• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“စီးပွားရေးလုပ်မယ်ဆိုရင် လျှပ်စစ်မရှိလို့ မရဘူး”လို့ ပြောတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်

by ဧရာဝတီ
11 December 2017
in အင်တာဗျူး
A A
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် / မိုးမြင့်

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် / မိုးမြင့်

13.9k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မှ ၂၈၃ ကီလိုမီတာဝေးသော ကရင်ပြည်နယ်သည် လူမျိုးစု ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်အကြား ဆယ်စုနှစ်များစွာကြာ တိုက်ပွဲများကြောင့် ပျက်ဆီးယိုယွင်းနေသည်။ ၂၀၁၂ ခုနှစ်တွင် ထိုဒေသအတွင်း ငြိမ်းချမ်းရေးကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုပြည်နယ်တွင် လူဦးရေ ၁.၅ သန်းကျော်နေထိုင်ကြပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးအပေါ် မှီခိုနေရသည်။၂၀၁၀ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်သွားပြီးနောက်ပိုင်း လူ ၈၈၀ ခန့်သာ အလုပ်ပေးနိုင်သော ပြည်ပကု မ္ပဏီ ၂ ခုသာ ထိုပြည်နယ်တွင် လုပ်ငန်းများ စတင်လုပ်ကိုင်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD အာဏာရလာသည်မှာ ၂ နှစ်နီးပါးမျှ ရှိလာပြီဖြစ်သော်လည်း ထိုပြည်နယ်အတွင်း စီးပွားရေးတိုးတက်မှုမှာ နှေးကွေးနေဆဲဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုကို စွဲဆောင်ရန်အတွက် ပြည်နယ်အစိုးရသည် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတခု တည်ဆောက်ခြင်းဖြင့် လျှပ်စစ်ဓါတ်အား မလုံလောက်ခြင်းကို ဖြေရှင်းရန် ကြိုးစားနေသည်။ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကို ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှ ကိုမိုးမြင့်က သူ၏ ရုံးတွင်သွားရောက်တွေ့ဆုံပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်သော ဝန်ကြီးချုပ်၏ စိတ်ပိုင်းဖြတ်ချက်များကို မေးမြန်းခဲ့သည်။

မေး – အစိုးရသစ်လက်ထက် တာဝန်ယူပြီးသွားတာ ၂ နှစ်နီးပါးပြီးပြီဆိုတော့ တာဝန်ယူပြီးကာလနဲ့ တာဝန်မယူမီကာလ ကွာခြားမှုလေးတွေ ပြောပြပေးပါဦး။

ဖြေ – အန်တီတို့ မူဝါဒဖြစ်တဲ့ လျှပ်စစ်ရှိတယ်၊ လမ်းပန်းရှိတယ်၊ နောက် စိုက်ပျိုးမွေးမြူရေး ရှိတယ်။ လျှပ်စစ်နဲ့ဆိုရင်လည်း အန်တီတို့က ကြိုးစားတယ်ပေါ့။ ကျောက်မီးသွေးနဲ့လည်း ကြိုးစားတယ်၊ မြန်တဲ့နည်းလမ်းနဲ့ပေါ့။ ရေရှည်အတွက်လည်း ရေအား လျှပ်စစ်တွေကို ဆက်သွယ်ဆောက်ရွက်နေတယ်။ အန်တီတို့ဆီမှာလည်း လာပြီး လေ့လာနေတဲ့သူတွေရှိတယ် ဆိုတော့ လျှပ်စစ်ကဏ္ဍနဲ့လည်း ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နေတာတွေ ရှိတယ်။ ၂၀၁၈ မရောက်ခင်လောက်မှာ လုပ်ကိုင်နိုင်အောင် ကြိုးစားနေပါတယ်။ ပြင်ဆင်နေတာတွေကလည်း ၉၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ကျန်တာတော့ ပြည်ထောင်စုပိုင်းပဲ ကျန်တော့တာပေါ့။

မေး – ၂၀၁၈ မှာ စပြီးတော့ လုပ်နိုင်အောင်ဆိုတော့ လျှပ်စစ်က ကျောက်မီးသွေးက လား၊ ရေအားလျှပ်စစ်လား။

ဖြေ – ကျောက်မီးသွေးကို ၂၀၁၈ အစောပိုင်းလောက် စလုပ်မယ်။

မေး – ကရင်ပြည်နယ်က မြဝတီဘက်ကနေ နယ်စပ်ကုန်သွယ်ရေးက အရမ်းအားကောင်းတယ်ဆိုတော့ အဲဒီကရတဲ့ အခွန်ဘဏ္ဍာက ဘယ်လိုအခြေအနေရှိသလဲ။

ဖြေ – ပို့ကုန်ကတော့ မြဝတီဘက်က တရားဝင်လမ်းကြောင်းဆို ပျမ်းမျှ ဒေါ်လာ ၈၀၀၀၀ လောက် ရှိတယ်၊ ဝင်တာကတော့ ပျမ်းမျှတွက်ရင် ဒေါ်လာ သိန်း ၂၀ လောက် ဝင်တယ်။ အန်တီတို့ပို့နိုင်တဲ့ ကုန်စည်တွေက ၃ မျိုး၊ အများဆုံးရှိရင် ၅ မျိုးလောက်ပဲ ရှိတယ်။ သူတို့ဆီက ကုန်စည် ၄၅ နဲ့ ၅၀ ကြားမျိုး နေ့တိုင်းဝင်တာပေါ့။ ဒါကတော့ အန်တီတို့ဆီကို ပုံမှန်လို ဝင်နေတာပေါ့။ အရင်ကတော့ ဒီလိုပဲ ဝင်လား မဝင်ဘူးလားဆိုတာတော့ အန်တီတို့ နှိုင်းယှဉ်လို့ မရဘူး။ အခုကျတော့ တိုးတက်လာတယ်လို့တော့ ပြောပါတယ်။

မေး – ၂ နှစ်အတွင်းမှာ Trade ကရမယ့် ဝင်ငွေက ဘယ်လောက်ရှိလဲ။

ဖြေ– ပျမ်းမျှတွက်မယ်ဆိုရင် နေ့စဉ် ဒေါ်လာ သိန်း၂၀ လောက် ဝင်တယ်၊ ဒါက လက်တန်းဝင်တာ၊ အခွန်ကတော့ တနေ့ကို သိန်း ၃၀၀၀ ဝန်းကျင်လောက်ရှိတယ်။

မေး– ကရင်ပြည်နယ်တခုလုံးအတွက် ပိုက်ဆံရှာပေးတဲ့ sector က ဘယ်နေရာက ဖြစ်မလဲ။

ဖြေ– တပြည်နယ်လုံးနဲ့ ပြောရမယ်ဆိုရင်တော့ စိုက်ပျိုးရေးကတော့ သိပ်အားရစရာ မရှိပါဘူး၊ ဒီ ကုန်သွယ်မှုကပဲ အန်တီတို့ ရတာ ဖြစ်ပါတယ်။

မေး– ဝန်ကြီးချုပ်တို့ လက်ရှိ Development Project တွေက ဘာတွေရှိမလဲ၊ ကျောက်မီးသွေး မဟုတ်ဘဲနဲ့ တခြားဘာတွေ ရှိမလဲ။

ဖြေ– အန်တီတို့ဆီမှာ တန်ဖိုးနည်းအိမ်ရာမျိုးဆိုရင်တော့ ဖားအံဘက်မှာ မြေကွက်တွေ ပေးထားတာရှိတယ်။ သူတို့လိုချင် တာကတော့ ဧက ၂၀၀ လောက်ပေါ့၊ အန်တီက ဧက ၁၀၀ လောက်ပဲ စတင်လုပ်ဆောင်ပါဆိုပြီး ပေးထားတာရှိတယ်။ အစိုးရက ပြည်တွင်းကုမ္ပဏီကို ငှားပြီးဆောင်ရွက်ထားတယ်။ ဆောက်လုပ်ရေးနဲ့ပတ်သက်တာဆိုရင် အန်တီတို့ ကုတင် ၆၀၀ ဆံ့ဆေးရုံကြီးဆောက်ဖို့ရှိတယ်။ အဲဒါကလဲ ပုဂ္ဂလိက ကမ်းလှမ်းလို့ ပေးထားတာရှိတယ်။ ဘာလို့ဆို အန်တီတို့ဆီမှာ ကုတင် ၂၀၀ ဆံ့တဲ့ ဆေးရုံပဲရှိတယ်။ အန်တီတို့တောင်းထားတာ ကုတင် ၅၀၀ ဆံ့တဲ့ဆေးရုံကြီးကို အစိုးရကိုတောင်းထားတာ အခုထိတော့ ရဖို့ အလားအလာတော့ မရှိသေးဘူး။ အဲတော့ ပုဂ္ဂလိက ကုတင် ၆၀၀ ဆံ့တဲ့ ဆေးရုံကြီးကို ဆောက်ဖို့ ပေးလိုက်ပြီ။ သူတို့ ဒီနှစ်ကုန်ပိုင်းလောက်မှာ စပြီးတော့ ဆောက်မှာပေါ့။ နောက်အန်တီတို့ ကမ်းနားလမ်း စီမံကိန်းတွေပေါ့၊ နောက်ဘာရှိသေးသလဲဆိုတော့ TUE လို့ခေါ်တဲ့ ဖိလစ်ပိုင်က ပေးတဲ့ လှူဒါန်းတဲ့ အိုးအိမ်ပေါ့၊ အခမဲ့ တန်ဖိုးနည်း အိမ်ယာတွေကို အန်တီတို့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အိမ်ခန်းပေါင်း တသောင်းနီးပါးရတယ်။ အဲဒါတွေကို ဒီ ၇ မြို့နယ်စလုံးကို ဒီ ဒီဇင်ဘာလမှာ စပြီးတော့ ဆောင်ရွက်ဖို့ရှိတယ်။

မေး– ရေရှည် Economic Reform အတွက် ဘာတွေ စဉ်းစားထားတာရှိသလဲ၊ Strategy Plan ရော ဘာတွေ စဉ်းစားထားတာ ရှိသလဲ။

ဖြေ– လျှပ်စစ် ရပြီဆိုရင် အန်တီတို့ ကရင်ပြည်နယ်မှာ ၇ မြို့နယ်လုံးကို အန်တီက ဘယ်လိုပြန်ပြုပြင်မလဲဆိုတော့ မြဝတီတို့၊ ကော့ကရိတ်တို့၊ ဖားအံတို့ကျတော့ စီးပွားဇုန်ကျတယ်လေ။ လျှပ်စစ်ရလာပြီဆိုတာနဲ့ အေးသွားပြီ စက်ရုံကြီးတွေက ပြောစရာမလိုတော့ဘူး။ သူ့ဘာသာသူ ဆက်သွယ်ပြီး ရောက်လာကြမှာပဲလေ။ အဲလို စက်ရုံကြီးတွေဖြစ်သွားတဲ့အခါကျရင် အန်တီတို့ဆီက အလုပ်သမားတွေကို ပြန်ခေါ်နိုင်တာတွေ၊ ပြန်လာနိုင်တာတွေ ရှိတာပေါ့။

သံတောင်တို့ ဖားအံတို့ကျတော့ စိုက်ပျိုးရေးအတွက် ရာထားတာပေါ့။ အဲမှာ ကော်ဖီစိုက်မယ်၊ ဝါးတွေစိုက်မယ်။ ဝါးတွေက ခေတ်တခါပြန်ခေတ်စားနေတာဆိုတော့ စိုက်မယ့်ဝါးက အလေ့ကျပေါက်တဲ့ ဝါးမဟုတ်ဘူး၊ တော်တော် မျိုးကောင်းတဲ့ဝါးတွေ။ အဲဝါးတွေကို သစ်တောတွေထဲမှာ ငှားရမ်းပြီးတော့ စိုက်ပျိုးရမှာတွေ ရှိတယ်။ ကော်ဖီဆိုရင်လဲ ပိုပြီးတော့ ကောင်းလာမယ့် သဘာဝအတိုင်းပဲ အပင်အမြင့်ကြီးတွေမဟုတ်ဘဲနဲ့ နည်းပညာနဲ့စိုက်မယ့် ကော်ဖီပင်မျိုးတွေပေါ့။

အန်တီတို့က သုံးမျိုးခွဲထားတယ်။ စီးပွားဇုန်နဲ့ စိုက်ပျိုးရေးပြီးတော့ မိုင်းတွေပေါ်တဲ့ ဒေသတွေမှာဆိုရင် မိုင်းလုပ်ငန်းတွေကို ပြန်ဖော်ဆောင်ပြီးလုပ်မယ်ပေါ့။ ဒီလိုမျိုးတော့ အန်တီတို့ ပြည်နယ်ကြီး အတွက် စဉ်းစားထားတာ ရှိပါတယ်။

မေး– လက်ရှိပြည်နယ်အစိုးရအတွက် စိန်ခေါ်မှု အဓိကက ဘာတွေဖြစ်မလဲ။

ဖြေ– အဓိက စိန်ခေါ်မှု ကတော့ မသိနားမလည်တဲ့ အန်တီတို့ ဒေသခံ လူများစွာကို နိုင်ငံရေးအရ အသုံးချတာပဲ။ ဥပမာ အခု ကျောက်မီးသွေးလို ကိစ္စမျိုးမှာဆိုရင် လူတွေက ဘာမှကိုနားလည်တာ မဟုတ်ပါဘူး။ အစိုးရက လုပ်တာတွေကို သူတို့လက်ခံနိုင်ပါတယ်၊ ဘေးပယောဂကြောင့်ပေါ့။ နိုင်ငံရေးကြောင့်လည်း ဖြစ်နိုင်တယ်၊ တချို့ကလည်း စီးပွားရေး ထိုးနှက်ချက်တွေပေါ့။ ကရင်ပြည်နယ်က မီးတွေရမယ်ဆိုရင် အန်တီတို့နဲ့ အိမ်နီးချင်းဖြစ်တဲ့ မီးရောင်းနေတဲ့ ထိုင်းနိုင်ငံဘက်က ဖြစ်ရင်လည်း ဖြစ်နိုင်တာပါပဲ့။ နားမလည်တဲ့ လူထုအပေါ်မှာ ဒီလိုမျိုးတွေ ပြောတဲ့အခါကျတော့ ဒါတွေက တိုးတက်မှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။

မေး– ကျောက်မီးသွေးစက်ရုံ တည်ဆောက်တာနဲ့ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးက ဘာတွေပိုများမလဲ၊ ပညာရှင်တွေ ဘက်က ဘယ်လိုသုံးသပ်ပြတာတွေ ရှိသလဲ။

ဖြေ– အန်တီတို့က ပညာရှင်တွေ သုံးသပ်တာထက်ကို၊ အန်တီဘာသာ သုံးသပ်တာတွေရှိတယ်လေ၊ ဘာလို့ဆို အန်တီတို့ မျက်မြင်မြင်လာတဲ့ဟာတွေရှိတာပေါ့။ အန်တီတို့က စီးပွားရေးလုပ်မယ်ဆိုရင် လျှပ်စစ်မရှိလို့ မရဘူး။ နောက်ပြီးတော့ စီးပွားရေး ဆိုတာက သူများထက် အရင်ဦးမှ အလုပ်ဖြစ်မယ်၊ သူများလုပ်ပြီးမှ လိုက်လုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးလေ။ လျှပ်စစ်က သူများတွေ မလုပ်နိုင်ခင်မှာ အန်တီတို့က လုပ်နိုင်တယ်၊ ထုတ်ပြီးတော့ ရောင်းချနိုင်တယ်ဆိုရင် အခု လာအိုလို နေရာမျိုးမှာဆိုရင် သူတို့ကတော့ ဟိုဒရိုနဲ့ပေါ့။ အန်တီတု့ိကလဲ ဟိုက်ဒရိုနဲ့ လုပ်လို့ရတဲ့နေရာတွေ ရှိတယ်။

မေး– ကုမ္ပဏီတွေဘက်ကရော ထိုင်းဘက်ကပေါ့ ဂျပန်ရဲ့ Clean coal နည်းပညာသုံးပြီးတော့ လုပ်မယ်လို့ပြောတော့ အရင်ကလုပ်ထားတဲ့ နမူနာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

ဖြေ– အရင်က လုပ်ထားတာဆိုရင် အန်တီတို့မှာရှိတဲ့ ဘိလပ်မြေစက်ရုံဆိုရင် တန် ၉၀၀ ဆိုရင် အရင် လုပ်နည်းနဲ့ လုပ်မယ်ဆိုရင် မီးခိုးတွေ အရမ်းထွက်တာပေါ့။ အခုထုတ်တဲ့ တန် ၄၀၀၀ ဆိုရင် နည်းပညာတိုးတက်လာပြီ။ အန်တီ တီကျစ်ကို သွားကြည့်တာပေါ့။ အရင်တုန်းကဆိုရင် တီကျစ်က ဒီက ကျောက်မီးသွေးပဲ။ အရင်တုန်းက နည်းပညာဆိုရင် တော်တော်လေး မကောင်းဘူး။ အခု ပြန်ပြင်ဆင်လိုက်တာဆိုရင် အများကြီး တိုးတက်သွားပြီ။ ဒါတောင်မှ သူတို့က Clean coal အဆင့်ထိတောင် မရောက်သေးဘူးပေါ့။ အန်တီတို့က ဂျပန်မှာလုပ်တဲ့အဆင့်ထိ ရောက်အောင်ကြိုးစားမှာလေ။ ဒီအဆင်ထိရောက်အောင် ကုမ္ပဏီတွေကိုလည်း အန်တီတို့ ပြောထားတယ်။ မကျေနပ်တဲ့သူတွေက ဝင်ပြီးတော့ စစ်ဆေးနိုင်တယ်။ နားလည်တဲ့သူတွေ လေ့လာချင်တယ်ဆိုရင်လည်း အန်တီတို့က အခွင့်အရေးပေးထားမှာပါ။

မေး– ရွှေကုဣိုလ်မှာ မြို့သစ်စီမံကိန်း ဆောက်မယ်လို့ ပြောနေကြတာတွေ ရှိတယ်။

ဖြေ- မြို့သစ်စီမံကိန်းဆိုတာက အန်တီတို့ ပြည်နယ်အစိုးရက လုပ်ရတာပါ၊ သူတို့လုပ်ချင်တဲ့မြို့သစ်ကလေးပေါ့။ စတင်ပေါ်လာဖို့အတွက် အန်တီတို့က မြို့ဖြစ်အောင်တော့ လုပ်ပေးရမှာပေါ့၊ မြို့ဖြစ်အောင်လုပ်ပေးရမယ်ဆိုတော့ သူတို့တွေက ဖြစ်ချင်တဲ့စိတ်တွေစောပြီးတော့ လုပ်ဆောင်နေတာတွေ ရှိတာပေါ့၊ BGF က သူတို့လုပ်ချင်တယ်ပေါ့။ မျက်စိရှေ့မှာ မြင်နေရတဲ့ဟာတွေ ဘာမှမရှိပါဘူး၊ အခုမှစပြီးလုပ်ချင်တယ် ဆိုပြီး ခွင့်တင်ထားတာပေါ့။ သူတို့အတွက် ဧက ၆၀ လောက် စတင်ပြီးတော့ လုပ်ဆိုပြီးတော့ ခွင့်ပြုထားတယ်။

မေး– Project Investment က ဘယ်ကနေ လုပ်မှာလဲ၊ သူတို့ပဲလုပ်မှာလား တခြားကုမ္ပဏီတွေရော လုပ်မှာလား။

ဖြေ– အန်တီသိရသလောက် သူတို့ပြောတာက တရုတ်ကပဲ အန်တီကြားသိသလောက်ကတော့။ သူတို့တွေ ဘာတွေလုပ်နေသလဲဆိုတာတော့ အသေးစိတ်တော့ လာမတင်ပြသေးဘူးပေါ့။ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံလောက်တော့ ရှိမယ် ထင်တာပဲ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
18
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
14
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
158

မေး– အဲဒါက ပြည်ထောင်စုက ခွင့်ပြုတာလား၊ ပြည်နယ်က ခွင့်ပြုတာလား။

ဖြေ– ပြည်ထောင်စုက မဟုတ်ဘူး၊ အန်တီတို့ ပြည်နယ်ကနေပဲ။ သူတို့ အဲဒီနေရာလေးမှာ ဆေးရုံလေးတွေ ဆောက်ချင်တယ်၊ ဒီနေရာလေးမှာတော့ ကျောင်းဆောက်ချင်တယ်ဆိုရင် ရှိတဲ့ ဧကလေးထဲမှာ သူတို့လုပ်ချင်တယ်ဆိုရင်တော့ အန်တီတို့က လုပ်လို့ရတယ်ပေါ့။ အန်တီတို့က အဲဒါလောက်တော့ ခွင့်ပြုပါတယ်၊ ဆေးရုံလေးတွေ၊ ဆေးခန်းလေးတွေ အသေးစားလေး တွေတော့ ခွင့်ပြုတယ်ပေါ့။

မေး– တချို့က မြို့သစ်စီမံကိန်းဆိုတာ ကာစီနိုတိုးချဲ့ဖို့အတွက်တည်ဆောက်တယ်လို့ ဝေဖန်ကြတာတွေရှိတယ်။ အဲဒါရော ဝန်ကြီးချုပ်တို့ ကြားမိသလား။

ဖြေ– အန်တီတို့ ကြားမိပါတယ်။ သူတို့တွေက တဖက်နိုင်ငံနဲ့အရမ်းနီးကပ်လွန်းတော့ အဲဒီအလုပ်တွေပဲ ဦးစားပေးတယ်။ အန်တီတို့က သူတို့ရဲ့အသိပညာတွေ မြင့်တက်လာအောင်လို့ သူတို့ကို အန်တီတို့ အသိပညာပေးတယ်။ စည်းရုံးပြီးတော့လည်း သူတို့ကို လူထုကို အကျိုးပြုဖို့အတွက် အကျိုးပြုလုပ်ငန်းတွေနဲ့ ယှဉ်ယှဉ်ပြီးတော့ ပြောရတာတွေတော့ ရှိတယ်။ အန်တီတို့ အတတ်နိုင်ဆုံး ထိန်းချုပ်သွားမှာပါ။

မေး– ကာဆီနိုတွေ မြဝတီမှာလည်း အများကြီး တွေ့ရတယ်၊ အဲဒါတွေက အစိုးရက တရားဝင်ခွင့်ပြုတာလား။

ဖြေ– အန်တီတို့ တခုမှ တရားဝင်ခွင့်ပြုထားတာ မရှိဘူး။ အန်တီတို့ ရှင်းရှင်းပြောရမယ်ဆိုရင် ပေးထားတဲ့ ရဲက နည်းနည်းလေး။ အဲဒီကာစီနိုတွေကို ပြန်ပြီးတော့ ထိန်းချုပ်ဖို့ဆိုတာက တပ်မတော်ပါမှပဲ အန်တီတို့ ဆောင်ရွက်လို့ရမယ်။ ဒါတွေကို ဆောင်ရွက်ဖို့အတွက် တပ်မတော်နဲ့ အန်တီတို့ ညှိနေပါတယ်။

မေး– လက်ရှိ ကရင်ပြည်နယ်ထဲမှာ Foreign Direct Investment နဲ့ပတ်သက်ပြီး လည်ပတ်နေတဲ့ဟာ ဘယ်လောက်လောက် ရှိသလဲ။

ဖြေ-ဟောင်ကောင်က ဖူးတက် အထည်ချုပ်စက်ရုံ အလုပ်သမားအင်းအား ၈၀၀ ကျော်နဲ့ ဒီတခုပဲ ကြီးကြီးမားမားရှိတယ်။ ကျောက်တိုင်လုပ်တာလောက်၊ ဖယောင်းတိုင်လုပ်တာလောက်ပဲ သေးသေးမွှားမွှား ရှိတယ်။ ထိုင်းကလာလုပ်တာဆိုရင် အလုပ်သမားအင်အား ၈၀ ကျော်နဲ့ အမျိုးသမီးအဝတ်အစားချုပ်တာ ရှိတယ်။

မေး– ခုန Mining ကိစ္စတွေ လုပ်လို့ရတာမျိုးရှိတယ်ဆိုတော့ ဒီမှာ FDI လုပ်တာ ခွင့်ပြုမလား။

ဖြေ– အန်တီတို့ အခုမှ စတာဆိုတော့ မိုင်းကတော့ အခုလောလောဆယ် ပြန်ပြီးတော့ လေ့လာနေတယ်။ ပြည်ထောင်စုက အရင် လေ့လာပြီး အန်တီတို့ဆီမှာ ရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ သူတို့ လုပ်ပေးမှာပေါ့။ အန်တီတို့ဆီကနေ ထွက်တာ ၂၂ မျိုးရှိတယ်၊ သူတို့ စိတ်ဝင်စားတဲ့ဟာက ၇ မျိုး၊ ၈ မျိုးလောက်တော့ ရှိမယ် ထင်တယ်။ တကယ့် အရိုင်းသက်သက်တွေ ရှိတယ်။ ဂေါ်တန်ကျောက်၊ မာပါယ်ကျောက် (အိမ်စားပွဲတွေ အသုံးပြု)စတာတွေပေါ့။

Your Thoughts …
Tags: ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

ဝန်ကြီးချုပ် ၃ ဦးဖြစ်သည့် ဒေါက်တာအေးဇံ၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဒေါက်တာ မြင့်နိုင်

အကျယ်ချုပ်မှ NLD ဝန်ကြီးချုပ် ၃ ဦးကို တပ်ကထိန်းသိမ်းပြီး နေရာရွှေ့ပြောင်း

by ဧရာဝတီ
8 February 2021
11.9k

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ် နန်းခင်ထွေးမြင့်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ကို ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်မှာ တပ်မတော်က နေအိမ်များမှ ခေါ်ဆောင်ပြီး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် / ဧရာဝတီ

ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အား ထောင်ဒဏ် ၇၅ နှစ်၊ စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို နှစ် ၉၀ ချမှတ်

by ဧရာဝတီ
9 November 2021
9.6k

ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးသန်းနိုင်တို့သည် မေလအတွင်းကလည်း ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးမင်းကိုခိုင်၊ ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်တို့နှင့်အတူ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန်လည်း...

Next Post
၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့သည့် မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာရှိ နေအိမ် / ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့

မြောင်းမြမြို့နယ်မှ ၃ လောင်းပြိုင်လူသတ်သမားကို ရဲတပ်ဖွဲ့ ရှာဖွေနေ

ပါရှားပြည်က  ခြင်္သေ့ သို့မဟုတ် အီရန်ဘောလုံးအသင်း

ပါရှားပြည်က ခြင်္သေ့ သို့မဟုတ် အီရန်ဘောလုံးအသင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved