၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် တော်လှန်ရေးအင်အားစုများသည် တချိန်က ဖြစ်နိုင်ခြေမရှိသောကိစ္စကို အောင်မြင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အခြားဒေသများမှ စစ်ကောင်စီခံစစ်များကို ရိုက်ချိုးသော ကြီးမားသည့် ထိုးစစ်ဆင်သည်။
ရလဒ်သည် သမိုင်းဝင်ပြီး စစ်ကောင်စီသည် ဂုဏ်သိက္ခာကျဆင်းသည့် ရှုံးနိမ့်မှုများ ရင်ဆိုင်ရကာ အဓိကစခန်းများ၊ တပ်များနှင့် သေနင်္ဂဗျူဟာအရ အရေးပါသောဒေသများကို ဆုံးရှုံးသည်။ အရှိန်အဟုန် ကြီးမားလာသောအခါ နေပြည်တော်ပြိုလဲမည့် ဖြစ်နိုင်ခြေသည် ယုံကြည်မှုရလာပြီး ပတ်သက်ယှက်နွယ်နေသော စီးပွားရေးနှင့် ပထဝီနိုင်ငံရေး အကျိုးစီးပွားများရှိသော အိမ်နီးချင်း တရုတ်နိုင်ငံအတွက် အလေးထားလောက်သော သေနင်္ဂဗျူဟာ ခြိမ်းခြောက်မှု ဖြစ်လာသည်။
တော်လှန်ရေးအောင်မြင်မှုသည် တရုတ်အတွက် ဒေသတွင်း မတည်ငြိမ်မှုသာမက ၎င်းတို့နှင့် စစ်ကောင်စီ နှစ်ပေါင်းများစွာ ပျိုးထောင်ထားသည့် လုံခြုံရေးစနစ်ကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သည်။ ကနဦးတွင် တရုတ်နိုင်ငံသည် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကို သည်းခံခဲ့ပြီး နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများကိုသာ ဖျက်သိမ်းမည်ဟု မျှော်လင့်ခဲ့သည်။

သို့သော် တော်လှန်ရေးအင်အားစုများက နယ်မြေထိန်းချုပ်မှု တိုးချဲ့လာသောအခါ တရုတ်နိုင်ငံသည် အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများ၏ အရှိန်အဟုန် ရပ်တန့်စေရန်နှင့် ၎င်း၏ သေနင်္ဂဗျူဟာအကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်သည့် အကျပ်ကိုင်ခြင်းဖြင့် တုံ့ပြန်သည်။
အရေးအကြီးဆုံးမှာ တရုတ်နိုင်ငံသည် စီးပွားရေးစင်္ကြံများနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းလမ်းများကို အားထားနိုင်လောက်အောင် အကာအကွယ်ပေးသည့် နေပြည်တော်မှ စစ်ကောင်စီပြိုလဲခြင်းကို စိုးရိမ်သည်။
ညီနောင်မဟာမိတ်များပါဝင်သော EAO များ ဦးဆောင်သည့် နိုင်ငံရေး၊ စစ်ရေး စနစ်သစ် ပေါ်ပေါက်လာခြင်းသည် တရုတ်၏ သြဇာပြင်ပသို့ ကျရောက်သွားနိုင်သည် သို့မဟုတ် ထို့ထက် ပိုမိုဆိုးရွားပြီး တော်လှန်ရေးအင်အားစုများဖြင့် အနောက်နိုင်ငံများနှင့် ပိုမို ညီညွတ်သွားနိုင်သည်။ ထိုသို့ မြန်မာ့ပြည်တွင်း အရွေ့များအပေါ် သြဇာဆုံးရှုံးမှုများသည် တရုတ်၏ ဒေသတွင်း လွှမ်းမိုးမှုကို အခြေခံကျသည့် စိန်ခေါ်မှုဖြစ်လာသည်။
တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် အပြန်အလှန် ဆက်စပ်နေသည့် သေနင်္ဂဗျူဟာ ခြောက်ခုဖြင့် တော်လှန်ရေးကို နှောင့်ယှက်ဖြိုခွဲရန် တွက်ချက်လုပ်ဆောင်သည်။ မတားဆီးဘဲထားပါက ထိုလုပ်ရပ်သည် မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးလှုပ်ရှားမှုကို လမ်းလွဲသွားစေနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ တွန်းအားကို အားနည်းသွားစေကာ နိုင်ငံတွင်ရှည်ကြာသော မတည်ငြိမ်မှုကို အမြစ်တွယ်စေနိုင်သည်။
ပထမအချက်မှာ တရုတ်နိုင်ငံသည် ရှေ့တန်း EAO များသို့ လက်နက်စီးဆင်းမှု၊ ငွေကြေးထောက်ပံ့မှုနှင့် သယ်ယူပို့ဆောင်ရေးကို အကြီးအကျယ် ကန့်သတ်ပြီး နှစ်ပေါင်းများစွာ လွတ်လပ်ခွင့်ပေးထားခြင်းကို အဆုံးသတ်လိုက်သည်။
ထိုဖိအားကို ညီနောင်မဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကဲ့သို့သော အထူးပစ်မှတ်ထားသည့် အဖွဲ့များသို့ ဖြတ် ငါးဖြတ်ဖြစ်သည့် လျှပ်စစ်၊ ရေ၊ အင်တာနက်၊ ကုန်စည်ဖြန့်ချိရေးကွင်းဆက်နှင့် လူအင်အားက ဖော်ပြသည်။
စစ်ရေးအရ ချေမှုန်းမခံရဘဲ MNDAA လားရှိုးမှ တိတ်ဆိတ်စွာ ဆုတ်ခွာသွားခြင်းက တရုတ်အကျပ်ကိုင်မှု ဖိအားကို မီးမောင်းထိုးပြနေသည်။ ထိုအဖွဲ့ခေါင်းဆောင် ဖုန်တာရွှင်ကို နေအိမ်အကျယ်ချုပ်ထားပြီး တရုတ်-မြန်မာ ကုန်သွယ်ရေး သေနင်္ဂဗျူဟာကျသည့် အချက်အချာ လားရှိုးကို ပြန်လည် ရယူရန်ကြီးမားသော ကန့်သတ်ချက်များကို တရုတ်က ချမှတ်သည်။

အလားတူပုံစံတခုကို ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နောင်ချိုမှ ဆုတ်ခွာစဉ်ကလည်း တွေ့ရသည်။ စစ်ရေးအကန့်အသတ်များ၊ သေနင်္ဂဗျူဟာတွက်ချက်မှုနှင့် မဟာမိတ်များ၏ အကူအညီသည် အခန်းကဏ္ဍတခုမှ ပါဝင်သော်လည်း နောက်ကွယ်မှ တရုတ်ဖိအားဖြစ်သည့် သယ်ယူပို့ဆောင်ရေး တင်းကျပ်ခြင်းနှင့် နိုင်ငံရေးသြဇာ အသုံးပြုခြင်းသည် အဆုံးအဖြတ်ကျသည်။
ထိုဥပမာများသည် တရုတ်၏ သေနင်္ဂဗျူဟာ အပြောင်းအလဲကို မီးမောင်းထိုးပြနေသည်။ တရုတ်သည် ငြိမ်သက်စွာ စောင့်ကြည့်နေသူအဖြစ်မှ တက်ကြွသော ဖျက်လိုဖျက်ဆီးလုပ်သူဖြစ်လာပြီး နယ်မြေသိမ်းပိုက်မှုများကို စွန့်လွှတ်ရန် သွယ်ဝိုက်အကျပ်ကိုင်ကာ မြန်မာမှ ဖွဲ့စည်းမှုအကောင်းဆုံး တော်လှန်ရေးအင်အားစုများ၏ အရှိန်အဟုန်ကို တန့်သွားစေသည်။
တချိန်တည်းတွင် နယ်စပ်ကုန်သွယ်ရေးကို တရုတ်၏ ကန့်သတ်ချက်များသည် ရင်းမြစ် မလုံလောက်မှုနှင့် အရပ်သားများအတွက် အခက်အခဲဖြစ်စေသောကြောင့် TNLA သည် စစ်မြေပြင်အရေးနိမ့်မှုဖြင့်သာ ရင်ဆိုင်ရသည် မဟုတ်ဘဲ စီးပွားရေးအကျပ်အတည်း မြင့်တက်လာခြင်းကိုလည်း ရင်ဆိုင်ရသည်ကို ထိုအဖွဲ့က သတင်းထုတ်ပြန်ချက်များတွင် အကြိမ်ကြိမ်ဝန်ခံသည်။
နောင်ချိုကို လက်မလွှတ်ရမီက TNLA သည် သတင်းစာရှင်းလင်းပွဲများ ကျင်းပပြီး တရုတ်ဖိအားကို တုံ့ပြန်ရန် အကြိမ်ကြိမ် အကူအညီတောင်းသည်။ ထိုအားထုတ်မှုများက တရုတ်၏အကျပ်ကိုင်သည့်သြဇာ၊ ထိုအဖွဲ့၏ အားနည်းချက်နှင့် နောက်ဆုံးတွင် နယ်မြေဆုံးရှုံးမှုကို ဖြစ်စေသည့် တိုက်ရိုက် အကြောင်းရင်းဖြစ်ကြောင်း ပြသနေသည်။
