• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား

by ဧရာဝတီ
16 May 2022
in စီးပွားရေး
A A
ဆေးနှင့်ဆေးဝါးပစ္စည်းများ တင်သွင်းခွင့် ပါမစ်များအား စစ်ကောင်စီက ခွင့်ပြုချက်ချမပေးသည့်အတွက် ပစ္စည်းရှားပါးမှု ကြုံတွေ့လာနိုင်သည် / AFP

ဆေးနှင့်ဆေးဝါးပစ္စည်းများ တင်သွင်းခွင့် ပါမစ်များအား စစ်ကောင်စီက ခွင့်ပြုချက်ချမပေးသည့်အတွက် ပစ္စည်းရှားပါးမှု ကြုံတွေ့လာနိုင်သည် / AFP

9.7k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သော တလခန့်မှ စတင်လျှောက်ထားခဲ့သော ပြည်ပနိုင်ငံများမှ ဆေးနှင့်ဆေးဝါးပစ္စည်းများ တင်သွင်းခွင့် ပါမစ်များအား စစ်ကောင်စီက ခွင့်ပြုချက်ချမပေးသည့်အတွက် ဆေးနှင့်ဆေးဝါးပစ္စည်းရှားပါးမှု ကြုံတွေ့လာနိုင်ကြောင်း ဆေးဝါးတင်သွင်းရောင်းချသူအချို့က စိုးရိမ်လာနေသည်။

သင်္ကြန်ပြီးနောက်ပိုင်းမှစ၍ လျှောက်ထားခဲ့သော ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့်ပါမစ်များအား သက်ဆိုင်ရာမှ မေလဆန်းပိုင်းထိ ခွင့်ပြုချက်ပါမစ် ပြန်မချပေးဘဲ ဆိုင်းငံ့ထားကြောင်းကို ထောက်ပြပြီး “အခုအတိုင်း ပါမစ်တွေကို ချမပေးပဲ ထားရင် နောက်နှစ်လလောက်ဆို အခု စားအုန်းဆီဖြစ်သလိုမျိုး ဆေးတွေလည်း တန်းစီဝယ်ရတာမျိုးဖြစ်လာမှာပဲ” ဟုဆေးတင်သွင်းရောင်းချသူကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။

ယခင်က ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့်ပါမစ်များအား စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့သာ တင်ပြရသော်လည်း ဧပြီလမှစ၍ စစ်ကောင်စီဥက္ကဋ္ဌရုံးတွင် ဖွင့်လှစ်ထားသော နိုင်ငံခြားသုံးငွေ ကြီးကြပ်မူ ကော်မတီသို့ သွင်းကုန်ပါမစ်များအား တင်ပြရပြီး အဆိုပါရုံးမှ ခွင့်ပြုမိန့်မပေးသေးသည့်အတွက် ပါမစ်များကြန့်ကြာနေရသည်ဟု ဆေးဝါး တင်သွင်းဖြန့်ဖြူးသူ သတင်းရင်းမြစ်များက ဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.5k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်လက်နက်ပစ္စည်းဝယ်ယူရေးအပါအဝင် နိုင်ငံအတွက် မရှိမဖြစ်သွင်းကုန်များ ဝယ်ယူရေးနှင့် နိုင်ငံ၏ ပုံမှန်အကြွေးဆပ်ရေးတို့အတွက် အမေရိကန်ဒေါ်လာငွေများစွာ အသုံးပြုခဲ့ရပြီး ရှေ့အသုံးစရိတ်အတွက်လည်း အမေရိကန်ဒေါ်လာ လိုအပ်ချက်များစွာ ရှိနေသောကြောင့် သွင်းကုန်များအား ကန့်သတ်လာနေခဲ့သည်။

လတ်တလောတွင် ဗဟိုဘဏ်၏ ပြည်ပမှ ပြည်တွင်းဘဏ်များသို့ နည်းလမ်းတခုခုဖြင့် ဝင်လာသော အမေရိကန်ဒေါ်လာများကို ၁ ရက်အတွင်း သတ်မှတ်နှုန်းထား ကျပ်ငွေအတိုင်း ရောင်းချခိုင်းသည့် ဧပြီလ ၃ ရက်နေ့ ညွှန်ကြားချက်ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများကြား အကျပ်အတည်း ဖြစ်လျက်ရှိသည်။

ပို့ကုန်ရငွေများအား သုံးလအတွင်း ပြည်တွင်းသို့ပြန်လည်ယူ ဆောင်လာရမည်ဟု အမိန့်ထုတ်ခဲ့ပြီး ပြန်လည်မယူဆောင်သည့်ကုမ္ပဏီများကိုလည်း စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းခဲ့သည်။ မေလဆန်းမှစ၍ အာရှနိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့ရောင်းချသူများအား သင်္ဘောတင်သည့်နေ့မှ တလခွဲအတွင်း ရောင်းရသည့်ဒေါ်လာငွေများ ပြည်တွင်းသို့ပြန်လည်ယူဆောင်လာရမည်ဟုလည်း ကြေငြာချက် အမိန့်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ဧပြီလဆန်းကစ၍ ဆေးနှင့်ဆေးဝါးပစ္စည်း တင်သွင်းခွင့်လိုင်စင်ပါမစ်များအပြင် စားအုန်းဆီနှင့် တခြားလူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့်လိုင်စင်များအားလည်း မေလလယ်အထိ ခွင့်ပြုမိန့်ချ မပေး သေးကြောင်း သွင်းကုန်တင်သွင်းသူ ကုန်သည်အချို့ထံမှသိရသည်။

ယခုကဲ့သို့ သွင်းကုန်ပါမစ်များအား စစ်ကောင်စီမှ လိုင်ချမပေးပဲ ဆက်လက်ဆိုင်းငံ့ထားပါက ဇွန်လလယ်လောက်မှစ၍ နိုင်ငံခြားမှ တင်သွင်းသော စားသောက်ကုန်များနှင့် လူသုံးကုန်များမှာ ဈေးကွက်အတွင်း ပစ္စည်းရှားပါးခြင်းနှင့် ဈေးကြီးမြင့်ခြင်းများ ဖြစ်လာနိုင်သည်။

You may also like these stories:

ဆီထွက်သီးနှံ ပြည်ပတင်ပို့မှု ပိတ်သဖြင့် စားသုံးဆီဈေးကွက် မတည်ငြိမ်ဖြစ်နေ

ဒေါ်လာစနစ် ဖျက်သိမ်းခြင်းက ဘဏ္ဍာရေးအရ လည်ပင်း ကြိုးကွင်းစွပ်ခြင်းဖြစ်

ကျပ် နှစ်သောင်းတန် ငွေစက္ကူ ဗဟိုဘဏ် ရိုက်ထုတ်မလား

လောင်စာဆီအခက်ခဲ စားသုံးသူကို အကျပ်အတည်းဖြစ်စေ

ဒေါ်လာငွေတွေ ၁ ရက်ပဲ သိမ်းထားလို့ ရတော့မယ့်နောက်

Your Thoughts …
Tags: ကူးသန်းရောင်းဝယ်ရေးဆေးနှင့်ဆေးဝါးပစ္စည်းဆေးဝါးတင်သွင်းခွင့်နိုင်ငံခြားသုံးငွေ ကြီးကြပ်မူ ကော်မတီသွင်းကုန်ပါမစ်များ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

by ဧရာဝတီ
20 September 2023
5.5k

ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးခဲ့ပြီး မကြာသေးခင်ကမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်တွင် ဆန္ဒပြမှုတခုကို ဖြိုခွင်းနေသည့် ရဲများ / ဧရာဝတီ

ဂျပန်-အာဆီယံဌာန စစ်ကောင်စီကို ငွေကြေးထောက်ပံ့

by ဧရာဝတီ
29 May 2023
5.3k

"ဒီအချိန်က ရှုခင်းကြည့်ရမယ့် အချိန်မဟုတ်ဘူး" ဟု ဦးတင်ထွန်းနိုင်က ပြောခဲ့သည်။

Siemens ၏ နည်းပညာ အကြံပေး ကိုဇာနည်ထိုက်က ကွန်ဖရင့်လာသူများကို အလိုအလျောက်စနစ်အကြောင်း ရှင်းပြစဉ် / Danny Fenster

Industry 4.0 ဆီ မြန်မာ ခုန်ပျံကျော်လွှားရေး ဂျာမန် မိတ်ဆက်

by Danny Fenster
28 May 2019
9.3k

မေလ၂၄ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် Industry 4.0 in Myanmar ကွန်ဖရင့် ကျင်းပခဲ့သည်။

Next Post
၂၀၂၀ ရွေးကောက်ပွဲ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တဦး မဲဆွယ်နေစဉ် / ဧရာဝတီ

ပွဲလန့်တုန်းဖျာခင်းမယ့် ကြံ့ခိုင်ရေးပါတီ

ယနေ့ နေပြည်တော်၌ ပြုလုပ်သည့် အာဏာသိမ်း စစ်ခေါင်းဆောင် ထောက်ခံပွဲ

နေပြည်တော်က စစ်ခေါင်းဆောင် ထောက်ခံပွဲ လူစုနေစဉ် ဗုံးခွဲတိုက်ခိုက်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved