• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျင်စန်းကျော့ဂိတ် ပြန်ဖွင့် မြန်မာ ကုန်တင်ယာဉ်များ တရုတ်ဝင်/ထွက် ခွင့်ပြု

by ဧရာဝတီ
16 May 2022
in သတင်း
A A
ကျင်စန်းကျော့ဂိတ်ကို မေလ ၁၅ ရက်က တွေ့ရစဉ်  /  Sai Khin Maung

ကျင်စန်းကျော့ဂိတ်ကို မေလ ၁၅ ရက်က တွေ့ရစဉ် / Sai Khin Maung

12.1k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ်အား တရုတ်နိုင်ငံက ယနေ့ ပြန်ဖွင့်ပေးလိုက်ပြီး မြန်မာကုန်တင်ယာဉ်များကို ဝင်ထွက်ခွင့် ပြုလိုက်ကြောင်း နယ်စပ် ကုန်သည် များထံက သိရသည်။

၂၀၂၀ ခုနှစ်အတွင်းက ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာကုန်တင်ကားများ နယ်စပ်များ ဂိတ်များမှတဆင့် တရုတ်နိုင်ငံ သို့ ဝင်ရောက်ခွင့်ပိတ်ထားရာမှ ဝင်ထွက်ခွင့်ပြု လိုက်ခြင်း ဖြစ်သော်လည်း တရုတ်က အစားထိုးယာဉ်မောင်း စနစ်ဖြင့်သာ မြန်မာကုန်ကားများကို ဝင်ခွင့်ပြုမည်ဖြစ်ပြီး ကိုဗစ်ရောဂါနှင့် ပတ်သက်သော သတ်မှတ်ချက်များကို စစ်ဆေးခြင်း၊ ကုန်ကားများကို ဆေးဖြန်း ခြင်း၊ ကုန်စည်များကို ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းများကို ပြုလုပ်သွားမည် ဖြစ်သည်။

မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “အရင်က ကျင်စန်းကျော့ ဝမ်တိန်ဂိတ်က ကျနော်တို့ ကိုဗစ်-၁၉ ရော ဂါဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာကုန်ကားတွေ ဝင်လို့ မရဘူး။ တရုတ်ကားတွေပဲ ဝင်လို့ ရတယ်။ ကုန်ပစ္စည်းတင်ပြီး တော့ သူတို့ပဲ ဝင်လို့/ ထွက်လို့ ရတယ်ပေါ့။ အခုကတော့ မြန်မာကားတွေကို တရုတ်နိုင်ငံထဲကို တိုက်ရိုက် ဒီနေ့က စပြီးတော့ ဝင်ခွင့်ပြုလိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။

ထိိုသို့ ဝင်ထွက်ခွင့် ပိတ်ထားသည့် ကာလများတွင် ဆန်အိတ်ရေ ၁ ထောင်ခန့် တင်ဆောင်နိုင်သည့် ကားတစီးလျှင် ကားခဈေးနှုန်း ကျပ်သိန်း ၁၀၀ ဝန်းကျင် ကုန်ကျရာမှာ ယခုကဲ့သို့ မြန်မာကုန်ကားများကို ဝင်ခွင့်၊ ထွက်ခွင့် ပြု လိုက်သည့်အတွက် ကုန်ကျစရိတ်မှာ ၁၀ သိန်း ဝန်းကျင်သာ ကျသင့် သွားမည်ဖြစ်သဖြင့် ကုန်ကျစရိတ်သက်သာ၍ ကုန်သည် အကျိုးအမြတ် ရှိလာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “အရင်က တရုတ်ပြည်ထဲကို နယ်စပ် ကုန်သွယ်ရေးဂိတ်ကနေ ဟိုဘက်၊ ဒီဘက် ကူးတာက ၂ မိုင်၊ ၃ မိုင်လောက်ပဲ ရှိတာ။ ဒါကို မြန်မာကားတွေ မဝင်ရဘူး။ တရုတ်ကားပဲ ဝင်ရမယ်ဆိုတော့ မန္တလေး၊ မူဆယ်က လာတဲ့ ကုန်စည်တွေကို တရုတ်ကားနဲ့ ပြန်ပြောင်းရတယ်။ တရုတ်ကလည်း သူ့ကားပဲ သုံးရတော့ ဈေးတွေကို တအား မြှင့် ထားတယ်။ အဲဒီတော့ ကုန်ကျစရိတ်တွေက များသွားတယ်” ဟု ရှင်းပြသည်။

ယခုအခါ နှစ်ဖက် မြန်မာ- တရုတ် ကုန်ကားများကို အပြန်အလှန် အစားထိုး ယာဉ်မောင်းစနစ်နှင့် တိုက်ရိုက် ဝင်ထွက် ခွင့်ပြုမည် ဖြစ်သောကြောင့် ကုန်သွယ်မှုပြုသောကြောင့် သယ်ဆောင်ခစရိတ်တခု ကျဆင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တရုတ်ဘက်သို့ အဓိက တင်ပို့သည့် သီးနှံဖြစ်သည့် ဖရဲ၊ သခွားမွှေး ရာသီမှာ ကုန်သလောက် ဖြစ် နေ၍ မြန်မာဘက်မှ သရက်သီး၊ ဆန်၊ ဆန်ကွဲ၊ ရာဘာ၊ ငရုတ်သီး၊ ကြက်သွန်နှင့် လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့နေပြီး တရုတ်ဘက်မှ မြန်မာဘက်သို့ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အသုံးအဆောင်များ အစရှိသည် တို့ကို တင်သွင်းမှု ပြုလုပ်နေကြောင်း ကုန်သည်များက ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
32
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
26
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
208

ပြီးခဲ့သည့် မတ်လ အတွင်းက ဆန်နှင့် ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်း စနစ်သုံး သယ်ယူရမည့် ကုန်စည်များ (Good Shipped in the Cold China)၊ အေးခဲလတ်ဆတ် အေးခဲကုန်စည်များ၊ ရေထွက်ကုန်များ၊ နေ့စဉ်သုံးကုန် ပစ္စည်းများ နှင့် ထုပ်ပိုးရ လွယ်ကူသော စားသောက်ကုန် ပစ္စည်းများတွင် ကိုဗစ်ပိုး တွေ့သည်ဟု ဆိုကာ တရုတ်ဘက်မှ မတ်လ ၁၅ ရက်မှ စတင်၍ ယာယီ ရပ်ဆိုင်းခဲ့သော်လည်း ယခုအချိန်တွင် အထိုက်အလျောက် ပြန်လည်၍ တင်ပို့ နိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သည်ကြီး တဦးက “ဆန်ပေါ်မှာ ကိုဗစ်ပိုး အသေကောင် တွေ့တယ်ဆိုပြီး သူတို့ ကုန်စည် တချို့ကို ပိတ်တာပေါ့။ အခုကတော့ ပြန်တော့ သွားနေကြပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်တွေ့ရှိပြီးနောက်ပိုင်း တရုတ်အစိုးရ၏ ကန့်သတ်မှုများကြောင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှုများ လျော့ကျခဲ့ရာမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပို၍ ဆိုးရွားခဲ့ကြောင်း ကုန်သည် များက ပြောသည်။

နယ်စပ်ကုန်သည်ကြီး တဦးက “အရင်ကတော့ လွတ်လွတ်လပ်လပ်ပဲ။ အခုကတော့ စစ်ကောင်စီက ဒေါ်လာ လဲ လှယ်နှုန်းကို ၁၈၅၀ ကျပ်နဲ့ သတ်မှတ်သလို ယွမ်နဲ့ကျပ် လဲလှယ်တဲ့ နေရာမှာလည်း သတ်မှတ်နှုန်းက ရှိတယ်။ တရုတ် ၁ ယွမ်ကို ဗဟိုဘဏ်က သတ်မှတ်ထားတာက မြန်မာငွေ ၂၉၁ ကျပ်ဖြစ်တယ်။ ပြင်ပ ပေါက်ဈေးကတော့ ၃၃၀ ကျပ် ပေါက်တယ်။ ဗဟိုဘဏ်ဈေးနဲ့ဆိုရင်တော့ ကုန်သည် နစ်နာတာတော့ ရှိတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် မူဆယ် နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၄၀၇၅ ဒသမ ၀၆၇ ကုန်သွယ် မှု ပြုလုပ်ထားပြီး ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ၂၅၁ ဒသမ ၆၅၅ ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

You may also like these stories:

ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား

ဆီထွက်သီးနှံ ပြည်ပတင်ပို့မှု ပိတ်သဖြင့် စားသုံးဆီဈေးကွက် မတည်ငြိမ်ဖြစ်နေ

တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ

Your Thoughts …
Tags: ၁၀၅ မိုင်ကိုဗစ်တရုတ်နယ်စပ်ကုန်သွယ်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ရှေ့နေ ဒေါ်ရွက်နုအောင် / ဧရာဝတီ

ရှေ့နေ ဒေါ်ရွက်နုအောင်အား မန္တလေးနန်းတွင်း စစ်ကြောရေး၌ စစ်ဆေးနေ

မုံတိုင်ပင်ရွာက သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများ  / CJ

မုံတိုင်ပင်ရွာတွင် အလောင်းများ ထပ်တွေ့၊ သတ်ခံရသူ ၃၀ ကျော် ရှိလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved