• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်၌ ငွေသားရှားပါး၍ Kpay ထုတ်လျှင် ၁၈ ရာခိုင်နှုန်း ပေးနေရ

by ဧရာဝတီ
17 July 2024
in သတင်း
A A
ရခိုင်၌ ငွေသားရှားပါး၍ Kpay ထုတ်လျှင် ၁၈ ရာခိုင်နှုန်း ပေးနေရ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် ငွေကြေးလည်ပတ်မှု မရှိသလောက်ဖြစ်နေသည် (ဧရာဝတီ)

770
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ငွေသားရှားပါး သဖြင့် Kpay ၊ Wave Money နှင့် အခြားငွေလွှဲ ငွေထုတ် ဝန်ဆောင်မှုလုပ်ငန်းများမှ ငွေသား ထုတ်ယူပါက ကျပ် ၁ သိန်းလျှင် ၁၈ ရာခိုင်နှုန်းအထိ ပေးနေရကြောင်း ဒေသခံများထံက သိရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ စစ်တွေအပါအဝင် ကျန်ဒေသများတွင် တိုက်ပွဲများကြောင့် ဘဏ်များပိတ်ထားရပြီး စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းကာ ဒေသတွင်း ငွေကြေးလည်ပတ်မှု မရှိသလောက်ဖြစ်နေသလို ပြည်နယ်အတွင်း ငွေသား သယ်ယူခွင့်ကိုလည်း စစ်ကောင်စီက အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားသည့် အတွက်လည်း ဖြစ်ကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် လက်ရှိ ငွေထုတ်ယူရာတွင် ရာခိုင်နှုန်းများ တိုးမြှင့်ကောက်ယူနေကြသလို လိုအပ်သော ငွေပမာဏအပြည့် ထုတ်ယူ၍ မရသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်ထိ Kpay ၊ Wave Money နှင့် အခြားငွေလွှဲ ငွေထုတ် ဝန်ဆောင်မှုလုပ်ငန်းများမှ ကျပ် ၁ သိန်း လျှင် အများဆုံး ၈ ရာခိုင်နှုန်းသာ ပေးရသော်လည်း ယခုအခါ ၁၈ ရာခိုင်နှုန်းအထိ ပေး၍ ထုတ်လာရသည့်အပြင် ငွေသားရှိနိုင်သည့် မြို့များ၊ ရွာများသို့ အဆင့်ဆင့် သွားရောက် ရှာဖွေထုတ်ယူရသည့်အခြေအနေ ဖြစ်လာကြောင်း မြေပုံမြို့နယ် ဒေသခံ တဦးက ပြောသည်။

၎င်းက “ငွေသားက သူတို့ (ငွေလဲပေးသူ)တောင်းတဲ့ ရာခိုင်နှုန်းနဲ့ လဲချင်ရင်တောင် လွယ်လွယ်ကူကူ ရှိမနေဘူး။ ငွေရနိုင်မယ့် နေရာ မြို့၊ ရွာသွားပြီးမှ လဲရတယ်။ အင်တာနက်လိုင်း၊ ဖုန်းလိုင်း မရတာတွေကြောင့်လည်း ပါတယ်။ အဲဒီလို သွားရင် ကိုယ်က ကျပ် ၁၀ သိန်း လိုချင်တယ်ဆိုရင် ဆိုင်ကယ်ဆီဖိုး၊ ငွေလဲခ စားစရိတ် ဘာညာနဲ့ ကျပ် ၃ သိန်း ၊ ၄ သိန်းလောက်က အသားတင် ဆုံးရှုံးသွားတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးအပါအဝင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း၊ ပုံမှန်လခစားဝန်ထမ်းအချို့ အလုပ်မရှိတော့၍ ငွေကြေးသုံးစွဲနိုင်မှု လျော့နည်းလာခြင်းနှင့် ငွေကြေးအစုတ်ကို လက်မခံခြင်း စသည်တို့ကြောင့် ငွေကြေး လည်ပတ်မှု နည်းပါးလာကာ ငွေသားရှားပါးခြင်းများ ဖြစ်ပေါ်လာရသည်ဟု မြောက်ဦးမြို့မှ ကုန်သည်တဦးက ပြောသည်။

ငွေသားရှားပါး သဖြင့် Kpay ၊ Wave Money နှင့် တခြားငွေလွှဲများမှ ငွေသား ထုတ်ယူပါက ကျပ် ၁ သိန်းလျှင် ၁၈ ရာခိုင်နှုန်းအထိ ပေးနေရသည်။

၎င်းက “ရှင်းရှင်းပြောရရင် ကျနော်တို့ဆီမှာ အခု သွင်းကုန်လည်း မရှိ ထုတ်ကုန်လည်း မရှိဘူး။ ဒေသဈေးကွက်ပဲ ရှိတယ်။ အထူးသဖြင့် ကျနော်တို့မှာ ပို့ကုန်မရှိတော့ ငွေပြန်ပြီးဝင်လာတာမျိုး မရှိဘူး။ ဒါကြောင့်လည်ပတ်မှုလည်း မရှိတော့ဘူး။ အဲဒီတော့ ငွေသားတွေက ရှားပါးလာတယ်။ ဒါကြောင့် တချို့က အစုတ်ပေးရင် လက်မခံကြတော့ဘူး။ လက်ခံဖို့လည်း ခက်ခဲလာတယ်ပေါ့။ ဒီပြဿနာနဲ့ ကြုံနေရတယ်”ဟု ဆိုသည်။

ထိုသို့ ကုန်စည်စီးဆင်းမှုပြတ်တောက်နေသောကြောင့် စားသောက်ကုန်များ အဆမတန်ဈေးမြင့်တက်နေသလို လူသုံးကုန် ပစ္စည်းမှာလည်း ယခင်သိုလှောင်ထားသည့် ပစ္စည်းများဖြစ်ပြီး အသစ်မရောက်ဘဲ လက်ရှိပစ္စည်းအား ကြိုက်ဈေးတင်၍ ရောင်းချနေကြကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ဒေသခံ တဦးက “အခုက အကုန်မှောင်ခိုတွေ ဖြစ်ကုန်တာပေါ့။ စစ်ကောင်စီက အကုန်ပိတ်ဆို့ထားတော့ ပြည်နယ်ဝင်ပေါက် ရေနံ့သာဂိတ်ကနေ ဆိုရင် ဆပ်ပြာတထောင့်တောင် ပေးမသွားဘူး။ လျှပ်စစ်မီးဆိုလည်း ဖြတ်ထား တော့ မီးစက်ရှိတဲ့ သူဆီမှာ ဖုန်းတလုံး ၁ နာရီ ၁၅၀၀ နဲ့ သွင်းရတယ်။ ပစ္စည်းတွေကလည်း အကုန်မှောင်ခိုပဲ၊ ဓာတ်ဆီ ၁ လီတာ ၁၅၀၀၀ ကျပ်၊ ဆေးပေါ့လိပ် တလိပ် ၅၀၀ ကျပ်၊ စီးကရက်တလိပ် ၇၀၀ ရှိတယ်”ဟု လက်ရှိ ကုန်ဈေးနှုန်း အခြေအနေကို ပြောသည်။

ထို့ပြင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများက ရန်ကုန်မှ ငွေသားသယ်ယူရာတွင် စစ်ကောင်စီက ငွေကျပ် သိန်း ၁၀၀ အထိသာ သယ်ယူခွင့်ပေးသဖြင့် ငွေသားရှားပါလာသလို ကျပ်သိန်း ၁၀၀ ထက် ပို၍ သယ်ယူပါကလည်း လေဆိပ်အစောင့်များကို လာဘ်ထိုးငွေ ပေးရကြောင်း၊ ပြီးခဲ့သည့်လအတွင်းက ရန်ကုန်မှ စစ်တွေသို့ ကျပ်သိန်း ၂၀၀၀ ခန့် သယ်ယူသောကြောင့် စစ်ကောင်စီက ဖမ်းဆီးခြင်းများပင် ရှိခဲ့သည်ဟု စစ်တွေမြို့ခံ လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

တောင်ကုတ်မြို့မှ စီးပွားရေး လုပ်ငန်းရှင်တဦးက “ငွေသယ်ဖို့က ကား၊ သင်္ဘော၊ ရေကြောင်း၊ လေကြောင်း လမ်းအားလုံးက ပိတ်နေတာပေါ့နော်။ တချို့ ဧရာဝတီတို့ ဘာတို့နဲ့ နီးစပ်တဲ့သူတွေကကျတော့ ဂွတို့ သံတွဲတို့ တောင်ကုတ်တို့ဆိုရင် စခန်း တွေ ဘာတွေရှောင်ပြီးသွားတဲ့ ခိုးလမ်းက သွားရတဲ့အခြေအနေလည်း တွေ့နေရတယ်”ဟု ပြောသည်။

ယင်းသို့ ငွေသားရှားပါးပြီး ရာခိုင်နှုန်း အဆမတန် မြင့်တက်မှုများကြောင့် အချို့မှာ ယခင်ကဲ့သို့ Kpay၊ Wave Money ဆိုင် များတွင် ငွေထုတ်ယူခြင်းမရှိဘဲ တဦးနှင့် တဦး နားလည်မှုဖြင့် ရန်ကုန်၊ မန္တလေးရှိ မိသားစုဝင်များမှတဆင့်ခံ ငွေလွှဲခြင်းများ ပြုလုပ်လာသလို ဒေသတွင်း ငွေပိုငွေလျှံရှိပြီး လက်ထဲပိုက်ဆံကိုင်မထားလိုသည့် ငွေကြေးချမ်းသာသူများက လိုအပ်သူများကို ရာခိုင်နှုန်းယူ၍ ငွေသားပြန်ထုတ်ပေးသည့် ပုံစံဖြင့် လည်ပတ်နေကြောင်း သိရသည်။

ပုဂ္ဂလိကဘဏ်များထဲ ဘဏ်ခွဲအများဆုံးဖွင့်လှစ်ထားသော ကမော္ဘဇဘဏ် (KBZ) က ရခိုင်ပြည်နယ်၌ ဘဏ်ခွဲပေါင်း ၁၃ ခုရှိပြီး တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ် ဘဏ်ခွဲတခုကိုသာ ဖွင့်လှစ်ထားကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

ရခိုင်ပြည်နယ် လွတ်မြောက်နယ်မြေများအတွင်း ဘဏ်လုပ်ငန်းများ ပုံမှန်ပြန်မလည်ပတ်နိုင်သေးသည့်အတွက် အနည်းငယ် ဟောင်းနွမ်း၊ စုတ်ပြဲခြင်း ရှိသည့် ငွေစက္ကူများကို ရွေးချယ်ခြင်း မရှိဘဲ အသုံးပြုနိုင်ရန် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA)က ဒေသခံ ပြည်သူများသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ညွှန်ကြားထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

You may also like these stories:

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်တိုက်ပွဲများကြောင့် နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောများ ဖြန့်ကြက်ထား

စစ်တွေမြို့ကို ပိတ်ဆို့၍ စစ်ကောင်စီ လူဖမ်းနေ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: AAKpayငွေသားရှားပါးတိုက်ပွဲပုဂ္ဂလိကဘဏ်ရခိုင်ရာခိုင်နှုန်းလမ်းပိတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
စစ်အုပ်စုအာဏာဆက်ရှိရင် သယံဇာတတွေ မြန်မြန် ပျက်စီးနိုင်တယ် (ရုပ်/သံ)

စစ်အုပ်စုအာဏာဆက်ရှိရင် သယံဇာတတွေ မြန်မြန် ပျက်စီးနိုင်တယ် (ရုပ်/သံ)

CDM တွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ (ရုပ်/သံ)

CDM တွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved