• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်ရောက် ရခိုင်စစ်ရှောင်လူငယ်များ စစ်မှုထမ်းရန် ဖိအားပေးခံနေရ

by ရိုးကျော်
30 July 2024
in သတင်း
A A
ရန်ကုန်ရောက် ရခိုင်စစ်ရှောင်လူငယ်များ စစ်မှုထမ်းရန် ဖိအားပေးခံနေရ

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် စစ်မှုထမ်းရန် ပညာပေးစာစောင်များ ဝေနေစဉ်/MOI

4.7k
VIEWS
Share on FacebookShare on Twitter

ပြင်းထန်နေသည့်တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်များမှ ရန်ကုန်မြို့သို့ စစ်ဘေးရှောင်ကြသော လူငယ်များ အား စစ်မှုထမ်းလျှောက်လွှာ အတင်းအကျပ် ဖြည့်ခိုင်းခြင်းများရှိနေကြောင်းတွေ့ကြုံသူများထံက သတင်းရရှိသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ခေတ္တရောက်ရှိနေထိုင်ကာ ဆေးဝါးကုသခံယူရင်း စစ်ဘေးရှောင်နေသည့် သံတွဲလူငယ်တဦး က “ဧည့်စာရင်းသွားတိုင်တာ စစ်မှုထမ်းဖောင်ဖြည့်ရမယ်၊ မဖြည့်ချင်ရင် နေရာရွှေ့လို့ ပြောတယ်၊ ကျနော်က နှလုံး မကောင်းဘူး၊ ဆေးစာအုပ်အစုံ ရှိတယ်လို့ပြောတာ အဲဒီစာအုပ်တွေ သူတို့ မကြည့်ဘူး၊ အိပ်ယာထဲ လဲနေပါစေ၊ လာ ခေါ်ပြီး သူတို့ဘာသာသူတို့ စစ်လိမ့်မယ်၊ မဖြည့်လို့မရဘူးလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဧည့်စာရင်းလာတိုင်ပါက ယင်းသို့ စစ်မှုထမ်းလျှောက်လွှာ အတင်းကျပ်ဖြည့်ခိုင်းနေသောကြောင့် နေရာအတည်တကျ မနေ ထိုင်ရဲတော့ဘဲ ရန်ကုန်မြို့ နယ်အနှံ့ ပြောင်းရွှေ့နေထိုင်ရသည့် လူငယ်များရှိနေသလို၊ ဧည့်စာရင်းစစ်မည်စိုးသဖြင့် စိတ်မလုံ ခြုံမှုများနှင့် စိုးရိမ်ထိတ်လန့်စွာနေရကြောင်း ကာယကံရှင်များက ဆိုသည်။

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
5
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
4
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
16

စစ်ရှောင် သံတွဲလူငယ်တဦးက “ဒီရက်ပိုင်းမှာလည်း ဧည့်စာရင်းစစ်တာ၊ စစ်မှုထမ်းခေါ်တာတွေကြားနေတော့ ကျနော့် အသိ တယောက်ဆို ဖောင်ဖြည့်ခဲ့မိလို့ အဲဒီရပ်ကွက်မှာ မနေရဲဘဲ နေရာအနှံ့ လျှောက်သွားနေရတယ်။ တချို့ကတော့ မတိုင်ဘဲ ပုန်း ပြီးနေရတယ်” ဟု ပြောသည်။

၁၁ / (ရခိုင်) မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ရပ်ကွက်ရုံးများက အထူး တင်းကျပ်စစ်ဆေးနေသလို၊ လူငယ်များအား ဧည့်စာရင်းထုတ်ပေးရန် ငြင်းဆိုခြင်းများလည်းရှိသဖြင့် ရန်ကုန်အိမ်ငှားအချို့ အိမ်ငှားရန် မဝံ့ရဲ ဖြစ်နေသည်ကို ကြုံတွေ့ရ ကြောင်း သာကေတမြို့နယ်အတွင်း ခေတ္တရောက်ရှိနေသူ ရခိုင်စစ်ရှောင်တဦးက ဆိုသည်။

၎င်းက “၂၀ ကျော်အရွယ် သားလူပျိုတယောက်အတွက် သွားတိုင်တာ ကိုယ့်မြို့က ရပ်ကွက် ထောက်ခံစာမပါဘူးလားလို့ မေးတယ်။ မပါဘူး အုပ်ချုပ်ရေးမှူးတွေ မရှိကြတော့ဘူးလို့ ပြောတော့ PDF နဲ့ ပတ်သက်သလား၊ AA (အာရက္ခတပ်တော်) နဲ့ ပတ်သက်သလား ဆိုပြီးမေးတယ်၊ ဖုန်းယူစစ်တာတွေ လုပ်တယ်။ အဲဒီလိုတွေလုပ်တော့ အိမ်ရှင်တွေက သိပ်မငှားချင်လို့ မနည်းပြော ယူရတယ်” ဟု ပြောသည်။

အလားတူ ဧရာဝတီတိုင်းရှိ မြို့နယ်တချို့တွင်လည်း ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူများကို တင်းကျပ်စွာစစ်ဆေးခြင်း၊ အိမ် ရှင်၊ အိမ်ငှား နေ့စဉ်လက်မှတ်ထိုးကာ ရပ်ကွက်ရုံးသို့ တင်ပြရမည်ဆိုသည့်အချက်များကြောင့် အိမ်ရှင်အချို့က ရခိုင်စစ် ရှောင်များအား အိမ်ငှားရန် ငြင်းဆန်သည်များလည်း ရှိကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူတဦးက ပြောပြသည်။

“ကျမကတော့ လူခံရှိလို့ အဆင်ပြေခဲ့တယ်။ ဓာတ်ပုံရိုက်ပြီး စာအုပ်မှာ ကပ်ပြီး ၁ လတခါ တိုင်ရတဲ့ ဧည့်စာရင်းစာအုပ် လုပ်ပေးတယ်၊ အိမ်ရှင်ပါ လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်မှတ်ပုံတင် ကိုင်ဆောင်ထားသူများအား ဧည့်စာရင်း မထုတ်ပေးခြင်း၊ မချေမငံဆက်ဆံခြင်းနှင့် ဖမ်းဆီးချုပ်နှောင်ခြင်း စသောဖြစ်စဉ်များမှာ တကျော့ပြန်စစ်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာနောက်ပိုင်းတွင် ပိုမိုများပြားလာပြီး၊ အချို့ဆို လျှင် ရခိုင်သို့ပြန်ရာတွင် လေဆိပ်၌ ဖမ်းဆီးခံထားရ၍ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသည်မှာ နှစ်ဝက်နီးပါး ခန့် ကြာမြင့်နေသူများလည်း ရှိသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေး တိုင်းနှင့် ပဲခူးတိုင်းတို့တွင် စစ်ဘေးရှောင်နေကြရသည်။

ဆက်စပ်ဖတ်ရှုရန်

စစ်ရေးပြင်းထန်နေသော သံတွဲနှင့် တောင်ကုတ်မြို့ ရေကြီးနေ

သံတွဲ သူဌေးချောင်းဆည် ကျိုးမည်ကို ဒေသခံများ စိုးရိမ်

AA ထိန်းချုပ်မှုအောက် သံတွဲမြို့ ရောက်ပြီဟုဆို

Your Thoughts …
Tags: စစ်မှုထမ်းလျှောက်လွှာစစ်ရှောင်လူငယ်သံတွဲဧည့်စာရင်း
ရိုးကျော်

ရိုးကျော်

ရိုးကျော်သည် ရခိုင်ပြည်နယ် အခြေစိုက် သတင်းသမားဟောင်းတဦးဖြစ်ပြီး ယခုအခါ အမျိုးသမီးအရေးကဏ္ဍနှင့် ဒေသတွင်း သတင်းဆောင်းပါးများကို ရေးသားနေသူဖြစ်သည်။

Similar Picks:

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

by မိုင်းခြိူဝ်းဇာရ်
6 July 2024
10.7k

လားရှိုးအား စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင် ချောင်းကူးရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကာ စစ်ရှောင် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရကြောင်း

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

by ဧရာဝတီ
13 May 2024
8.7k

အဖွဲ့ဝင်အမျိုးသမီး ၂ ဦးထဲမှ ၁ ဦးအား မေလ ၉ ရက်နေ့ညက ရန်ကုန်မြို့ရှိ နေအိမ်အပြန်လမ်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ၁ ဦးအား ယင်းနေ့ ညသန်းခေါင်အချိန် ၎င်းနေထိုင်ရာအဆောင်၌ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း

ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်

ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်

by ဧရာဝတီ
23 July 2024
8.2k

ငပလီကမ်းခြေ AA လက်ထဲသို့ အလုံးစုံမကျရောက်ရေးအတွက် စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ တပ်ရင်း များကို ဂွမြို့ကနေတဆင့် ကွင်းဝိုင်းရေတပ်စခန်းထံ ပို့ဆောင်ပြီး ထိုမှတဆင့် ဂျိတ္တောသို့ စစ်ကူအင်အားပို့ဆောင်နေစဉ်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.8k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

Next Post
မြစ်ဆုံဆည် ဆောက်မည့် တရုတ်လုပ်ငန်းသို့ စစ်ကောင်စီဝန်ကြီး သွားရောက်

မြစ်ဆုံဆည် ဆောက်မည့် တရုတ်လုပ်ငန်းသို့ စစ်ကောင်စီဝန်ကြီး သွားရောက်

ငါးဖမ်းခွင့် ကာလရှည် ပိတ်ထား၍ ရခိုင်တွင် သားငါး ရှားပါးမှုဖြစ်လာ

ငါးဖမ်းခွင့် ကာလရှည် ပိတ်ထား၍ ရခိုင်တွင် သားငါး ရှားပါးမှုဖြစ်လာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved