အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုင်းဇက်ခင်ရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဟာ တစ်လကျော်ကြာတဲ့အထိ အဖြေမရဘဲ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
NUG ကထုတ်ပြန်ချက် တစုံတရာမရှိသေးသလို အလုပ်ပြုတ်သွားတဲ့ နစ်နာသူအမျိုးသမီးအတွက် တရားမျှတမှုဟာလဲ အလှမ်းဝေးဆဲဖြစ်ပါတယ်။
NUG အစိုးရဟာ ဌာနအတွင်းက လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေကိုတောင် ထိရောက်စွာ အရေးယူနိုင်စွမ်း မရှိသေးတာကြောင့် နိုင်ငံအနှံ့က အလားတူအမှုတွေကို NUG ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက မေးခွန်းထုတ်လာကြပါတယ်။
တော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေဟာ တနေ့တခြား အမျိုးသမီးတွေရဲ့ နေ့စဥ◌်ဘဝတွေကို ပိုပြီး ခြိမ်းခြောက်လာနေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













