• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

လိင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်တဲ့ လေ့ကျင့်ခန်း ၅ ခု

by အေးမင်း
28 May 2016
in Lifestyle
A A
ကျန်းမာရေး , လိင်ပညာပေး

တပတ်မှာ ၃ ကြိမ်၊ ၄ ကြိမ်လောက် လေ့ကျင့်ခန်းလုပ်ရင် လိင်မှုဆိုင်ရာစွမ်းဆောင်ရည်တွေ တိုးတက်လာမှာဖြစ်ပါတယ်

185.6k
VIEWS
Share on FacebookShare on Twitter

လေ့ကျင့်ခန်း လုပ်ခြင်းက ကျန်းမာရေးအတွက် ကောင်းတယ်လို့ အများစုက သိကြပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ် ခြင်းက ကိုယ့်ရဲ့ လိင်မှုစွမ်းဆောင်ရည်တွေ ပိုမိုကောင်းမွန်လာစေတယ်ဆိုတာကို သတိပြုမိတဲ့ သူ တော့ နည်းပါလိမ့်မယ်။ “တပတ်မှာ ၃ ကြိမ်၊ ၄ကြိမ်လောက် လေ့ကျင့်ခန်းလုပ် ရင် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေ တိုး တက်လာဖို့ အထောက် အကူပြုပါတယ်။” လို့ အမေရိကန်နိုင်ငံ American Council on Exercise (ACE) က လေ့ကျင့်ရေး စိတ်ပညာရှင်နဲ့ နည်းပြ တဦး ဖြစ်တဲ့ Pete McCall ကပြောပါတယ်။

ဒါဆိုရင် ဘယ်လိုလေ့ကျင့်ခန်း အမျိုးအစားတွေက လိင်ကိစ္စအတွက် အကောင်း ဆုံးဖြစ်နိုင်မလဲ ဆိုတာလဲ အရေးကြီး ပါတယ်။ Pete McCall ကတော့ အောက်ပါ လေ့ကျင့်ခန်း ၅ ခုကို ထောက် ခံချက်ပေးထားပါတယ်။

(၁) အလေးမခြင်း

“အလေးမ တာက ကိုယ်ခန္ဒာအတွင်းမှာ အမျိုးသား ဟိုမုန်း (testosterone) ထုတ်လုပ်မှုကို ဖြစ်စေပါတယ်။ ဒီဟိုမုန်းက အမျိုးသားတွေရဲ့ လိင်မှုကိစ္စမှာ ပင်မ အခြေခံတခု ဖြစ်ပါတယ်။” လို့ Pete McCall ကဆိုပါတယ်။ မောပန်းလာတယ် လို့ ခံစားရတဲ့ အထိ တခါကို ၁၀ကြိမ်စီလောက် မ ဖို့လည်း သူက အကြံပြုလိုက်ပါတယ်။ ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာ တွေကိုလည်း လုပ်နိုင်တယ်လို့ သိရပါတယ်။ ဒီလေ့ကျင့်ခန်းတွေနဲ့ အလေးမခြင်း က ကြွက်သားတွေဖွံ့ဖြိုး သန်မာလာစေ တဲ့ လေ့ကျင့် ခန်း တွေ ဖြစ်ပြီးတော့ ပုခုံး၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကြွက်သားတွေ သန်မာခြင်းက လိင်ဆက်ဆံမှုမှာ အထောက် အကူ ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာ အပေါ်ပိုင်း ကြံ့ခိုင်သန်မာခြင်းကြောင့် သက်လုံပိုကောင်းစေနိုင် သလို အဲဒီကြွက်သားတွေက လိင်ဆက်ဆံချိန်မှာ အသုံးချရတဲ့ ကြွက်သားတွေ ဖြစ်နေလို့ပါပဲ။

(၂) Kegel လေ့ကျင့်ခန်း

အမေရိကန်နိုင်ငံက သားဖွားမီးယပ် အထူးကုဆရာဝင် ဒေါက်တာ Arnold Kegel ရဲ့ အမည်ကို အစွဲပြုမှည့်ခေါ်ထားတဲ့ Kegel လေ့ကျင့်ခန်း တွေကလည်း အမျိုးသားတွေရဲ့ လိင်မှုကိစ္စအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတခု ဖြစ်ပါတယ်။ တင်ပါးဆုံ အတွင်းမှာ ရှိတဲ့ pubococcygeus ကြွက်သား (PC ကြွက်သား လို့လည်းခေါ်ပါတယ်)ကို ညှစ်လိုက် လျှော့လိုက် လုပ်ပေးရတဲ့ လေ့ကျင့် ခန်းဖြစ်ပါတယ်။ ဘယ်နေရာမှာလဲဆိုတာကို သိချင်ရင် ဆီးသွားနေတုန်း ရပ်ကြည့်လိုက်ပါ။ ရပ်သွားအောင် ညှစ်ပေးလိုက်တဲ့ ကြွက်သား က PC ပါပဲ။ PC ကြွက်သား ကို သန်မာအောင်လေ့ကျင့်ပေးခြင်း အားဖြင့် သုတ်လွှတ်ချိန်ကို ပိုမိုကြာမြင့်အောင် ထိန်းထားနိုင်တယ်လို့ Pete McCall ကဆိုပါတယ်။ စတင်လေ့ကျင့်ဖို့ အတွက် ဆီးသွား ချိန်မှာ ရပ်လိုက် သွားလိုက်လုပ်ပြီး ဒီကြွက်သား၏ လှုပ်ရှားမှုကို သိအောင်လေ့ကျင့်ပါ။ သိသွားပြီဆိုရင်တော့ အချိန်မရွေး၊ နေရာမရွေး ဒီလေ့ကျင့်ခန်းကို လုပ်လို့ရပါပြီ။ စာဖတ်ရင်း၊ ကားစီးရင်း၊ အလုပ်လုပ်ရင်း၊ အင်တာနက်သုံးရင်း ဘယ်အချိန်မဆို လုပ်လို့ရပါတယ်။ ၁၀ စက္ကန့်လောက်အထိ ညှစ်ထားနိုင်အောင် တဖြည်းဖြည်းချင်းတိုးပြီး လုပ်သွားဖို့ Pete McCall က အကြံပြုထားပါတယ်။ မမော မချင်း လုပ်နိုင်သလောက် လုပ်လို့ ရပါတယ်။ အမျိုးသမီးတွေ လည်းလေ့ကျင့်လို့ ရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
133
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

(၃) ယောဂ လေ့ကျင့်ခန်း

ပုံစံ အနေအထား အသစ် အမျိုးမျိုးကို ပြောင်းပြီး လိင်မှုသုခကို ခံစားချင်ရင် ယောဂလေ့ကျင့်ခြင်း အားဖြင့် ကိုယ့်ရဲ့ ကိုယ် ခန္ဓာ အနေအထားကို လိုသလိုပြောင်းလဲပြီး လိင်ဆက်ဆံချိန်မှာ အမြင့်ဆုံး သုခကို ဖန်တီးနိုင်ပါတယ်လို့ Pete McCall က ဆိုပါတယ်။ ယောဂ လေ့ကျင့်ခန်းက အကြောအချင်တွေလျော့ပြီး ကိုယ်ခန္ဓာကို ပျော့ပျောင်းစေတဲ့ အတွက် ပိုမိုကောင်းမွန် တဲ့ လိင်ဆက်ဆံမှုကို ဖြစ်စေနိုင်ပါတယ်။ သက်လုံ ပိုပြီးတော့ကောင်းလာစေတယ်လို့ လည်း ပညာရှင် အချို့ကပြောကြပါ တယ်။ Bow Pose၊ Peacock Pose နဲ့ Shoulder Stand စတဲ့ ယောဂ လေ့ကျင့်နည်း ပုံစံတွေက PC ကြွက်သားအတွက် လည်း ကောင်းတယ်လို့ Pete McCall က အကြံပြုထားပါတယ်။

(၄) လမ်းမြန်မြန်လျှောက်ခြင်း

Harvard တက္ကသိုလ်က သုတေသီတွေက အသက် ၅၀ ကျော် အမျိုးသား ၃၁၀၀၀ ကိုလေ့လာကြည့်တဲ့ အခါ အေရိုဘစ် လေ့ကျင့်ခန်းတွေ လုပ်ခြင်းက လိင်အင်္ဂါတင်းမာနိုင်မှုပြဿနာ ဖြစ်စေနိုင်တဲ့ အန္တရယ်ကို ၃၀ ရာခိုင်နှုန်းလောက် လျှော့ ချ ပေးနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ တခြားလေ့လာမှုတွေ အရလည်း တနေ့ကို အနည်းဆုံး ကယ်လိုရီ ၂၀၀ လောက် လောက်ကျွမ်းအောင် အေရိုဘစ်လေ့ကျင့်ခန်း ပြုလုပ်ခြင်း ဒါမှ မဟုတ် ၂ မိုင်လောက် လမ်းမြန်မြန်လျှောက်ခြင်းက လိင်အင်္ဂါတင်းမာနိုင်စွမ်းမရှိတဲ့ ပြဿနာကို သိသိသာသာ လျော့ကျစေတယ် ဆိုတာ သိခဲ့ရပါတယ်။ ခပ်သွက်သွက် လမ်း လျှောက်ခြင်းက သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေတဲ့ အတွက် ကြောင့် ဖြစ်ပါတယ်။“ လမ်းအမြန်လျှောက်ခြင်း၊ ပြေးခြင်းနဲ့ အေရိုဘစ်လေ့ကျင့် ခန်းတွေလုပ်ခြင်းက လိင်မှုစွမ်းရည်အတွက် ကောင်းသလို နှလုံးရောဂါကိုလည်း ကာကွယ် ပေးပါတယ်။” လို့ Pete McCall က ပြောပါတယ်။ ဒီလေ့ကျင့်ခန်းတွေက သွေးကြောတွေကို သန့်ရှင်း စင်ကြယ်စေတဲ့ အတွက် လိင်အင်္ဂါ တောင့် တင်းမှု ပိုသန်မာလာစေသလို အချိန်လည်း ပိုကြာလာစေနိုင်တယ်လို့ လည်းဆိုပါတယ်။

(၅) ရေကူးခြင်း

Harvard သုတေသီတွေကပဲ အမျိုးသားရော အမျိုးသမီးတွေပါ ပါဝင်တဲ့ ရေကူးသမား ၁၆၀ ကို လေ့လာတဲ့ အခါမှာ အသက် ၆၀ ကျော် ရေကူးသမားတွေဟာ အသက် ၄၀ ဝန်းကျင်ကလိုမျိုးပဲ လိင်မှုကိစ္စမှာ စွမ်းဆောင်နိုင်သေးတယ်ဆို တာ တွေ့ရှိခဲ့ရပါတယ်။ “တကြိမ်ကို အနည်းဆုံး မိနစ် ၃၀ လောက် တပတ်ကို ၃ ကြိမ်လောက် ရေကူးပေးခြင်းက လိင်ဆက်ဆံ ရာမှာ သက်လုံကောင်းလာစေနိုင်ပါတယ်။” လို့ Pete McCall က ပြောပါတယ်။ ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေ မှာ ဖြစ်ပါတယ်။ အဝလွန်ခြင်းက လိင်စွမ်းဆောင်ရည် အပေါ်ထိခိုက်နိုင်ကြောင်း သုတေသီတွေ တွေ့ရှိခဲ့ပြီးပါပြီ။ နောက်ပြီး တော့ အဆီတွေလျော့ကျပြီး ကြွက်သားတွေနဲ့ ကိုယ်ခန္ဓာက လိင်ဆွဲဆောင်မှု ပိုကောင်းမယ် ဆိုတာကလည်း အသေအချာ ပါပဲ။

အထက်ပါ လေ့ကျင့်ခန်းတွေကို အားလုံးဖြစ်စေ၊ တချို့ကို ဖြစ်စေ လုပ်ပေးနိုင်မယ်ဆိုရင် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် တွေ တိုးတက်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ အဖော်ကို စိတ်ကျေနပ် နှစ်သိမ့်မှုပေးနိုင်သလို နောက်ဆက်တွဲ အကျိုးရလဒ် အနေနဲ့ ကျန်းမာရေးလည်း ပိုကောင်းလာမှာဖြစ်ပါတယ်။

Your Thoughts …
Tags: Education
အေးမင်း

အေးမင်း

ဧရာဝတီ

Similar Picks:

လိင်ပညာပေး

အမျိုးသားတို့ သုက် လွှတ် မစောစေဖို့

by အေးမင်း
21 May 2016
101.6k

အမျိုးသား အများစုဟု Missionary လို့ခေါ်တဲ့ လှေကြီးထိုး ပုံစံ အနေအထားမှာ နှိုးဆွမှုကို ပိုပြီး ခံစား ရလေ့ ရှိပါတယ်။ ဒါ ကြောင့် လိင်ဆက်ဆံနေစဉ် အတွင်းမှာ ပုံစံ အနေအထား အမျိုးမျိုးပြောင်းလဲ တာက...

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

by အေးမင်း
27 April 2016
203k

လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ လိင်တံကျိုးခြင်း၊ မအင်္ဂါ စုတ်ပြတ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်းခြင်းတို့ဟာ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်

ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းနှင့် သတိပြုရမည့် အချက်များ

by အေးမင်း
9 July 2016
141.1k

တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့...

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

by အေးမင်း
16 July 2016
108.2k

မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင်...

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

by အေးမင်း
27 June 2015
422k

သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင်

ကျန်းမာရေး , လိင်ပညာပေး

ကွန်ဒုံးအသုံးပြုခြင်း၏ ဆိုးပြစ်များ

by အေးမင်း
7 May 2016
113.5k

Latex ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင် ဆီကို အခြေခံတဲ့ ချောဆီတွေ မသုံးရပါဘူး။ Latex ကွန်ဒုံးတွေက ဆီနဲ့ တွေ့တဲ့အခါ မိနစ်ပိုင်းအတွင်း ပျက်စီးသွားနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ရေကို အခြေခံတဲ့ ချောဆီ တွေကိုအသုံးပြုရ ပါမယ်

Next Post
စာအုပ်

ဒီတပတ် ဘာစာအုပ်တွေ ထွက်လဲ

အပူဒဏ်

Alpine က နွေရာသီအတွက် အကြံပြုချက်များ - အပူချိန်ပြင်းသည့် အချိန်များတွင် အေးစက်စွာ နေထိုင်ခြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved