• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ငါးဖမ်းခွင့် ကာလရှည် ပိတ်ထား၍ ရခိုင်တွင် သားငါး ရှားပါးမှုဖြစ်လာ

by ဧရာဝတီ
30 July 2024
in သတင်းတို
A A
ငါးဖမ်းခွင့် ကာလရှည် ပိတ်ထား၍ ရခိုင်တွင် သားငါး ရှားပါးမှုဖြစ်လာ

ရခိုင်ပြည်နယ်စစ်တွေရှိ ပင်လယ်ပြင်ငါးဖမ်းထွက်သည့် စက်လှေများကို တွေ့ရစဉ် / ဂျေပိုင် / ဧရာဝတီ

456
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် စစ်တွေ၌ စစ်ကောင်စီက ဒေသခံ ငါးဖမ်းလုပ်သားများအား ပင်လယ်ထွက်ခွင့် ပိတ်ပင်ကန့်သတ်ထားသည်မှာ ကာလကြာရှည်လာသည့်အတွက် သားငါးရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော် ( AA ) နှင့် ၂၀၂၃ ခုနှစ်နိုဝင်ဘာလ ၁၃ ရက်မှ စတင်ကာ စစ်တွေမြို့ ပင်လယ်ကမ်းစပ် တွင်နေထိုင်သော ရခိုင်တိုင်းရင်းသား ငါးဖမ်းလှေများနှင့် မွတ်ဆလင် ငါးဖမ်းလှေများကို ပင်လယ်ထွက် ငါးဖမ်းခွင့် ပိတ်ထားသည့်အတွက် ရေထွက်ကုန်များ အလွန်ရှားပါးနေကြောင်း မြို့ခံများက ပြောသည်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
1.9k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.8k
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
1.8k

စစ်တွေမြို့ခံ ရေလုပ်သားတဦးက ” စစ်ကောင်စီက ပင်လယ်ကမ်းစပ်မှာ ငါးဖမ်းလှေ မပြောနဲ့၊ လူကိုတောင် အမြင်မခံဘူး ၊ သေနတ်နဲ့ လှမ်းပစ်တဲ့အတွက် ဘယ်သူမှ ငါးဖမ်းထွက်ဖို့ မစဉ်းစားရဲဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီနှင့် AA နှင့် တိုက်ပွဲမဖြစ်ခင်က စစ်တွေမြို့ ပင်လယ်ကမ်းစပ်တွင် နေထိုင်သော ရခိုင် ရွာသားများနှင့် မွတ်ဆလင်တို့သည် စက်လှေများဖြင့် ပင်လယ်ပြင်သို့ ကမ်းနီး ၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြပြီး ရရှိလာ သည့် ငါးပုစွန်များကို စစ်တွေမြို့ဈေးကြီးအပါအဝင် ဒေသတွင်း ရောင်းချဖြန့်ဖြူးခဲ့ကြသည်။

စစ်တွေမြို့ခံတဦးက ” ငါးပေါတဲ့ စစ်တွေမြို့မှာ အခု ငါးဆိုရင် အရုပ်ရေးပြရမလို ဖြစ်နေပြီ။ ငါးတချို့ ရောင်းကြတာ ရှိပေမယ့် ရန်ကုန်ဘက်က သင်္ဘောပါတဲ့ မွေးမြူရေး ငါးတွေနဲ့ ဒေသထွက် လယ်ကွင်းတွေက ဖမ်းတဲ့ ငါးသေးသေးလေး တွေပဲ ရှိတယ်၊ အဲဒါတွေလည်း အရမ်းဈေးကြီးလို့ မဝယ်နိုင်ကြဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ စစ်တွေမြို့ဈေးကွက်တွင် ယခင်က တသောင်းတန် ငါးတကောင်အား ယခု ၅ သောင်းကျပ်၊ ယခင် ဝက်သား ၁ ပိဿာ ၂၅,၀၀၀ မှ ယခု ၆ သောင်းကျပ်၊ ယခင် အမဲသား ၁ ပိဿာ ၂၈,၀၀၀ မှ ယခု ၅ သောင်းကျပ်ထိ ဈေးအဆမတန် မြင့်တက်နေကြောင်း မြို့ခံများက ပြောသည်။

ယင်းအပြင် ယခင်က ဆန် ၁ အိတ်လျှင် ၁၂၀,၀၀၀ ကျပ်မှ ယခု ၂၅၀,၀၀၀၊ ယခင် ဓာတ်ဆီ ၁ လီ တာ ၃,၀၀၀ မှ ယခု ၁၈,၀၀၀ ကျပ်၊ ယခင်က မီးသွေး ၁ အိတ်လျှင် ၁၅,၀၀၀ ကျပ်မှ ယခု ၃၅,၀၀၀ ကျပ်စသဖြင့် အခြေခံစားသောက်ကုန်၊ လူသုံးကုန်ဈေးများမှာလည်း ဈေးအဆမတန် မြင့်တက်နေကြောင်း သိရသည်။

စစ်တွေမြို့ခံ အမျိုးသမီးတဦး က” တိုက်ပွဲ ဖြစ်ပြီး ၂ လ လောက်အကြာ စစ်တွေမြို့ ကို စစ်ကောင်စီက ရေ ၊ မီး အကုန် ဖြတ်လိုက်တာ ။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း တွေဆိုလည်း ရံဖန် ရံခါပဲ ရတယ် ။ အခု မိုးတွင်းဆိုတော့ ရေကတော့ သိပ်ပြဿနာ မရှိဘူး ။ ဒါပေမယ့် မီးက လုံးဝ မရတဲ့အခါ လူတွေက အိမ်မှာရှိတဲ့ သစ်ပင်တွေ ခုတ်လှဲ အဲဒါကို ထင်းခွဲ၊ နေလှမ်းပြီးတော့ ထမင်းချက်ကြရတယ် ” ပြောသည်။

၂၀၂၃၊ နိုဝင်ဘာမှစ၍ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် AA ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ခဲ့ပြီးနောက် ယင်းအချိန်ကတည်းကစ၍ မြို့တော် စစ်တွေအား ရေလမ်း ၊ ကုန်းလမ်းအားလုံးကို ပိတ်ဆို့ထားသလို မြို့အစွန်အဖျားရှိ ကျေးရွာများကိုလည်း အဓမ္မပြောင်းရွှေ့ခိုင်းကာ မြို့ ပတ်ပတ်လည်ကို မြေမြှုပ်မိုင်းများ ထောင်ထားသည့်အတွက် မြို့ခံများ သိန်းနှင့်ချီ မြို့တွင်း ပိတ်မိလျက်ရှိကြောင်းလည်း သိရသည်။

You may also like these stories:

ရခိုင်တွင် စပါးစိုက်ဧက ထက်ဝက်ခန့်လျော့ကျ၍ ဆန်ပြတ်လပ်မှုနှင့် ကြုံနိုင်

ရခိုင်၌ ငွေသားရှားပါး၍ Kpay ထုတ်လျှင် ၁၈ ရာခိုင်နှုန်း ပေးနေရ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy

Your Thoughts …
Tags: AAစစ်ကောင်စီစစ်တွေ၊ ပင်လယ်ပြင်ငါးဖမ်းခွင့်ပိတ်ဆို့ရေထွက်ကုန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ယာယီသမ္မတ ရာထူး ဘာကြောင့်ယူသလဲ (ရုပ်/သံ)

ယာယီသမ္မတ ရာထူး ဘာကြောင့်ယူသလဲ (ရုပ်/သံ)

NUG ဖြေရှင်းရမယ့် လိင်အမြတ်ထုတ်မှု ပုစ္ဆာ (ရုပ်/သံ)

NUG ဖြေရှင်းရမယ့် လိင်အမြတ်ထုတ်မှု ပုစ္ဆာ (ရုပ်/သံ)

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.6k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate