ဂွ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဂွ Covering Burma and Southeast Asia Fri, 14 Aug 2026 12:33:12 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဂွ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဂွ 32 32 TNLA ထိန်းချုပ်နယ်မြေမှာ တရုတ်တွေ မြေရှားသတ္တုရှာဖွေနေ https://burma.irrawaddy.com/video/2026/08/14/415506.html Fri, 14 Aug 2026 12:33:12 +0000 https://burma.irrawaddy.com/?p=415506 ဧရာဝတီရဲ့ နေ့စဉ်သတင်း အစီအစဉ်ကနေ ဩဂုတ် ၁၄ ရက်နေ့ နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။]]>

• ဂွမှာ စစ်တပ်က ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ၈ ဦးသေဆုံး
• စစ်ဗိုလ်ဆီက ကုန်ပစ္စည်းလုတဲ့ ပျူစောထီး ဖမ်းဆီးခံရ
• UWSA ထိန်းချုပ်နယ်မြေမှာ ခရစ်ယာန်ဘုရားကျောင်းတွေကို ယာယီပိတ်သိမ်း
• ဒေသအများအပြားမှာ ဝက်တွေရောဂါဖြစ်ပြီး သေဆုံးမှုတွေရှိနေ
• ထိုင်းလူမှုကွန်ရက်ပေါ်မှာ အငြင်းပွားစရာဖြစ်နေတဲ့ မှတ်ချက်

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

]]>
ဂွ မြို့ကို AA သိမ်းပိုက် ရရှိ (ရုပ်/သံ) https://burma.irrawaddy.com/video/2024/12/29/395279.html Sun, 29 Dec 2024 10:27:30 +0000 https://burma.irrawaddy.com/?p=395279 ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွ မြို့ကို အာရက္ခတပ်တော် (AA) က အလုံးစုံသိမ်းပိုက်ရရှိသွားပြီး နယ်မြေ ရှင်းလင်းရေးတွေကို လုပ်ဆောင်နေပြီလို့ AA က ဧရာဝတီကို အတည်ပြုပါတယ်။]]>

ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွ မြို့ကို အာရက္ခတပ်တော် (AA) က အလုံးစုံသိမ်းပိုက်ရရှိသွားပြီး နယ်မြေ ရှင်းလင်းရေးတွေကို လုပ်ဆောင်နေပြီလို့ AA က ဧရာဝတီကို အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲက ဂွမြို့နယ်ကို AA ကဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာမှာ နောက်ဆုံး လက်ကျန် ခြေမြန်တပ်ရင်းခမရ ( ၅၆၂ )ကို အပြီးသတ် သိမ်းပိုက်ပြီးနောက် မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

တောင်ကုတ်၊ အမ်း နဲ့ ဂွ မြို့တွေကို အေအေက အောက်တိုဘာလထဲက တပြိုင်နက် ပိတ်ဆို့တိုက်ခိုက် ခဲ့တာဖြစ်ပြီး အခု ဒီဇင်ဘာလအတွင်းမှာပဲ အဲ့ဒီမြို့တွေအပြင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကိုပါ သိမ်းပိုက်ရရှိခဲ့တာပါ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
ရခိုင်နဲ့ဧရာဝတီအစပ်မှာ စစ်ကောင်စီခံ စစ်ပြင်နေ (ရုပ်/သံ) https://burma.irrawaddy.com/video/2024/12/26/395156.html Thu, 26 Dec 2024 11:11:37 +0000 https://burma.irrawaddy.com/?p=395156 ရခိုင်ပြည်နယ် ဂွမြို့ကို အာရက္ခတပ်တော် (AA) က မကြာခင်မှာ အပြီးသတ်သိမ်း ပိုက်မယ်လို့ ထုတ်ပြောထားပြီးနောက် စစ်ကောင်စီဟာ ရခိုင်- ဧရာဝတီ အစပ် ဂွမြို့အနီး ငါးသိုင်းချောင်းမြို့မှာ ခံစစ်ပြင်ဆင်နေပြီလို့ မြေပြင်အခြအနေ သိရှိသူတွေက ပြောပါတယ်။]]>

ရခိုင်ပြည်နယ် ဂွမြို့ကို အာရက္ခတပ်တော် (AA) က မကြာခင်မှာ အပြီးသတ်သိမ်း ပိုက်မယ်လို့ ထုတ်ပြောထားပြီးနောက် စစ်ကောင်စီဟာ ရခိုင်- ဧရာဝတီ အစပ် ဂွမြို့အနီး ငါးသိုင်းချောင်းမြို့မှာ ခံစစ်ပြင်ဆင်နေပြီလို့ မြေပြင်အခြအနေ သိရှိသူတွေက ပြောပါတယ်။

မကြာမီလက်လွှတ်ဆုံးရှုံးရတော့မယ် ဂွမြို့ပြီးရင် တော်လှန်ရေးတပ်ဖွဲ့တွေက ဧရာဝတီတိုင်း ထဲဝင်လာနိုင်တယ်လို့ သုံးသပ်ချက်တွေလည်းရှိနေပြီး စစ်ကောင်စီက ဂွ ၊ ငါးသိုင်းချောင်း လမ်းပေါ်က အမြောက်တပ် ၃၄၄ မှာ ရဟတ်ယာဉ်ကွင်း တခု အမြန်တည်ဆောက်ထားပြီး စစ်အင်အားတိုးချတာတွေလည်း လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ဂွ- ငါးသိုင်းချောင်းလမ်း အတွင်းက ဒေသခံတွေကို ပြောင်းရွှေ့ခိုင်းတာ၊ အဝင်အထွက် တွေကို ကန့်သတ်ထားတာနဲ့ ညအချိန်တွေမှာ လျှပ်စစ်မီး ဖြတ်တောက်တာတွေကိုပြုလုပ် နေတယ်လို့ သိရပါတယ်၊၊

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
AA ရဲ့ စစ်ဆင်ရေး ဧရာဝတီတိုင်း ကူးမှာကို စစ်ကောင်စီ စိုးရိမ် (ရုပ်/သံ) https://burma.irrawaddy.com/video/2024/12/19/394830.html Thu, 19 Dec 2024 13:06:34 +0000 https://burma.irrawaddy.com/?p=394830 ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ဧရာဝတီတိုင်းကို ကူးစက်လာမှာကို စိုးရိမ်တဲ့အတွက် စစ်ဘေးရှောင်တွေကို ရခိုင်-ဧရာဝတီ အစပ်က မြို့နယ်တွေမှာ နေထိုင်ခွင့်မပေးပဲ စစ်ကောင်စီက လုံခြုံရေးအင်အား တိုးမြှင့်ထားတယ်လို့ ဒေသခံတွေဘက်က ပြောပါတယ်။ ]]>

ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ဧရာဝတီတိုင်းကို ကူးစက်လာမှာကို စိုးရိမ်တဲ့အတွက် စစ်ဘေးရှောင်တွေကို ရခိုင်-ဧရာဝတီ အစပ်က မြို့နယ်တွေမှာ နေထိုင်ခွင့်မပေးပဲ စစ်ကောင်စီက လုံခြုံရေးအင်အား တိုးမြှင့်ထားတယ်လို့ ဒေသခံတွေဘက်က ပြောပါတယ်။

ဂွ နဲ့ သံတွဲမြို့ က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို ဧရာဝတီတိုင်း အတွင်းဖက်မြို့တွေဖြစ်တဲ့ ချောင်းသာ၊ ရွှေသောင်ယံ မြို့နယ်တွေကို သွားရောက်ဖို့ စေလွှတ်ခံနေရပါတယ်။

တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းကို စစ်ဘေးရှောင်လာ သူတွေကို စစ်တပ်၊ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေလုပ်ဆောင်နေတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်ကြသူတွေကို ရပ်ရွာတွေမှာ နေထိုင်ခွင့်မပေးတာ၊ နေထိုင်ခွင့်ရဖို့ ငွေကြေးပေးရတာ၊ အလုပ်လုပ်ကိုင်ခွင့်မပေးတာတွေ ရှိနေတာပါ။

#မြန်မာ #ဧရာဝတီ #ရခိုင် #စစ်ဘေးရှောင် #ဧရာဝတီတိုင်း #ချောင်းသာ #ရွှေသောင်ယံ #ဂွ #သံတွဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

]]>
ရခိုင်စစ်မျက်နှာမှာ ပြင်းထန်နေတဲ့ တိုက်ပွဲကြီး ၄ ခု (ရုပ်/သံ) https://burma.irrawaddy.com/video/2024/12/03/394128.html Tue, 03 Dec 2024 05:38:11 +0000 https://burma.irrawaddy.com/?p=394128 မောင်တော၊ အမ်း၊ ဂွ၊ တောင်ကုတ် တိုက်ပွဲကြီး အားလုံးသည် ဗျူဟာစခန်းကြီးများ၊ အမြောက်စခန်းများ အပါအဝင် စခန်းသိမ်းတိုက်ပွဲများစွာ ပါဝင်သည့် တိုက်ပွဲကြီးများဖြစ်ပြီး လနှင့်ချီ ကြာမြင့်သည်အထိ အချိန်ယူ တိုက်ခိုက်ရသည့် တိုက်ပွဲကြီးများဖြစ်၏။]]>

မောင်တော၊ အမ်း၊ ဂွ၊ တောင်ကုတ် တိုက်ပွဲကြီး အားလုံးသည် ဗျူဟာစခန်းကြီးများ၊ အမြောက်စခန်းများ အပါအဝင် စခန်းသိမ်းတိုက်ပွဲများစွာ ပါဝင်သည့် တိုက်ပွဲကြီးများဖြစ်ပြီး လနှင့်ချီ ကြာမြင့်သည်အထိ အချိန်ယူ တိုက်ခိုက်ရသည့် တိုက်ပွဲကြီးများဖြစ်၏။

တိုက်ပွဲကြီး အားလုံးတွင် စစ်ကောင်စီတပ်ကလည်း အင်အားထောင်ချီ အသုံးပြုခုခံခဲ့ပြီး လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူ၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် လနှင့်ချီ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသကဲ့သို့ AA ကလည်း မရပ်မနား ပြင်းပြင်ထန်ထန် ဆက်လက် ထိုးစစ်ဆင်နေသည်။

တိုက်ပွဲကြီး အားလုံးတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေသော်လည်း တောင့်ခံနိုင်ခြင်းမရှိဘဲ တောက်လျှောက် ဆုတ်ခွာနေရသည်။ စခန်းတခုပြီးတခု ဆုတ်ပေးနေရပြီး မောင်တောတိုက်ပွဲတွင် စခန်းတခုသာ ကျန်တော့၏။ ကျန်တိုက်ပွဲကြီး သုံးခုတွင် စခန်းအချို့ ကျန်နေသေးသော်လည်း စခန်းအတော်များများ ကျသွားပြီး စစ်ကောင်စီဘက်မှ သေကြေဒဏ်ရာရ၊ ဖမ်းဆီးခံရသူများ ပြားနေသည်။

ရခိုင်တိုက်ပွဲကြီး လေးခုကို ကြည့်ပါက စစ်ကောင်စီ တောင်ကုတ်၊ မြို့သူကြီးနှင့် အမ်းတို့အား ဖြတ်တောက်တိုက်ခိုက်ခံထားရပြီး စစ်ကူပို့ပေးနိုင်ရန် ခက်ခဲသွားသည့်အပြင် လူနာလည်း သယ်မထုတ်နိုင်‌တော့ပေ။ ခဲယမ်းနှင့်ရိက္ခာကို လေထီးနှင့် ချပေးနေရ၏။

၂၀၂၄ ခုနှစ် နှစ်မကုန်မီ ထိုတိုက်ပွဲကြီး လေးခုလုံးတွင် စစ်ကောင်စီ အရေးနိမ့်သွားနိုင်ပြီး ရခိုင်စစ်မျက်နှာ အလှည့်အပြောင်းကြီး တခုကို တွေ့ရနိုင်၏။ တိုက်ပွဲကြီး လေးခုကို တပြိုင်နက်တည်း တိုက်ခိုက်နိုင်သော AA ၏ စစ်သည်အင်အားနှင့် ခဲယမ်းမီးကျောက် အသုံးပြုနိုင်အား၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ စစ်ဆင်ရေးစကတည်းက တောက်လျှောက် စစ်ရှိန်မချဘဲ တိုက်ခိုက်နိုင်ခြင်းတို့သည် အထင်ကြီး လေးစားလောက်ဖွယ် ဖြစ်၏။

#မြန်မာ #ဧရာဝတီ #ရခိုင် #မောင်တော #ဂွ #အမ်း #AA #တောင်ကုတ်

]]>
တောင်ကုတ်မြို့ စစ်ကောင်စီတပ် ကင်းစင်ပြီလို့ AA ကြေညာ (ရုပ်/ သံ) https://burma.irrawaddy.com/news/2024/11/29/394017.html Fri, 29 Nov 2024 14:07:41 +0000 https://burma.irrawaddy.com/?p=394017 ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ နဲ့ အနီးပတ်ဝန်းကျင်က စစ်ကောင်စီ အခြေစိုက်စခန်း တွေကို အာရက္ခတပ်တော် AA က ၁၇ ရက်ကြာ တိုက်ခိုက်ပြီးနောက် မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။]]>

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ နဲ့ အနီးပတ်ဝန်းကျင်က စစ်ကောင်စီ အခြေစိုက်စခန်း တွေကို အာရက္ခတပ်တော် AA က ၁၇ ရက်ကြာ တိုက်ခိုက်ပြီးနောက် မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

တောင်ကုတ်မြို့ကို ထိန်းချုပ်လိုက်ပြီးနောက် အဓိက စခန်းကြီးတွေဖြစ်တဲ့ မြို့အခြေစိုက် အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ- ၅) နဲ့ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၄၆၊ ၅၄၄ စခန်းတွေကိုတော့ တစ်ပြိုင်နက်တည်း ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

AA အနေနဲ့ တောင်ကုတ်မြို့ကိုအလုံးစုံထိန်းချုပ်ထားနိုင်မယ်ဆိုရင် တောင်ကုတ်ကနေ မအီ နဲ့ ဂွ မြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းတလျှောက်ကိုထိန်းချုပ်နိုင်မယ့်အပြင် ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းကိုထွက်တဲ့လမ်းကြောင်းတခုကိုလည်း ထိန်းချုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
ရခိုင်စစ်မျက်နှာတွင် ပြင်းထန်နေသည့် တိုက်ပွဲကြီး ၄ ခု https://burma.irrawaddy.com/article/2024/11/28/393910.html Thu, 28 Nov 2024 02:00:59 +0000 https://burma.irrawaddy.com/?p=393910 ပလက်ဝမြို့နယ်တွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်တဦး  / ဧရာဝတီတိုက်ပွဲကြီး အားလုံးတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေသော်လည်း တောင့်ခံနိုင်ခြင်းမရှိဘဲ တောက်လျှောက် ဆုတ်ခွာနေရသည်။ ]]> ပလက်ဝမြို့နယ်တွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်တဦး  / ဧရာဝတီ

လက်ရှိ ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) အကြား မောင်တောတိုက်ပွဲ၊ အမ်းတိုက်ပွဲ၊ ဂွတိုက်ပွဲနှင့် တောင်ကုတ်တိုက်ပွဲဟူ၍ တိုက်ပွဲကြီးလေးခု ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ကို တွေ့ရ၏။

မောင်တောတိုက်ပွဲ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် စစ်ဆင်ရေးစကတည်းက မောင်တောဒေသ မြောက်ပိုင်းနှင့်တောင်ပိုင်းမှ စခန်းအချို့အား တိုက်ခိုက်သိမ်းပိုက်ပြီး မောင်တောဒေသ၏ ကုန်းလမ်းကြောင်းကို ပိတ်ဆို့ထားခဲ့၏။ ဘူးသီးတောင်တိုက်ပွဲ အဆုံးသတ်ချိန်တွင် မောင်တောရှိ စစ်ကောင်စီ၏ လက်ကျန် စခန်းများထဲကို ဇွန်လ ၂ ရက်မှစ၍ စတင်ထိုးစစ်ဆင် တိုက်ခိုက်ရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့အထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) ဌာနချုပ် ခုနစ်ခုနှင့် အခြား စခန်းငယ်များအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။

မောင်တောတိုက်ပွဲကြီးတွင် မြို့သူကြီးစခန်းသည် နောက်ဆုံး စခန်းသိမ်းတိုက်ပွဲ ဖြစ်သည်။ မူလက အမှတ် ၅ နခခ စခန်း ဖြစ်၏။ ရခိုင်စစ်ပွဲကာလတွင် နယ်ခြားစောင့်ရဲသာမက အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) မှ စကခမှူးနှင့် စစ်တပ်အင်အားများ မွတ်စလင်ပျူ‌စောထီးများပါ ပူးပေါင်းစခန်းထိုင်ထားပြီး အင်အား ၁ ထောင်ခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။

AA ဘက်ကလည်း မောင်တောမြို့နှင့် ပတ်လည် ရွာများအားလုံးကို သိမ်းပိုက်ပြီးနောက် မြို့သူကြီးစခန်းအား ရေတပ်မှ ထောက်ပို့လမ်းကြောင်းလည်း ဖြတ်တောက်ထားခဲ့ပြီဖြစ်ရာ စစ်ကောင်စီသည် လေတပ်အသုံးပြုပြီး ရိက္ခာ ခဲယမ်းများကို လေထီးဖြင့်သာ ချပေးနေသည်ကို တွေ့ရ၏။

မြို့သူကြီး စခန်းသိမ်းတိုက်ပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့မှစ၍ အပြင်းအထန် ထိုးစစ်စတင်ခဲ့ရာ ယခုအခါ နှစ်လပြည့်ရန် ရက်အနည်းငယ်သာ လိုတော့သည်။ ထိုကာလအတွင်း AA ဘက်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသကဲ့သို့ စခန်းတွင်း အချို့နေရာများသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီဟု မြေပြင်သတင်းများက ဆိုသည်။

Y-12 လေယာဉ်ပေါ်မှ လေထီးနှင့်ချပေးသည့် လက်နက်၊ စားနပ်ရိက္ခာများကို ထွက်ကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း AA လက်ဖြောင့်စစ်သည်များ၏ လက်ချက်ကြောင့် သေဆုံးမှုများ ရှိနေသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီဘက် နေ့ရောညပါ လေကြောင်းပစ်ကူပေးနေပြီး ရိက္ခာနှင့်ခဲယမ်းများကို လေထီးနှင့် မပြတ်ချပေးနေသည်ကို တွေ့ရ၏။ သို့သော်လည်း ရဟတ်ယာဥ် မဆင်းနိုင်သဖြင့် ဒဏ်ရာရပါက နောက်တန်းဆေးရုံသို့ ပို့နိုင်ခြင်းမရှိဘဲ ဒဏ်ရာပြင်းထန်ပါက သေလူဟုသာ သဘောထားရမည့် အခြေအနေဖြစ်သည်။

မြို့သူကြီးစခန်းသည် ပိတ်မိနေသောစခန်းဖြစ်သည့်အပြင် ထွက်ပြေး၍လည်း မရ၊ ဆေးဝါးကုသခွင့်ပါ မရသည်ဖြစ်ရာ မြို့သူကြီးစခန်းတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ရေးရာ အခြေအနေမှာ ဆိုးဝါးနေသည်ဟု ဆိုကြ၏။

မြို့သူကြီးစခန်းသည် ပိတ်မိနေသောစခန်းဖြစ်သည့်အပြင် ထွက်ပြေး၍လည်း မရ၊ ဆေးဝါးကုသခွင့်ပါ မရသည်ဖြစ်ရာ မြို့သူကြီးစခန်းတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ရေးရာ အခြေအနေမှာ ဆိုးဝါးနေသည်ဟု ဆိုကြ၏။

ရခိုင်ပြည်နယ်တွင်း အာရက္ခတပ်တော်က သိမ်းထားသည့်မြို့နှင့် ဒေသပြ မြေပုံ (ဧရာဝတီ)

အမ်းတိုက်ပွဲ

အမ်းစစ်မျက်နှာ၌ တောဟိန်းတောင်ဗျူဟာကို ၂၀၂၄ ခုနှစ်၊ ဇွန် ၂၃ ရက်နေ့က သိမ်းပိုက်ခဲ့၏။ ထို့နောက် ခေတ္တစစ်နားနေရာမှ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ လက်အောက်ခံ စစ်ကြောင်းတခုနှင့် AA တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် အမ်းစစ်မျက်နှာတွင် တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားသည်ကို တွေ့ရ၏။

တောဟိန်းတောင်ဗျူဟာကုန်းနှင့် အမ်းမြို့ကြားရှိ အရေးပါသည့် မဲတောင်ဗျူဟာကုန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့၏။ မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် တပ်ရင်းတပ်ဖွဲ့များအား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

အမ်းမြို့၌ နပခ အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၈ ခု ရှိသည့်အနက် အမှတ် ၃၇၃ ခြေမြန်တပ်ရင်း၊ အမှတ် ၃၇၄ အမြောက်တပ်ရင်း၊ အမှတ် ၇၅၇ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် ၃၄၅ စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း (တစသ)၊ အမှတ် ၂ – ခုတင် ၃၀၀ ဆံ့ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တို့အား တိုက်ခိုက်သိမ်းပိုက်ပြီးကြောင်း AA က နိုဝင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီ ရဟတ်ယာဉ်ကို ထိမှန်အောင် ပစ်နိုင်ခဲ့သည်ဟု AA က နိုဝင်ဘာ ၁၂ ရက်တွင် အတည်ပြုခဲ့သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် လက်ကျန်တပ်များထဲမှ အမှတ် ၉၂၆ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ ၉၂၆)၊ အမှတ် ၁၀ တပ်ထိန်းတပ်ခွဲ (တထခ ၁၀) နှင့် အမှတ် ၃၇၁ ခြေမြန်တပ်ရင်းတို့ကို AA က အပြီးသတ် သိမ်းပိုက်ခဲ့ပြီဟု ဒေသခံစစ်ရေးအရင်းအမြစ်များက ဆိုပါသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ စစ်သတင်းများအရ အမှတ် ၃၇၂ ခြေမြန်တပ်ရင်း၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ လေယာဉ်ကွင်းနှင့် ရဲစခန်းတို့ပါ AA က ထိန်းချုပ်ပြီး နပခ တိုင်းစစ်ဌာနချုပ်အား တိုက်ခိုက်နေပြီဖြစ်သည်ဟု သိရ၏။

လက်ရှိ အမ်းမြို့တွင် အမှတ် ၇၅၇/၂ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် ၉ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ စုစုပေါင်း အခြေချ တပ်ရင်းတပ်ဖွဲ့ သုံးခုသာ သိမ်းရန်ကျန်ရှိ၏။

ထိုအခြေချတပ်ဖွဲ့များအပြင် မဲတောင်တိုက်ပွဲ မတိုက်ခင် ရောက်ရှိနေသော စကခ ၁၀ လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ ၃၆၂၊ ခမရ ၃၆၅၊ ခမရ ၃၆၉ တပ်ရင်းသုံးရင်းပါ ဗျူဟာတခုအပြင် အမ်းတိုက်ပွဲကာလက လေကြောင်းဖြင့် ထပ်မံပို့ဆောင်ထားသည့် တပ်မ ၆၆ မှ အနည်းဆုံး တပ်ရင်းသုံးရင်းခန့် ပါဝင်သည့် ဗျူဟာတခုလည်းရှိသည်ဟု သိရ၏။

လက်ရှိ အမ်းတိုက်ပွဲတွင် စစ်ကောင်စီအင်အား အများအပြား ချေမှုန်းခံထားရပြီး စစ်သုံ့ပန်း ၃၀၀ မှ ၈၀၀ ခန့်အထိ အဖမ်းခံထားရသည်ဟု သိရသည်။ တပ်ပြေးအများအပြား ထွက်ပြေးနေသည်။ ယခုအခါ လေကြောင်းမှ စစ်ကူပို့ပေးနိုင်ခြင်း မရှိတော့ဘဲ နိုဝင်ဘာလ ၇ ရက်ကတည်းက မင်းဘူးဘက်မှ အမ်းမြို့သို့အဝင် ပဲပဒုံဂိတ်နှင့် စခန်းကို AA က သိမ်းပိုက်လိုက်ပြီး မင်းဘူးမှ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ခဲ့သည်။

သို့ဖြစ်ရာ နိုဝင်ဘာလ ၂၀ ရက်ခန့်တွင် တပ်မ ၈၈ မှ စစ်ကူ ဗျူဟာတခု အင်အား ၅၀၀ ခန့်အား မင်းဘူးမှ နတ်ရေကန်အထိ ကား ၂၆ စီးဖြင့်ပို့ပြီး အမ်းသို့ လမ်းလျှောက်ချီတက်စေ၍ စစ်ကူပို့ရာ AA နှင့် မဟာမိတ်များက လမ်းမှ ဖြတ်တောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရသူ များပြားပြီး ရခိုင်ရိုးမပေါ်၌ တကွဲတပြားဖြင့် တပ်ပျက်‌နေသည်ဟု သိရ၏။

သို့ဖြစ်ရာ နိုဝင်ဘာလ ၂၀ ရက်ခန့်တွင် တပ်မ ၈၈ မှ စစ်ကူ ဗျူဟာတခု အင်အား ၅၀၀ ခန့်အား မင်းဘူးမှ နတ်ရေကန်အထိ ကား ၂၆ စီးဖြင့်ပို့ပြီး အမ်းသို့ လမ်းလျှောက်ချီတက်စေ၍ စစ်ကူပို့ရာ AA နှင့် မဟာမိတ်များက လမ်းမှ ဖြတ်တောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရသူ များပြားပြီး ရခိုင်ရိုးမပေါ်၌ တကွဲတပြားဖြင့် တပ်ပျက်‌နေသည်ဟု သိရ၏။

သို့သော်လည်း နိုဝင်ဘာ ၂၄ ရက်နေ့အထိ ထိုလမ်းမှ စစ်ကူအင်အားအချို့ ပို့နေဆဲဟု သိရသည်။

ဂွတိုက်ပွဲ

AA သည် သံတွဲနှင့် ငပလီကို သိမ်းပိုက်ပြီးနောက် တောင်ဘက်သို့ ဆက်လက်ချီတက်ရာ မောင်ရွှေလေး ရေတပ်စခန်းအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် သိမ်းပိုက်ရယူပြီးနောက် ဂွမြို့သို့ ဦးတည်သည့် ရခိုင်တောင်ပိုင်း စစ်ဆင်‌ရေးကို ဆက်လက်ဆင်နွှဲခဲ့၏။ စစ်ကောင်စီသည် သံတွဲနှင့် ဂွကားလမ်းပေါ်ရှိ ကျိန္တလီမြို့၊ ကုလားပြင်၊ ဆပ်သွား၊ ကမ်းသာယာတို့မှ အဆင့်ဆင့် ခုခံသည်ကို တွေ့ရ၏။

ကျိန္တလီမြို့၊ ကျောက်ပါးစပ်ရွာနှင့် ကုလားပြင်ကြား၌လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ တို့ဖြင့် ပူးပေါင်း ခုခံနေသည့်ကြားမှ ကျိန္တလီမြို့ကျပြီး AA က ကုလားပြင် တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံကော်တောင်၌ တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းများကို ၂၀၂၄ ခုနှစ်၊ အောက်တို ဘာလလ ၆ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့၏။

ကျိန္တလီချောင်းအား ဖြတ်သန်း တည်ဆောက်ထားသည့် ကုလားပြင်တံတားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် စစ်ကောင်စီတပ်များက ဖောက်ခွဲဖျက်ဆီးပြီး ဆပ်သွားမှ နောက်တဆင့် ခုခံပြန်သည်။

ထို့နောက် ဆပ်သွားအား အခြေပြုပြီး ကြွေချိုင်၊ တိုင်ကြိုးနှင့် ဆပ်သွားအရှေ့ဘက် ဆားချက်လေးတို့မှ စစ်ကောင်စီတပ်များ ခုခံသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်တွင် AA က ဆပ်သွားကို တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၅ ရက်တွင် စစ်ကောင်စီတပ်သည် ဂွမြို့နယ်မြောက်ပိုင်း သံတွဲ – ဂွ – ရန်ကုန် ကားလမ်းပေါ်ရှိ ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးပြီး ထပ်မံဆုတ်ခွာသည်။ ရခိုင်ပြည်အတွင်း စစ်ကောင်စီဖျက်ဆီးသည့် ၂၉ စင်းမြောက်တံတား ဖြစ်သည်။

AA သည် ဆပ်သွားကို သိမ်းပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရွှေဦးကွင်း၌ ဟန်ပြတိုက်ပြီး ဂွမြို့ရှေ့မှ ကာကင်းခံစစ်များကို ဝင်ရောက်တိုက်ခိုက်ရာ ဆပ်သွားနှင့် ချင်းကွင်းကြားရှိ ခံစစ်စခန်းများ ပိတ်မိသွား၏။

စစ်ကောင်စီတပ်များက ကားလမ်းအတိုင်း တံတားတစင်းပြီးတစင်း ဖျက်ဆီး၍ ဆုတ်ခွာနေပြီး AA ကမူ ကားလမ်းအတိုင်းရော ရခိုင်ရိုးမတောင်ကြောနှစ်ခုအတိုင်းပါ ထိုးစစ်ဆင်လျက်ရှိသည်။

လက်ရှိ ဂွမြို့တွင် စကခ ၅ လက်အောက်ခံ ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းဌာနချုပ်များအပြင် နတခ တိုင်းစစ်ဌာနချုပ်မှ တပ်ဖြည့်တင်းပြီး ခံစစ်ယူထားသည်။ ဂွမြို့စစ်ဆင်ရေးတလျှောက် လေတပ်ရော ရေတပ်ပါ ပစ်ကူပေးခဲ့ပြီး တပ်ကူများ ဖြည့်တင်းပေးခဲ့သော်လည်း တဆုတ်တည်း ဆုတ်နေရသည်ကို တွေ့ရ၏။ တပ်ကူဖြည့်တင်းရာတွင် တပ်သားသစ်အများစုဖြစ်သဖြင့် ထွက်ပြေးသူ များပြားသည်ဟု သိရ၏။

မောင်ရွှေလေး ရေတပ်ကျပြီး ဆက်တိုက် ထိုးစစ်ဆင်ရာ နှစ်လခွဲအတွင်း ဂွမြို့အနီးသို့ AA ရောက်ရှိလာပြီး မကြာမီ ဂွမြို့အား ပိတ်ဆို့ဖြတ်‌တောက်ကာ မြို့သိမ်းတိုက်ပွဲ စတင်ဖွယ်ရာရှိ၏။

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့သည် တည်ငြိမ်အေးချမ်းသည့် ဒေသတခု ဖြစ်ခဲ့သည် / ထက်နိုင်ဇော်
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့သည် တည်ငြိမ်အေးချမ်းသည့် ဒေသတခု ဖြစ်ခဲ့သည် / ထက်နိုင်ဇော်

တောင်ကုတ်တိုက်ပွဲ

တောင်ကုတ်တိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ တွင် စတင်သည်ကို တွေ့ရ၏။ မြို့အပေါ်စီးမှ နေရာယူထားသည့် ဗျူဟာမြောက် ပန်းမြောက်တောင် အမြောက်စခန်းနှင့် မြို့ဝင်ဂိတ်ကို AA က စတင်တိုက်ခိုက်ခဲ့၏။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ပန်းမြောက်တောင်အား သိမ်းပိုက်ရရှိပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် တောင်ကုတ်တက္ကသိုလ်အနီး ဦးထွန်းလှိုင် ရာဘာခြံရှိ လက်နက်ကြီး အထိုင်တပ်၊ တက္ကသိုလ်ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ် ကာကင်းစခန်း၊ တောင်ကုတ်တက္ကသိုလ်ဝင်းထဲ၌ အထိုင်ချထားသည့် စစ်တပ်တို့ကိုပါ AA က သိမ်းပိုက်ရရှိခဲ့၏။

နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ တောင်ကုတ်မြို့အခြေစိုက် စကခ ၅ ဌာနချုပ်၏ လက်အောက်ခံ ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းများကို AA က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၏။ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး မြို့ဝင် ကိုင်းရှည်တံတားမှ ခုခံနေသည့် စစ်ကောင်စီတပ်သားများ အထိနာကာ နိုဝင်ဘာလ ၁၀ ရက်တွင် ဆုတ်ခွာပြီး မြို့တွင်းရှိ စိုက်ပျိုးရေးရုံး၊ စည်ပင်သာယာရုံး၊ မူလတန်းကျောင်းနှင့် လူနေအဆောက်အအုံများသို့ ဆုတ်၍ ခုခံသည်ကို တွေ့ရ၏။

နိုဝင်ဘာလ ၁၉ ရက်အထိ AA က တောင်ကုတ်မြို့ တပ်မ စကခ ၅ ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသကဲ့သို့ တပ်မအနီး၊ သံတွဲလမ်းခွဆုံ၊ KBZ ဘဏ်အနီး အမ်းလမ်းမ၊ သိမ်တောင်ရပ်ကွက် အောင်ချမ်းသာလမ်း၊ ရဲစခန်းအနီးများတွင် တိုက်ပွဲများ ဖြစ်ပွားသည်။ AA က မြို့တဝက်ခန့် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်‌နေခဲ့သည်။

နှစ်ဖက်တိုက်ပွဲများကြောင့် တောင်ကုတ်မြို့တွင်း ပိတ်မိနေသော အရပ်သားပြည်သူ ၆ သောင်းခန့်ကို နိုဝင်ဘာလ ၂၀ ဝန်းကျင်တွင် AA က ထိုးစစ်ရပ်နား၍ ပိတ်မိနေသူများအား မြို့ပြင်ထွက်ခွာခွင့် ပေးခဲ့သည်။

နှစ်ဖက်တိုက်ပွဲများကြောင့် တောင်ကုတ်မြို့တွင်း ပိတ်မိနေသော အရပ်သားပြည်သူ ၆ သောင်းခန့်ကို နိုဝင်ဘာလ ၂၀ ဝန်းကျင်တွင် AA က ထိုးစစ်ရပ်နား၍ ပိတ်မိနေသူများအား မြို့ပြင်ထွက်ခွာခွင့် ပေးခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မြို့‌တွင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် စကခ ၅၊ ခမရ ၃၄၆ နှင့် ခမရ ၅၄၄ ဌာနချုပ်များအတွင်းသို့ ဆုတ်ခွာပူးပေါင်းသွားခဲ့ကြသည်။ AA သည် တောင်ကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါ စကခ / တပ်ရင်းဌာနချုပ် သုံးခုအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်၏။

တိုက်ပွဲသုံးသပ်ချက်

၁။ မောင်တော၊ အမ်း၊ ဂွ၊ တောင်ကုတ် တိုက်ပွဲကြီး အားလုံးသည် ဗျူဟာစခန်းကြီးများ၊ အမြောက်စခန်းများ အပါအဝင် စခန်းသိမ်းတိုက်ပွဲများစွာ ပါဝင်သည့် တိုက်ပွဲကြီးများဖြစ်ပြီး လနှင့်ချီ ကြာမြင့်သည်အထိ အချိန်ယူ တိုက်ခိုက်ရသည့် တိုက်ပွဲကြီးများဖြစ်၏။

၂။ တိုက်ပွဲကြီး အားလုံးတွင် စစ်ကောင်စီတပ်ကလည်း အင်အားထောင်ချီ အသုံးပြုခုခံခဲ့ပြီး လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူ၊ လက်နက်ကြီး ၊ လက်နက်ငယ်မျိုးစုံဖြင့် လနှင့်ချီ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသကဲ့သို့ AA ကလည်း မရပ်မနား ပြင်းပြင်ထန်ထန် ဆက်လက် ထိုးစစ်ဆင်နေသည်။

၃။ တိုက်ပွဲကြီး အားလုံးတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေသော်လည်း တောင့်ခံနိုင်ခြင်းမရှိဘဲ တောက်လျှောက် ဆုတ်ခွာနေရသည်။ စခန်းတခုပြီးတခု ဆုတ်ပေးနေရပြီး မောင်တောတိုက်ပွဲတွင် စခန်းတခုသာ ကျန်တော့၏။ ကျန်တိုက်ပွဲကြီး သုံးခုတွင် စခန်းအချို့ ကျန်နေသေးသော်လည်း စခန်းအတော်များများ ကျသွားပြီး စစ်ကောင်စီဘက်မှ သေကြေဒဏ်ရာရ၊ ဖမ်းဆီးခံရသူများ ပြားနေသည်။

၄။ ရခိုင်တိုက်ပွဲကြီး လေးခုကို ကြည့်ပါက စစ်ကောင်စီ တောင်ကုတ်၊ မြို့သူကြီးနှင့် အမ်းတို့အား ဖြတ်တောက်တိုက်ခိုက်ခံထားရပြီး စစ်ကူပို့ပေးနိုင်ရန် ခက်ခဲသွားသည့်အပြင် လူနာလည်း သယ်မထုတ်နိုင်‌တော့ပေ။ ခဲယမ်းနှင့်ရိက္ခာကို လေထီးနှင့် ချပေးနေရ၏။

ဂွမြို့အနေထားမှာလည်း မကြာမီ ဖြတ်တောက်ပိတ်ဆို့ခံရဖွယ်ရှိ၏။ တိုက်ပွဲကြီးတိုင်းတွင် လေကြောင်းပစ်ကူကိုသာ အဓိကသုံးနေရပြီး ဂွတောင်ပိုင်း စစ်မျက်နှာတွင်သာ ရေကြောင်းပစ်ကူ သုံးနိုင်သည်ကို တွေ့ရ၏။ အမ်းမြို့သို့ မင်းဘူးလမ်းမှ ကားဖြင့် လမ်းတဝက်ခန့်အထိ ကားဖြင့်ပို့ပြီး ခြေလျင်တက်လာသည့် စစ်ကူအား အမ်းမရောက်မီ ဖြတ်တောက်တိုက်ခိုက်နေ၍ စစ်ကောင်စီဘက်မှ အထိနာနေသည်ကို တွေ့ရသည်။

၅။ ၂၀၂၄ ခုနှစ် နှစ်မကုန်မီ ထိုတိုက်ပွဲကြီး လေးခုလုံးတွင် စစ်ကောင်စီ အရေးနိမ့်သွားနိုင်ပြီး ရခိုင်စစ်မျက်နှာ အလှည့်အပြောင်းကြီးတခုကို တွေ့ရနိုင်၏။ တိုက်ပွဲကြီး လေးခုကို တပြိုင်နက်တည်း တိုက်ခိုက်နိုင်သော AA ၏ စစ်သည်အင်အားနှင့် ခဲယမ်းမီးကျောက် အသုံးပြုနိုင်အား၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ စစ်ဆင်ရေးစကတည်းက တောက်လျှောက် စစ်ရှိန်မချဘဲ တိုက်ခိုက်နိုင်ခြင်းတို့သည် အထင်ကြီး လေးစားလောက်ဖွယ် ဖြစ်၏။

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

ရခိုင်ပြည်မှာ AA တိုက်ခိုက်ဖို့ သုံးမြို့သာကျန်ရှိ (ရုပ်/သံ)

ရခိုင်မှာ အပစ် မရပ်ဘူးလို့ AA တရားဝင်ထုတ်ပြော(ရုပ်/သံ)

စစ်ကောင်စီ ကြေညာချက် အရှက်သိက္ခာမဲ့ဟု AA တုံ့ပြန်

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ရေး အရေးနိမ့်နေသည့် စစ်ကောင်စီ လူထုအပေါ် ရှုံးမဲမဲနေဟု AA ပြော

]]>
ဂွတိုက်ပွဲကို စစ်ကောင်စီ စစ်ကူအများအပြား နေ့စဉ်နီးပါး ပို့ https://burma.irrawaddy.com/news/short-news/2024/10/26/392332.html Sat, 26 Oct 2024 08:35:34 +0000 https://burma.irrawaddy.com/?p=392332 သြဂုတ် ၁၀ရက်က ဂွမြို့နှင့် မိုင် ၄၀ အကွာရှိ ကျိန္တလီမြို့နယ်အတွင်းမှ စတင်ခဲ့သည့် AA ထိုးစစ်သည် ယမန်နေ့က ဂွမြို့နှင့် ၂၅မိုင် ဝန်းကျင်အကွာအဝေးရှိ တိုင်ကျိုးကျေးရွာထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သားများ အထိအခိုက် များပြားပြီး နေ့စဉ်ထွက်ပြေးနေရကြောင်း]]>

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့အနီးတွင် အာရက္ခတပ်တော်(AA)၏ထိုးစစ်ကို အပြင်းအထန်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ စစ်ကူအမြောက်အမြားကို နေ့စဉ်ပို့ဆောင်နေကြောင်း မျက်မြင်ဒေသခံများထံက သိရသည်။

ယင်းသို့ ပို့ဆောင်ရာတွင် ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်သို့ အနီးဆုံးရိုးမဖြတ်ကျော်လမ်းဖြစ်သည့် ငါးသိုင်းချောင်း-ဂွလမ်းကို အသုံးပြုကာ နေ့စဉ် စစ်သားအပြည့်နှင့် စစ်ကားများ ဖြတ်သန်းသွားလာနေခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှ မျက်မြင်တွေ့ရှိသူတဦးက “ ဒီမနက် လူအပြည့်နဲ့ စစ်ကား ၁၀ စီး ရခိုင်ဘက်ကို တက်သွားတယ်၊ စစ်ကားအသွားအလာက နေ့တိုင်းရှိတယ်၊ တခါတလေ ၂စီး၊ တခါတလေ ၄စီး။ တခါတလေ ၆စီး၊ ပြန်ဆင်းလာရင် အခွံ၊ ဒီနေ့ကတော့ အစီးရေ အများဆုံးပဲ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီ အင်အားဖြည့်နေသည့် စစ်ကားများပေါ်တွင် လူငယ်အများစုကိုတွေ့ရကြောင်း ဂွမြို့နယ်အတွင်းနေထိုင်သူ ဒေသခံတဦးက ပြောသည်။

၎င်းက “စစ်သားလေးတွေဟာ တော်တော် ငယ်သေးတယ်၊ ၂၀အောက်အရွယ်လေးတွေ၊ သူတို့မျက်နှာတွေ မကြည်မလင်နဲ့ မျက်နှာငယ်ငယ်လေးတွေနဲ့ ကားပေါ်ပါသွားတာ တွေ့နေရတယ်” ဟု ပြောသည်။

သြဂုတ် ၁၀ရက်က ဂွမြို့နှင့် မိုင် ၄၀ အကွာရှိ ကျိန္တလီမြို့နယ်အတွင်းမှ စတင်ခဲ့သည့် AA ထိုးစစ်သည် ယမန်နေ့က ဂွမြို့နှင့် ၂၅မိုင် ဝန်းကျင်အကွာအဝေးရှိ တိုင်ကျိုးကျေးရွာထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သားများ အထိအခိုက် များပြားပြီး နေ့စဉ်ထွက်ပြေးနေရကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများသည် ဧရာဝတီတိုင်းမှ အဓမ္မ စစ်သားစုဆောင်းခံရသည့် လူငယ်အများအပြား ပါဝင်နေကြောင်း သိရသည်။

“ထွက်ပြေးလာတဲ့ကောင်လေးတွေက ကလေးလေးတွေချည်းပဲ၊ လူငယ်လေးတွေ၊ သက်ကြီးပိုင်း မပါဘူး၊ သူတို့ဘာမှ မသိကြဘူး၊ လမ်းလည်း မသိကြဘူး၊ ဧရာဝတီတိုင်းဘက်က များတယ်၊ ထမင်းလည်း မစားရတာ ၂ရက် ၃ရက်ရှိလို့ သူတို့ကို ထမင်းကျွေးပါဆိုပြီး ပြောတယ်”ဟု ဒေသခံတဦးက ဆိုသည်။

ဧရာဝတီတိုင်း၌ ယခုလအတွင်း ဖွင့်လှစ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၆ မြင်ကွင်း/ MOI

အောက်တိုဘာ တတိယပတ်အတွင်း ပြင်းထန်ခဲ့သည့် ဂွမြို့နယ်၊ ကြွေချိုင်တိုက်ပွဲအပြီး စစ်ကောင်စီတပ်သားများ အကျအဆုံးများပြီး တိုင်းကျိုးရွာအနီး မြှုပ်ထားခဲ့ကြောင်း သိရသည်။

မြေပြင်သတင်းရင်းမြစ်တဦးက “ကားတစီးနဲ့ သေတဲ့လူတွေဝင်လာပြီး (တိုင်ကျိုးရွာ)ပုဂံတောင်နားက ဦးမော်စီအုန်းခြံထဲမှာ ဘက်ဟိုးနဲ့တူးပြီး မြှုပ်တယ်လို့ တိုင်ကျိုးနဲ့ ဖုန်းရတုန်းက သိရတယ်”ဟု ပြောသည်။

AA သည် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားလျက်ရှိပြီး တပ်ရင်းများ စခန်းများ သိမ်းပိုက်နေရာ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မောင်တော နခခ ၅ တခုသာ ကျန်ရှိတော့သလို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ရှိရာ အမ်းမြို့နယ်တွင်လည်း နပခအနီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

You may also like these stories:

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ကျိန္တလီမြို့ကို AA သိမ်းပိုက်

ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ

]]>
ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ https://burma.irrawaddy.com/news/2024/10/13/391767.html Sun, 13 Oct 2024 12:06:16 +0000 https://burma.irrawaddy.com/?p=391767 အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားနေသည့် ဂွမြို့နယ်တိုက်ပွဲများသည် ရှေ့ဆက်တိုးနေပြီး ဧရာဝတီတိုင်းနှင့်လည်း နီးကပ်လာပြီဖြစ်ကြောင်း သိရသည်။]]>

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားနေသည့် ဂွမြို့နယ်တိုက်ပွဲများသည် ရှေ့ဆက်တိုးနေပြီး ဧရာဝတီတိုင်းနှင့်လည်း နီးကပ်လာပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး၌တည်ရှိသည့် ဂွမြို့နယ်မှာ ဧရာဝတီတိုင်း ငါးသိုင်းချောင်းနှင့် မိုင် ၇၀ ခန့်ကွာဝေး ပြီး AA နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများသည် လက်ရှိတွင် ဂွမြို့နှင့်မိုင် ၃၀ ဝန်းကျင်အကွာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

တိုက်ပွဲဖြစ်ပွားမှုများအနေဖြင့် သံတွဲ- ဂွလမ်းမပေါ်ရှိ ကုလားပြင်၊ ဘဲအင်း၊ ဒယ်ပုပ်စသည့် ကျေးရွာများတွင် အောက် တိုဘာ ၈ ရက်က စတင်ကာ ဆက်တိုက်ပြင်းထန်ခဲ့ရာမှ အောက်တိုဘာ ၁၂ ရက်တွင် ပင်လယ်ကမ်းနားကျေးရွာ များဖြစ်သည့် ကူးတို့လေးနှင့် ကံပေါက်ကျေးရွာတို့၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

နှစ်ဖက်တိုက်ပွဲ ပစ်ခတ်မှုများကြား ထိမှန်ကာ ရွာသား ၂ ဦး သေဆုံးခဲ့ကြောင်းသိရပြီး အသေးစိတ်ကို ထပ်မံ မသိရှိ ရပေ။

ဂွမြို့နယ်၊ တိုက်ပွဲဧရိယာနှင့် နီးစပ်သည့် ကျေးရွာဒေသခံတဦးက “မနေ့က ကူးတို့လေးနဲ့ ကံပေါက်ဘက် ကမ်း ၂ ဖက် တိုက်ပွဲဖြစ်တယ်။ လေကြောင်းလည်း ၂ ခါ ကြဲတယ်။ ကူးတို့လေးမှာ အစ်မအရင်းရှိတာ လုံးဝ အဆက်အသွယ် မရ တော့ဘူး။ သတင်းကြားရတာကတော့ မနေ့က ကယ် ထုတ်သွားပြီလို့ သိထားတယ်” ဟု ပြောသည်။

ထို့ပြင် ယမန်နေ့ကတည်းက တိုက်ပွဲကြားပိတ်မိနေသည့် ကူးတို့လေးကျေးရွာဒေသခံ ၁၀၀ ကျော်ကို AA ကယ်ထုတ် သွားကြောင်း သတင်းရရှိသည်။

ယနေ့ အခြေအနေမှာ ၂ ဖက်တိုက်ပွဲအသံများသည် တိတ်ဆိတ်နေပြီး၊ ကုလားပြင်မှ တပ်ဆုတ်လာသည့် စစ်ကောင်စီ သည် ကြွေချိုင်ကျေးရွာတွင် လက်နက်ကြီးအထိုင်ချကာ ရှိနေသေးကြောင်း တိုက်ပွဲဧရိယာနှင့် နီးစပ်သည့်ရွာမှ ဒေသခံ တဦးထံက စုံစမ်းသိရသည်။

အောက်တိုဘာ ၇ ရက်က စစ်တပ် မိုင်းခွဲဖျက်ဆီးလိုက်သည့် ကုလားပြင်တံတား

မြေပြင်နှင့် အဆက်အသွယ်ရှိသည့် ဒေသခံတဦးက “ဒီနေ့ အသံတွေတိမ်း (တိတ်) နေတယ်။ တိုက်ပွဲတွေက ကြွေချိုင် ကိုတော့ မဝင်သေးဘူး၊ စစ်သားတွေ ရှိနေသေးတယ်” ဟု ပြောသည်။

တိုက်ပွဲဧရိယာအတွင်းကျေးရွာအချို့တွင် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေပြီး မြေပြင်နှင့် ဆက်သွယ်နိုင်ရန် ခက်ခဲလျက်ရှိသည်။

တိုက်ပွဲများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်မှုများရှိသလို၊ အဝေးမပြေးနိုင်သူအချို့ကလည်း ဗုံးခို ကျင်းများအတွင်း ကျန်နေခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဂွမြို့ မကျစေရေးအတွက် ငါးသိုင်းချောင်း- ဂွ ရိုးမဖြတ်ကျော်လမ်းကို အသုံးပြုကာ စစ်သားအင်အား၊ လက်နက်အင်အား ဆက်တိုက် ဖြည့်တင်းနေကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှ ဒေသခံတဦးက “ရခိုင်ဘက်ကို နေ့တိုင်း စစ်ကားတွေ ဖြတ်သွားတယ်။ တနေ့ ၂ စီး၊ ၃ စီး နေ့တိုင်းဖြတ်တယ်၊ ဒီနေ့လည်း ဖြတ်တယ်” ဟု ပြောသည်။

AA နှင့် စစ်ကောင်စီတပ်များသည် ဂွမြို့နယ်အတွင်း သြဂုတ် ၁၀ ရက်မှစတင်ကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကာလ အားဖြင့် ၂ လကျော်ကြာမြင့်လာပြီ ဖြစ်သည်။

]]>
ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်) https://burma.irrawaddy.com/article/2024/08/19/389113.html Mon, 19 Aug 2024 01:00:25 +0000 https://burma.irrawaddy.com/?p=389113 သံတွဲသူ မခင်သူသူတို့မိသားစုဟာ ရခိုင်ပြည်နယ်ထဲရောက်ပြီးမှ ရှေ့ဆက်အဝင်မခံတဲ့ စစ်ကောင်စီကြောင့် နောက်ပြန်လှည့် ဖို့လည်း မဖြစ်နိုင်တဲ့အခါ ကိုယ့်ပြည်နယ်ကိုယ် ပြန်ဝင်ခွင့်ရဖို့အရေး တောင်းပန်ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။]]>

တိုက်ပွဲတွေ၊ ကျည်ဆန်နဲ့ အမြောက်သံတွေ၊ အပေါ်က ကျလာမယ့် ဖျက်အားပြင်း ဗုံးတွေကြားကနေ အသက်လု ထွက်ပြေးကြရတဲ့ သံတွဲဒေသခံတွေထဲ ၄၅ နှစ်အရွယ် သားသည် မိခင် မခင်သူသူ (အမည်လွှဲ) တယောက်လည်း အပါအဝင်ပေါ့။

မခင်သူသူနဲ့ မိသားစုဟာ သံတွဲမြို့ အနောက်မြောက် ၁ မိုင်ခန့်သာ ကွာဝေးတဲ့ သံတွဲချောင်းနံဘေးက ရွာလေး တရွာမှာ နေထိုင်ရင်း တနေ့တော့ သူတို့ရွာလေးကို ဘာတိုက်ပွဲမှ မရှိဘဲ၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် ရွာသား ၂ ဦး သေဆုံးကာ ဒဏ်ရာရမှုတွေနဲ့ စစ်အနိဋ္ဌာရုံကို ကြုံတွေ့လာရပါတယ်။

မခင်သူသူကတော့ သူ့ဇာတိရွာနာမည်ကို ထုတ်လိုက်ရင် စစ်ကောင်စီက ဗုံးလာကြဲမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ရွာနာမည်ကို ဖုံးကွယ်ရေးသားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

စစ်ရိပ်စစ်ငွေ့ တိုက်ပွဲသံတွေကြောင့် အိမ်နီးချင်းတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြပေမယ့် သူတို့မိသားစု ကတော့ ကျန်းမာရေး မကောင်းတဲ့ သားရယ်၊ သူတပါးမြို့ရွာမှာ နေထိုင်ရင်း စစ်ရှောင်ရမယ့် ကုန်ကျစရိတ် ကြီးမားတာရယ် အိမ်ကို စိတ်မချတာရယ်ကြောင့် ဘေးလွတ်ရာ မရှောင်နိုင်သေးပါဘူး။

“အစ်မတို့ အိမ်ရှေ့တွေမှာ သေနတ်နဲ့ပစ်တဲ့နေ့က အစ်မတို့ ရွာက မထွက်ရသေးဘူး၊ မိုးလင်းတော့ အိမ်ရှေ့မှာ ကျည်ခွံတွေ အများကြီးပဲ” လို့ စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်ပြီး ပစ်ခတ်မှုတွေလုပ်ခဲ့ပုံကို သူက ပြန်ပြောပါတယ်။

နောက်ရက် ဇွန် ၂၃ တိုက်လေယာဉ် သူတို့ရွာပေါ်ကို ရုတ်တရက် ဗုံးကြဲချတဲ့ မနက်အထိ သူတို့ မိသားစုဟာရွာမှာပဲ ရှိနေခဲ့ပြီး အဲဒီရက်တွေမှာတော့ သံတွဲမြို့ပေါ်ရော၊ သူတို့ရွာလေးမှာပါ တယ်လီဖုန်း လိုင်းတွေ ရနေပါသေးတယ်။

ကျန်းမာရေးမကောင်းလို့ လမ်းမလျှောက်နိုင်တဲ့ ဆယ်ကျော်သက် သားလေးတယောက်ရဲ့ မိခင် မခင်သူသူတို့အိမ်ရယ်၊ နောက်ထပ် အိမ်နီးချင်းတအိမ်ရယ်ပဲ ကျန်တာကြောင့် ဆက်လက်နေထိုင်ဖို့ မဖြစ်နိုင်တော့တဲ့အဆုံး ရွာကနေ ထွက်ခွာ ခဲ့တယ်လို့ သူက ပြန်ပြောင်း ပြောပြပါတယ်။

အဲဒီအချိန်တွေတုန်းက သံတွဲမြို့နဲ့ ဂွမြို့ကြားက ကျေးရွာတွေမှာ ခိုလှုံဖို့ လုံခြုံနေသေးတဲ့ အခြေအနေပါ။ ဒါကြောင့် သူဟာ သားကိုပါ ရအောင်ခေါ်ပြီး သံတွဲမြို့ဧရိယာပြင်ပကို စတင်ထွက်ခွာခဲ့ပါတယ်။

သံတွဲမှ စစ်ရှောင်လာသည့် မိသားစုတစုကို ဂွမြို့နယ်မှ ပရဟိတများက တတ်စွမ်းသမျှ ကူညီနေပုံ(CJ)

“အဲဒီနေ့က မနက် ၁၀ နာရီလောက် လေယာဉ်နဲ့ ကြဲတဲ့အချိန်မှာ ကျမတို့က ရွာမှာရှိနေတယ်၊ မနေရဲတော့လို့ လမ်း မလျှောက်နိုင်တဲ့သားကို ဆွဲပြီး ပြေးရတယ်၊ မြို့ထဲက လူတွေကို လှမ်းအကူအညီတောင်းတော့ သုံးဘီးဆိုင်ကယ်တစီး လာကယ်တယ်၊ သံတွဲမြို့ပေါ်မှာလည်း မနေရဲလို့ တောင်ဘက် (ဂွမြို့ဘက်) ကို ပြေးတယ်” လို့ မခင်သူသူက အိမ်ကနေ စထွက်လာခဲ့တဲ့ အကြောင်း ပြောပြပါတယ်။

မြို့ကထွက်ပြီး ၁၀ ရက်လောက်အကြာမှာ အခြေအနေ အေးဆေးလာတဲ့အတွက် ရွာကို တခေါက်ပြန်ဝင်ပေမယ့် လေယာဉ် ဗုံးကြဲလို့ ပြန်ထွက်ခွာရပြန်ပါတယ်။ ဒါပေမယ့် နောက်ထပ် ၃ ရက်လောက် ကြာတော့ တကြိမ်ထပ်ဝင်ကြည့်ပါသေးတယ်။

“တညလုံး သူများအိမ်က ဗုံးခိုကျင်းထဲမှာ နေရတယ်၊ လက်နက်မထိဘဲ နှလုံးရပ်ပြီး သေသွားနိုင်တယ်” လို့ အဲဒီတုန်းက အတွေ့အကြုံကို မခင်သူသူက ပြောပါတယ်။

နောက်နေ့မှာ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ရက်ဆက် ဗုံးကြဲခံနေရတဲ့ ရွာကနေ အမြန်ဆုံး ပြန်ထွက်ပြီး ဂွမြို့ဘက်ကို ထွက်လာခဲ့ပါတယ်။ သူ ရွာကနေ ထွက်လာတော့ ဗုံးသံ၊ အမြောက်သံကြားမှာ သူ့ ခင်ပွန်းသယ် အပါအဝင် မိသားစု ၅ စုလောက်ဟာ ရွာမှာ ကျန်နေခဲ့တယ်။

သံတွဲမြို့ဟာ ရခိုင်ပြည်နယ်ရဲ့ ပထဝီဝင်အနေအထားအရ တောင်ဘက်အပိုင်းမှာ ရှိနေပါတယ်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း တို့နဲ့ လမ်းပန်းဆက်သွယ်ရေး နီးစပ်ပြီး၊ ဒေသချင်း နယ်မြေချင်း ကူးလူးဆက်ဆံမှုရှိပြီးသားဒေသ ဖြစ်ပါတယ်။

သံတွဲမှာ တိုက်ပွဲ အရိပ်ယောင်တွေ စတင်ရာကနေ သံတွဲ- တောင်ကုတ်လမ်းအပိုင်းက ရွှေလှေတိုက်နယ်တခွင်မှာ တိုက်ပွဲ တွေပြင်းထန်ချိန်မှာ အာရက္ခတပ်တော် (AA)က သံတွဲမြို့ဟာ စစ်ဇုန်အတွင်း ကျရောက်နေပြီဖြစ်လို့ အမြန်ဆုံး တိမ်းရှောင် ကြဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သံတွဲဒေသက စစ်ရှောင်တွေဟာ သူတို့မိသားစု၊ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေ အပေါင်းအသင်း၊ အဆက်အစပ်၊ အချိတ်အဆက်ရှိရာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့ကို တိမ်းရှောင်ကြပါတယ်။ တချို့က ပုသိမ်- မုံရွာလမ်းအတိုင်း ဆန်တက်ပြီး ပဲခူးတိုင်းဘက်ကို တိမ်းရှောင်ကြတယ်။

တချို့ကတော့ စစ်ရှောင်စရိတ် မတတ်နိုင်လို့ဖြစ်စေ၊ အခြေအနေ အကြောင်းကြောင်းကြောင့် သံတွဲနဲ့ ဂွမြို့ကြားက ရွာတွေမှာ ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးသားချင်းအိမ်တွေ၊ အိမ်ငှားပြီးဖြစ်စေ စစ်ရှောင်ကြရတယ်။

အဲဒီအချိန်မှာ သံတွဲကနေ တိမ်းရှောင်ဖို့ သံတွဲ- ဂွ- ရန်ကုန် လမ်းကြောပွင့်နေတုန်း ဖြစ်တာကြောင့် အဖော်သဟဲ မိတ်ဆွေ တွေနဲ့အတူ ရန်ကုန်မြို့ကို စစ်ဘေးရှောင်မိသားစုအဖြစ် ခရီး စခဲ့ပါတော့တယ်။

“ဂွရိုးကို ဆိုင်ကယ်နဲ့ ကိုယ်တိုင်ဖြတ်မောင်းပြီး ငသိုင်းချောင်းက အသိအိမ်မှာ ဆိုင်ကယ်ကို ထားခဲ့တယ်၊ အစတုန်းက ရန်ကုန်အထိရောက်လာမယ်လို့ မတွေးခဲ့မိဘူး။ ကြောက်တဲ့စိတ်တခုတည်းနဲ့ ဘာမှ မတွေးမိတော့ဘဲ ရန်ကုန်ကို အဖော် တွေနဲ့အတူ လာခဲ့တယ်” မခင်သူသူက ပြောပြပါတယ်။

ရန်ကုန်ရောက်တော့ ဘုန်းတော်ကြီးကျောင်း တကျောင်းမှာ ခိုလှုံနေရင်း၊ ဝင်ငွေမရှိတဲ့ဘဝကို ၁ လနီးပါး ရင်ဆိုင် ကျော်ဖြတ် နေရချိန်မှာ သင့်တော်ရာအလုပ်တခု သူ ရှာဖွေနေခဲ့ပါသေးတယ်။

“အထည်ချုပ် စက်ရုံတွေနဲ့ ရေသန့်စက်ရုံတွေမှာ လျှောက်တယ်၊ အသက်ကြီးလို့တဲ့ မရဘူး။ နောက်ဆုံး အိမ်အကူ အလုပ် ရတယ်” လို့ မခင်သူသူက ဆိုပါတယ်။

ဒါပေမယ့် ကိုယ့်ထူကိုယ်ထ မလုပ်နိုင်တဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးကြောင့် သူ့ဝေယျာဝစ္စတွေကို လုပ်ကိုင်ဖို့ မိခင် ကိုယ်တိုင်ရှိနေမှ အဆင်ပြေမယ့် အခြေအနေဖြစ်လို့ ပါလာတဲ့ ငွေကြေးကို ထိုင်သုံးနေရသလို နေထိုင်ရပါတော့တယ်။

ရန်ကုန်ရောက်စကတည်းက ဘုန်းကြီးကျောင်းတခုမှာ ခိုလှုံနေရာကနေ ဝင်ငွေရအလုပ်မရှိဘဲ ကာလကြာရှည်လာတဲ့ ဒဏ် ကို မခံနိုင်တော့တဲ့အဆုံးမှာ မခင်သူသူဟာ လက်ကျန်ငွေလေးကို လမ်းစရိတ်လုပ်ပြီး ဩဂုတ်လဆန်းမှာ သူတို့ မိသားစု ရန်ကုန်ကနေ ရခိုင်အိမ်ပြန်ခရီး စတင်ခဲ့ကြပါတော့တယ်။

ရခိုင်ကနေ ရန်ကုန်ကို စစ်ရှောင်လာတဲ့ခရီးမှာ သားအမိ ၂ ယောက်တည်း ဆိုင်ကယ်နဲ့ ရိုးမကို ဖြတ်ကျော်လာခဲ့ကြပေမယ့် အပြန်မှာတော့ ပင်စင်ထုတ်ဖို့ ရန်ကုန်ကို ကြိုရောက်နေတဲ့ အသက် ၇၅ နှစ်အရွယ် မိခင်ဖြစ်သူလည်း ပြန်လိုက်ပါခဲ့လို့ ၃ ယောက်သား အပြန်ခရီး ဖြစ်ခဲ့ကြတယ်။

ရန်ကုန်ကနေ ဧရာဝတီတိုင်းကိုဖြတ်၊ ရေကြည်- အသုတ်- ငါးသိုင်းချောင်း- ဂွ ရိုးမဖြတ်ကျော်လမ်းအတိုင်း ခရီးနှင်လာခဲ့တဲ့ သူတို့ကားလေးဟာ ရိုးတောင်ပေါ်ကအဆင်း ပထမဆုံးတွေ့ရတဲ့ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက် အစွန်အကျဆုံးက ဂွမြို့လေး ကို ရောက်ရှိခဲ့တယ်။

ဒါပေမယ့် သံတွဲမှတ်ပုံတင် ၁၁/သတန(နိုင်)ကို ကိုင်ထားတဲ့ သူတို့မိသားစုရဲ့ အိမ်ပြန်ခရီးဟာ ဘယ်တုန်းကမှ မမျှော်လင့် ခဲ့ဖူးတဲ့ အခြေအနေနဲ့ ရုတ်တရက် ရင်ဆိုင်လိုက်ရပါတယ်။

“ဂွအဝင်ဂိတ်က ဝင်ခွင့်မပေးဘူး၊ ကားရော လူရော လှည့်ပြန်ခိုင်းတယ်၊ ကားသမားကို ရိုးကျော်ပြီး ရေနံ့သာအထိ ပြန် ပို့ခိုင်းတယ်၊ ငွေဘယ်လောက်ကုန်နိုင်လဲလို့ မေးသေးတယ်၊ စားစရာတောင် မရှိလို့ ပြန်လာတာ၊ သူတို့ကိုပေးဖို့ ဘယ်က ရဖို့လဲ” လို့ မခင်သူသူက ပြောပါတယ်။

သံတွဲသူ မခင်သူသူတို့မိသားစုဟာ ရခိုင်ပြည်နယ်ထဲရောက်ပြီးမှ ရှေ့ဆက်အဝင်မခံတဲ့ စစ်ကောင်စီကြောင့် နောက်ပြန် လှည့် ဖို့လည်း မဖြစ်နိုင်တဲ့အခါ ကိုယ့်ပြည်နယ်ကိုယ် ပြန်ဝင်ခွင့်ရဖို့အရေး တောင်းပန်ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အဲဒီလမ်းကြောင်းကို ခေါက်သွားခေါက်ပြန် မောင်းနေကြတဲ့ ယာဉ်မောင်းတချို့ရဲ့ ပြောပြချက်အရ ဂွမြို့နဲ့ ကျိန္တလီမြို့က မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို ဝင်ခွင့်ပြုပေမယ့် သံတွဲမှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ကန့်သတ်ထားတာလို့ သိရပါတယ်။

အဲဒီနောက် မခင်သူသူတို့ မိသားစုဟာ ဂွမြို့အဝင်ဂိတ်ကို ကားလမ်းမအတိုင်းဖြတ်ဖို့ အဆင်မပြေတဲ့အခါ ဂိတ်နောက်ဘက် တောလမ်းကတဆင့် ဂွမြို့ကို ဝင်နိုင်ဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်ပေမယ့် ကားဆရာက ဂွမြို့ အဝင်ဂိတ်ကို ကျောခိုင်းပြီး ရိုးဘက်ကို ပြန်မောင်းပို့ပေးပါတယ်။ အိမ်တအိမ်ကို ရောက်တဲ့အခါ သူတို့မိသားစုကို ထားခဲ့ပြီး ကားဆရာဟာ ဂွမြို့ထဲမှာ ပြန်အိပ်ပါတယ်။

လမ်းမပေါ်က ဖြတ်သွားရင် ၅ မိနစ်အတွင်း ဂွမြို့ထဲကို ရောက်နိုင်တဲ့လမ်းကနေ ဖြတ်ခွင့်မရတဲ့အခါ လမ်းပြကို ငွေ ၁ သိန်းနဲ့ ငှားပြီး လယ်ကွင်းနဲ့ တောင်ကို ကျော်ရတဲ့ တောလမ်းကနေတဆင့် ခိုးဝင်ကြရတယ်လို့ မခင်သူသူက ရှင်းပြတယ်။

အဲဒီနောက် ဂွမြို့မှာ ၁ ညအိပ်ပြီး မနက်ကျရင် ခရီးဆက်မယ့် အစီအစဉ်ဆွဲထားတဲ့ သူ့ဆီကို ညပိုင်းမှာ ကားဆရာဆီက ဖုန်းဝင်လာပါတော့တယ်။

“အစ်မတို့ ပြန်လာခဲ့ပါတဲ့၊ ဝင်သွားတဲ့လမ်းအတိုင်း ပြန်ထွက်ခဲ့တဲ့၊ အစ်မတို့ဝင်သွားတာကို ဂိတ်က သိတယ်တဲ့၊ အစ်မတို့ ပြန်ရောက်မလာရင် ကားသမားကို ဖမ်းချုပ်မယ်၊ ကားသိမ်းမယ်၊ အစ်မတို့ကိုလည်း လိုက်ရှာမယ်လို့ ပြောတယ်တဲ့” လို့ သူက ပြောပြတယ်။

ကားဆရာ ဒုက္ခရောက်မယ့်အရေးရယ်၊ ကလေးနဲ့ သက်ကြီးရွယ်အိုတယောက် ပါနေတဲ့အတွက်ရယ် သူတို့ပြောတဲ့အတိုင်း လိုက်နာဖို့ ဆုံးဖြတ်ရပါတယ်။

ဂွမြို့ထဲကို ရောက်ပြီးမှ လိုရာခရီးကို မဆက်ရဘဲ နောက်ကြောင်းပြန်လှည့်တဲ့အခါမှာ လမ်းပြခထပ်မပေးရင် ပြန်မပို့ပေး ဘူးလို့ အကျပ်ကိုင်တဲ့ လမ်းပြအမျိုးသမီးကြောင့် အသွားလမ်းပြခ ၁ သိန်း ပေးပြီး၊ အပြန်အတွက် လမ်းပြခပါ ၁ သိန်း ထပ်ပေးဖို့ ငွေမရှိတော့ပါဘူး။

“ထပ်မပေးရင် ပြန်လိုက်မပို့ဘူးတဲ့၊ ဗိုလ်ကြီးကိုလည်း ပေးရတယ်လို့ လမ်းပြက ပြောတယ်၊ ပေးစရာမရှိလို့ အမေ့ နားကပ် ကို ဂွမှာ ရောင်းခဲ့ရတယ်၊ သုံးသိန်းသုံးသောင်းရတယ်၊ သူတို့ကို ၂ သိန်းပေးလိုက်ရတယ်၊ အဲဒီ ပိုက်ဆံနဲ့ စားပြီး မြန်မြန်သေကြပါစေ” လို့ မခင်သူသူက ဒေါသနဲ့ ရင်ဖွင့်ပါတယ်။

သူကဆက်ပြီး “အမေဆို မျက်ရည်ကျတယ်၊ ဗိုလ်ကြီးဆိုတဲ့ကောင်က ငယ်ငယ်လေး၊ သူ့မှာ အမေတွေ၊ အစ်မတွေ မရှိ လားမသိ၊ တော်သေးတယ် ကားသမားက ပြန်ပို့ပေးလို့” လို့ မခံချိမခံသာနဲ့ ဆိုပါတယ်။

မခင်သူသူတို့ မိသားစုဟာ တောလမ်းကနေတဆင့် ပြန်ထွက်ပြီး ဂွမြို့အဝင်ဂိတ်ကို တကျော့ပြန် ဝင်ရပါတော့တယ်။

“ကားနားရောက်တော့ စစ်ဗိုလ်တယောက်က ပြောတယ်၊ ညက နင်တို့ဘယ်ကို ခိုးဝင်လဲတဲ့၊ ခင်ဗျားတို့ ပြန်တော့၊ မပြန်ရင် ဖမ်းချုပ်ရမလားဆိုလို့ ကျမတို့ ပြန်လာခဲ့ရတဲ့အတွက် အခုတော့ ရန်ကုန်ရောက်နေပြီ” လို့ မခင်သူသူက သူ့အတွေ့ အကြုံကို မကျေ မနပ်နဲ့ ပြန်ပြောင်း ပြောပြပါတယ်။

သူတို့ကို ပြန်လိုက်ပို့တဲ့ ကားဆရာဟာ ဂွတောင်ကြားလမ်းက အဆင်း၊ ဧရာဝတီတိုင်းအစ ရေနံ့သာ စစ်ဆေးရေးဂိတ်အထိ ပို့ပေးပြီး၊ ရန်ကုန်ကို ပြန်ဖို့ ကားခအဖြစ် ငွေ ၅ သောင်းကိုပါ ပြန်ပေးခဲ့ပါသေးတယ်။

ရခိုင်ပြန်ခရီး မအောင်မြင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသူ မခင်သူသူတို့ မိသားစုဟာ အခုတော့ ရန်ကုန်မြို့က မိတ်ဆွေ မိသားစုအိမ် မှာ ခိုလှုံနေထိုင်ရင်း ဘယ်လိုရှေ့ဆက်ရမယ်ဆိုတဲ့ အနာဂတ် ပျောက်ဆုံးနေပါတယ်။ သူတို့အိမ်က ထွက်လာချိန်မှာ နေအိမ် ကို စောင့်ရှောက်ဖို့ ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေခဲ့တာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ် ပါတယ်။

သူုတို့ဇာတိ သံတွဲမြို့ဟာဆိုရင်လည်း အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့အပြင်၊ မိုးကြီးရေလျှံတဲ့ သဘာဝဘေး၊ ခိုးဆိုးလုယက်သူတွေရဲ့ နေအိမ်ဖောက်ထွင်းမှုတွေကြောင့် ပြိုပျက်နေတဲ့ အဆောက်အုံတွေ၊ ရေကျသွားချိန် တင်ကျန်ခဲ့တဲ့ ရွှံ့နွံတွေ၊ ဟောင်းလောင်းပွင့်နေတဲ့ အိမ်တံခါးတွေ၊ ဆေးရုံဆေးခန်း၊ ခရီးသွားလုပ်ငန်း ဘဏ်လုပ်ငန်း လည်ပတ်နိုင်ခြင်းမရှိသလို လျှပ်စစ်မီးရော၊ တယ်လီဖုန်းလိုင်းပါ ပြတ်တောက်နေဆဲ မြို့ပျက်ကြီးတခုလို ဖြစ်နေပါတယ်။

သံတွဲမြို့နယ်မှ ဗုံးကြဲခံရသည့် ဆင်ခေါင်းရွာ (Dwayarwaddy Community Base News Agency)

လက်ရှိလည်း သံတွဲနဲ့ ဂွမြို့ နယ်နိမိတ်မှာရှိတဲ့ ကျိန္တလီမြို့နယ်ခွဲအတွင်းမှာ ဩဂုတ်၁၀ရက်နေ့ညနေပိုင်းက စတင် တိုက်ပွဲတွေ ပြင်းထန်လာခဲ့သလို ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ထားပါတယ်။ ကျိန္တလီမြို့နယ်ကို ဖြတ်ကျော်ပြီး သံတွဲဘက်ကို ပြန်ဝင်လို့မရတော့တာ အနည်းဆုံး ၄ရက်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ကျိန္တလီနဲ့ သံတွဲမြို့ကြားက ကျေးရွာတွေမှာ သွားရောက် ခိုလှုံနေသူတချို့ကတော့ သံတွဲမြို့ကို ပြန်လည်ဝင်ရောက်ပြီး၊ အိမ် အခြေအနေသွားကြည့်တာ၊ ပြန်လည်ဝင်ရောက်နေထိုင်တာတွေ ပြုလုပ်နေကြပါတယ်။ သံတွဲအနီးဝန်းကျင်ကျေးရွာတွေက အဝေးမပြေးနိုင်တဲ့ စစ်ဘေးရှောင်တွေဟာ သံတွဲမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

ရခိုင်တောင်ပိုင်း သံတွဲဒေသက စစ်ရှောင်တွေဟာ နေရာအနှံ့ပြန့်ကျဲနေကြပြီး မြေပြင်မှာ ကူညီနေတဲ့ စေတနာ့ဝန်ထမ်း တွေက လက်လှမ်းမီသလောက် စာရင်းပြုစုထားတာ ရှိပေမယ့် တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံး မှုတွေ နေရာအတည်တကျ မနေနိုင်ဘဲ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ရမှုတွေကြောင့် လူဦးရေအတိအကျ ရနိုင်ဖို့ ခက်ခဲနေပါ တယ်။

မခင်သူသူ တို့လို ရခိုင်ပြည် နယ်နိမိတ် ကျော်သွားတဲ့ စစ်ရှောင်အများစုဟာ ပြည်မမှာ ဧည့်စာရင်းတိုင်ရတဲ့အခါ စစ်မှုထမ်း လျှောက်လွှာ အတင်းအကြပ်ဖြည့်ခိုင်းတာမျိုး၊ ဧည့်စာရင်းတိုင်ခွင့် အငြင်းခံရမျိုးတွေသာမက နေထိုင်ဖို့အတွက် စပေါ် အိမ် ငှားခကြီးမြင့်တာ၊ အလုပ်အကိုင် ရှာဖွေရခက်ခဲပြီး တဦးချင်းဝင်ငွေ မရှိတာ၊ ရပ်ကွက်အတွင်း နေထိုင်သူတွေကို ရဲက ငွေညှစ်တာ ဧည့်စာရင်းမတိုင်လို့ ဖမ်းဆီးတာ စတဲ့ ပုံစံမျိုးစုံနဲ့ ဒုက္ခပေးတာကို ရင်ဆိုင်နေကြရပါတယ်။

ရခိုင်တောင်ပိုင်းက တိုက်ပွဲတွေဟာ သံတွဲကနေ ဂွမြို့နယ်ထဲကို တရွေ့ရွှေ့ရောက်လာနေပြီး၊ သံတွဲ မြောက်ဘက် တောင်ကုတ်မှာလည်း အချိန် မရွေးစစ်ဖြစ်နိုင်သလို တောင်ဘက်အနီးဆုံး ကျိန္တလီ မြို့မှာတော့ စစ်မီးဟာ အပြင်းအထန် တောက်လောင်နေတဲ့အတွက် အိုးအိမ် စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် တိုးသထက် တိုးလာနေပါတယ်။

အခုတော့ ရန်ကုန်မှာပဲ သောင်တင်နေရတဲ့ မခင်သူသူက “ရှေ့ဆက် ဘာလုပ်ရမယ် မသိဘူး၊ ပြန်လို့လည်း မရ၊ အလုပ် လည်း မရှိ၊ အခက်တွေ့နေပြီ။ ဖုန်းဘေလ်တောင် အသိတွေက ထည့်ပေးကြတာ။ အမေလည်း အခု ဒူးနာပြီး မထနိုင်ဘူး၊ အိမ်သားတွေကို အားနာတယ်၊ သူတို့ ကျွေးထားတာကို ကျေးဇူး တင်ပါတယ် ” လို့ စစ်ရှောင်တယောက်ရဲ့ အခက်အခဲကို ရင်ဖွင့်တယ်။

လက်နက်ချင်းမမျှတဲ့ သာလွန်အင်အားတွေကို သုံးစွဲပြီး ပြည်သူလူထုနေထိုင်တဲ့ မြို့နဲ့ ရွာအနီးဝန်းကျင်တွေကို စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်တာတွေ အဆက်မပြတ် ပြုလုပ်နေတဲ့အတွက် မခင်သူသူတို့လို စစ်ရှောင်တွေရဲ့ အိမ်ပြန်ခရီးအိမ်မက်ကို ဘယ်တော့ အကောင်အထည်ဖော်ခွင့်ရမယ် ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

You may also like these stories:

တောင်ကုတ်နှင့် ဂွကို AA တိုက်မည်ဆို၍ စစ်တပ် ပစ်ခတ်မှုများ လုပ်နေ

စစ်ရေးပြင်းထန်နေသော သံတွဲနှင့် တောင်ကုတ်မြို့ ရေကြီးနေ

ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ

AA နှင့် စစ်တပ်တိုက်ပွဲ တောင်ကုတ်အထိပျံ့လာ

]]>
ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ https://burma.irrawaddy.com/news/2024/08/18/389083.html Sun, 18 Aug 2024 07:04:04 +0000 https://burma.irrawaddy.com/?p=389083 ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။]]>

ရခိုင်ပြည်နယ် တောင်ဘက်စွန်းရှိ ဂွမြို့နယ်တွင်းသို့ ယခုလ ဒုတိယအပတ်မှစ၍ အာရက္ခတပ်တော်(AA)နှင့် စစ်တပ်တို့ ကြား တိုက်ပွဲများ ကူးစက်လာရာ ယခုရက်ပိုင်း ဂွ- ငါးသိုင်းချောင်း ရိုးမဖြတ်လမ်းကို သုံး၍ စစ်ကောင်စီက သံချပ်ကာကား များအပါအဝင် စစ်အင်အားများ ဆက်တိုက် ဖြည့်တင်းနေကြောင်း သိရသည်။

ဩဂုတ်လ၁၅ ရက် နံနက်နှင့် နေ့လယ်ပိုင်းက ကျိန္တလီစစ်မျက်နှာသို့ စစ်ကား ၁၅စီးအပြင် ကုန်းကြောင်းဖြင့်လည်း သွားနေသည့် စစ်သားများ မြင်တွေ့ခဲ့ရသလို ညနေပိုင်းမှာလည်း ရိုးမဖြတ်လမ်းပေါ်၌ စစ်ယာဉ်တန်းများ ဖြတ်သွားသည်ကို တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

သတင်းရင်းမြစ်တဦးက “ဧရာဝတီတိုင်းဘက်ကနေ တက်လာတဲ့ လက်နက်ကြီးတင်တဲ့ ကားတွေ ၃စီးလောက်မြင် လိုက်တယ်၊ တာယာဘီးတပ် သံချပ်ကာကား၊ စစ်သားတင်တဲ့ ကားပေါ်မှာလည်း လက်နက်ကြီး တင်ထားတယ်” ဟု ပြောသည်။

တခြားသော အမည်မဖော်လိုသည့် ဒေသခံတဦးကလည်း ယခုတပတ်အတွင်း ရိုးမဖြတ်လမ်းကို သုံး၍ ရခိုင်ဘက်သို့ လူသူ လက်နက်ရိက္ခာအပြည်နှင့် စစ်ကားအနည်းဆုံး ၅ စီးဆင်းလာသည်ကို ခပ်စိတ်စိတ်မြင်တွေ့ရကြောင်း အတည်ပြုပြောသည်။

ရခိုင်တောင်ပိုင်း သံတွဲဒေသ၌ ဧပြီလလယ်က စခဲ့သည့် တိုက်ပွဲများသည် တဖြည်းဖြည်း အရှိန်မြှင့်လာရာ ဇွန်လ ၂၄ရက် တွင် ငပလီ မဇင်လေဆိပ်နှင့် ဇူလိုင် ၁၇ရက်ခန့်က သံတွဲမြို့တို့ အာရက္ခတပ်တော်(AA) လက်သို့ ကျရောက်ပြီးနောက် စစ်ကောင်စီတပ် ဆုတ်ခွာရာ ဂွမြို့နယ်ဘက်သို့ တိုက်ပွဲများ ဆက်လာခြင်းဖြစ်သည်။

ဆုတ်ခွာလာသည့် စစ်တပ်သည် ဇူလိုင်လ ၂၄ ရက်တွင် ကျိန္တလီမြို့အနီးရှိ ချင်းကွင်းတံတားကို ဖျက်ဆီးကာ ရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင် လက်နက်ကြီးများအပါဝင် တပ်စွဲကာ စခန်းချထားရာ ဩဂုတ် ၈ရက်တွင် AA က ရှော့တိုက်ဒုံးဖြင့် စတင် ထိုးစစ်ဆင်ခဲ့ပြီးနောက် ချင်းကွင်း၊ သဖန်းကွင်း၊ ကျိန္တလီမြို့ပေါ်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

AA က ဂွနှင့် တောင်ကုတ်အပါအဝင် ကျန်နေသည့် စစ်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသလို သံတွဲမှ ဂွဘက်သို့ အချိန်တိုအတွင်းရောက်ရှိလာသည့် တိုက်ပွဲများကြောင့် ဂွမြို့နယ်မှ နေရပ်စွန့်ခွာ စစ်ရှောင်ဦးရေ တိုးလာနေကြောင်း ဒေသခံများထံက သိရသည်။

ဂွမြို့နယ်အတွင်း စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးနေပုံ/ DMG

ဂွမြို့နယ်မှ အမည်မဖော်လိုသူ ဒေသခံတဦးက “ကျိန္တလီနဲ့ ကုလားပြင်မှာ ဖြစ်နေတဲ့အခြေအနေတွေကို မြင်ရတာ AA ထိုးစစ်ဆင်နေတာကို စစ်တပ်က ထိတ်လန့်နေတယ်၊ AA ရဲ့ တိုက်တာခိုက်တာတွေက ကြံ့ခိုင်မှုအပိုင်းကို မြင်နေရပြီး စစ်တပ်ဘက်က AA ကို လန့်နေတဲ့ အနေအထားတွေကို မြေပြင်မှာ တွေ့ရတယ်လို့ ပြောပြကြတယ်” ဟု ဆိုသည်။

ကျိန္တလီနှင့် မိုင် ၄၀ ဝန်းကျင် ကွာသည့် ရခိုင်ပြည်နယ်၏ တောင်ဘက် အစွန်ဆုံးမြို့တမြို့ဖြစ်သော ဂွမြို့တွင်မူ စစ်ရေး အရိပ်အယောင် ထူးထူးခြားခြား မမြင်ရသေးသော်လည်း ဌာနဆိုင်ရာ အများစု ထွက်ပြေးသွားကြပြီဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်များတွင် အင်အားလျော့နည်းနေကြောင်း ဂွမြို့ ဒေသခံတဦးက ပြောသည်။

၎င်းက “ဂွမြို့မှာအသံမကြားရသေးဘူး၊ လေယာဉ်ကတော့ နေ့တိုင်းလိုလို ပျံတယ်၊ အရင်ထက် ပျံတာ နိမ့်လာပြီ”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ကျိန္တလီနှင့် ၅မိုင်အကွာရှိ ကျိန္တလီတံတား တဖက်ကမ်းရှိ ရတနာမြိုင် (ကုလားပြင်) ရွာမှ စ၍ ဂွမြို့အထိ လက်နက်ကြီးချကာ တပ်စွဲထားပြီး စစ်ရှောင်ပြည်သူများ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ဆို့ထားသည့်အတွက် ကျိန္တလီဖက်အခြမ်းတွင် ပိတ်မိနေကြသည့် ဒေသခံများ ကျန်ရှိနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။

စစ်ကောင်စီသည် ကျိန္တလီမြို့ကို လေကြောင်းမှ နေ့ရောညပါ အဆက်မပြတ်ဗုံးကြဲခဲ့ခြင်းကြောင့် ကျိန္တလီမြို့ ပြည်သူဆေးရုံနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး ဩဂုတ်လ ၁၅ ရက်တွင် ဘုရားရှိခိုးကျောင်း၌ ခိုလှုံနေသည့် ဒေသခံ ၁၁ဦးသေဆုံးကာ ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

အလားတူ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် ရခိုင်တောင်ပိုင်း၊ တောင်ကုတ်မြို့အနီးဝန်းကျင်အား ယခုရက်ပိုင်းအတွင်း လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေကာ လူသေဆုံးမှု မရှိသေးသော်လည်း သာသနိက အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများရှိနေသည်။

You may also like these stories:

ကျိန္တလီမြို့ကို AA သိမ်းပိုက်

တောင်ကုတ်နှင့် ဂွကို AA တိုက်မည်ဆို၍ စစ်တပ် ပစ်ခတ်မှုများ လုပ်နေ

ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ

ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်

]]>
တောင်ကုတ်နှင့် ဂွကို AA တိုက်မည်ဆို၍ စစ်တပ် ပစ်ခတ်မှုများ လုပ်နေ https://burma.irrawaddy.com/news/2024/08/05/388346.html Mon, 05 Aug 2024 14:20:08 +0000 https://burma.irrawaddy.com/?p=388346 စစ်ကောင်စီက ကျိန္တလီမြို့အထွက် သာသနိကအဆောက်အဦများဖြစ်သည့် မြို့ဦးတောင် ဘုန်းကြီး ကျောင်းနှင့် တောရကျောင်းများတွင် တပ်စွဲထားပြီး အနီးဝန်းကျင်ရှိ နေအိမ်များကို ဖယ်ရှားခိုင်းနေကြောင်း]]>

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် ဂွမြို့နယ်များရှိ စစ်ကောင်စီစခန်းများကို ဆက်လက် ထိုးစစ်ဆင်မည်ဟု အာရက္ခ တပ်တော် (AA) ထုတ်ပြန်ပြီးနောက် အဆိုပါ မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် နေ့ရောညပါ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့ မြောက်ဘက် တောင်ကုတ်မြို့နှင့် တောင်ဘက် ဂွမြို့များရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းများ အပါအဝင် သိမ်းပိုက်ရန် ကျန်နေသေးသော စစ်စခန်းအားလုံးကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဩဂုတ် ၁ ရက်တွင် AA ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ထုတ်ပြန်ချက်နောက်ပိုင်း တောင်ကုတ်မြို့နှင့် ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီ အထိုင်ချထားသော နေရာများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သလို၊ သံတွဲမြို့နယ်အတွင်းရှိ မောင်ရွှေလေး ရေတပ်စခန်း အနောက် တောင်ကြောနှင့် ကျိန္တလီမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းခြင်း၊ နေရာယူခြင်းများ ပြုလုပ်လာကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

တောင်ကုတ်မြို့ပေါ် ပန်းမြောက်တောင် လက်နက်ကြီးစခန်း၊ စကခ ၅ နှင့် တောင်ကုတ်တက္ကသိုလ်ရှေ့ ဦးထွန်း လှိုင် တောင်ရှိ လက်နက်ကြီးအထိုင်စခန်းတို့မှ ယမန်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီး ၉ ချက်ပစ်ခတ်ခဲ့သလို၊ ညပိုင်း တွင်လည်း ၁၁ နာရီဝန်းကျင်အထိ စုစုပေါင်း ၉ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။

တောင်ကုတ် ဒေသခံတဦးက “၃ နေရာက ပစ်တာ၊ အထိအခိုက်ကတော့ ပြောသံ မကြားသေးဘူး” ဟု ပြောသည်။

အလားတူ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ သံတွဲမြို့တောင်ဘက် ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်၊ ချင်းကွင်းကျေးရွာနှင့် ရတနာ မြိုင်ကျေးရွာများတွင် ဩဂုတ် ၃ ရက် ညပိုင်းက လက်နက်ငယ်များဖြင့် အချက် ၅၀ ကျော် ပစ်ခတ်သံကြားရကြောင်း ဒေသခံများက ဆိုသည်။

ကျိန္တလီမြို့နယ်တွင် နေထိုင်သူတဦးက “သူတို့က ညဘက် တပ်လှန့်ဖို့ ရှိတယ်၊ ချင်းကွင်းမှာလည်း လက်နက်ကြီး ဆင်ထားတယ်၊ စမ်းပစ်ဖို့၊ တပ်လှန့်ဖို့ရှိတယ်ဆိုပြီး လူတွေကို သတိပေးထားတယ်၊ တိုက်ပွဲဖြစ်တာ မဟုတ်၊ သူတို့ ဘာသာ ပစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

အလားတူ စစ်ကောင်စီက ကျိန္တလီမြို့အထွက် သာသနိကအဆောက်အဦများဖြစ်သည့် မြို့ဦးတောင် ဘုန်းကြီးကျောင်း နှင့် တောရကျောင်းများတွင် တပ်စွဲထားပြီး အနီးဝန်းကျင်ရှိ နေအိမ်များကို ဖယ်ရှားခိုင်းနေကြောင်း ၎င်းက ဆိုသည်။

သူက ဆက်လက်၍ “ကျောင်းခြံစည်းရိုးကို ဝါးချွန်တွေ လုပ်ပြီး ကာထားတယ်။ တောရကျောင်းက ကိုယ်တော်တွေ တော့ ပြေးကြပြီ” ဟု ပြောသည်။

ထို့ပြင် ကျိန္တလီမြို့နယ်၊ ချင်းကွင်းကျေးရွာရှိ တံတားကို မိုင်းခွဲဖျက်ဆီးပြီးနောက် အဆိုပါ ကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်သည် ဇွန်လနောက်ဆုံးပတ်အတွင်း ဂွမြို့နယ်ဘက်သို့ ပြန်လည်တပ်ဆုတ်သွားသော်လည်း ယခု ပြန်လည် ဝင် ရောက်ကာ ရွာအနောက် တောင်ကြော၌ တပ်စွဲထားကြောင်း ဒေသခံတဦးက ပြောသည်။

“သူတို့က ခဏထွက်သွားပြီး ပြန်လာကြတာ၊ တောင်ပေါ်မှာပဲ နေတယ်၊ တောင်အောက်ကို မဆင်းဘူး၊ ဟိုနေ့က ပစ်တာ ချင်းကွင်းကနေ အရင် စပစ်တာ၊ မနေ့ကလည်း သေနတ်သံတွေ ကြားရတယ်” ဟု အမည်မဖော်လို သည့် ဒေသခံ တဦးက ပြောသည်။

အလားတူ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စစ်စခန်းတခုဖြစ်သည့် မောင်ရွှေလေး ရေတပ်စခန်းအနီး နောက်ကျော တောင်ထိပ်တွင်လည်း စစ်ကောင်စီတပ်သားများ အင်အားဖြည့်နေသည်ကို မြင်တွေ့ရကြောင်း ဧရာဝတီ သတင်းရင်းမြစ်တဦးက ဆက်သွယ်ပြောလာသည်။

“စနေနေ့ ညနေ ၆ နာရီလောက်မှာ စစ်ကား ၄ စီးနဲ့ ရောက်လာတဲ့ စစ်သားတွေက မောင်ရွှေလေး ရွာအနောက်က တောင်ထိပ်မှာ စခန်းချနေတယ်၊ ရွာသားတွေ စိုးရိမ်နေကြတယ်” ဟု ရေတပ်စခန်းအနီး နေထိုင်သည့် အဆိုပါ ဒေသခံ က ဆိုသည်။

ထိုသို့ တပ်အင်အား တိုးချဲ့ချနေသလို လက်နက်ဖြင့် ထွက်ပြေးနေသည့် စစ်သားများလည်းရှိနေကြောင်း သံတွဲမြို့ တောင်ဘက်တွင် စစ်ဘေးရှောင်နေသည့် သံတွဲဒေသခံတဦးက ယနေ့အခြေအနေကို ဧရာဝတီသို့ ပြောသည်။

“ဒီနေ့ မောင်ရွှေလေးဘက်ကလို့ ထင်တယ်၊ စကစ စစ်သားတွေ အယောက် ၃၀ ထွက်ပြေးတယ်။ အရပ်ဝတ်တွေနဲ့ သေ နတ်လည်း ပါတယ်။ လမ်းမှာတွေ့တဲ့လူကို ပစ်လို့ အသွားအလာတွေ ခဏပိတ်ထားတယ်။ အခု AA ဘက်က အဲဒီ ကောင်တွေကို လိုက်ဖမ်းနေတာ တချို့တော့ မိထားပြီလို့ သတင်းကြားတယ်” ဟု AA နှင့် နီးစပ်သူ သံတွဲဒေသခံ တဦး ထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်တွင် ဇူလိုင် ၁၃ ရက်ကတည်းက တယ်လီဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ သလို၊ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေခဲ့သည့် ငပလီကမ်းခြေမြို့၊ ဂျိတ္တောရပ်ကွက်တွင်လည်း အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်မှာ ၁၀ ရက် ဝန်းကျင်ရှိလာပြီဖြစ်ရာ၊ မြေပြင်အခြေအနေများ၊ တိုက်ပွဲသတင်း များကို အသေးစိတ် သိရှိနိုင်ရန် ခက်ခဲလျက်ရှိသည်။

You may also like these stories:

AA ထိန်းချုပ်မှုအောက် သံတွဲမြို့ ရောက်ပြီဟုဆို

ရန်ကုန်ရောက် ရခိုင်စစ်ရှောင်လူငယ်များ စစ်မှုထမ်းရန် ဖိအားပေးခံနေရ

ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်

]]>
ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်လမ်း မိုးကြီးသဖြင့် ဆက်တိုက်ပြိုကျနေ https://burma.irrawaddy.com/news/2024/07/28/387865.html Sun, 28 Jul 2024 10:46:08 +0000 https://burma.irrawaddy.com/?p=387865 စစ်ဘေးသင့်ဒေသများအတွက်မူ ချင်းကွင်းတံတားကျိုးကျခြင်း၊ ရိုးမပေါ်တွင် မြေပြိုကျခြင်းများကြောင့် အစားအသောက်နှင့် ဆေးဝါးများ ပြတ်တောက်မှု အခက်အခဲနှင့် ကြုံနေရကြောင်း ဒေသခံများကပြောသည်။]]>

ရခိုင်တောင်ပိုင်း တိုက်ပွဲများအတွက် စစ်အင်အားဖြည့်ရာတွင် စစ်ကောင်စီ အဓိကသုံးနေသည့် ငါးသိုင်းချောင်း-ဂွ ရိုးမဖြတ်လမ်းမှာယခုရက်ပိုင်း မိုးကြီးသဖြင့် မြေသားနိမ့်ဆင်းခြင်း၊ တောင်ပြိုခြင်းများ ဖြစ်ပွားနေရာ ဆိုင်ကယ်နှင့် ယာဉ်ငယ်များသာ သွားလာနိုင်ပြီး မော်တော်ယာဉ်ကြီး သွားမရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

မနေ့က ဇူလိုင် ၂၇ ရက်တွင် ဂွမြို့နှင့် ၁၇မိုင်ဝန်းကျင်အကွာရှိ ဗောဓိကျေးရွာအနီးတွင် လမ်းမြေသား နိမ့်ကျပြတ်ရွှေ့ သွားခဲ့သလို၊ ယနေ့နံနက်ပိုင်းတွင် ဂွမြို့နှင့် ၄မိုင်ဝန်းကျင်အကွာရှိ ဒေါင်းချောင်းကျေးရွာ အနီးတွင် တောင်ပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

“မနေ့က ၁၇မိုင်နားက မြေသားရွေ့တာကိုကတော့ လုပ်အားပေးပြီး ပြင်လို့ရသလောက်ပြင်လိုက်ကြလို့ ကားလေးတွေ ဖြတ်ခွင့်ရတယ်၊ ဆယ်ပေအထက်ကားတွေမရတဲ့၊ လမ်းက စိတ်မချရ၊ မိုးကလည်း ဆက်တိုက်ဆိုတော့ မြေသားတွေ က အိနေတာ၊ မတော်တဆ ပြိုဆင်းသွားနိုင်တယ်၊ ဒီနေ့ တောင်ပြိုတာကတော့ အရမ်းမဆိုးဘူး”ဟု ဂွမြို့ ဒေသခံတဦး က ပြောသည်။

အဆိုပါ ငသိုင်းချောင်း-ဂွ ရိုးမဖြတ်ကျော်လမ်းကို သုံး၍ စစ်ကောင်စီက ဧရာဝတီတိုင်းမှတဆင့် ရခိုင်ပြည်နယ်၊ သံတွဲတိုက်ပွဲနှင့် ငပလီတိုက်ပွဲများသို့ တပ်သားအင်အားထောင်ချီကာ ဖြည့်တင်းခဲ့ပြီး၊ ဂွမှတဆင့် ရေလမ်းမှ လည်း အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၄ရက်နေ့က စစ်ကောင်စီက သံတွဲ-ဂွ-ရန်ကုန်လမ်းပေါ်ရှိ ချင်းကွင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သလို၊ ရာသီဥတုလည်း ဆိုးရွားနေသည့်အတွက် စစ်ကောင်စီသည် ၎င်းတို့၏ လက်နက်နှင့် လူအင်အင်အားဖြည့်တင်းခြင်းကို ရေကြောင်းမှတဆင့် လုပ်နိုင်မည့် နည်းလမ်းတခုသာ ကျန်တော့သည်။

မိုးကြီး၍ မြေပြိုနေသည့် ဂွ- ငါးသိုင်းချောင်း ရိုးမဖြတ်လမ်းတနေရာ (CJ)

စစ်ဘေးသင့်ဒေသများအတွက်မူ ချင်းကွင်းတံတားကျိုးကျခြင်း၊ ရိုးမပေါ်တွင် မြေပြိုကျခြင်းများကြောင့် အစားအသောက်နှင့် ဆေးဝါးများ ပြတ်တောက်မှု အခက်အခဲနှင့် ကြုံနေရကြောင်း ဒေသခံများကပြောသည်။

မိုးကြီး၍ မြေပြိုနေသည့် ဂွ- ငါးသိုင်းချောင်း ရိုးမဖြတ်လမ်းတနေရာ (CJ)

“ဒီလမ်းကနေ ကုန်ကားတွေကို အထွက်ပဲ ကုန်တင်ပြီးထွက်ခွင့်ပြုတင်၊ ရခိုင်ကို ခါလီပြန်ဝင်ရတယ်၊ ဘာအစားအစာ၊ ဆေးဝါးမှ သွင်းလာခွင့်မပြုတာ ကြာပြီ၊ ကုန်တွေကို ဆိုင်ကယ်တွေနဲ့ ဧရာဝတီတိုင်းဘက်က ပြန်ကဲ့ပြီး ရောင်းနေကြတဲ့ အခါ ဒေသထဲမှာ အစစအရာရာ ကုန်ဈေးနှုန်း တွေအဆမတန်ကြီးပြီး၊ တချို့ပစ္စည်းတွေ ပြတ်တောက်နေတာ ကြာပြီ၊ အခုလမ်းတွေ၊ တံတားတွေပျက်တော့ ပိုဆိုးသွားပြီ” ဟု သံတွဲဒေသခံတဦးက ပြောသည်။

သံတွဲ- ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းသည် တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်နယ် တောင်ပိုင်းမှ ပြည်မသို့ စစ်ဘေးရှောင်ကြသည့်ပြည်သူများအသုံးပြုရမည့် တခုတည်းသော လမ်းလည်းဖြစ်သည်။

]]>
ANP ပါတီ အောင်နိုင်ရေးသင်္ဘော သံတွဲနှင့် ဂွမြို့တို့၌ ကမ်းကပ်ခွင့် မရ https://burma.irrawaddy.com/news/2020/10/27/232381.html Tue, 27 Oct 2020 11:29:37 +0000 https://burma.irrawaddy.com/lytbox/?p=232381 ANP ဇက်သင်္ဘော ဂွမြို့ဆိပ်ကမ်းသို့ ရောက်ရှိလာစဉ်  / Khine Moe Tun  / Facebookအဆိုပါ ဇက်ရေယာဉ်အား သံတွဲမြို့နယ်အတွင်းရှိ မြို့ရပ်ကွက်များတွင် ဆိုက်ကပ်ခြင်း မရှိစေရန်နှင့် လူစုလူ ဝေးဖြစ်စေရန် ဆောင်ရွက်ခွင့် မပြုကြောင်းကို သံတွဲမြို့နယ် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး ကော်မတီကလည်း ဆုံးဖြတ် ထားကြောင်း ]]> ANP ဇက်သင်္ဘော ဂွမြို့ဆိပ်ကမ်းသို့ ရောက်ရှိလာစဉ်  / Khine Moe Tun  / Facebook

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရခဲ့သည့် ရခိုင်ပြည်နယ် တောင်ပိုင်းမြို့ များသို့ အင်အားပြ သွားရောက်ကြသည့် ရခိုင်အမျိုးသား ပါတီ (ANP)၏ ဗဟို အောင်နိုင်ရေး သင်္ဘောမှာ သံတွဲမြို့နှင့် ဂွမြို့ပေါ်သို့ ကမ်းကပ်ခွင့် မရကြောင်း သတင်း ရရှိသည်။

အဆိုပါ ANP ပါတီ မဲဆွယ် စည်းရုံးရေး ဗဟိုအောင်နိုင်ရေး ကော်မတီ ဦးဆောင်သည့် အဖွဲ့သည့် အောက်တိုဘာ၂၆ ရက် တွင် ဂွမြို့တွင် ကမ်းတက်ခွင့် မရခဲ့သလို ယနေ့ သံတွဲတွင်လည်း ကမ်းကပ်ခွင့် မရှိခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင် အမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက “ကိုဗစ်ကာလ ဆိုပြီးတော့ အာဏာပိုင်တွေက ကမ်းကပ်ခွင့် မပေးတာ ဖြစ် တယ်။ ဂွမြို့ပေါ်ကို တက်ခွင့် မရခဲ့ပေမယ့်လည်း ဖျော်ဖြေရေးတွေ လုပ်နိုင်ခဲ့တယ်။ ပါတီကို ထောက်ခံ အားပေးတဲ့ သူ တွေကတော့ ကမ်းပေါ်ကနေ အားပေးကြတယ်” ဟု ပြောသည်။

ထို ရေယာဉ်သည် ယနေ့ ဂွမှ သံတွဲသို့ ထွက်ခွာလာခြင်းဖြစ်ပြီး၊ ကမ်းကပ်မည့် လုံးသာ ဆိပ်ကမ်းဟောင်းနေရာမှာ လူစည်ကားသည့် နေရာဖြစ်ခြင်း၊ လူစုလူဝေးများလာလျှင် လုံခြုံရေး အခြေအနေ စိုးရိမ်ရသည့်အတွက်ကြောင့် ယင်း ရေ ယာဉ်မကပ်ရန်အတွက် မြို့နယ်အာဏာပိုင်နှင့် ပါတီ တာဝန်ရှိသူတို့ ဆွေးနွေးမှုတခု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

သံတွဲမြို့နယ် ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဦးက “မနက်က မြို့နယ်မှူးတို့နဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့ကြတယ်။ အခု ကမ်း ကပ်မယ့် နေရာကလည်း ရေလုပ်သားတွေ၊ လူစည်ကားတဲ့ နေရာဖြစ်နေတဲ့အတွက် အုပ်ချုပ်ရေးပိုင်း၊ လုံခြုံရေးပိုင်းက လည်း လူစုလာရင် အဆင်မပြေဘူး ဆိုပြီး ပြောတာ ရှိတယ်။ နောက်ပြီးတော့ ဝန်းရံသူတို့ဘက်က လူများလာရင် ထိန်း မနိုင်ဖြစ်မှာ စိုးလို့ ဒီလို လုပ်လိုက်တာလို့ အကြောင်းပြတယ်” ဟု ပြောသည်။

အဆိုပါ ဇက်ရေယာဉ်အား သံတွဲမြို့နယ်အတွင်းရှိ မြို့ရပ်ကွက်များတွင် ဆိုက်ကပ်ခြင်း မရှိစေရန်နှင့် လူစုလူဝေးဖြစ်စေရန် ဆောင်ရွက်ခွင့် မပြုကြောင်းကို သံတွဲမြို့နယ် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး ကော်မတီကလည်း ဆုံးဖြတ်ထားကြောင်း မြို့ နယ် အုပ်ချုပ်ရေး တာဝန်ရှိသူထံမှ သိရသည်။

သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော်က “သံတွဲက ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးအရ အခြားဒေသက လာလို့ ရှိရင် အဓိက ဆေးထောက်ခံစာ၊ အုပ်ချုပ်ရေးမှူး ထောက်ခံစာတို့လို ထောက်ခံချက်တွေ လိုပါတယ်။ အဲဒါတွေ မစုံရင် ကျနော်တို့ မြို့က ပေးမဖြတ်ပါဘူး။ ဘာဖြစ်လု့ိလဲဆိုရင် ဒီကလူတွေနဲ့ အဆက်အသွယ် ဖြစ်သွားရင် ရောဂါပိုးတွေ ကူး စက်မှာ စိုးလို့ ကမ်း မကပ်ခိုင်းတာပါ” ဟု ဧရာဝတီကို ပြောသည်။

ANP ဇက်သင်္ဘော ဂွမြို့ဆိပ်ကမ်းသို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ- Khine Moe Tun /Facebook)

သံတွဲမြို့ပေါ်တွင် အောက်တိုဘာလ ၂၅ ရက်က သောင်းချီ ပါဝင်သော ဒေသခံများက ရခိုင်အမျိုးသား ပါတီကို ထောက်ခံ ကြောင်း အင်အားပြခဲ့ကြပြီး ယခု ပါတီအောင်နိုင်ရေး သင်္ဘော ကမ်းကပ်ခွင့် မရသည့်အပေါ်တွင် အားပေး ဝန်းရံမည့် ဒေသခံများမှာ စိတ်မကောင်း ဖြစ်နေကြသည် ဟုလည်း သိရသည်။

ANP ပါတီဝင် ဒေသခံ ကိုကျော်သန်းက “ဝန်ကြီးချုပ် ရှိတဲ့ ဂွမှာတောင် ကမ်းအဝေးကနေ တေးသီချင်းတွေ ဖျော်ဖြေခွင့်ရ ပြီးတော့ ဒီမှာကျ ကမ်းမကပ်ရ ဆိုတော့ ခံစားရတာပေါ့။ သူတို့လာရင်လည်း ကမ်းကို မတက်စေဘူး။ သူတို့က ဘင်္ဘော ပေါ်ကနေ ဖျော်ဖြေပေးမယ်။ ကျနော်တို့က ဒီကနေ စည်တော်တွေနဲ့ ကြိုဆိုမယ်။ သူတို့ကို အားပေးမယ်လို့ လုပ်ထားတာ ” ဟု ဆိုသည်။

အဆိုပါ ANP ပါတီ မဲဆွယ်စည်းရုံးရေး အဖွဲ့တွင် ပါတီဥက္ကဋ္ဌ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ လူငယ် ၃၀ ခန့်က စစ်တွေမြို့မှနေ ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က သံတွဲ၊ ဂွ၊ မာန်အောင်၊ ရမ်းဗြဲ မြို့နယ်များသို့ ထွက်ခွာခြင်း ဖြစ် သည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်မြို့နယ်များသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD က အနိုင်ရရှိခဲ့သော နေရာများလည်း ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ANP အမာခံ ဖြစ်သော နယ်မြေတို့တွင် ရွေးကောက်ပွဲ မရှိတော့သည့်အတွက် တောင်ပိုင်း မဲဆန္ဒနယ်များမှာ ပိုအရေးကြီးသောကြောင့် ယင်းသို့ အင်အားပြရခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်း ခေါင်း ဆောင်များက ပြောဆိုထားသည်။

လာမည့် အထွေထွေ ရွေးကောက်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တောမြို့နယ် အပါ အဝင် ၉ မြို့နယ်နှင့် တခြား ၄ မြို့နယ်ထဲမှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၇ ရွာ တို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် UEC က ကြေညာခဲ့သည်။

You may also like these stories:

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ရခိုင် ၄ မြို့နယ်ကိစ္စ ပြန်သုံးသပ်ရန် ပြည်ထောင်စုသို့ တင်

ANP ပါတီ အောင်နိုင်ရေး မာန်အောင်တွင် အင်အားပြပြန်

]]>