ဒုတိယအချက်မှာ တရုတ်နိုင်ငံသည် စစ်ကောင်စီဆန့်ကျင်ရေးတပ်ဦးကို ထောက်ခံမှု တားဆီးရန် အလားအလာရှိသည့် တော်လှန်ရေး မဟာမိတ်များကို ပြင်းထန်သော ဖိအားဖြင့် ပစ်မှတ်ထားသည်။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွင်းသည် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်များကို တွေ့ဆုံပြီး MNDAA နှင့် TNLA သို့ စစ်ရေးအကူအညီ ရပ်ဆိုင်းရန် တောင်းဆိုသည်။
တရုတ်နိုင်ငံက ဝဒေသသို့ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရပ်ဆိုင်းခြင်း အပါအဝင် ပိတ်ဆို့မှုများဖြင့် ခြိမ်းခြောက်သည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကမကထ ပြုခဲ့သည့် UWSA သည် စီးပွားရေး အထီးကျန်ရန် ခြိမ်းခြောက်မှုကြောင့် ကြားနေရေး တွန်းအားပေး ခံရသည်။ ထိုသွေးခွဲထိန်းချုပ်သည့် သေနင်္ဂဗျူဟာသည် တော်လှန်ရေးကွန်ရက်ကို အင်အားချိနဲ့စေပြီး အင်အားကြီးမားသော EAO များကို တရုတ်၏ သေနင်္ဂဗျူဟာလည်ပတ်မှုအတွင်း ချည်နှောင်ထားသည်။

တတိယအချက်မှာ တရုတ်နိုင်ငံသည် ဒေသတည်ငြိမ်မှုကို တောင်းဆိုသော်လည်း သံတမန်ရေး ထောက်ခံမှု၊ စီးပွားရေးအသက်သွေးကြောနှင့် နောက်ကွယ်မှ စစ်ရေးအကူအညီများဖြင့် မြန်မာစစ်ကောင်စီကို အကာအကွယ်ပေးထားခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လက ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက စစ်ကောင်စီ၏ နိုင်ငံရေးလမ်းပြမြေပုံကို တရုတ်၏ ထောက်ခံမှုနှင့် တရုတ်အစိုးရ၏ “သုံးပွင့်ဆိုင်” မူများကို ထပ်လောင်း အတည်ပြုသည်။
မြန်မာ့ပြည်တွင်း မတည်ငြိမ်မှုနှင့် ပဋိပက္ခကို ဆန့်ကျင်ရေး၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဗဟိုပြုမှုကို ထိန်းသိမ်းရေးနှင့် ပြည်ပစွက်ဖက်မှုကို ပယ်ချရေးတို့ ဖြစ်သည်။
ထိုမူများသည် စစ်အုပ်ချုပ်ရေးကို တရားဝင်စေပြီး မြန်မာ့ဒီမိုကရက်တစ် အတိုက်အခံနှင့် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုကို တားဆီးကာ တရုတ်၏ တိတ်တဆိတ် ထောက်ခံမှုဖြင့် စစ်ကောင်စီချုပ်ကိုင်မှုကို ပိုမိုခိုင်မာစေသည်။
စတုတ္တအချက်မှာ တရုတ်အစိုးရသည် ထုံးစံအတိုင်း အဖွဲ့ပေါင်းစုံ တွေ့ဆုံခြင်းအစား MNDAA, TNLA နှင့် အာရက္ခတပ်တော် (AA) တို့ကို သီးခြားစီ နှစ်ဖက် ညှိနှိုင်းခြင်းဖြင့် ညီနောင်မဟာမိတ်၏ ညီညွတ်မှုကို ရည်ရွယ်ချက်ရှိရှိ အင်အားချိနဲ့အောင် လုပ်သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်းက ညီညွတ်သော တပ်ဦးရှိသော်လည်း တရုတ်၏ သွေးခွဲဆက်ဆံရေး သေနင်္ဂဗျူဟာသည် ၎င်းတို့၏ စုပေါင်းသြဇာကို ကျဆင်းစေသည်။ အကန့်လိုက် ဆွေးနွေးခြင်းနှင့် ရွေးချယ်စေ့ဆော်မှုပေးခြင်းဖြင့် တရုတ်သည် အဖွဲ့တခုစီအပေါ် အချိုးအစားမညီသည့် သြဇာလွှမ်းမိုးမှု ရယူကာ တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် ၎င်း၏ လွှမ်းမိုးမှုကို မည်သည့်အဖွဲ့တခုကမှ စိန်မခေါ်နိုင်အောင် လုပ်သည်။

ပဉ္စမအချက်မှာ တရုတ်နိုင်ငံသည် ကြားနေစေ့စပ်သည့် အခန်းကဏ္ဍကို စွန့်လွှတ်လိုက်ပြီး ပဋိပက္ခစီမံခန့်ခွဲရာတွင် အပေးအယူဆန်သည့် စီးပွားရေးဦးစာပေးပုံစံကို ကျင့်သုံးခြင်းဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံသည် တင်းမာမှုလျှော့ချခြင်းကို နိုင်ငံရေးဖြေရှင်းမှုဖြင့် မလုပ်ဘဲ ကုန်သွယ်ရေး ပုံမှန်ဖြစ်ရေးနှင့် အဓိကနယ်စပ်လမ်းများ ပြန်လည်ဖွင့်လှစ်ရေးဖြင့် လုပ်ကိုင်နေသည်။
ထိုဖိအား၏ ဗဟိုချက်မှာ EAO များ၊ အထူးသဖြင့် ညီနောင်မဟာမိတ်အဖွဲ့ကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ဒေသများဖြစ်သည့် သိန္နီနှင့် သီပေါကဲ့သို့သော သေနင်္ဂဗျူဟာကျသည့် မြို့များမှ ဆုတ်ခွာရေးဖြစ်သည်။
ထိုအဓိကကျသည့်မြို့များမှ ဆုတ်ခွာရေးတောင်းဆိုမှုသည် စစ်ကောင်စီထံမှ အစပြုသော်လည်း တရုတ်သည် ထိုတောင်းဆိုမှုကို သဘောတူပြီး အားပြိုင်နေသော ပဋိပက္ခဇုန်များကို လုံခြုံသော စီးပွားရေးစင်္ကြံများအဖြစ် ပြောင်းလဲရန် တွန်းအားပေးသည်။ ထိုချဉ်းကပ်ပုံနည်းလမ်းသည် အာလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး သို့မဟုတ် တည်တံ့သော ငြိမ်းချမ်းရေးထက် အခြေခံအဆောက်အအုံ လုံခြုံရေးနှင့် စီးပွားရေးလမ်းကြောင်းကို ဦးစားပေးသည်။
ဆဋ္ဌမအချက်မှာ တရုတ်နိုင်ငံသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့နှင့် မည်သည့်ဆက်ဆံရေးမဆို ဖြတ်တောက်ရန် သို့မဟုတ် လျှော့ချရန် MNDAA နှင့် အခြားအဖွဲ့များကို တိုက်ရိုက် ဖိအားပေးသည်။
MNDAA အနေဖြင့် ထိုအဖွဲ့များကို လေ့ကျင့်ပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားလုံးရပ်ရန် တရုတ်က တောင်းဆိုပြီး ထိုသို့သော ဆက်ဆံရေးများသည် ဒေသတည်ငြိမ်မှုနှင့် ၎င်း၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားအတွက် ခြိမ်းခြောက်မှုဟုမြင်သည်။
ထိုတောင်းဆိုမှုက တော်လှန်ရေးအင်အားစုများကို နိုင်ငံရေးအရနှင့် စစ်ရေးအရ အထီးကျန်ထားပြီး စစ်ကောင်စီဆန့်ကျင်ရေး ညီညွတ်သောတပ်ဦး ခိုင်မာအောင်လုပ်ခြင်းမှ တားဆီးကာ NUG ကျောထောက်နောက်ခံပြု တော်လှန်ရေးလှုပ်ရှားမှု၏ တရားဝင်မှုနှင့် စွမ်းရည်ကို ထိခိုက်စေရန် တရုတ်၏ ကျယ်ပြန့်သောရည်မှန်းချက်ကို ထင်ဟပ်နေသည်။
တရုတ်၏ သေနင်္ဂဗျူဟာ ခြောက်ခုသည် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့စေခြင်းဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းအပေါ် လွှမ်းမိုးမှု ပြန်လည်ရယူရေးကို ရည်ရွယ်သည့် အကျပ်ကိုင် ကိုယ်ကျိုးရှာ စွက်ဖက်မှု ဖြစ်သည်။
တရုတ်၏ သေနင်္ဂဗျူဟာ ခြောက်ခုသည် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့စေခြင်းဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းအပေါ် လွှမ်းမိုးမှု ပြန်လည်ရယူရေးကို ရည်ရွယ်သည့် အကျပ်ကိုင် ကိုယ်ကျိုးရှာ စွက်ဖက်မှု ဖြစ်သည်။
သွယ်ဝိုက်အကျပ်ကိုင် အစီအမံများဖြင့် ၎င်းတို့၏ စစ်ဆင်ရေးအရှိန်အဟုန်ကို တားဆီးခြင်းဖြင့် တရုတ်သည် အဓိကကျသည့် နယ်မြေသိမ်းပိုက်မှုများကို နောက်ကြောင်းပြန်လှည့်ရန်နှင့် မြန်မာ့ဒီမိုကရက်တစ် ဖက်ဒရယ်တိုက်ပွဲ၏ အရေးပါသည့် လမ်းဆုံတွင် တော်လှန်ရေးအင်အားစုများ အင်အားချိနဲ့စေရန် ကြိုးစားနေသည်။
နိုင်ငံရေး အစိတ်စိတ်အမွှာမွှာကွဲခြင်း၊ စီးပွားရေးဖိအားနှင့် စစ်ကောင်စီသို့ တိတ်တဆိတ် စစ်ရေးအကူအညီဖြင့် တရုတ်နိုင်ငံသည် အရေးကြီးသောအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများ၏ မကြံစဖူး ညီညွတ်မှုနှင့် နယ်မြေသိမ်းပိုက်မှုများကို နှောင့်ယှက်ဖျက်ဆီးသည်။
အထိန်းအကွပ်မရှိပါက တရုတ်၏ သေနင်္ဂဗျူဟာသည် မြန်မာ၏ ထိခိုက်လွယ်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လမ်းချော်စေပြီး အာဏာရှင်အုပ်ချုပ် ရေး ပိုအမြစ်တွယ်စေကာ ပိုမိုကြီးမားသည့် မတည်ငြိမ်မှုကို ဖြစ်စေပြီး တရုတ်ကို တည်ငြိမ်စေသူမဟုတ်၊ အဓိက ပြည်ပြခြိမ်းခြောက်မှု ဖြစ်သွားစေသည်။
ဖက်ဒရယ် ဒီမိုကရေစီအတွက် ညီညွတ်သော လူထုအုံကြွမှုဖြစ်သည့် မြန်မာ့နွေဦးတော်လှန်ရေးသည် ပြည်တွင်းသွေးကွဲမှုနှင့် တရုတ်၏ သေနင်္ဂဗျူဟာကျသော စွက်ဖက်မှုကြောင့် ထိခိုက်လွယ်သည့် တိုးတက်မှုကို ရင်ဆိုင်နေရသည်။
မြန်မာ့တော်လှန်ရေးထက်၊ မြန်မာ့နိုင်ငံရေး အဖြေရှာရေးထက် တရုတ်၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားကို ဦးစားပေးခြင်းသည် မြန်မာ့တော်လှန်ရေး၊ ပဋိပက္ခဖြေရှင်းရေးနှင့် ဒီမိုကရေစီကူးပြောင်းရေးကို အနှောင့်အယှက်ဖြစ်စေသည်။
အထိန်းအကွပ်မရှိပါက တရုတ်၏ သေနင်္ဂဗျူဟာသည် မြန်မာ၏ ထိခိုက်လွယ်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လမ်းချော်စေပြီး အာဏာရှင်အုပ်ချုပ် ရေး ပိုအမြစ်တွယ်စေကာ ပိုမိုကြီးမားသည့် မတည်ငြိမ်မှုကို ဖြစ်စေပြီး တရုတ်ကို တည်ငြိမ်စေသူမဟုတ်၊ အဓိက ပြည်ပြခြိမ်းခြောက်မှု ဖြစ်သွားစေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Athena Awn Naw ၏ China’s Strategy to Reverse Ethnic Armies’ Gains in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာစစ်ကောင်စီကို တရုတ်က ဘက်ပေါင်းစုံ ကူညီနေ
ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ
စစ်ကောင်စီကို တရုတ်ထောက်ခံမှု ဒေါသက ငလျင်အကူအညီ ကျေးဇူးကို ဖုံးလွှမ်း
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်
တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံ (ရုပ်/သံ)
တရုတ်အလိုကျ အရှက်မရှိ လိုက်လုပ်နေတဲ့ မြန်မာစစ်ကောင်စီ