ကြံ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကြံ Covering Burma and Southeast Asia Tue, 26 Nov 2024 20:28:30 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ကြံ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကြံ 32 32 ကြံနှင့်ပြောင်း သယ်ယူနိုင်ရေး နယ်စပ်ဂိတ်တချို့ တရုတ် ပြန်ဖွင့် https://burma.irrawaddy.com/news/2024/11/27/393850.html Wed, 27 Nov 2024 01:00:04 +0000 https://burma.irrawaddy.com/?p=393850 မြန်မာဘက်မှ ကြံနှင့် ပြောင်းသီးနှံများ သယ်ယူနိုင်ရေးအတွက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ်နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်တို့ကို နိုဝင်ဘာ ၂၁ ရက်တွင် တရုတ်အစိုးရက ပြန်ဖွင့်ပေးခဲ့ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။]]>

မြန်မာဘက်မှ ကြံနှင့် ပြောင်းသီးနှံများ သယ်ယူနိုင်ရေးအတွက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ်နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်တို့ကို နိုဝင်ဘာ ၂၁ ရက်တွင် တရုတ်အစိုးရက ပြန်ဖွင့်ပေးခဲ့ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နန်းတော်၊ ဆင်ဖြူ၊ မန့်ဝိန်း၊ ကျင်စန်းကျော့၊ ပန်ဆိုင်း ဂိတ်များထဲမှ ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ပေးခြင်းဖြစ်ပြီး ပြောင်းနှင့် ကြံကိုသာ သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ တရုတ်ဘက်မှ စားသောက်ကုန်နှင့် သစ်သီးဝလံအချို့မှလွဲ၍ မည်သည့်ကုန်ပစ္စည်းကိုမျှ မြန်မာဘက်သို့ တင်သွင်းခွင့်ရမည် မဟုတ်ကြောင်း ဒေသခံများက ပြောသည်။

တရုတ်ဘက်မှ သကြားစက်များ လည်ပတ်ရန်အချိန် (ကြံ ရိတ်သိမ်းရာသီ) ရောက်ရှိလာပြီဖြစ်သောကြောင့် ယခုကဲ့သို့ နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ တရုတ်လုပ်ငန်းရှင်များ၏ ရှမ်းမြောက်တွင် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးစရိတ်များပေးပြီး မြန်မာတောင်သူများနှင့် အကျိုးတူစိုက်ပျိုးထားသော ကြံများအား တရုတ်ဘက် သယ်ယူရန် လုပ်ဆောင်လာခြင်းသာဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

ရှမ်းမြောက်မှ ကုန်သည်တဦးက “ကျင်စန်းကျော့ ဖွင့်ပေးတာ ဟုတ်တယ်။ ချင်းရွှေဟော်လည်း ပါနိုင်တယ်။ ဘာလို့ဆို ကြံရာသီက စတော့မယ်။ တရုတ်ဘက်က သကြားစက်ရုံတွေအတွက် ဒီဘက်ကကြံကို သယ်ရတော့မှာကိုး။ တရုတ်က မြန်မာဘက်မှာ မျိုးတို့၊ မြေဩဇာ၊ စိုက်စရိတ်တို့ ပေးပြီးလုပ်ထားတာတွေ ရှိတယ်။ ဒါတွေကို ဟိုဘက်ကို သယ်ယူရမှာ။ ဒါကြောင့် သူ့တို့ အကျိုးစီးပွားအတွက် သူ့တို့ ပြန်ဖွင့်တာပေါ့” ဟု ဧရာဝတီကို ပြောသည်။

နှစ်စဉ် တရုတ်နိုင်ငံက ဘိန်းအစားထိုး သီးနှံပါမစ်ဖြင့် တရုတ်-မြန်မာနယ်စပ်တလျှောက် စိုက်ပျိုးထားသော တစ်ရှူး ငှက်ပျော၊ ကြံ၊ ပြောင်း စသည့် သီးနှံများ တင်ပို့ခွင့်ပြုထားပြီး ပြောင်းတင်ပို့ရာ၌ တန်ချိန် အကန့်အသတ်ပေးထားကာ ကြံတင်ပို့မှုကိုမူ ဒီဇင်ဘာလမှ မတ်လအထိ အခွန်ကင်းလွတ်ခွင့်နှင့် တင်ပို့ခွင့်ပေးထားခြင်း ဖြစ်သည်။

အထက်ပါလုပ်ငန်းရှင်က “အခုက ရန်ကုန်၊ မန္တလေးတို့လို ကုန်သည်တွေကတော့ သွားလို့မရဘူး။ ကားလမ်းကြောင်းတွေက ပေးမဖြတ်ဘူးလေ။ ဒါကြောင့် ဒေသတွင်းကုန်သွယ်ရေးအတွက်ပဲ ဖြစ်တယ်။ ရှမ်းမြောက်မှာဆိုရင် တရုတ်လုပ်ငန်းရှင်တွေ ကြံအကျိုးတူ လာစိုက်တာများတယ်။ သူတို့ (တရုတ်) စက်ရုံတရုံက တန်တရာလည်တဲ့စက်ရုံဆိုရင် မြန်မာဘက်က တန် ၃၀ လောက်တော့ သုံးတယ်။ ဒါကြောင့် မြန်မာဘက်က ကြံကို မှီခိုနေရတယ်” ဟု ရှင်းပြသည်။

၂၀၂၃ နှစ်ကုန်ပိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်လိုက်သည့် တရုတ်-မြန်မာနယ်စပ်ရှိ ကျင်စန်းကျော့၊ ကြူကုတ်(ပန်ဆိုင်း)၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုးနှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ်းခမ်းမြို့များမှ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို တရုတ်ဘက်က ယခုနှစ် ဇူလိုင်လမှစပြီး တဖက်သတ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မူဆယ်နယ်စပ်ရှိ ဆင်ဖြူဂိတ်မှ တနိုင်တပိုင် ကုန်ပစ္စည်းသယ်ယူမှုကိုလည်း တရုတ်ဘက်မှ ပြီးခဲ့သည့်လအတွင်းက စတင်ကန့်သတ်ခဲ့ပြီး မန့်ဝိန်းဂိတ်မှ တရားဝင်ကုန်သွယ်မှု ပြုလုပ်မည်ဟုဆိုကာ ယင်းဂိတ်အား ယခုလ ၁၁ ရက်၌ ပြန်ဖွင့်ပေး ခဲ့သော်လည်း စစ်ကောင်စီဘက်က လုံခြုံရေးအခြေအနေကြောင့် လက်ရှိအချိန်ထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေသော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကို ဖိအားပေးသည့်အနေဖြင့် တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များမှ မြန်မာဘက်ပို့သော ကုန်ပစ္စည်း များကို တရုတ်အစိုးရက ကန့်သတ်ထားသော်လည်း ယခုအခါ ၎င်းတို့ လိုအပ်ချက်အရ သီးနှံကုန်ကြမ်းတချို့ တင်သွင်းနိုင် ရေး နယ်စပ်ဂိတ်များကို ပြန်ဖွင့်ရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

တရုတ်ဘက်မှ ကျင်စန်းကျော့နယ်စပ်ဂိတ်အပြင် ချင်းရွှေဟော်-မိန်းတိန် နယ်စပ်ကုန်သွယ်ရေးကိုလည်း နိုဝင်ဘာ လဆန်းပိုင်း၌ ပြန်ဖွင့်ခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ဘိန်းအစားထိုးသီးနှံပါမစ်ဖြင့် တရုတ်ထံသို့ ပြောင်းတန်ချိန် နှစ်သောင်းကျော် တင်ပို့နိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းစာရင်း၌ ဖော်ပြထားသည်။

လက်ရှိတွင်လည်း လာမည့် ဖေဖော်ဝါရီ ၁ ရက်၌ ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ရန်အတွက် မြန်မာပြောင်းကုန်သည်များ အဆင်သင့်ပြင်နေပြီဖြစ်သလို နယ်စပ်ကုန်သွယ်ရေးမှဆိုလျှင် တာချီလိတ်မှသွားရန် ပြင်ဆင်နေပြီး မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်း ဖွင့်ပါကလည်း ယင်းဘက်ကသွားရန် စီစဉ်နေကြောင်း၊ ရေကြောင်းမှဆိုလျှင် ကော့သောင်း-ရနောင်းမှသွားရန် စီစဉ်နေကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဘက်မှ တာဝန်ရှိသူများက ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး ပြင်ဆင်ထားကြရန်နှင့် ၎င်းတို့အနေဖြင့် နယ်မြေစိုးမိုးမှုပြန်ရပါက ချက်ချင်းဖွင့်လှစ်သွားမည်ဟု နယ်စပ်ကုန်သည်များအား မှာကြားလျက်ရှိကြောင်းလည်း ကုန်သည်များက ဧရာဝတီကို ပြောသည်။

ရှမ်းမြောက်သို့ ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကုန်ကားလုပ်ငန်းရှင်တဦးက “ကျနော်တို့လည်း ဂိတ်တွေဖွင့်တယ်ဆိုလို့ ပြန်တက်ဖို့ လုပ်နေတယ်။ ဒီနေ့တော့ တစီးတက်သွားတယ်။ ကျနော်တို့က မြောက်ပိုင်းတက်တယ်ဆိုရင် ဂုတ်တွင်းလမ်းက တက်တယ်။ အခု ဂုတ်တွင်းက ပိတ်ထားတော့ ရှမ်းတောင်ပိုင်း တောင်ကြီးတို့၊ ကလောတို့ဘက်ကနေ ပတ်တက်ရတယ်။ ရပ်စောက်မှာ စစ်ကောင်စီက ပိတ်ထားတော့ အခြေအနေတော့ လတ်တလော မသိရသေးဘူး။ ဒီနေ့တက်တဲ့ကားက လမ်းမှာပဲ ရှိသေးတယ်” ဟု ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းသို့ ရပ်စောက်လမ်းဘက်မှ ကုန်စည်သယ်ယူပို့ဆောင်မည်ဆိုပါက စစ်ကောင်စီတပ်နှင့် ရဲ ဂိတ်ပေါင်း ၄၅ ဂိတ်ထက်မနည်းရှိနေပြီး ခြောက်ဘီးကား အသေးတစီးလျှင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ နှင့်အထက်ရှိကြောင်းလည်း ၎င်းက ပြောသည်။

လက်ရှိတွင် တရုတ်ဘက်မှ ကန့်သတ်ထားသည့် ဆင်ဖြူဂိတ်မှ တဆွဲတပိုးခွင့်ပြုခြင်း၊ ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်သော်လည်း စားသောက်ကုန်၊ လူသုံးကုန်၊ စက်သုံးဆီနှင့် ဆေးဝါး စသည်တို့ကို မြန်မာဘက်သို့ သွင်းခွင့်မပြုသဖြင့် မူဆယ်မြို့၌ ကုန်ဈေးနှုန်းများ ဆက်လက်ကြီးမြင့်နေဆဲဖြစ်ပြီး စက်သုံးဆီ တလီတာလျှင် ကျပ် ၁ သောင်းကျော်ထိ ဈေးတက်နေ ကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။

You may also like these stories:

ကျင်စန်းကျော့ဂိတ် ပြန်ဖွင့် မြန်မာ ကုန်တင်ယာဉ်များ တရုတ်ဝင်/ထွက် ခွင့်ပြု

ကျင်စန်းကျော့ဂိတ် တိုက်ခိုက်ခံရမှု ကျပ် ၃၀ ဘီလီယံကျော် ဆုံးရှုံး

တရုတ်က မန်ဝိန်းဂိတ်ဖွင့်သော်လည်း စစ်ကောင်စီ ဆက်ပိတ်ထား

]]>
ကြံရာသီအတွက် ဈေးသတ်မှတ်ချက် တောင်သူ တွက်ခြေမကိုက် ဟုဆို https://burma.irrawaddy.com/business/2022/11/24/256212.html Thu, 24 Nov 2022 05:54:17 +0000 https://burma.irrawaddy.com/lytbox/?p=256212 မကွေးတိုင်း အောင်လံမြို့နယ်အတွင်းမှ ကြံစိုက်တောင်သူများ / ဧရာဝတီကြံခုတ်ပြီး ၂၄ နာရီအတွင်း စက်ရုံသို့ အရောက်ပို့နိုင်မှသာ သတ်မှတ်ဈေးနှုန်းများ ရရှိနိုင်မည်ဖြစ်သောကြောင့် ကြံခုတ်ရာသီတွင် နယ်မြေအေးချမ်းမှု မရှိပါက လမ်းပန်းဆက်သွယ်ရေးအခက်အခဲများလည်း ရင်ဆိုင်ရနိုင်ကြောင်း ]]> မကွေးတိုင်း အောင်လံမြို့နယ်အတွင်းမှ ကြံစိုက်တောင်သူများ / ဧရာဝတီ

လာမည် ကြံရာသီအတွက် ၁ တန်လျှင် ကျပ် ၇ သောင်းမှ ၉ သောင်းအထိ အမြင့်ဆုံးဈေး သတ်မှတ်ပေးသော်လည်း စိုက်ပျိုးစရိတ်များ ကြီးမြင့်သဖြင့် တောင်သူအတွက် တွက်ခြေမကိုက်ကြောင်း ရှမ်းပြည်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းမှ ကြံစိုက်သူများက ဆိုသည်။

ကြံအခြေခံဈေးနှုန်းကို မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သကြား စက်ရုံများက နှစ်စဉ်သုံးပွင့်ဆိုင်တွေ့ဆုံကာ ဈေးကွက်တခုလုံးစာအတွက် သတ်မှတ်ပေးခြင်းဖြစ်ပြီး၊ ယခုနှစ်အတွင်း ဓာတ် မြေသြဇာ၊ ပိုးသတ်ဆေးစသည့် သွင်းအားစုစရိတ်များ ယခင်ထက် ၂ ဆနီးပါးမြင့်လာသလို စက်သုံးဆီဈေး၊ လုပ်သားခ နှင့် သယ်ယူစရိတ်အပြင် အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် တောင်သူ တွက်ခြေမကိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကျောက်ထုံးကြီးဒေသမှ ကြံစိုက်တောင်သူ ဦးချိုကြီးက“ကုန်ကျစရိတ်က အရင်ထက် ၇၀ ရာခိုင်နှုန်းလောက် ထိ တက်သွားတယ်၊ ကြံရောင်းဈေးက ၃၅ ရာခိုင်နှုန်းလောက်ပဲ ဈေးတက်လာတော့ စရိတ်ကာမိရုံလောက်ပဲရှိမယ်။ အမြတ် မကျန်ဘဲ တွက်ခြေမကိုက်ကြတော့တာပါ”ဟု ပြောသည်။

ထို့ပြင် ကြံ၏ သဘောသဘာဝမှာ ခုတ်ပြီး ၂၄ နာရီအတွင်း စက်ရုံ အရောက်ပို့နိုင်မှသာ သတ်မှတ်ဈေးနှုန်း ရမည်ဖြစ်ရာ ကြံခုတ်ရာသီတွင် နယ်မြေအေးချမ်းမှု မရှိပါက လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရင်ဆိုင်ရနိုင်ကြောင်း ကြံစိုက် တောင်သူများက ပြောသည်။

ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းထိစပ်ဒေသမှ ကြံတောင်သူ ဦးမျိုးဝင်းက “ကြံကခုတ်ပြီး ၄၈ နာရီကျော်တာနဲ့ ချဉ်တတ်တဲ့ အလေ့ရှိတော့ ခုတ်ပြီး ၂၄ နာရီအတွင်း စက်ရုံကို အရောက်ပို့ နိုင်ဖို့လိုတယ်၊ ၃၈ နာရီကျော်သွားရင် သိပ်အဆင်မပြေ တော့ဘူး၊ လမ်းပန်းဆက်သွယ်ရေးကလည်း နယ်မြေအခြေအနေအရ သွားဆိုရင် သွား၊ ရပ်ဆိုရင် ရပ်ထားကြရတော့ ကြံရာသီချိန်မှာ အဲဒီလို အခက်အခဲတွေလည်း ကြုံလာနိုင်တယ်” သုံးသပ်ပြောသည်။

၂၀၂၁-၂၂ခုနှစ် ကြံရာသီတွင် ၁ တန်လျှင် ကျပ် ၅ သောင်းမှ အမြင့်ဆုံး ကျပ် ၆ သောင်း ၈ ထောင်ခန့်သာ ပေါက်ဈေးရှိခဲ့ ပြီး ယခုသတ်မှတ်ဈေးမှာ အမြင်ဆုံးဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်က ကြံ ၁တန်လျှင် ၄သောင်း ၂ထောင်ကျပ် ခန့် ပေါက်ဈေး ရှိခဲ့ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက“အခုက အမြင့်ဆုံး သတ်မှတ်ဈေးပါ၊ ဒီအပေါ်မှာတော့ တွက်ခြေကိုက်တဲ့သူလည်း ရှိနိုင်သလို မရှိတဲ့သူလည်း ရှိနိုင်တယ်၊ အဲဒါတွေက ဘယ်အပေါ်မှာ မူတည် သလဲဆိုရင် ရာသီဥတုကောင်းလို့ ကြံတဧကမှာ တန် ၄၀ အထက် ထွက်တဲ့သူတွေဆိုရင် တွက်ခြေကိုက်ကြတယ်၊ အချို့ သွင်းအားစုလည်း မထည့်နိုင်၊ ရာသီဥတုလည်း မကောင်းဘူး၊ စိုက်ပျိုးချိန်လည်း နောက်ကျ အဲဒီလို တောင်သူတွေ ဆိုရင် တော့ ကြံထွက်နှုန်းလျော့ပြီး တွက်ခြေမကိုက်နိုင်ကြတော့ဘူးပေါ့”ဟု ပြောသည်။

ကြံဈေးနှုန်းမှာ ပြည်တွင်းသကြားဈေးကွက်အပေါ် တည်နေပြီး စက်ရုံများက ကြံဝယ်ရာတွင် သကြားဈေးကို အခြေခံ၍ ဝယ်ယူကြရာ ပြည်တွင်း၌ သကြား ၁ ပိသာလျှင် ၁၆၀၀ ကျပ်ခန့် ဈေးရှိချိန်က ကြံ ၁ တန် အခြေခံဈေး ကျပ် ၆သောင်းခွဲ ဈေးရသော်လည်း ယခုအခါ သကြား ၁ ပိသာ ၂၄၀၀ ကျပ်ခန့်တွင် အခြေခံဈေးနှုန်း ၁သိန်း ဝန်းကျင်ရရှိမှသာ ကြံတောင်သူ များ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ကြံ ၁ တန်လျှင် သကြား ၆၆ ပိသာခန့် ထွက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအုပ်စုမှ ကြံစိုက်တောင်သူ ဦးလီလီထွန်းက “လက်ရှိ အခြေအနေ အရ ကြံ ၁ တန် ကျပ် ၁သိန်း ၁ သောင်း ဝန်းကျင် ဖြစ်သင့်တယ်ဆိုပေမယ့် ကိုက်ကိုက် မကိုက်ကိုက် တောင်သူနဲ့ ကုမ္ပဏီ ကတော့ အဆင်ပြေသလိုပဲ လုပ် နေကြတာ၊ ကြံတောင်သူတွေဆီက ဈေးပြတ်နဲ့ ဝယ်တာဆိုတော့ တောင်သူတွေ က စက်ရုံ အရောက်ပို့ရတာ၊ ကြံတောင်သူ အနေနဲ့ တွက်ခြေကိုက်မယ့် ဈေးနှုန်း ညှိနှိုင်းဆောင်ရွက်ခွင့် မရှိတာပဲ၊ လှောင်ထားလို့ရတဲ့ သီးနှံမဟုတ်တော့ သူတို့ ဖြတ် တဲ့ ဈေးနှုန်းနဲ့ ရောင်းနေကြရတာပါပဲ”ဟု ပြောသည်။

ယခုကဲ့သို့ ဈေးနှုန်း ပုံသေသတ်မှတ်သည့် စနစ်မကျင့်သုံးခင်ကမူ ပြည်တွင်း သကြားဈေးပေါ်မူတည်၍ နှုန်းရှင် စနစ်ကို ကျင့် သုံးခဲ့ကြောင်း၊ ဥပမာအားဖြင့် ကြံ ၁ တန်လျှင် အမြင့်ဆုံးဈေး ၆ သောင်းခန့် ရှိစဉ်က သကြားဈေးကွက်အတွင်း၌ ၁ပိသာ ၅၀ ကျပ်ခန့် ဈေးတက်လျှင် ကြံ ၁ တန်အပေါ် ၁၀၀၀ ကျပ်နှုန်း တိုးပေးခဲ့သည့် စနစ်ကို ကျင့်သုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးကလည်း “ဈေးအရှင်ဆိုတာက သကြား ဈေးနဲ့ တွက်ချက်ပြီးမှ ကြံကို ဈေးဖြတ်ပေးတာမျိုးပေါ့၊ ဥပမာ ဈေးကွက်ထဲမှာ သကြားဈေးတက်သွားတယ်ဆိုရင် ကြံအခြေခံ သတ်မှတ်ဈေးနှုန်းထက် ၁ ထောင်ကနေ ၅ ထောင်လောက်အထိ တိုးပေးတာမျိုးပေါ့၊ အဲဒီလိုပဲ သကြားဈေးကျ သွားရင် ဈေးလျှော့ မပေးရဘဲ သတ်မှတ်ထားတဲ့ အခြေခံဈေးနှုန်းအတိုင်း ပေးရတာမျိုးပေါ့၊ သကြားဈေးနှုန်း အတက်အကျပေါ်မှာ မူတည်ပြီးတော့ ဈေးအရှင် သတ်မှတ်ပေးတာမျိုးပေါ့”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကြံကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ မန္တလေးတိုင်းတို့တွင် စိုက်ပျိုးပြီး ကြံစိုက် ၁ ရာသီလျှင် ၁၃ လခန့် ကြာပြီး ကြံအမျိုးအစားပေါ်မူတည်ကာ စတင်စိုက်ချိန်မှ စက်ရုံသို့ ပိုပြီးချိန်အထိ တဧကလျှင် ကျပ် ၁၅ သိန်းမှ ၂၂ သိန်းခန့်ထိ ကုန်ကျမှုရှိသလို တဧကလျှင် အနည်းဆုံး တန်ချိန် ၂၀ မှ ၅၀ ခန့်ထိ ထွက်ရှိကြောင်း သိရသည်။

You may also like these stories:

မူဝါဒကောင်း ရှိလာရင်တော့ ကြံ၊ သကြားလောက ဖွံ့ဖြိုးလာပါလိမ့်မယ်

MEC ပိုင် သကြားစက် ကြံဈေးလျှော့ချဝယ်ယူမှု သက်ဆိုင်ရာသို့ တင်ပြမည် ဟုဆို

အခြေခံစပါးဈေး တင်း ၁၀၀ လျှင် ၅ သိန်းကျပ် သတ်မှတ်ကြောင်း အစိုးရကြေညာ

တပတ်အတွင်း စစ်ကိုင်းတိုင်းမှ ရွာ ၂၀ ကျော် စစ်တပ်မီးရှို့

]]>
နယ်စပ်ပိတ်၍ တရုတ်သို့ ကြံတန်ချိန် ၇ သိန်းတင်ပို့ရန် အခက်ကြုံနိုင် https://burma.irrawaddy.com/news/2021/10/07/246540.html Thu, 07 Oct 2021 10:44:46 +0000 https://burma.irrawaddy.com/lytbox/?p=246540 မူဆယ်မြို့ရှိ တရုတ်- မြန်မာ နယ်စပ်ဂိတ်တခု  / ဧရာဝတီကြံတင်ပို့ဖို့ ကိစ္စပါ။ ဒီဇင်ဘာလလောက်ဆို အခက်အခဲဖြစ်မှာ။ ဒီအချိန်ကတော့ မခုတ်ရသေးဘူး၊ စိုက်ကြပျိုးကြတုန်း။ ကြံကတော့ တန်ချိန် ၇ သိန်းကျော်လောက် နှစ်စဉ် ပျမ်းမျှတင်ပို့တယ်။ လယ်ယာထွက်ကုန်က တရုတ်နယ်စပ်ကို တော်တော်များများ အားထားနေရတာ။ အပေါက် ပိတ်လိုက်တဲ့ အခါကျတော့ အခက်အခဲတော့ အများ ကြီး ရှိတာပေါ့]]> မူဆယ်မြို့ရှိ တရုတ်- မြန်မာ နယ်စပ်ဂိတ်တခု  / ဧရာဝတီ

မြန်မာ-တရုတ် နယ်စပ်ရှိ ကျန်ရှိနေသော ချင်းရွှေဟော် နယ်စပ်ဂိတ်ပေါက်ကို ယခုလ ၆ ရက်မှ စတင် ပိတ်လိုက်ပြီ ဖြစ်သောကြောင့် တရုတ်သို့ တင်ပို့မည့် မြန်မာ့ကြံ တန်ချိန် ၇ သိန်းခန့် တင်ပို့ရန် အခက်အခဲ ဖြစ်သွားနိုင်ကြောင်း ကြံ စိုက်ပျိုး ထုတ်လုပ်သူများထံမှ သိရသည်။

အဆိုပါ ချင်းရွှေဟော် နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ မြန်မာ့လယ်ယာ ထွက်ကုန်များ ဖြစ်သော သစ်သီးဝလံများ၊ ကြက်သွန်နီ၊ ဆန်၊ ပြောင်း၊ သကြား၊ ကြံ၊ ပဲမျိုးစုံနှင့် နှမ်း အစရှိသည့် သီးနှံများကို အဓိကထား တင်ပို့နေခြင်း ဖြစ်ပြီး တရုတ်ဘက်မှ စိုက်ပျိုးရေးသုံး သွင်းအားစုများ၊ လူသုံးကုန်နှင့် စက်မှုထွက်ကုန်များကို တင်သွင်းနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက “သကြားကတော့ တင်ပို့ တာတော့ သိပ်မရှိပါဘူး။ ကြံတင်ပို့ဖို့ ကိစ္စပါ။ ဒီဇင်ဘာလလောက်ဆို အခက်အခဲဖြစ်မှာ။ ဒီအချိန်ကတော့ မခုတ်ရသေးဘူး၊ စိုက်ကြပျိုးကြတုန်း။ ကြံကတော့ တန်ချိန် ၇ သိန်းကျော်လောက် နှစ်စဉ် ပျမ်းမျှတင်ပို့တယ်။ လယ်ယာထွက်ကုန်က တရုတ်နယ်စပ်ကို တော်တော်များများ အားထားနေရတာ။ အပေါက် ပိတ်လိုက်တဲ့ အခါကျတော့ အခက်အခဲတော့ အများ ကြီး ရှိတာပေါ့” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ ချင်းရွှေဟော် နယ်စပ်ဂိတ်ပေါက် ပိတ်လိုက်သည့် အချိန်တွင် ဂိုဒေါင်များထဲ၌ တရုတ်သို့ တင်ပို့မည့် သကြားများ၊ ဆန်၊ ပြောင်း၊ ပဲမျိုးစုံနှင့် နှမ်း စသည့် လယ်ယာထွက်ကုန်တချို့ ကျန်ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် ချင်းရွှေဟော် နယ်စပ်ဂိတ်ပေါက်သည် မြန်မာပြည်ထွက် ကုန်စိမ်းသီးနှံများ အဓိက တင်ပို့နေရသဖြင့်လည်း ယခုကဲ့ သို့ ပိတ်သွားခြင်းက မြန်မာကုန်သည်များအတွက် ထိခိုက်နစ်နာမှုများရှိသလို နယ်စပ်ဂိတ်ကို မှီခိုလုပ်ကိုင်စားသောက်နေ သော ကုန်ကားသမားများ အပါအဝင် ရွှေ့ပြောင်းလုပ်သားများအတွက်လည်း အလုပ်လက်မဲ့ ဖြစ်ကာ စားဝတ်နေရေး အကျပ်အတည်း ဖြစ်လာနိုင်ကြောင်း ကုန်သည်တချို့က ပြောသည်။

ပြည်တွင်းတွင် ပိုလျှံသည့် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းများသည် တရုတ်ကိုသာ အဓိကအားထား၍ နယ်စပ်မှ တင်ပို့ရသလို တချို့ ကုန်စည်များကလည်း ပင်လယ်ရေကြောင်းမှ တင်ပို့၍ မရသဖြင့် နယ်စပ်ကုန်သွယ်ရေးကိုသာ အားထားနေရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီနှင့် ဇူလိုင်လက မန့်ဝိန်း၊ ကျင်စန်းကျော့၊ ဆင်ဖြူရှင် စသည့် တရုတ်နယ်စပ်ဂိတ်များ ပိတ်ခဲ့စဉ်က လည်း မြန်မာ့ လယ်ယာထွက်ကုန်များ ဖြစ်သော ဖရဲသီးတင် ၁၂ ဘီးကား အစီးလိုက် စွန့်ပစ်ရခြင်းများ ရှိသလို ပြောင်းနှင့် ကြံများလည်း မြစ်ထဲ၊ မြောင်းထဲသို့ စွန့်ပစ်ရခြင်းများ ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

ကြံ၊ သကြားကုန်သည် တဦးက “ကြံတွေဘာတွေကိုတောင် နောက်ဆုံး မပို့နိုင်လို့ ချောင်းထဲမြစ်ထဲ မျှောလိုက်တာတို့၊ သစ်သီးတွေဆိုရင် လမ်းဘေး စွန့်လိုက်ရတာတို့၊ မြစ်ထဲ စွန့်ပစ်လိုက်ရတာတို့ ရှိခဲ့တယ်။ ဒါကတော့ ရာခိုင်နှုန်း ၁၀၀ လောက် ဆုံးရှုံးသွားတာပေါ့။ ကားခလည်းဆုံး၊ ပစ္စည်းဖိုးလည်း ဆုံးတာတွေပေါ့။ ပြောရရင်တော့ အခုလို ပိတ်တာက မြန်မာနိုင်ငံအတွက် လယ်ယာထွက်ကုန်ကို အားကိုးနေရတော့ သိပ်တော့ အဆင်မပြေဘူးပေါ့” ဟု ပြောသည်။

ယခင်နှစ်က တရုတ်ဘက်သို့ တင်ပို့သည့် ကြံ ၁ တန်လျှင် ယွမ် ၈ သောင်းခွဲမှ ၉ သောင်းအထိ ရရှိပြီး ယခုနှစ်တွင်လည်း လက်ရှိအချိန်၌ တရုတ်ငွေကြေး ဈေးတက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသဖြင့် ကြံဈေးကောင်းမည့်နှစ် ဖြစ်သည် ဟု ကုန်သည်များက သုံးသပ်ထားသည်။

သို့သော် တရုတ်နယ်စပ် ဂိတ်ပေါက်များ ပိတ်ထားသောကြောင့် တောင်သူများအတွက် အခက်အခဲ ကြုံလာနိုင်ပြီး နယ်စပ် ဂိတ်ပေါက်ဖွင့်ရန် ရင်တမမနှင့် စောင့်ဆိုင်းနေရပြီး ကြံခင်းထဲတွင်သာ ကုန်များ စွန့်ပစ်ဖျက်ဆီးခံရမည့် အခြေအနေ ဖြစ်နေ သည်ဟုလည်း ဦးဝင်းဌေးက ပြောသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ကြံစိုက်တောင်သူ ဦးဝေညွန့်က “ကျနော်တို့ဘက်မှာတော့ အခုက မြေဆီတွေ ဈေးတက်လို့ မသုံးနိုင်ဘူး။ ဆေးဝါးတွေလည်း ဈေးတက်လို့ မသုံးနိုင်ဘူး။ ကြံကလည်း အရင်နှစ်ထက် အထွက်နည်းတယ်။ လာမယ့်နှစ် မှာလည်း ဈေးကြီးတော့ သိပ်မစိုက်နိုင်ဘူး။ အဲဒီတော့ ဒီနှစ်က အထွက်လျော့မယ်။ အရင်က တဧက တန် ၃၀ လောက်ဆို ရင် ဒီနှစ်ကတော့ တန်ချိန် ၁၄/၁၅ လောက် ဆိုတာတောင် မနည်းထွက်ရမှာ” ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးမှု ဧက သောင်းနှင့်ချီ ရှိပြီး ကြံ တဧကလျှင် ပုံမှန်တန်ချိန် ၃၀ အထိ ထွက်ရှိကာ စိုက်ပျိုးစရိတ် မှာ ယခင်က တဧက ကျပ် ၄ သိန်းကျော်သာ ရှိသော်လည်း ယခုနှစ်တွင် မြင့်တက်လာသော သွင်းအားစု ဈေးများကြောင့် စိုက်ပျိုးစရိတ်မှာ တဧကလျှင် ကျပ် ၈ သိန်းကျော်အထိ ရှိနေကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “တောင်သူလက်ထဲမှာ အခုက ငွေမရှိတော့ အခက်အခဲတော့ ဖြစ်တာပေါ့။ တဧကကို မြေဆီ နှစ် အိတ်လောက် ကျွေးရတာကို အခုဆို မကျွေးနိုင်ဘူးလေ။ အဲဒီတော့ အထွက်နှုန်း လျော့တယ်။ စက်ရုံတွေကလည်း အရင် လို ငွေချေးမပေးနိုင်ဘူး။ ကျနော်တို့ဆိုရင် လွယ်ဂျယ်က နီးတော့ အဲဒီဘက်ကို ပိုသွားတယ်။ သုံးပုံတပုံလောက် သွား တယ်။ အခုကတော့ ပိတ်ထားတယ်” ဟု ဆိုသည်။

လာမည့် နိုဝင်ဘာလ အလယ်ပိုင်းဆိုလျှင် ကြံများ ထွက်ရှိလာတော့မည် ဖြစ်သောကြောင့် ယခုအခြေအနေနှင့်ဆိုလျှင် စောင့်ကြည့်ရမည့် အနေအထား ဖြစ်နေပြီး ကြံတောင်သူများ အနေဖြင့် တခြားသီးနှံ ပြောင်းစိုက်ရန်လည်း စဉ်းစား နေကြောင်း သိရသည်။

လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ၏ ဒုတိယ အကြီးဆုံးဖြစ်ပြီး တနှစ်လျှင် ပျမ်းမျှကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀၀ ကျော် ရရှိကြောင်း သိရ သည်။

လက်ရှိတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်းရှိ လောက် ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်နှင့် ချင်းရွှေဟော် ဒေသများကို ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ဒေသဦးစီးအဖွဲ့က အသွား အလာလည်း ကန့်သတ်ထားသည်။

You may also like these stories:

တရုတ်နယ်စပ်တွင် ၆ လကြာ ပိတ်မိနေသော မြန်မာပိုင်ကုန်ပစ္စည်းများ သယ်ယူခွင့်ပြုမည်

ငွေကြေးဂယက်ကြောင့် ပြည်ပမှ တင်သွင်းရောင်းချသည့် ဆိုင်တချို့ ရပ်နားထားရ

အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ ထိုးတက်လာနေ

]]>
မူဝါဒကောင်း ရှိလာရင်တော့ ကြံ၊ သကြားလောက ဖွံ့ဖြိုးလာပါလိမ့်မယ် https://burma.irrawaddy.com/opinion/interview/2020/01/18/213258.html Sat, 18 Jan 2020 02:30:44 +0000 https://burma.irrawaddy.com/lytbox/?p=213258 မကွေးတိုင်း အောင်လံမြို့နယ်အတွင်းရှိ ကြံစိုက်ခင်းများနှင့် တောင်သူများ၂၀၁၉ ခုနှစ် ဇူလိုင် လောက်ကစပြီး တရုတ်ဘက်က သကြား အဝယ်ရပ်လိုက်တာကြောင့် သကြားဈေး ၁၄၀၀ ကျပ်က နေ ၉၂၀ ကျပ်အထိ ကျဆင်းခဲ့တာကြောင့် ဒီဇင်ဘာလ ကြံခုတ်ရာသီကစတင်ကာ သကြားစက်တချို့က ကြံဈေးနှုန်း တတန် ကို ကျပ် ၅ ထောင်လောက် ဈေးချဝယ်ယူခဲ့တာကြောင့် ကြံစိုက်တောင်သူတွေ အခက်အခဲကြုံတွေ့နေရပါတယ်။]]> မကွေးတိုင်း အောင်လံမြို့နယ်အတွင်းရှိ ကြံစိုက်ခင်းများနှင့် တောင်သူများ

မြန်မာနိုင်ငံ၌ ကြံတောင်သူ ၃ သိန်း ၃ သောင်းကျော်ရှိကာ ကြံစိုက်ဧကပေါင်း ၄.၅ သိန်းကျော်ရှိပါတယ်၊ ရှမ်းပြည်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းမှာ အများဆုံး စိုက်ပျိုးကြပါတယ်။

သကြားစက်ရုံကြီးပေါင်း ၂၃ရုံ ရှိရာမှာ တပ်မတော်ပိုင်စက်ရုံ ၆ ရုံ၊ အစိုးရက ငှားရမ်းပြီး လွှဲပြောင်းပေးထားတဲ့ စက်ရုံပေါင်း ၁၁ ရုံနဲ့ ပုဂ္ဂလိကသီးသန့်ပိုင်တဲ့ စက်ရုံ ၆ ရုံရှိပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင် လောက်ကစပြီး တရုတ်ဘက်က သကြား အဝယ်ရပ်လိုက်တာကြောင့် သကြားဈေး ၁၄၀၀ ကျပ်က နေ ၉၂၀ ကျပ်အထိ ကျဆင်းခဲ့တာကြောင့် ဒီဇင်ဘာလ ကြံခုတ်ရာသီကစတင်ကာ သကြားစက်တချို့က ကြံဈေးနှုန်း တတန် ကို ကျပ် ၅ ထောင်လောက် ဈေးချဝယ်ယူခဲ့တာကြောင့် ကြံစိုက်တောင်သူတွေ အခက်အခဲကြုံတွေ့နေရပါတယ်။

ဒီသကြားဈေး၊ ကြံဈေးကျဆင်းမှု ပြဿနာကြောင့် တောင်သူများ အခက်အခဲနဲ့ ပတ်သက်ပြီး ရေရှည်ဖြေရှင်းမှုတွေ ပြု လုပ်ဖို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးစိန်ထွန်းကို ဧရာဝတီ သတင်းဌာနက သတင်းထောက် ကောင်းမြတ်မင်းက မေးမြန်းထားပါတယ်။

မေး ။ ။ လက်တလော ကြံဈေးတွေကျနေတယ်လို့ သိရတယ်။ ဘယ်လို့ကြောင့်ပါလဲ။

ဖြေ။ ။ ကြံဈေးနှုန်းကျတဲ့အကြောင်းအရင်းကတော့ တရုတ်ပြည်ကို အခါတိုင်း သကြားပို့နေတော့ ဈေးကောင်းကောင်း ရတယ်။ အခုတရုတ်က သကြားလုံးဝမဝယ်ဘူး။ တရုတ်ပြည်ကိုပို့လို့မရတော့ သကြားဈေးတွေက တော်တော်လေးဆင်းသွားတယ်။

တပိဿာကို ကျပ် ၁၃၀၀- ၁၄၀၀ ကနေ ၉၈၀ ပဲရှိတော့တာ ဆိုတော့ တအားကွာသွားတယ်။ ဈေးနှုန်းအရမ်းကွာတော့ စက်ရုံကလည်း ကြံဈေးကို နည်းနည်းလေးချတာပေါ့။ သူတို့ သတ်မှတ်ချက်တော့ရှိတယ်၊ သကြားဈေးဘယ်လောက် ဆိုရင် ကြံဈေးကို ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာတော့ရှိတယ်။ စက်ရုံတွေမှာတော့ သူ့နယ်မြေအလိုက်ပေါ့။ တနယ်နဲ့ တနယ်တော့ မတူဘူးပေါ့နော် အဲလိုမျိုးအခြေအနေလေးရှိတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒီအကြောင်းလေးကို အသင်းရုံးမှာတုန်းက ရှင်းပြထားပေးတယ်။ ဒီတနှစ်ကတော့ တောင်သူ တွေရော စက်ရုံတွေရော လုပ်ငန်းရှင်တွေရော သည်းခံပြီးတော့မှ သကြားဈေးနှုန်းကျလို့ ကြံဈေးကျတယ် အဲဒီ အတွက်ကြောင့် အဆင်ပြေသလိုလေးပဲ ညှိနှိုင်းပြီးတော့ လုပ်ပေးဖို့ အဲလိုပဲ ဖြစ်စေချင်တယ်လို့ ပြောထားပေးတယ်။

မေး ။ ။ သကြားဈေးကျသွားတယ် ဘယ်လပိုင်းလောက်ကစဖြစ်သွားတာလဲ။

ဖြေ။ ။ သကြားဈေးကျသွားတာက ၂၀၁၉ ဇူလိုင် လောက်ကတည်းက စကျသွားတာ။ တရုတ်ဘက်က ကျသွားတာ ပေါ့။

မေး ။ ။ အဓိကသကြားဈေးကွက်က တရုတ်ကိုပဲ မှီခိုနေရတာလား ဘယ်လိုမျိုးလေး ရှင်းပြပေးပါလား။

ဖြေ။ ။ ကျနော်တို့ ပြည်တွင်းထုတ်လုပ်မှုက သကြားတန်ပေါင်း ၄ သိန်းခွဲလောက်ရှိတယ်။ ပြီးခဲ့တဲ့တနှစ်ကျော်ကဆိုရင် ၅ သိန်းခွဲလောက်ရှိတယ်။ ဒီနှစ်က ၄ သိန်းခွဲနဲ့ ၅ သိန်းကြားပဲထုတ်တယ်။ ကျနော်တို့ ပြည်တွင်းစားသုံးမှုက ၄ သိန်းခွဲ လောက်ရှိတယ်။

ပြည်တွင်းစားသုံးမှုနဲ့ ထုတ်လုပ်မှုနဲ့က အကိုက်ပဲ၊ ဒါပေမယ့် စီးပွားကူးသန်းကနေပြီးတော့ Re- Export ဆိုပြီးလုပ်လိုက် တာရယ်နောက်ပြီး ပြည်တွင်း လုပ်ငန်းရှင်တွေကို Import ဆိုတာ Refined sugar မှသုံးလို့ရပါတယ်။တချို့ကျတော့လည်း နိုင်ငံခြားသကြားမှ သုံးလို့ရပါတယ်ဆိုပြီး စီးပွားကူးသန်းမှာ သကြားလျှောက်တယ်၊ လျှောက်တော့ သူတို့က အဲဒီလို လုပ်ငန်းရှင်တွေကိုလည်း ခွင့်ပြုလိုက်တာပေါ့။

အဲဒီအတွက်ကြောင့် နိုင်ငံခြားသကြားတွေက ပြည်တွင်းမှာ စုပုံသွားတာပေါ့။ Re- Export ကြောင့်စုပုံသွားတာရယ်၊ Import တွေပေးလို့ စုပုံသွားတာရယ်၊ နောက်ပြီး မှောင်ခိုဝင်လာလို့ မြဝတီလမ်းကြောင်းတလျှောက်ကလည်း နေ့စဉ် ယိုးဒယားသကြား မှောင်ခိုဝင်တာ အဲဒါတွေလည်း ရှိပါတယ်။ အဲဒီအတွက်ကြောင့် စုပုံသွားပြီးမှ ဒီသကြားဈေးက မထိန်းနိုင်ဖြစ်သွားတာပေါ့။

မေး။ ။ ကြံခုတ်ရာသီမှာ ကြံဈေး ရုတ်တရက်ကျသွားခြင်းအားဖြင့် ဘာအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။

ဖြေ။ ။ ကြံဈေးကျတယ် ဆိုတာက ကျနော်တို့ မြန်မာပြည်က ကြံတောင်သူကလည်း ခေတ်မှီစက်ကရိယာ အသုံးမပြု နိုင်တာရယ်။ စိုက်ပျိုးရေးနည်းစနစ် သိပ်ပြီး မကျွမ်းကျင်တာရယ် အခြေအနေတွေနဲ့ တဧက အထွက်နှုန်းတွေက သိပ် အကောင်းကြီးလည်းမဟုတ်ဘူး။

ပြည်တွင်းစိုက်ပျိုးမှု အနေနဲ့က ကြံထွက်နှုန်းကို တနှစ်ထက် တနှစ်ပိုပိုပြီး ကောင်းမွန်လာအောင် လုပ်ဖို့ သူတို့ကလည်း ကြိုးစားပေးနေတာပေါ့ ကျနော်တို့အသင်းကလည်း အဲဒါကိုလုပ်ပေးနေပါတယ်။ သို့ပေမယ့် မြန်မာပြည်မှာလက်ရှိ ကြံ တဧကကို တန် ၂၀ လောက်ပဲထွက်နေသေးတယ်။

နိုင်ငံခြားမှာ တဧကကို တန် ၄၀ လောက်အထိထွက်နေပြီ။ တချို့စိုက်စနစ် ကောင်းတာတွေ စက်ကိရိယာအသုံးပြုတာတို့ ရေသွင်းတာတို့ စနစ်ကျတယ်ဆိုရင် တန် ၆၀ လောက်အထိထွက်တာကို အဲဒီအတွက်ကြောင့် ကြံတောင်သူတွေ ကလည်း စိုက်ပျိုးထုတ်လုပ်မှုမှာလည်း အနည်းငယ်အားနည်းနေတာပေါ့။

ဒါကြောင့် တောင်သူတွေက အကျိုးစီးပွားဖြစ်ထွန်းမှု နည်းနည်းလေး အားနည်းနေတာကြောင့် ကြံဈေးကျတယ် ဆိုရင်လည်း သူတို့ သိပ်မခံနိုင်ဘူးပေါ့။ အဲဒီလိုအခြေအနေမျိုး ဖြစ်နေတာပါ။

မေး။ ။ တချို့ ကြံတောင်သူတွေလည်း ဒီနှစ်ကြံဈေးကျတဲ့ အပေါ်မှာ နောက်နှစ် ဆက်စိုက်မယ် မစိုက်ဘူး၊ စဉ်းစား နေပြီလို့ ပြောတာတွေလည်းရှိတယ်။ တကယ်လို့ ကြံ အစားထိုးသီးနှံများ စိုက်လိုက်လို့ရှိရင် အဲဒီဒေသမှာ တည်ထားတဲ့ သကြားစက်ရုံတွေ ဘာဖြစ်နိုင်လဲ စိုက်တဲ့သူ လျော့နည်းသွားလို့ရှိရင် ဘာသက်ရောက်မှုတွေရှိလာနိုင်သလဲ။

ဖြေ။ ။ ကျနော်တို့ မြန်မာပြည်မှာတော့ ပုံမှန် လေးနှစ်တကြိမ်လောက်ကတော့ အဲလိုမျိုး ကြံစိုက်ပျိုးထုတ်လုပ်မှုနဲ့ စက်ရုံက ကြိတ်ဝါးမှုနဲ့ စားသုံးမှုနဲ့ ဈေးမကောင်းမှုတွေဆိုတာ လေးနှစ် တကြိမ်လောက်တော့ ကြုံနေရတဲ့ အခြေနေတွေပါ။

ဒါကလည်း သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနှစ်လိုမျိုး အတက်အကျ ကွာဟတာမျိုး ဒီတနှစ်က တော်တော်ကွာဟ သွားတာပေါ့နော်။ အဲဒီအတွက်ကြောင့် သကြားဈေးက ထောင့်သုံးလေးရာကနေ ကိုးရာကျော်ဆိုတော့ အရမ်းကိုကွာဟလွန်းတယ်လေ။

အဲလို ကွာဟမှုမျိုးကျတော့ တောင်သူတွေက မခံနိုင်ဘူး။ တောင်သူတွေကလည်း ဒီလိုအချိန်မှာ အကြပ်အတည်းတော့ ဖြစ်တာပေါ့။ တောင်သူတွေက အခြားသီးနှံကို ပြောင်းစိုက်ခဲ့မယ်ဆိုရင် ကျနော်ပြောခဲ့သလိုပဲ ဒါမျိုးဈေးကျတာက လေးနှစ် တကြိမ်ကြုံရတဲ့ အခါ တခြားအစားထိုး သီးနှံတွေပြောင်းပြီး စိုက်တဲ့လူတွေလည်းရှိသလို ဒီဟာကိုပဲနှစ်စဉ် စိုက်ဧက တွေတိုးတိုးပြီးစိုက်နေတဲ့ တောင်သူတွေလည်းအများကြီးပါ။ ဒီအတွက်ကတော့ စက်ရုံနဲ့တောင်သူက မိတ်ဘက်ဖြစ်ထားတဲ့ အတွက် ပူစရာမရှိပါဘူး။

မေး။ ။ မှတ်တမ်းတွေအရ ကြံဈေးက အများဆုံး ဘယ်နှစ်ရာခိုင်နှုန်းလောက် အထိ ကျသွားဖူးလဲ

ဖြေ။ ။ စိုက်ပျိုးထုတ်လုပ်မှုက တဧကစိုက်တဲ့အခါ အရင်းအနှီးပမာဏ တခုလိုတာပေ့ါ အဲဒီပမာဏ စိုက်စရိတ်နဲ့ လက်မှိုင်း(တနှစ်စိုက်ပြီး၊ နောက်တကြိမ် ကြံမျိုးထည့်စရာမလို)၊ လက်မဲ့(ပထမဆုံးအကြိမ် ကြံမျိုးစိုက်ထည့်ခြင်း) အဲ့ဒီလို ထုတ်လုပ်မှုတွေနဲ့ ထုတ်တဲ့အခါမှာ တောင်သူတယောက် အနေနဲ့ ကြံတတန်ကို ကျပ် ၃ သောင်း လောက်ဆိုရင်ကိုပဲ သူတို့က အရင်းလောက်နီးနီး ဖြစ်နေတာပေါ့နော်။ အဲဒီ အရင်းအောက် သယ်ယူပို့ဆောင်စရိတ်နဲ့ဘာနဲ့ မကျန်တော့ ဘူးဖြစ်သွားမှာပေါ့။

အခုကျနော်တို့ ကြားထားတော့ တချို့ဒေသတွေမှာ ကျပ် ၃ သောင်း ၇ ထောင်ပေးတယ်၊ တချို့စက်ရုံတွေက ၄ သောင်း ပေးတယ်။ ပြီးခဲ့တဲ့နှစ်က ၄ သောင်း ၄ ထောင်ပေးတဲ့ စက်ရုံတွေက ဒီနှစ် ၄ သောင်းလောက်ပေးတယ်။ ပြီးခဲ့တဲ့နှစ်က ၃ သောင်း ၉ ထောင်လောက်ပေးတဲ့စက်ရုံက ဒီနှစ် ၃ သောင်းခွဲလောက်ပေးတယ်။ အလွန်ကြီးတော့ ချတယ်တော့ မဟုတ်ဘူးပေါ့။

ဒါပေမယ့် ကုန်ဈေးနှုန်းအခြေအနေနဲ့ လူနေမှုစရိတ် မြင့်မားတာတွေနဲ့ဘာနဲ့ အဲဒိအခြေအနေတွေကြောင့် သာ တောင်သူ က သည်းခံရ ခက်တာပေါ့ အဲလိုမျိုးအခြေအနေပါ။

မေး။ ။ စက်ရုံကထွက်တဲ့ ဘေးထွက်ပစ္စည်းတွေ တင့်လဲရည်တို့ ကြံချေးတို့ ပြန်ရောင်းခြင်းအားဖြင့်ရော ဘေးထွက် ပစ္စည်းတွေကနေရော ဝင်ငွေပြန်မရနိုင်ဘူးလား။

ဖြေ။ ။ အဲဒါကတော့ စက်ရုံအပိုင်းနဲ့ ဆိုင်သွားပြီ။ ကျနော်တို့ အသင်းကနေ ကြိုးစားပေးနေတဲ့ ကိစ္စတခုရှိပါတယ်။ အဲဒါက အီသနောထုတ်လုပ်မှုနဲ့ လျှပ်စစ်ရောင်းချမှုပေါ့။ အီသနော ထုတ်လုပ်မှုဆိုတာ နိုင်ငံတကာမှာတော့ သကြား စက်ရုံတွေ တော်တော်များများက ထွက်ရှိတဲ့ တင့်လဲရည်ကို အီသနောချက်ပြီး ကားထဲ ထည့်မောင်းတဲ့ စွမ်းအင်ပေါ့ Green Energy အဲဒါဖြစ်အောင်လိုက်နေတာပေါ့နော်။

အဲဒီကိစ္စလေးကို အဆင်ပြေတယ်ဆိုရင် ကျနော်တို့ ဘေးထွက်တွေဖြစ်တဲ့ တင့်လဲရည်ကို Value Added လုပ်တာပဲ ဒီအတွက်ကြောင့် ဒီလိုဘက်ကနေ စက်ရုံဘက်က ပြန်လည်ပြီးတော့ ဝင်ငွေတခု တိုးရတယ်ဆိုရင်တော့ ကြံတောင်သူကို ခံစားနေရတဲ့ ကြံဈေးနိမ့်ပါတယ်ဆိုတဲ့ ဈေးနှုန်းမျိုးတွေ မဖြစ်အောင် ပေးလို့ရသွားမှာပါ။

အဲဒီအတွက်ကို ကျနော်တို့ နိုင်ငံတော်ကို အသင်းအနေနဲ့လည်း အီသနောကိစ္စလေး ဖွံ့ဖြိုးတိုးတက်လာအောင် နောက် သကြားစက်ကထွက်တဲ့ လျှပ်စစ်ကို ထုတ်ပြီးတော့ မဟာဓာတ်အားလိုင်းထဲ ထည့်လို့ရအောင်လုပ်နေတယ်၊ ထည့်လို့ရ မယ်ဆိုရင် ဝင်ငွေတခုရသွားတာပေါ့။

အဲလိုမျိုး ရသွားရင်တော့ တောင်သူတွေကို ကြံဈေး ကောင်းကောင်းလေး ပေးနိုင်မယ်။ အဲလိုမျိုး ကျနော်ကတော့ မြင်ထား ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ အသင်းအနေနဲ့ ကြိုးစားပေးနေပါတယ်။ အီသနောမူဝါဒလေးကို နိုင်ငံတော်အနေနဲ့ အားပေးအားမြှောက် ပြုတယ်ဆိုရင် ကျနော်တို့ ကြံတောင်သူတွေနဲ့ မြန်မာပြည် ကြံသကြားလောကတခုလုံးက ဖွံ့ဖြိုး တိုး တက်သွားမယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားကလည်း လိုနေတယ်ဆိုတော့ ကြံစက်ရုံတွေကနေ လျှပ်စစ်ထုတ်တဲ့နည်းလေး ရှင်းပြပေးပါလား။

ဖြေ။ ။ ကြံကို ကြိတ်လိုက်တယ်ဆိုရင် ကြံဖတ်ထွက်တယ်။ အဲဒိကြံဖတ်ကို မီးရှို့ပြီးတော့ ဘွိုင်လာကိုလည်တယ်၊ အဲဒီ ဘွိုင်လာက ထွက်တဲ့လေနဲ့ ကာဘိုင်ကို လည်ပြီးတော့မှ လျှပ်စစ်ထုတ်တာ။ ထွက်လာတဲ့ လျှပ်စစ်ကိုမှ သကြားစက်ရုံ တခုလုံးကို လည်ပတ်တာပေါ့နော်။

သကြားစက်ရုံတခုလုံးသည် ပြင်ပက လျှပ်စစ်ဝယ်သုံးရတာမျိုး မရှိပါဘူး။ ရပ်ထားတဲ့ကာလနဲ့ စက်စလည်တဲ့ကာလဆိုရင် လျှပ်စစ်ကို တနည်းနည်းနဲ့ သူတို့ရအောင်ထုတ်သုံးရတာပေါ့။

နိုင်ငံတော်က မဟာဓာတ်အားလိုင်းနဲ့ တနည်းနည်းနဲ့သူတို့ ဆွဲထားလို့ရတယ်ဆိုရင် သုံးလို့ရပါတယ်။ ဒါမှမဟုတ် ဂျင်နရေတာနဲ့ သုံးမယ်ဆိုရင်လည်း သုံးလို့ရတယ်။ သူတို့ဒီဟာကို Co-Generation လို့ခေါ်တာပေါ့နော်။ သကြားစက်ရုံမှာ Co-Generation System ပါတယ်။

ဒါက စက်လည်ပတ်လို့ ပြီးသွားပြီဆိုတဲ့အချိန်မှာ ကျနော်တို့ဒီ ကြံဖတ်တွေကပိုတယ်၊ ကြံတန် တသောင်းလောက်လည်တဲ့ စက်ရုံတွေမှာ ကြံဖတ်တွေ ပိုလာတယ်။ အဲဒီပိုလာတဲ့ ကြံဖတ်တွေကို ဘွိုင်လာမှာ မီးထိုးပြီးတော့မှ Co-Generation လျှပ်စစ်ထုတ်ပြီးတော့မှ အဲဒါကို မဟာဓာတ်အားလိုင်းထဲကို ထုတ်ရောင်းမယ်ဆိုရင် ဒါဟာ ဝင်ငွေတခုရမယ်။

အခုနက ကျနော်ပြောတဲ့ တင့်လဲရည်ကို အရက်ချက်စက်ရုံတွေကို ပေးပို့ဖြစ်တယ်။ အရက်ချက်စက်ရုံ တွေကနေ တင့်လဲရည်ကို အရက်ချက်တယ်၊ အဲဒီအစား အီသနောကိုသာ ထုတ်မယ်ဆိုရင် တိုင်းပြည်မှာ ဓာတ်ဆီ အသုံးပြု နေတဲ့ကားတွေ E10 တို့ E20 တို့ E85 တို့ အဲဒီလောက်အထိကို ထုတ်ပြီးတော့ ကားတွေမှာထည့်မောင်းမယ်ဆိုရင် ပြည်ပကနေတင်သွင်းနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်အတွက် နိုင်ငံခြားငွေ အစားထိုးတဲ့သဘောဖြစ်သွားမှာပါ။

မေး။ ။ အစိုးရနဲ့ လွှတ်တော်ပိုင်းကရော ဒီလိုကိစ္စမျိုးတွေကို ဝင်ပြီး ဖြေရှင်းပေးတာ ကူညီပေးတာမျိုးရော ရှိဖူးလား။ ဒါမှမဟုတ် ဆရာတို့ အဖွဲ့အစည်းက သွားပြီးတော့ အကူအညီတောင်းတာမျိုးတွေရောရှိခဲ့လား။

ဖြေ။ ။ ဒီလိုနှစ်မျိုးဆိုတာကလည်း ၄ နှစ်တကြိမ်လောက်ကြုံရပါတယ်။ အခုဆိုရင် တောင်သူတွေက ကြံဈေး လေးငါး ထောင်လောက် နည်းသွားတယ်ဆိုရင် သူတို့တွက်ကိန်းနဲ့ တတန်အပေါ်မှာ တောင်သူတယောက်အနေနဲ့ တော်တော်ခံစား ရသလိုဖြစ်တာပေါ့။

အဲဒီတော့ အစိုးရပိုင်း၊ ဝန်ကြီးဌာနပိုင်းနဲ့ အသင်းနဲ့ တောက်လျှောက် ညှိနှိုင်းပြီးတော့ ဖြောင်းဖျသင့်တာလည်း ဖြောင့်ဖျ ရတာပေါ့ဗျာ။ ကူညီပေးနိုင်တာကိုလည်း ကျနော်တို့အသင်းအနေနဲ့ကူညီပေးပါတယ်။

နောက်ပြီးတော့ အခုဝန်ကြီးဌာန တွေမှာလည်း ဒီလိုမျိုး ကြံဈေးနှုန်းကျတာကို MEC စက်ရုံတွေက ို ဒီလိုဖြစ်ပါတယ်ဆိုပြီး တိုင်တယ်ဆိုရင်လည်း စီးပွားကူးသန်းတို့ ကုန်သွယ်မှုဦးစီးဌာနမှာ သကြားအပေါ်မှာ သက်ရောက်မှုရှိတဲ့ အတွက်ကြောင့် သူတို့ကလည်း လိုက်ပြီးတော့ဖြေရှင်းပေးပါတယ်။

မေး။ ။ ဒီလိုမျိုး ဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရင် တောင်သူရော၊ စက်ရုံရော၊ ကုန်သည်ရော သုံးဦး သုံးဖလှယ် အဆင်ပြေနိုင်မယ်လို့ ဆရာတို့ စဉ်းစားထားတာမျိုးရှိလား။

ဖြေ။ ။ လက်ရှိဖြစ်နေတဲ့ ပြဿနာက ကျနော်ပြောသလိုပဲ ၄ နှစ်တကြိမ် ဖြစ်နေကျ ပြဿနာတွေပါ။ ဒီတရုတ်ပြည်က ကျနော်တို့ သကြားကို ကိုယ်တာစနစ်နဲ့ ရတာမျိုးဖြစ်ဖြစ် မြန်မာနိုင်ငံကို ငဲ့ညာပြီးတော့ တခြားနည်းလမ်းနဲ့ ဝယ်ပေးတာ မျိုးပဲဖြစ်ဖြစ် တရုတ်ပြည်ရဲ့ သကြားဈေးကအင်မတန်ကောင်းပါတယ်။

သူနိုင်ငံမှာလည်း ပြည်တွင်းလုပ်ငန်းရှင်ကို အကာအကွယ်ပေးတဲ့ အနေနဲ့ ဒီသကြားဈေးကို မြှင့်ထားတယ်။ နောက်ပြီး တော့ ပြည်ပကခိုးဝင်တဲ့ ကိစ္စတွေ ဘာတွေ လွှတ်ပေးထားတယ်။ ဒါ သူ့နိုင်ငံရဲ့ သူ့ပေါ်လစီအရတော့ ကျနော်တို့က အဲဒီဘက်ကို ခိုးဝင်တယ်ဆိုရင်လည်း သွားရည်ကျစရာကြီးပေါ့။ ဒီလို အခြေအနေမျိုးလေးကိုတော့ ဖြစ်လာမယ်လို့ မမျှော်မှန်းရဲဘူး။

ဒါပေမယ့် ကိုယ့် ပြည်တွင်းသကြားဈေးနှုန်း ကောင်းလာအောင် တောင်သူတွေအနေနဲ့လည်း အကျိုးရှိတဲ့ ကြံဈေးနှုန်းမျိုး ဖြစ်လာအောင်ဆိုရင် နိုင်ငံတော်အနေနဲ့ ငွေကြေးပံ့ပိုးတာထက် မူဝါဒ၊ ဥပဒေလေး သတ်သတ်မှတ်မှတ်ဖြစ်အောင် ရေး ဆွဲပေးထားနိုင်မယ်၊ စီစဉ်ပေးထားနိုင်မယ်ဆိုရင် ကျနော်တို့ ကြံသကြားလောကကြီးက တကယ်ဖွံ့ဖြိုးတိုးတက် လာမှာပါ။

ကျနော်တို့ အသင်းအနေနဲ့ကလည်း နိုင်ငံတကာမှာ အမြဲတမ်း လေ့လာပြီးတော့ အာစီယံမှာလည်း သကြားမဟာမိတ် ဖွဲ့ထားတဲ့ ASA (Asian Sugar Alliance) အဖွဲ့မှာလည်း ကျနော်တို့က အဖွဲ့ဝင်ပါပဲ။ အဲဒီအတွက်ကြောင့် နိုင်ငံတကာကို လည်း အမြဲတမ်းလေ့လာပြီးတော့ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ကျနော်တို့အသင်းအနေနဲ့ အများကြီး ကြိုးစားပေးနေတယ်။

အဲဒီအတွက် နောက်နှစ်တွေမှာဆိုလည်း မူဝါဒကောင်းကောင်းဖြစ်ပေါ်လာရင်တော့ ဒီကြံ၊သကြားလောကကြီး ဖွံ့ဖြိုးလိမ့်မယ်လို့ ထင်ပါတယ်။

မေး။ ။ နောက်ထပ် ဘာများဖြည့်စွက်ပြီး ပြောလိုတာရှိလဲ။

ဖြေ။ ။ ကျနော်တို့ ကြိုးစားပေးနေတဲ့ အီသနောကိစ္စလေးရယ်၊ လျှပ်စစ်ကိစ္စလေးရယ်၊ နောက်ပြည်တွင်းမှာလက်ရှိ ကြံတောင်သူတွေကို ထိခိုက်စေတဲ့ နိုင်ငံခြားကနေပြီး ခိုးဝင်နေတဲ့ မှောင်ခိုဝင်နေတဲ့ အဲဒီသကြားတွေကို တားဆီး ပေးနိုင်မယ်၊ မူဝါဒတွေကိုကောင်းကောင်းလေး ရေးဆွဲချမှတ်ပေးနိုင်မယ်။

လျှပ်စစ်ကိစ္စဆိုရင်လည်း နိုင်ငံတော်အနေနဲ့ သင့်တင့်တဲ့ဈေးနှုန်းတခုနဲ့ ဝယ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ ကြံ၊ သကြားလောကကြီးဟာ ဖွံံ့ဖြိုးတိုးတက်ပြီးတော့ တောင်သူတွေလည်း ပျော်ရွှင်ချမ်းမြေ့မယ်လို့ ယူဆပါတယ်။

You may also like these stories:

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ရပ်တန့်ထားရန် ရခိုင် သယံဇာတ ကွန်ရက် တောင်းဆို

တရုတ်သမ္မတရှီကျင့်ဖျင် ခရီးစဉ်အတွင်း ကျွဲနွားတင်ပို့ခွင့် တရားဝင်ဖြစ်လာမလား

လာအိုနိုင်ငံသို့ မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှု စတင်

]]>
ပြည်တွင်း၌ သကြား တန် ၁ သိန်းခွဲကျော် ပိတ်မိနေ၍ သကြားဈေးကျဟုဆို https://burma.irrawaddy.com/news/2019/07/28/199161.html Sun, 28 Jul 2019 07:24:30 +0000 https://burma.irrawaddy.com/lytbox/?p=199161 ဇူလိုင် ၂၅ ရက်က မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတွင် ပြုလုပ်ခဲ့သောကြံသကြားဈေးကွက်တိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ  / မြတ်ပြည့်ဖြိုး / ဧရာဝတီပြည်တွင်း သကြား ထုတ်လုပ်မှု သာမက Re-export လိုင်စင်ဖြင့် ပြီးခဲ့သောနှစ် သြဂုတ် လလယ် အထိ ပြည်ပ နိုင်ငံ များသို့ သကြား တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း စားသောက်ကုန်နှင့် ဖျော်ရည် လုပ်ငန်း အချို့၏ လိုအပ်ချက်အရ ပြည်ပမှ လုပ်ငန်းသုံး သကြား (Refined Sugar) တင်သွင်းခွင့်ကို လည်းကောင်း ခွင့်ပြုခဲ့ သည်ဟု သိရသည်။]]> ဇူလိုင် ၂၅ ရက်က မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတွင် ပြုလုပ်ခဲ့သောကြံသကြားဈေးကွက်တိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

ပြည်ပမှ သကြားတင်သွင်းမှုသည် တရားဝင် စာရင်းဇယားထက် ၅ ဆကျော် ပိုများနေ၍ ပြည်တွင်း ကြံ သကြား ဈေးကွက် ကျဆင်းလာရကြောင်း ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးအောင်မောင်းက ပြောသည်။

ယခုနှစ် ကြံရာသီသည် ၇ နှစ်အတွင်း သကြားထွက်ရှိမှု စံချိန်တင် အများဆုံးဖြစ်ခြင်း၊ တရုတ်နယ်စပ် မှ သကြားဝယ် ယူမှု ရပ်တန့်ထားခြင်း၊ ပြည်တွင်း၌ ပြည်ပမှ သကြားတန်ချိန် အများအပြား ရောက်ရှိ နေခြင်း တို့ကြောင့် ပြည်တွင်း သကြားဈေးသည် ဆိုးရွားစွာ ကျဆင်းနေရာ လာမည့် ကြံရာသီအတွက် အစိုးရနှင့် သက်ဆိုင်ရာ လုပ်ငန်းရှင်များ၊ တောင်သူများ ပူးပေါင်း အဖြေရှာရန် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၅ရက်ကနေ့ ကျင်းပရာ၌ ပြောကြားခြင်းဖြစ်သည်။

“တရားဝင်လုပ်ငန်းကို မှီပြီး တရားမဝင် တင်သွင်းမှု တွေကြောင့် အခုလို ကြံသကြားဈေးကွက် ကျဆင်းလာပြီး ကုန်သွယ်မှု ပျက်စီးလာတာ” ဟု သူက ပြောသည်။

ပြည်တွင်း သကြား ထုတ်လုပ်မှု သာမက Re-export လိုင်စင်ဖြင့် ပြီးခဲ့သောနှစ် သြဂုတ်လလယ် အထိ ပြည်ပ နိုင်ငံ များသို့ သကြား တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း စားသောက်ကုန်နှင့် ဖျော်ရည် လုပ်ငန်း အချို့၏ လိုအပ်ချက်အရ ပြည်ပမှ လုပ်ငန်းသုံး သကြား (Refined Sugar) တင်သွင်းခွင့်ကို လည်းကောင်း ခွင့်ပြုခဲ့ သည်ဟု သိရသည်။

ထိုသို့ ပြည်ပမှ တင်သွင်းခွင့်များ ရှိသည့်အပြင် နယ်စပ် မှောင်ခိုတင်သွင်းသည် ပမာဏလည်း များပြားခြင်းကြောင့် တရားဝင်ခွင့်ပြုထားသော တင်သွင်းခွင့်ရ သကြားပမာဏမှာ တန်ချိန် ၃ သောင်းခန့်သာဖြစ်သော်လည်း လက်ရှိ တရုတ်နယ်စပ်တွင် သကြားတန်ချိန် ၁သိန်း၆ သောင်းကျော် အထိ သောင်တင်နေကြောင်း ဒုတိယညွှန်ကြားရေးမှုး ချုပ် ဦးအောင်မောင်းက ပြောသည်။

မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးစိုးလင်းကလည်း ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၃. ၇သိန်းကျော်ရှိပြီး၊ ယခုနှစ် ကြံရာသီ၌ ပြည်တွင်းသကြား ထုတ် လုပ်မှုမှာ တန်ချိန် ၄ သိန်းခွဲကျော် ရှိရာ ထုတ်လုပ်မှုနှင့် သုံစွဲမှာ ကာမိသည့် အနေအထားဖြစ် ကြောင်း၊ သို့သော် ပြည်ပမှ အထိန်းအကွပ်မဲ့ စီးဝင်လာသည့် ပမာဏများခြင်း၊ တရုတ်နိုင်ငံ သကြားဝယ်ယူမှုကို ယခုနှစ် ဧပြီလမှ စ၍ ရပ်တန့်လိုက်သဖြင့် သကြားတန်ချိန်များစွာ ပြည်တွင်းတွင် ပိတ်မိပြီး ကြံသကြားဈေး ကျဆင်းလာခြင်းဟု ထောက်ပြသည်။

“ပြည်ပက သကြားသွင်းတာကို ထိန်းချုပ်နိုင်ရင် ပြည်တွင်း ဈေးကွက်ကျဆင်းတာ အထိုက်အလျောက် ထိန်းနိုင်မယ်၊ မကြာခင် ကြံရာသီအသစ် ပြန်စတော့မယ်။ ဒီဈေးကွက် ပြသနာကို မရှင်းနိုင်ရင် သာမန် ဖျားနာတဲ့ အခြေအနေ မဟုတ်တော့ဘဲ နာတာရှည်ဖြစ်သွားမယ်။ အစိုးရအနေနဲ့ သင့်တင့်တဲ့ ပေါ် လစီ၊ ဥပဒေတွေ ချမှတ်ပေးဖို့ လိုလာပြီ”ဟု သူကဆိုသည်။

ပြည်တွင်း သကြားလုပ်ငန်းရှင် ဦးဝင်းဌေးက “လာမယ့် နိုဝင်ဘာဆို ကြံရာသီ အသစ်စပြီ။ ကြံရာသီစ တဲ့ အချိန်မှာ သကြားဈေးတည်ငြိမ်မှ ပြည်တွင်း ကြံစိုက် တောင်သူတွေ အကျိုးအမြတ်ရနိုင်မှာ” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နှစ်က သကြားတပိသာလျှင် ၁၂၀၀ ကျပ် ဝန်းကျင်မှ ယခုနှစ်တွင် သကြား တပိသာ ၉၈၀ ကျပ်အထိ ဈေးကျ သွားကြောင်း သိရသည်။

You May Also Like These Story:

ပြည်ပ ဈေးကွက်ကို မယှဉ်နိုင်သဖြင့် မန္တလေး သကြားစက်ရုံ တချို့ ရပ်ဆိုင်း

ငွေကြေး မတည်ငြိမ်၍ Re-export လိုင်စင် အသစ် ခွင့်မပြုနိုင်သေးဟု ဆို

]]>