နွေရာသီအတွင်း ပူပြင်းလှသည့်အချိန်၊ အထူးသဖြင့် ယခုလိုမျိုး အယ်နီညို၏ အပူလှိုင်းဒဏ်များ နိုင်ငံတဝှမ်း ပျံ့နှံ့ (spelling) နေရာ ကြိုတင်ပြင်ဆင်မှု မပြုလုပ်ထားသော ပြည်သူလူထုအတွက် ကျန်းမာရေးပိုင်းတွင် ဘေးအန္တရာယ်များ ကျရောက်နိုင်ပါသည်။ လူအများစုသည် အလုပ်သွားသည့်အချိန်၊ ပန်းခြံတွင် အပြေးလေ့ကျင့်သည့်အချိန်၊ သို့မဟုတ် နေ့စဉ်သွားလာလှုပ်ရှားသည့် အချိန်များတွင်လည်း ရာသီဥတု ပူပြင်းသည့်ဒဏ်ကို ကြုံတွေ့ခံစားရမည် ဖြစ်ပါသည်။
လူအချို့မှာ အပူဒဏ်ကြောင့် အမောဖောက်ခြင်းနှင့် အပူရှပ်ခြင်းများမှ တဆင့် ကြွက်တက်ခြင်း၊ ခေါင်းမူးဝေခြင်းများဖြစ် ကာ အဆိုးဝါးဆုံးအချိန်များတွင် ကယောက်ကယက်ဖြစ်ခြင်း၊ တက်ခြင်းနှင့် သတိမေ့မျောခြင်းတို့ခံစားရပါသည်။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်၌ ရှိသောအပူချိန်ကို ထိန်းသိမ်းရာတွင် ထိရောက်မှုရှိအောင် ထိန်းသိမ်းနိုင်ပါသည်။ ထိုသို့ ထိန်း သိမ်းရာ၌ ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်၏အပူချိန်ကို လျော့သွားနိုင်အောင် လုပ်ပေးနိုင်သည်။ သို့ရာတွင် ခန္ဓာကိုယ်၌ ရေ ဓာတ်ခန်းခြောက်သည့်အခါ၌ အအေးခံရန် ရေများမရှိတော့သောကြောင့် ခန္ဓာကိုယ်၏ ကိုယ်အပူချိန်ကို ၄၀ ဒီဂရီအထိ အရှိန် မြင့်တက်စေပါသည်။
ဤသို့ ဆက်လက်ဖြစ်ပါက အပူရှပ်ခြင်းကို ခံစားရနိုင်ပါသည်။ ထို ပြင်းထန်သောအပူချိန်ကို ကြိုတင်ထိန်းသိမ်းခြင်း မရှိပါ က ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအပေါ် ဆိုးဝါးစွာ ထိခိုက်နိုင်ပါသည်။ အထူးသဖြင့် မွေးခါစကလေးများ သို့မဟုတ် ကလေး ငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နေမကောင်းဖြစ်နေသူများမှာ ပူပြင်းသည့်ဒဏ်ကို ခံစားကြရသည်။
Alpine မှ တနေ့တာအတွင်း အပူဒဏ်ကို ဘယ်လို ထိန်းသိမ်းရမလဲ၊ ခန္ဓာကိုယ်၏ အပူချိန်ကို လျော့ကျအောင် ဘယ်လို ထားရမလဲဆိုသည့် အကြံပြုချက်များကို မျှဝေလိုက်ပါသည်။
၁။ ရေဓာတ်ပြည့်ဝအောင် ဖြည့်ဆည်းပြီး နေထိုင်ပါ။
ဤအကြံပေးချက်သည် ခက်ခက်ခဲခဲမဟုတ်ပါ။ အပူဒဏ်ခံနိုင်ရန်အတွက် ခန္တာကိုယ်တွင်ရှိသော ရေဓာတ်ကို ဖြည့်ဆည်း ပေးခြင်း ဖြစ်ပါသည်။ ချွေးထွက်မှုကြောင့် လည်းကောင်း၊ အသက်ရှူသည့်အခါတွင် လည်းကောင်း၊ အပေါ့သွားရာတွင် လည်းကောင်း ခန္ဓာကိုယ်၏ ရေဓာတ်များထွက်သည်ကို ကာမိစေရန်အတွက် ရေများများသောက်ရန် လိုအပ်ပါသည်။ ပုံမှတ်သတ်မှတ်ထားသည်မှာ အမျိုးသားတယောက်သည် တရက်လျှင် ရေဓာတ် ၃.၇ လီတာ လိုအပ်ပြီး အမျိုးသမီးတဦး မှာ ၂.၇ လီတာ လိုအပ်ပါသည်။ ထို့ကြောင့် အပြင်သွားသည့်အခါ ရေဘူးတဘူးစီဆောင်သွားရန် အကြံပြုလိုပါသည်။
၂။ ပေါ့ပါးသော အဝတ်အစားများကို ဝတ်ဆင်ပါ။
ပေါ့ပါးပြီး အရောင်ဖျော့သော အဝတ်အစားများကို ကိုယ်၌ ဝတ်ဆင်သင့်ပါသည်။ ထိုအဝတ်အစားများသည် အပူရှိန်ကို စုပ်ယူထားခြင်းမရှိသောကြောင့် ဖြစ်ပါသည်။ အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပြီး ထိုအဝတ် အစားများကို ညဘက်မှသာ ဝတ်ဆင်ရန်အတွက် အကြံပြုလိုပါသည်။
ချည်မျှင်နှင့် ချည်ထည်အဝတ်အစားများသည် အပူချိန်ကို ထိန်းသိမ်းထားနိုင်ပြီး ရေငွေ့ကို စုပ်ထားနိုင်သောကြောင့် ချွေး ထွက်သည့်အခါ ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေနိုင်ပါသည်။ ထို့ပြင် အရောင်ဖျော့သော အဝတ်အစားများသည် နေ၏ အပူရောင်ခြည်ကို ရောင်ပြန်ထုတ်ပေးနိုင်ပါသည်။
၃။ ထီးကို ကိုယ်နှင့်မကွာ သယ်ဆောင်ပါ။
ထီးများသည် မိုးတွင်း၌သာ အသုံးပြုရမည် မဟုတ်ပါ။ ပြင်းထန်သော ရောင်ခြည်များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ထီးဆောင်းခြင်းဖြင့် အရိပ်ရကာ အရေပြားနေလောင်ခြင်းကို ကာကွယ်နိုင်ပါသည်။ အကယ်၍ အပြင်သွားလျှင် ထီးမဆောင်နိုင်ပါက ဦးထုပ်ဆောင်းရန် အကြံပြုလိုပါသည်။ မိမိ၏ခန္ဓာကိုယ်ကို ပူပြင်းသော နေရောင်ခြည် အချိန်ကြာမြင့် စွာ ထိရောက်ခြင်းမှ တတ်နိုင်သမျှ ကာကွယ်ရမည် ဖြစ်ပါသည်။
၄။ အိမ်ထဲတွင် နေပါ။
ဖြစ်နိုင်လျှင် အပြင်အကြာကြီး ထွက်ခြင်းကို ရှောင်ရမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ လေအေးပေးစက်တပ်ထားသည့် နေ ရာ သို့မဟုတ် ပန်ကာများ တပ်ဆင်ထားသော နေရာများတွင် နေထိုင်ပါ။ လေအေးပေးစက်ရှိသည့် နေရာ၌ နာရီပိုင်းမျှနေ ရုံဖြင့် ပူပြင်းသော အပြင်ကို ထွက်သည့်အခါ ခန္ဓာကိုယ်၏ အပူချိန်ကို အေးလျက်ရှိနေစေပါသည်။
သို့ရာတွင် ပန်ကာများသည် ခန္ဓာကိုယ်ကို အေးစက်စေသည့်အလျောက် အပူချိန် ၃၀ ဒီဂရီအပေါ် သက်ရောက်သည့်အခါ တွင် အပူဒဏ်ကြောင့် ဖြစ်ပေါ်စေသော နေမကောင်းဖြစ်ခြင်းကို ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ရေချိုးခြင်း သို့မဟုတ် လေအေးပေးစက် တပ်ဆင်ထားသောနေရာတွင် နေထိုင်ခြင်းသည် ခန္ဓာကိုယ်၏ အပူချိန်ကို ပိုမိုထိရောက်စွာ လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။ နေ့အပူချိန် အမြင့်ဆုံးဖြစ်သည့် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အိမ်တွင်း၌ နေသင့် ပါသည်။
၅။ ကဖင်းဓာတ် သောက်သုံးခြင်းကို ထိန်းချုပ်ပါ။
ကော်ဖီနှင့် လက်ဖက်ရည်များသည် နည်းပညာဖြင့် ပြုလုပ်ထားသော အရည်များဖြစ်သောကြောင့် ဆီးများများသွားစေ သော ဓာတုဗေဒပစ္စည်းများ ဖြစ်ပါသည်။ ထို့ကြောင့် ကဖင်းသောက်သုံးခြင်းသည် ရေဓာတ်ကို ပုံမှန်ထက် ပိုမိုလိုအပ်စေ ပါသည်။ နံနက်တွင် ကော်ဖီတခွက်သောက်သုံးခြင်းသည် ထိရောက်မှုမရှိသော်လည်း ၂ ခွက် ၃ ခွက် သောက်သည့်အခါ၌ အကောင်းကနေ အဆိုးဘက်သို့ သက်ရောက်သွားစေနိုင်ပါသည်။ ထို့ကြောင့် ကဖင်းဓာတ်ပါဝင်သော ကော်ဖီကြိုက်နှစ် သက်သူများသည် နွေရာသီ၌ သောက်သုံးသည့်ပမာဏကို ထိန်းသိမ်းစေလိုပါသည်။
၆။ အစားအသာက် နည်းနည်းစားပါ။ သို့သော် အကြိမ်ရေများပါစေ။
အစား အများကြီးစားသောအခါတွင် ခန္ဓာကိုယ်မှ ဇီဝဓာတ်အပူချိန်များကို အစာချေသောအခါ၌ ထုတ်လုပ်ပေးပါသည်။ ထို့ကြောင့် အစာနည်းနည်းကို အကြိမ်များများ စားပေးရမည်ဖြစ်ပါသည်။ အစာစားသောအခါတွင်လည်း ဇီဝအပူဓာတ် ထုတ်ပေးနိုင်သည့် ပရိုတင်းဓာတ် အများဆုံးပါဝင်သော အစားအစာများကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။
၇။ အပြင်တွင် လေ့ကျင့်ခန်းလုပ်သည့်အခါတွင် သတိကြီးစွာ ပြုလုပ်ပါ။
အပြင်တွင် လေ့ကျင့်ခန်းပြုလုပ်ကြသည့် ပြေးသူ၊ လမ်းလျှောက်သူများအနေဖြင့် နေအပူရှိန် အပြင်းထန်ဆုံးအချိန်ဖြစ်သည့် နံနက် ၁၀ နာရီမှာညနေ ၄ နာရီအထိ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ပြင်းထန်သောအားကစားများ ပြုလုပ်သောအခါ၌ ခန္ဓာကိုယ်၏ အပူချိန်ကို မြှင့်တင်စေပါသည်။ အကယ်၍ ပူသောအချိန်များတွင် လေ့ကျင့်ခန်းပြုလုပ်လို ပါက ခန္ဓာကိုယ်၏ ရေဓာတ်များကို ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ ရေဓာတ်ဖြည့်ဆည်းရန် အေးသောရေများကို တနာ ရီလျှင် ၂ ခွက်မှ ၄ ခွက်အထိ သောက်သုံးပေးသင့်ပါသည်။
၈။ လက်ကောက်ဝတ်ကို အေးသောရေ၌ စိမ်ပေးပါ။
အပူဒဏ်ကို ခံစားရသည့်အခါ၌ မိမိ၏လက်ကောက်ဝတ်ကို အေးသောရေဖြင့် စိမ်ပေးရပါမည်။ ဤနည်းဖြင့် သွေးအပူချိန် များကို လျော့နည်းစေပါသည်။ လက်ကောက်ဝတ်တွင် အသားအရေနှင့် နီးစပ်သောသွေးကြောများ စီးဆင်းနေသည် ဖြစ်၍ အေးသော ရေပိုက်အောက်တွင် ၅ စက္ကန့်ကြာ စိမ်ပေးခြင်းဖြင့် အပူလျှော့ချမှုကို အထောက်အကူပေးနိုင်ပါသည်။
၉။ Sunscreen များ၊ UV လိုးရှင်းများကို လိမ်းပါ။
Sunscreen နှင့် UV လိုးရှင်းများကို ကမ်းခြေတွင် သာမကဘဲ အသားရေထိခိုက်စေသော UV လှိုင်းများမှ ကာကွယ်ပေးရန် အတွက်လည်း လိမ်းခြယ် အသုံးပြုပေးစေလိုပါသည်။ ထို UV လှိုင်းများသည် အပြင်းထန်ဆုံး အသားအရေပျက်စီးခြင်းများ ကို ဖြစ်စေနိုင်ပါသည်။ ထိုကြောင့် နေပူထဲသွားသောအခါ၌ SPF 15 နှင့် အထက်ပါဝင်သော Sunscreen များနှင့် UV လိုး ရှင်းများကို လိမ်းခြယ်အသုံးပြုရန် အကြံပြုလိုပါသည်။
၁၀။ အရမ်းမပူ၊ အရမ်းမအေးသော ရေဖြင့် ရေချိုးပါ။
ရေအေးဖြင့် ရေချိုးခြင်းထက်စာလျှင် ခန္ဓာကိုယ်အပူချိန်ထက် နည်းသော အပူရှိန်ရှိသည့်ရေနှင့် မအိပ်ခင် ရေချိုးပေးခြင်း သည် အပူချိန်လျော့ကျရေးကို အထောက်အကူပေးနိုင်ပါသည်။ ရေအေးဖြင့် ရေချိုးခြင်းသည် ပိုမိုနှစ်သက်စရာဖြစ်သော် လည်း၊ ရေအေးဖြင့် ရေချိုးပြီးသည့်အခါ၌ ခန္ဓာကိုယ်၏ အပူချိန်ကို ပိုမိုထုတ်လုပ်ပေးသောကြောင့် ဖြစ်ပါသည်။
အဆိုပါ အကြံပြုချက်များကို လုပ်ဆောင်ခြင်းဖြင့် နွေရာသီကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်မည်ဖြစ်ပြီး နေအပူရှိန်ပြင်းခြင်း ကြောင့် ကျန်းမာရေးထိခိုက်မှုကို ကာကွယ်သွားနိုင်မည် ဖြစ်ပါသည်။ အဓိက မှတ်သားထားစေလိုသည်မှာ ခန္ဓာကိုယ်၏ ရေဓာတ်များကို လိုအပ်သလို ဖြည့်ဆည်းပေးခြင်းဖြင့် အေးသက်စွာ နေထိုင်ရန်ဖြစ်ပါသည်။