• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

by အေးမင်း
27 April 2016
in Lifestyle
A A
လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ ၆ ခုရှိနေသည်

203k
VIEWS
Share on FacebookShare on Twitter

လိင်ဆက်ဆံခြင်း ကြောင့်သွေးပေါင်ချိန်ကျစေနိုင်တယ်၊ အိပ်လို့ကောင်းစေတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင် ပေးနိုင် တယ် စတဲ့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ်လို့ လက်တွေ့မှာ အန္တရာယ်ဖြစ်စေနိုင်တာတွေလည်း ရှိပါ တယ်။ ၂၀၁၀ ခုနှစ်က အင်္ဂလန်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတခု အရ အရွယ်ရောက်ပြီးသူ ၃ပုံ ၁ပုံလောက်ဟာ လိင်ဆက်ဆံ မှု ကြောင့် ဒုက္ခရောက်ခဲ့ရတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ အန္တရယ်တွေနဲ့ ရှောင်ကျဉ် နိုင်မယ့် နည်းလမ်း တချို့ကို ဖော်ပြလိုက်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

လိင်ဆက်ဆံမှုကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို အမျိုးသမီးတွေ ကြုံရတတ်ပါတယ်။ လိင်ဆက်ဆံစဉ် အတွင်းမှာ လိင် အင်္ဂါ တဝိုက်နဲ့ စအိုက ဘက်တီးရီးယားတွေက အမျိုးသမီးတွေရဲ့ ဆီးပြွန်၊ ဆီးအိမ် ဒါမှ မဟုတ်ကျောက်ကပ်ကို ဝင် ရောက်သွားနိုင်ပါတယ်။ ဒီလို ဖြစ်ရင် ဆီးသွားစဉ်မှာ နာကျင်တာ၊ နောက်ကျောနာတာ၊ ဗိုက်နာတာတွေ ခံစားရတတ် ပါတယ်။

ဒီလို မဖြစ်စေဖို့ အတွက် လိင်ဆက်ဆံမှု မပြုခင်နဲ့ ဆက်ဆံပြီးတဲ့ အချိန်မှာ ဆီးသွားပါ။ ဒီလို လုပ်ခြင်းအားဖြင့် ဆီးလမ်း ကြောင်းက ဘက်တီးရီးယားတွေကို ရှင်းလင်းပေးနိုင်သလို ဆီးအိမ်ကို ဖိအားလည်းသက်သာစေပါတယ်။ ဆီး သွားရင် လည်း ဆီးအိမ်ထဲမှာ လုံးဝမကျန်အောင်လုပ်ပါ။ လိင်ဆက်ဆံမှု မပြုမီနဲ့ ပြုပြီး ချိန်မှာ လက်ဆေးပါ။ ဆီးရွှင်ရွှင် သွားနိုင်ဖို့ အတွက် ရေသို့ မဟုတ် အရည် များများသောက်ပါ။

လိင်ကိစ္စကြောင့် ခေါင်းကိုက်ခြင်း

လိင်ဆက်ဆံမှုကြောင့် ခေါင်းကိုက်တာမျိုးက စိုးရိမ်စရာအကြောင်းတခုတော့ အမြဲတမ်းမဟုတ်ပါဘူး။ ဒါပေမယ့် တခါ တရံ တော့ သွေးပေါင်ချိန် ကျဆင်းတာ၊ ဦးနှောက် အကျိတ် သို့မဟုတ် ဦးနှောက်တွင်း သွေးယိုစီးတာ လိုမျိုး အလေးအနက် ထား ရမယ့် ကျန်းမာရေးပြဿနာတွေ ရဲ့ အရိပ်အယောင် ဖြစ်နေနိုင်ပါတယ်။ လိင်ဆက်ဆံစဉ်မှာ ခေါင်းကိုက်တာက အမျိုးသားတွေမှာရော အမျိုး သမီးတွေမှာပါဖြစ်တတ်ပါတယ်။ များသော အားဖြင့် လိင်ဆက်ဆံမှုရဲ့ အထွဋ်အထိပ်ကို မ ရောက်မီနဲ့ ရောက်သွားတဲ့ အချိန်မှာ ဒါမှမဟုတ်ရင်လည်း လိင်ဆက်ဆံပြီးလို့ များစွာ မကြာသေးတဲ့ အချိန်မှာ ဖြစ်တတ် ပါ တယ်။ ဒီလို ခေါင်းကိုက်ခြင်းမျိုးက ရုတ်တရက် တဒုတ်ဒုတ်နဲ့ နာကျင်လာတာမျိုး ဒါမှ မဟုတ်ရင်လည်း လိင်စိတ်ပြင်းထန် လာတာနဲ့ အမျှ ခေါင်းက တဖြည်းဖြည်းနဲ့ ကိုက်လာတာမျိုးလည်း ရှိပါတယ်။ ဒီလို ခေါင်းကိုက်တာမျိုးကို ပထမဆုံး ကြုံတွေ့ရရင် ဒါမှ မဟုတ် အုန်းလွဲတာ၊ အော့အန်တာစတဲ့ ရောဂါလက္ခဏာတွေနဲ့ တွဲပြီး ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ တိုင် ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

နှလုံးရောဂါ

Journal of the American Medical Association က ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတခုအရ လိင်ဆက်ဆံရာ မှာ အင်တိုက်အားတိုက်ပြုမူဆောင်ရွက်တတ်သူတွေဟာ တက်တက်ကြွကြွ မရှိတတ်သူတွေနဲ့စာရင် လိင်ဆက်ဆံပြီး နာရီ အနည်းငယ်အတွင်းမှာ နှလုံးရောဂါ(Heart attack) ဖြစ်နိုင်ခြေ ၃ဆလောက်ပိုများတယ်လို့ သိရပါတယ်။ ဒါပေမယ့် အမြဲ တမ်းတော့ မဟုတ်ပါဘူး။ စောင့်ကြည့် သင့်တဲ့ အရိပ်လက္ခဏာတွေကတော့ ရင်ဘတ် က မိနစ်အနည်းငယ် အောင့်ခြင်း ဒါမှမဟုတ် အောင့်လိုက် ပျောက်သွားလိုက်ဖြစ်ခြင်း၊ နှလုံးခုန်သံ မြန်ခြင်း ဒါမှမဟုတ် မမှန်ခြင်း နဲ့ ရင်ဘတ် မအောင့်မီနဲ့ အောင့်နေချိန်မှာ အသက်ရှူမဝခြင်း တွေဖြစ်ပါတယ်။

မောပန်းနွမ်းနယ်ခြင်း၊ ပျို့ချင် အန်ချင်သလိုဖြစ်ခြင်း၊ နောက်ကျော သို့မဟုတ် ဝမ်း ဗိုက် နာကျင်ခြင်း နဲ့ အနည်းငယ်ခေါင်းကိုက်ခြင်း စတဲ့ တခြား လက္ခဏာတွေ ကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။

လေဖြတ်ခြင်း

Patent Foramen Ovale (PFO) လို့ခေါ်တဲ့ နှလုံးမှာ အပေါက်ပါတာလိုမျိုး တခြားရောဂါတွေမရှိရင် လိင်ဆက်ဆံခြင်း ကြောင့် လေဖြတ်တာ ဖြစ်ဖို့ ခဲယဉ်းပါတယ်။ PFO နဲ့ လေဖြတ်ခြင်းကြားထဲက ဆက်သွယ်ချက်ကို ခုထိရေရေ ရာရာ မသိရ သေးပါဘူး။ သုတေသန ပြုနေဆဲပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Ohio ပြည်နယ်မှာ ရှိတဲ့ Cleveland Clinic ရဲ့ အဆိုအရ PFO ရှိသူတွေထဲက လေဖြတ်တဲ့သူက ၁ ရာခိုင်နှုန်းထက် နည်းတယ်လို့ သိရပါတယ်။ လေဖြတ်ခြင်းရဲ့ သင်္ကေတတွေက တော့ စကားပြောရခက်ခဲခြင်း၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ အားနည်းသလို ခံစားရခြင်း၊ ရုတ်တရက် ဆိုသလို ကိုယ် တခြမ်း ထုံကျဉ်သွားခြင်းနဲ့ အမြင်အာရုံ ပြတ်သားမှုမရှိဘဲ ပုံရိပ်တွေ ၂ ထပ်မြင်နေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

လိင်တံကျိုးခြင်း

အမျိုးသားတွေရဲ့ လိင်တံဟာ အရိုးမပါပေမယ့် ကျိုးနိုင်ပါတယ်။ လိင်တံ တင်းမာနေတဲ့ အချိန်မှာ ရုတ်တရက် ကွေး ကောက်သွားမယ်ဆိုရင် ကျိုးသွားနိုင်ပါတယ်။ အမျိုးသမီး အင်္ဂါနဲ့ စအိုကြားက တင်းမာနေတဲ့နေရာကို အရှိန်နဲ့ ဝင်တိုး မိတာမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်သွားတဲ့ သူတွေ အနေနဲ့ ပြင်းထန်စွာ နာကျင်ခြင်း၊ ရောင်ရမ်း ခြင်းတွေ ခံစားရသလို လိင်တံမှာလည်း အတွင်းကြေသလိုမျိုး အမည်းရောင်တွေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီလို အဖြစ်မျိုးကို ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံလေ့ရှိသူတွေ ဖြစ်တတ်ပါတယ်။ စိတ်လိုက်မာန်ပါ တကိုယ်ရေ အာသာဖြေမှုပြုတတ်သူ တချို့လည်း ဖြစ်တတ်ပါတယ်။

တကယ်လို့ ဒီလို အဖြစ်နဲ့ ကြုံပြီဆိုရင် ဆေးဝါး အမြန်ဆုံးကုသဖို့ အရေးကြီးပါတယ်။ ဆရာဝန်က စစ်ဆေးပြီး ကျိုးသွားတာ သေချာပြီဆိုရင် ခွဲစိတ်ကုသ ပေးမှာ ဖြစ်ပါတယ်။ ကုသမှု မခံယူဘဲဒီတိုင်းထားရင် လိင်တံတင်းမာနိုင်ခြင်း မရှိတာ၊ ပုံသဏ္ဍန် ပျက်ယွင်းသွားတာတွေ ဖြစ်လာနိုင်ပါတယ်။

အမျိုးသမီး အင်္ဂါစုတ်ပြဲခြင်း

လိင်မှုကိစ္စမှာ တက်တက်ကြွကြွရှိတဲ့ အမျိုးသမီး အများစုဟာ ဒီလို စုတ်ပြဲမှုကို တသက်မှာ တကြိမ်တော့ ကြုံလေ့ရှိ ပါတယ်။ဒီလို ဖြစ်လာရင် လိင်ဆက်ဆံတဲ့အခါ သက်တောင့်သက်သာ မရှိတာတွေ နာကျင်တာတွေ ခံစားရနိုင်ပါတယ်။

အမျိုးသမီး အင်္ဂါ စုတ်ပြဲရခြင်းဟာများသော အားဖြင့် အမျိုးသမီး အင်္ဂါ ခြောက်သွေ့မှုကြောင့် ဖြစ်တတ်ပါတယ်။ လုံလောက် တဲ့နှိုးဆွမှုတွေ မရှိခဲ့ရင်၊ ဟိုမုန်း အပြောင်းအလဲဖြစ်ရင်၊ စိတ်ဖိစီးမှုတွေ ရှိနေရင် ခြောက်သွေ့မှု ဖြစ်တတ်ပါတယ်။

ဒီလို မဖြစ်ရအောင်လို့ (ရေကိုအခြေခံတဲ့)ချောဆီ သုံးခြင်း၊ လိင်ဆက်ဆံတဲ့ ပုံစံအပြောင်းအလဲလုပ်ခြင်း နဲ့ ကြိုတင်နှိုးဆွ မှုကို အချိန်ယူပြီး ပြုလုပ်ခြင်းများနဲ့ ကာကွယ်နိုင်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
143
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

ဒါပေမယ့် တော်တော်နဲ့ မပျောက်ဘူး၊ သွေးထွက်တာ မရပ်ဘူးဆိုရင်တော့ ရောဂါပိုးကူးစက်နိုင်တဲ့ အတွက် ဆရာဝန်နဲ့ အလျှင်အမြန်ပြသသင့်ပါတယ်။

Source: everydayhealth.com

Your Thoughts …
Tags: Education
အေးမင်း

အေးမင်း

ဧရာဝတီ

Similar Picks:

လိင်ပညာပေး

အမျိုးသားတို့ သုက် လွှတ် မစောစေဖို့

by အေးမင်း
21 May 2016
101.6k

အမျိုးသား အများစုဟု Missionary လို့ခေါ်တဲ့ လှေကြီးထိုး ပုံစံ အနေအထားမှာ နှိုးဆွမှုကို ပိုပြီး ခံစား ရလေ့ ရှိပါတယ်။ ဒါ ကြောင့် လိင်ဆက်ဆံနေစဉ် အတွင်းမှာ ပုံစံ အနေအထား အမျိုးမျိုးပြောင်းလဲ တာက...

ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းနှင့် သတိပြုရမည့် အချက်များ

by အေးမင်း
9 July 2016
141.1k

တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့...

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

by အေးမင်း
16 July 2016
108.2k

မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင်...

ကျန်းမာရေး , လိင်ပညာပေး

လိင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်တဲ့ လေ့ကျင့်ခန်း ၅ ခု

by အေးမင်း
28 May 2016
185.6k

လိင်မှုဆိုင်ရာ စွမ်းရည်တွေကို အမြင့်ဆုံးမြှင့်တင်ပေးမယ့် လေ့ကျင့်ခန်း ၅ ခုကတော့ အလေးမခြင်း၊ Kelgel လေ့ကျင့်ခန်း ၊ ယောဂ လေ့ကျင့်ခြင်း၊ ရေကူးခြင်းနဲ့ လမ်းမြန်မြန်လျှောက်ခြင်းတို့ ဖြစ်ပါတယ်

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

by အေးမင်း
27 June 2015
422k

သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင်

ကျန်းမာရေး , လိင်ပညာပေး

ကွန်ဒုံးအသုံးပြုခြင်း၏ ဆိုးပြစ်များ

by အေးမင်း
7 May 2016
113.5k

Latex ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင် ဆီကို အခြေခံတဲ့ ချောဆီတွေ မသုံးရပါဘူး။ Latex ကွန်ဒုံးတွေက ဆီနဲ့ တွေ့တဲ့အခါ မိနစ်ပိုင်းအတွင်း ပျက်စီးသွားနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ရေကို အခြေခံတဲ့ ချောဆီ တွေကိုအသုံးပြုရ ပါမယ်

Next Post
ဦးခေါင်းပြတ် သေဆုံးနေသော ကလေးငယ် ကို သတ်သည့် တရားခံ ဖမ်းမိရေး ရဲတပ်ဖွဲ့ စုံစမ်းနေ

ဦးခေါင်းပြတ် သေဆုံးနေသော ကလေးငယ် ကို သတ်သည့် တရားခံ ဖမ်းမိရေး ရဲတပ်ဖွဲ့ စုံစမ်းနေ

မန္တလေးတိုင်း လေဘေးသင့်ပြည်သူ ၂ သောင်းကျော်အတွက် အလှူရှင်များလိုအပ်နေ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved