• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးနှင့် တွေ့ဆုံခြင်း

by အောင်သီဟ
22 July 2019
in အင်တာဗျူး
A A
ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦး / အောင်သီဟ / ဧရာဝတီ

ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦး / အောင်သီဟ / ဧရာဝတီ

6.6k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ် ရေးကော်မရှင် (SECM) မှ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ် အရောင်း အဝယ် ပြုလုပ်ရာတွင် နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက် ခွင့်ပြုလိုက်ခြင်းသည် ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက် အပေါ် သက်ရောက်လာနိုင်သည့် အကျိုးသက်ရောက်မှုများ၊ စာရင်းကုမ္ပဏီများနှင့် စာရင်းမဝင်ရသေးသည့် ကုမ္ပဏီများ အတွက် အခွင့်အလမ်းများနှင့် စတော့အိတ်ချိန်း ဈေးကွက်အခြေအနေများကို ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးကို ဧရာဝတီ သတင်းထောက် အောင်သီဟ က သွားရောက် တွေ့ဆုံ မေးမြန်း ထားပါသည်။

မေး။ ။ အခုက ရန်ကုန်စတော့အိတ်ချိန်းမှာ နိုင်ငံခြားသားတွေကို ရှယ်ယာဝယ်ယူခွင့်ကို စပြီး ခွင့်ပြုလိုက်ပြီဆိုတော့ ဘယ်လိုနိုင်ငံခြားသားတွေက ဝယ်ယူခွင့်ရှိလာမှာလဲ သိချင်ပါတယ်။

ဖြေ။ ။ အခုခွင့်ပြုလိုက်တာက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူဆိုရင် နိုင်ငံခြားကုမ္ပဏီ နဲ့ နိုင်ငံခြားသားဆိုပြီး မရွေးတော့ပါ ဘူး။ မြန်မာပြည်တွင်းမှာ ရှိနေတဲ့ အရင်ကတည်းက နေနေတဲ့ နိုင်ငံခြားသား တင်မကပါဘူး။ ရင်းနှီးမြှုပ်နှံချင်လို့ ပြည်ပ ကနေ မြန်မာနိုင်ငံကို လာတဲ့ တဦးချင်းနိုင်ငံခြားသားတွေလည်း ဝယ်လို့ရမယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ တည်ထောင်ပြီးသား နိုင်ငံခြားကုမ္ပဏီတွေလည်း ဝယ်လို့ရမယ်။ အဲဒါအပြင် ကိုယ့်နိုင်ငံ ပြင်ပ မှာ ရှိနေသော တခြား နိုင်ငံခြားကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေလည်း ဝယ်လို့ရမှာပါ။ အဲဒီတော့ ဆိုလိုတာက အကုန်လုံးကို ဖွင့်ပေးလိုက်တဲ့ သဘောပဲ။

အရင်တုန်းက တဆင့်ချင်း ခွင့်ပြုဖို့ လုပ်ထားတာပေါ့။ လူကြီးတွေ၊ အကြီးအကဲတွေကတော့ မြန်မာနိုင်ငံကုမ္ပဏီ ဥပဒေ မှာလည်း နိုင်ငံခြားသားတွေ ခွင့်ပြုထားပြီး ဖြစ်တဲ့အတွက် အကုန်လုံး ခွင့်ပြုလိုက်တဲ့ သဘောပါ။

မေး။ ။ အခုလိုခွင့်ပြုလိုက်ပြီဆိုတော့ YSX (ရန်ကုန်စတော့အိတ်ချိန်း) ရဲ့ စာရင်းဝင်ကုမ္ပဏီတွေက ဘာတွေ ပြင်ဆင် နေရလဲ။

ဖြေ။ ။ YSX မှာ စာရင်းဝင်ထားတဲ့ ကုမ္ပဏီ ၅ ခုက သူတို့ နိုင်ငံခြားသားတွေကို ရှယ်ယာဝယ်ယူခွင့် ဘယ်လောက်ခွင့်ပြုမ လဲဆိုတာကို ကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ရဦးမယ်။ အဲဒီမှာက တချို့က ၃၅ ရာခိုင်နှုန်းအထိ အပြည့်ပေးမယ်။ တချို့ကလည်း ဒီ ၃၅ ရာခိုင်နှုန်းအထိ အပြည့်ပေးချင်မှ ပေးမယ်။

အဲဒါတွေကတော့ စာရင်းကုမ္ပဏီတွေက ဆုံးဖြတ်ရမှာ တွေဖြစ်ပါတယ်။ သူတို့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ကျနော်တို့ ရန်ကုန်စတော့အိတ်ချိန်း နဲ့ ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီ ( Securities Company) တွေက သူတို့ သတ်မှတ် ထားတဲ့ ပမာဏ မကျော်သွားအောင် ဝိုင်းထိန်းရမှာပေါ့။

ကျနော်တို့ YSX က ပြင်ဆင်ရမယ့် လုပ်ငန်းစဉ်တွေကလည်း အများကြီး ရှိသေးတယ်။ နံပတ် ၁ ကတော့ Securities ကုမ္ပဏီတွေနဲ့ အစည်းအဝေးခေါ်ပြီးတော့ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေကို ပြန်ပြီး Update လုပ်ရမှာတွေ ရှိသေးတယ်။ နောက်ပြီး စာရင်းဝင်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို နိုင်ငံခြားသား စတင်ဝယ်ယူနိုင်မယ့် နေ့ရက် သတ်မှတ်ပေးရတာတွေ လုပ်ရမယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
7.2k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
117
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64

SECM (ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်) ဘက်က နိုင်ငံခြားသား ရှယ်ယာ ဝယ်ယူခွင့် အတွက် စည်းမျဉ်းစည်းကမ်းတွေ၊ သတ်မှတ်ချက်တွေ ထပ်ပြီး ထုတ်ပြန်တာတွေ ရှိအုန်းမှာပါ။

မေး။  ။ ဘယ်တော့လောက်စတင်ပြီး နိုင်ငံခြားသားတွေ ရှယ်ယာဝယ်ယူခွင့် ရှိနိုင်မလဲ။

ဖြေ။  ။ ခုနက ပြောခဲ့တဲ့ စာရင်းကုမ္ပဏီတွေ၊ ပြင်ဆင်ရမှာတွေ ရန်ကုန်စတော့အိတ်ချိန်း ဘက်ကလည်း ရှယ်ယာ အရောင်း အဝယ် Trading စနစ်တွေ ပြင်ဆင်ရမှာတွေကို နှစ်လ၊ သုံးလ ကျော်မယ်လို့ ယူဆထားတဲ့အတွက် အဲဒီအချိန်လောက် ဆိုရင် နိုင်ငံခြားသား ရှယ်ယာ ဝယ်ယူခွင့်နဲ့ ပတ်သက်ပြီးတော့ တရားဝင် မိတ်ဆက်တာတွေ ကြေညာတာတွေ လုပ်သွားမှာပါ။

မေး ။  ။ အခုက ပြည်ပမှာ ရှိတဲ့ နိုင်ငံခြားသားတွေရော၊ ကုမ္ပဏီတွေရော ရှယ်ယာဝယ်ယူခွင့် ရှိတော့မှာ ဖြစ်တဲ့အတွက် ဆရာတို့ဘက် ဘယ်လိုစိစစ်တာတွေ လုပ်သွားမလဲ။

ဖြေ။   ။ သူတို့က ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာဝယ်ယူခွင့်အတွက် အရင်ဆုံး ဘဏ်အကောင့် အရင်ဖွင့်ရမယ်။ မြန်မာပြည်ကို သူလာမယ်။ i-banking စနစ်နဲ့ ငွေပေးချေလို့ရတဲ့ ဘဏ်ကြီးတခုခုမှာ သူ စာရင်း အရင်ဖွင့်ရမယ်။ စာရင်းဖွင့်တဲ့အခါမှာတော့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်း သူတို့ လိုက်နာပြီးတော့ စာရင်းဖွင့်ရမှာပေါ့။ အဲဒီတော့ ပထမဆုံး Check point က ဘဏ်တွေမှာပေါ့။

ဒါကတော့ နိုင်ငံခြားသားရော၊ နိုင်ငံသားရော ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာရမှာပေါ့။ အဲဒီဘက်မှာ ပြီးတော့မှ ဒီဘက်ကို လာရမှာ။ အဲဒီတော့မှ Securities ကုမ္ပဏီတွေဆီမှာ သူ့အကောင့် လာထပ်ဖွင့်မယ်။ အဲဒီမှာလည်း KYC စနစ်နဲ့ သူတို့ရဲ့ အချက်အလက်တွေကို စိစစ်မယ်။ အဲဒါတွေပြီးတော့ ရောင်းမယ်ဝယ်မယ်ဆိုတဲ့ ကိစ္စတွေ ထပ်ဖြစ်လာ မယ်။

အခု Order က ကနဦး ထွက်တာပေါ့။ တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း Order တွေ လိုအပ်သလို ထွက်လာအုန်းမယ် ထင်ပါတယ်။

မေး။  ။ နိုင်ငံခြားသားအားလုံးကို ခွင့်ပြုလိုက်ပြီး ဖြစ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ဈေးကွက်အခြေအနေကရော ဘယ်လိုဖြစ်လာမလဲ။

ဖြေ။  ။ နိုင်ငံခြားသားတွေ ဘယ်လောက် ဝင်လာမလဲဆိုတာတော့ ခန့်မှန်းရခက်တာပေါ့။ အနီးစပ်ဆုံးက ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကတွေကတော့ ဝင်ချလာမယ်လို့ ယူဆရတယ်။ အဲဒါကလည်း ကျနော်တို့ ယူဆချက်ပဲ ရှိသေး တယ်ပေါ့။

တရုတ်၊ ထိုင်း၊ စင်ကာပူ တို့လို နိုင်ငံတွေက နိုင်ငံခြားသားတွေ စိတ်ဝင်စားလာမယ်လို့ ထင်တယ်။ တခြားနိုင်ငံခြား ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းကြီးတွေကတော့ သူတို့က သုတေသနလုပ်တာတို့၊ မြန်မာပြည်မှာ ရှိတဲ့ သူတို့ရဲ့ ဥပဒေအကြံပေး ကုမ္ပဏီတွေနဲ့ စစ်တာတို့ လုပ်အုံးမယ် ထင်တယ်။  ဒီအတိုင်း ဇွတ်အတင်းကြီးတော့ ဝင်လာမယ်လို့ မထင်ဘူး။ ဘယ်ကုမ္ပဏီတော့ သူတို့ ဝင်သင့်တယ် ဘယ်လောက်ပမာဏလောက်ဝယ်မယ်ပေါ့။

တဦးချင်း နိုင်ငံခြားသားတွေက အိမ်နီးချင်း နိုင်ငံတွေရယ် ပြည်တွင်းနေထိုင်နေတဲ့ နိုင်ငံခြားသားတွေကတော့ အရင် ဝင်လာမယ်ပေါ့။ သူတို့တွေ ဝင်လာပြီ ဆိုရင်တော့ ဈေးကွက်သဘောတရား အရကတော့ အတက်အကျတော့ ရှိမှာပေါ့။ သူတို့ဝင်တဲ့အချိန်မှာလည်း ဈေးကွက် တက်နိုင်ချေ ရှိတာပေါ့။

သူတို့တွေ ပြန်ထွက်ရင်လည်း ဈေးကွက်သဘောအရက ဈေးကွက်က ကျနိုင်တာပေါ့။ အဲဒါကို ကျနော်တို့ဘက်က ဈေးကွက်ကို ဘယ်လိုထိန်းမလဲဆိုတာတွေ စဉ်းစားနေရတာပေါ့။ ချက်ချင်းကြီး ဈေးကွက်ကတော့ အပြောင်းအလဲ အရမ်းဖြစ်လာဦးမှာ မဟုတ်သေးပါဘူး။

နောက်ပိုင်း စာရင်းကုမ္ပဏီတွေက ရှယ်ယာအသစ် ထုတ်ရောင်းလာတဲ့ အခြေအနေမျိုး ဖြစ်လာမှာပဲ ဈေးကွက်က နည်းနည်း ပိုသွက်လာနိုင်တာပေါ့။

မေး ။  ။ ဈေးကွက်အပြင် ရန်ကုန် စတော့အိတ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီအဖြစ် လာလုပ်ကြမယ့် ကုမ္ပဏီတွေအတွက်ရော ဘယ်လိုအခွင့်အလမ်းတွေ ရှိလာနိုင်မလဲ။

ဖြေ။  ။ သူတို့အတွက်ကတော့ ပိုပြီး အခွင့်အလမ်း ပိုပွင့်သွားတာပေါ့။ Listing မလုပ်ခင်တည်းက သူတို့က အပြင်မှာ နိုင်ငံခြားကို ၃၅ ရာခိုင်နှုန်း အထိ ရောင်းထားလို့ ရပြီလေ။ အဲဒါကို ရောင်းပြီးမှ ဝင်လာမယ်ဆိုရင် သူတို့အတွက် ပိုပြီးတော့ ကောင်းလာမှာပါ။

သူတို့ က IPO ( အများပြည်သူသို့ ကမ်းလှမ်းရောင်းချသော ရှယ်ယာ) မှာကတည်း ရောင်းပြီး ဝင်လာမှာဆိုတော့ Fund Raise လုပ်တဲ့ နေရာမှာ သူတို့က ပိုတောင်သွက်သွားအုန်းမယ်။ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းမဝင်ရသေးတဲ့ ကုမ္ပဏီ က မြန်မာနိုင်ငံကုမ္ပဏီ အက်ဥပဒေအရ လွန်ခဲ့တဲ့ တနှစ်ကတည်းက နိုင်ငံခြားသားတွေကို ရှယ်ယာ ရောင်းခွင့်ရှိထားတယ်။

ဒီမှာဝင်ပြီးသား ကုမ္ပဏီတွေကတော့ သူတို့ ရှယ်ယာအသစ်ထုတ်ရောင်းမှပဲ နိုင်ငံခြားသားကို ထုတ်ရောင်းလို့ ရတော့မှာ လေ။ အခုက အရင်ထုတ်ရောင်းပြီးသား ရှယ်ယာအဟောင်းတွေကို ထပ်တလဲလဲ အရောင်းအဝယ် (Trade) လုပ်နေတာကို နိုင်ငံခြားသားက ဘယ်လောက်အထိဝင်လာမလဲတော့ မပြောတတ်ဘူးလေ။

ရန်ကုန်စတော့အိတ်ချိန်းကို ဝင်ဖို့ လုပ်နေတဲ့ ကုမ္ပဏီကတော့ အပြင်မှာကတည်းက ၃၅ ရာခိုင်နှုန်းကို ရောင်းပြီး ဝင်လာလို့ရတာပေါ့။ အခုလို နိုင်ငံခြားသား ခွင့်ပြုလိုက်တဲ့အတွက် အရင်ထက်စာရင်တော့ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်ဖို့ ပိုပြီး စိတ်ဝင်စားလာတော့မှာပေါ့။

မေး။  ။ နိုင်ငံခြားသား ဝင်လာတော့မယ်ဆိုတော့ ဈေးကစားမှုတွေ မဖြစ်အောင် ဘယ်လိုထိန်းချုပ်သွားမလဲ။

ဖြေ။  ။ ဈေးကစားတဲ့ ကိစ္စတွေကတော့ နိုင်ငံခြားသားရော၊ နိုင်ငံသားရောဆိုပြီး ခွဲပြီးတော့ ထိန်းချုပ်မှာတော့ မဟုတ်ဘူး ။ ကျနောတို့ဆီမှာ ဈေးကစားတဲ့ ကိစ္စတွေကို စောင့်ကြည့်တဲ့ Surveillance အဖွဲ့တွေရှိတယ်လေ။ ဒါကတော့ ဘယ်သူဖြစ်ဖြစ် ကျနော်တို့က ဥပဒေတွေ အရ အရေးယူဆောင်ရွက်သွားမယ်။ ဒါကတော့ အကုန်ထိန်းမှာပဲ။ နိုင်ငံခြားသားမို့လို့ သက်သက် ထိန်းနေမှာတော့ မဟုတ်ဘူး။

မေး ။   ။ စာရင်းဝင်ကုမ္ပဏီတွေ အပေါ်မှာရော ဘယ်လိုအခွင့်အလမ်းတွေ ရှိလာနိုင်မလဲ။

ဖြေ။   ။ ရန်ကုန်စတော့အိတ်ချိန်းမှာ ရှိတဲ့ စာရင်းဝင်ကုမ္ပဏီတွေကတော့ နိုင်ငံခြားသားတွေဝင်လာရင် Benchmark Value ကတော့ တက်သွားမှာပေါ့။ ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေ မြင့်တက်လာတယ်။ တဖက်မှာလည်း ကုမ္ပဏီက ဘာလုပ်ရမလဲ ဆိုရင် သူတို့ရဲ့ Performance တွေကို တက်အောင်လုပ်နေရမယ့် တာဝန်ကတော့ ရှိနေတယ်။

နိုင်ငံခြားသားကို ဖွင့်ပေးပေး၊ မပေး ပေး သူတို့ရဲ့ Performance တက်တာနဲ့ တပြိုင်နက် ရှယ်ယာဈေးနှုန်းတွေက တက်လာမှာပဲ။ အဲဒီလိုအချိန်မှာ နိုင်ငံခြားသားပါ ဝင်လာရင်တော့ ဈေးကွက်မှာ Active ဖြစ်လာမယ် အဲဒီလိုဆိုရင် ကုမ္ပဏီဘက်က ဘာအကျိုးရှိမလဲဆိုရင် သူတို့ Benchmark က မြှင့်သွားမယ်။

နောင်တချိန်မှာ သူတို့ (PO) ရှယ်ယာအသစ်ထုတ်ရောင်းမယ်ဆိုရင် ဈေးအမြင့်နဲ့ ထုတ်ရောင်းနိုင်မယ်။ အဲဒီ ထပ်ထုတ် ရောင်းမယ့် ရှယ်ယာအရေအတွက်မှာ နိုင်ငံခြားသားကို ၃၅ ရာခိုင်နှုန်း ရောင်းချခွင့် ရနိုင်မယ့် အခွင့်အလမ်းသစ်တွေ ရမှာပေါ့။

မေး။  ။ လက်ရှိ စတော့ဈေးကွက်အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။  ။ ဈေးကွက်ကတော့ ပုံမှန်လေးတော့ သွားနေပါတယ်။ ဒီရက်ပိုင်းဆိုရင် တနေ့တည်း ရှယ်ယာအရောင်းအဝယ်ဖြစ် တဲ့ ငွေပမာဏက ကျပ်သန်း ၁၀၀ တောင်ကျော်သွားတယ်။ တခြားပုံမှန်တုန်းက သန်း ၅၀ လောက်ပဲ အရောင်းအဝယ်ဖြစ်နေတယ်။

ကျနော်လေ့လာ သိရှိသလောက်တော့ ရင်းနှီးမြှုပ်နှံသူ အရေအတွက်ကတော့ သိသိသာသာ တက်လာတာတော့ မရှိသေးပါဘူး။ လေးသောင်းဝန်းကျင်လေးပဲ ရှိသေးတယ်။ တဖက်မှာ ကြည့်ပြန်တော့လည်း ရင်းနှီးမြှုပ်နှံသူတွေက  တော်တော်များများ စိတ်ဝင်စားလာနေကြတာတွေ တွေ့နေရတယ်။

You may also like these stories:

နိုင်ငံခြားသားများ စတော့ အိတ်ချိန်း ရှယ်ယာ ဝယ်ယူခွင့် ပေးတော့မည်

FMI ရှယ်ယာ အမြတ်ဝေစု ယခုနှစ်တွင် ခွဲပေးမည် မဟုတ်

Your Thoughts …
Tags: နိုင်ငံခြားသားရန်ကုန်စတော့အိတ်ချိန်းရှယ်ယာ
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

မြဝတီရှိ ကျားဖြန့်လုပ်သူများ အောက်တိုဘာ နောက်ဆုံးထား ထွက်ခွာရန် BGF သတိပေး

မြဝတီရှိ ကျားဖြန့်လုပ်သူများ အောက်တိုဘာ နောက်ဆုံးထား ထွက်ခွာရန် BGF သတိပေး

by စောလွင်
4 May 2024
6.9k

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း၌ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှင့် အွန်လိုင်းလောင်း ကစားလုပ်ငန်း လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအားလုံး သတ်မှတ်ကာလအတွင်း ထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF) က သတိပေးစာ ထုတ်ပြန်လိုက်သည်။

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

by ဧရာဝတီ
22 June 2025
1.4k

AI features တွေ တိုးတက် ပြောင်းလဲမှု မရှိခဲ့တာကြောင့် ဇွန်လ ၉ ရက် ၁ နှစ် ပြည့်ချိန်မှာ ဆုံးရှုံးမှု ဒေါ်လာ ဘီလီယံ ရာနဲ့ချီ ရှိနိုင်တဲ့ ရှယ်ယာရှင်တွေက တရား စွဲဆိုခဲ့ခြင်း...

ချင်းမိုင်မှာ မြန်မာတွေ ကွန်ဒိုဝယ်ယူမှု ဘာကြောင့်များလာလဲ

ချင်းမိုင်မှာ မြန်မာတွေ ကွန်ဒိုဝယ်ယူမှု ဘာကြောင့်များလာလဲ

by ဧရာဝတီ
25 September 2025
1.2k

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တရုတ်နိုင်ငံသားများ ကွန်ဒိုဝယ်ယူနှုန်း သိသိသာသာကျ ဆင်း လာပြီး မြန်မာနှင့် အမေရိကန်နိုင်ငံသားတို့၏ ဝယ်လိုအားတိုးလာကြောင်း ထိုင်းအိမ်ခြံမြေဈေးကွက်ကို ကိုးကားပြီး The Nation သတင်းက ဆိုသည်။

Puma Energy သည် သူ၏ရှယ်ယာများကို ၎င်း၏ စီးပွားမိတ်ဖက်ကုမ္ပဏီဖြစ်သည့် Asia Sun Energy (ASE)သို့ လက်လွှဲရောင်းချသွားကြောင်း သိရသည်

လေယာဉ်ဆီကုမ္ပဏီ Puma ရှယ်ယာတွေ ဘယ်သူဝယ်သလဲ

by ဧရာဝတီ
13 October 2022
4.7k

ဧရာဝတီသတင်းဌာနက စုံစမ်းရာ Puma Energy သည် သူ၏ရှယ်ယာများကို ၎င်း၏ စီးပွားမိတ်ဖက်ကုမ္ပဏီဖြစ်သည့် Asia Sun Energy (ASE)သို့ လက်လွှဲရောင်းချသွားကြောင်း သိရသည်။

အီလွန်မတ်စ် ရဲ့ SpaceX ရှယ်ယာတွေ ထုတ်ရောင်းဖွယ်ရှိနေ

အီလွန်မတ်စ် ရဲ့ SpaceX ရှယ်ယာတွေ ထုတ်ရောင်းဖွယ်ရှိနေ

by ဧရာဝတီ
14 December 2025
294

SpaceX က ကုမ္ပဏီ ရှယ်ယာတချို့အား စတော့ခ် အိတ်ချိန်းမှာ တင်ရောင်းပြီး ဒေါ်လာ ၂၅ ဘီလီယံခန့် ဝင်ငွေရရှိဖို့ မျှော်လင့်နေကြောင်း…

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ လုပ်ငန်းတွေက ဘာတွေလဲ (ရုပ်/သံ)

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ လုပ်ငန်းတွေက ဘာတွေလဲ (ရုပ်/သံ)

by ဧရာဝတီ
29 June 2025
175

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဟွာလန်း စီမံချက် နဲ့ လျှပ်စစ်ဆိုင်ကယ် (E-bike) နဲ့ သုံးဘီးဆိုင်ကယ် တရားမဝင် မောင်းနှင်သူတွေကို အခုနှစ် ဇွန်လဆန်းပိုင်းကစပြီး ပိုက်စိတ်တိုက် ဖမ်းဆီးနေတာပါ။

Next Post
ဒါရိုက်တာ နေဟိန်း  / ယုဖြူဟန် / ဧရာဝတီ

နေတိုးနဲ့ မိုးဟေကို ပါဝင်တဲ့ “ကျွန်တော်ရဲ့သူ” ရုပ်ရှင်ကို ရိုက်ကူးမယ့် ဒါရိုက်တာ နေဟိန်း

သရုပ်ဆောင် ပိုင်တံခွန်  / Paing TaKhon's Facebook

ထိုင်းမှာက မြန်မာနိုင်ငံထက် အနုပညာကြေး ပိုရတယ်လို့ ပြောတဲ့ ပိုင်တံခွန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved