဲ့ ပညာရှင် တဦးအနေနဲ့ မြန်မာ့ပညာရေး တိုးတက်ဖို့နဲ့ပတ်သက်ပြီး တခြားသော ပြင်ပအဖွဲ့အစည်းတွေက အကူအညီတောင်းလာရင် ပူးပေါင်း ဆောင်ရွက်ဖို့ရော အစီအစဉ်ရှိပါသလား။

ဖြေ။     ။ ကိုယ့်နိုင်ငံကောင်းဖို့ဆိုရင် မပူးပေါင်းနိုင်စရာ အကြောင်းမရှိပါဘူး၊ အကူအညီတောင်းလာရင် ပေးရမှာပါ၊ အခုလည်း လွတ်လပ် ပွင့်လင်းသော လူ့ဘောင်အဖွဲ့(OSI) က အမေရိကန် သူဌေး ဂျော့ဆိုးရော့စ်နဲ့ ပြီးခဲ့တဲ့နှစ်က ဟန်ဂေရီနိုင်ငံ ဘူဒါပက်မှာ ပညာရေးအတွက် ဆွေးနွေးတယ်၊ အခုလည်း သူတို့နဲ့ မြန်မာပြည်ပညာရေးနဲ့ပတ်သက်ပြီး ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာ သုံးသပ်ရေးဆိုပြီး လုပ်နေတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က လုပ်တဲ့ ပညာရေးအစည်းအဝေးတွေလည်း ဖိတ်တဲ့အခါ တက်ပါတယ်၊ ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ ကလည်း ၁၉၆၄ ခုနှစ်ကတည်းက စပြီး ရင်းနှီးတော့ ပညာရေးနဲ့ပတ်သက်ရင် အစိုရကပဲ လုပ်လုပ်၊ NLDကပဲလုပ်လုပ် အကူအညီတောင်းရင်တော့ လုပ်ပေးမယ်။ ၁၉၅၄ ခုနှစ်ကနေပြီး အခုအထိတိုင် မြန်မာပြည်ပညာရေးမှာ ကျင်လည်ခဲ့တော့ သူများနိုင်ငံက ပညာရေး ဘယ်လောက်ကောင်းတယ်ဆိုလည်း သိတယ်၊ တို့နဲ့ သူတို့နဲ့ မတူဘူးဆိုတာလည်း သိတယ်၊ ဘာကစပြီး လုပ် ရမယ်၊ ဘာလုပ်ရမယ် ဆိုတာလည်း သိတယ်၊ အဲဒီတော့ တိုင်ပင်ဆောင်ရွက်လာရင် ငြင်းစရာ မရှိဘူး၊ ပညာရေး ဆိုတာ တခရီး တည်း သွားရမှာပဲ။     ။

Your Thoughts …
Tags: EducationInterviews
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လိင်ပညာပေး

အမျိုးသားတို့ သုက် လွှတ် မစောစေဖို့

by အေးမင်း
21 May 2016
101.6k

အမျိုးသား အများစုဟု Missionary လို့ခေါ်တဲ့ လှေကြီးထိုး ပုံစံ အနေအထားမှာ နှိုးဆွမှုကို ပိုပြီး ခံစား ရလေ့ ရှိပါတယ်။ ဒါ ကြောင့် လိင်ဆက်ဆံနေစဉ် အတွင်းမှာ ပုံစံ အနေအထား အမျိုးမျိုးပြောင်းလဲ တာက...

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

by အေးမင်း
27 April 2016
203k

လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ လိင်တံကျိုးခြင်း၊ မအင်္ဂါ စုတ်ပြတ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်းခြင်းတို့ဟာ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်

ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းနှင့် သတိပြုရမည့် အချက်များ

by အေးမင်း
9 July 2016
141.1k

တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့...

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

by အေးမင်း
16 July 2016
108.2k

မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင်...

ကျန်းမာရေး , လိင်ပညာပေး

လိင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်တဲ့ လေ့ကျင့်ခန်း ၅ ခု

by အေးမင်း
28 May 2016
185.6k

လိင်မှုဆိုင်ရာ စွမ်းရည်တွေကို အမြင့်ဆုံးမြှင့်တင်ပေးမယ့် လေ့ကျင့်ခန်း ၅ ခုကတော့ အလေးမခြင်း၊ Kelgel လေ့ကျင့်ခန်း ၊ ယောဂ လေ့ကျင့်ခြင်း၊ ရေကူးခြင်းနဲ့ လမ်းမြန်မြန်လျှောက်ခြင်းတို့ ဖြစ်ပါတယ်

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

by အေးမင်း
27 June 2015
422k

သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင်

Next Post
“လွှတ်တော် အမတ်တောင် ငုတ်တုတ် ထိုင်ကြည့်နေရတယ်”

“လွှတ်တော် အမတ်တောင် ငုတ်တုတ် ထိုင်ကြည့်နေရတယ်”

သမီးတစ်ကောင် ကလပ်ခြောက်ထောင်

သမီးတစ်ကောင် ကလပ်ခြောက်ထောင်

Please login to join discussion
No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved