• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၁၃ မြို့ နယ် စိုးရိမ်အမှတ်ထက်ကျော်လွန် ရေမြုပ်

by ဧရာဝတီ
30 July 2024
in သတင်း
A A
၁၃ မြို့ နယ် စိုးရိမ်အမှတ်ထက်ကျော်လွန် ရေမြုပ်

ကရင်ပြည်နယ် ဘားအံမြို့ ရေမြုပ်နေစဉ်/ CJ

1.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် မြစ်ရေမြင့်တက်မှု၊ မိုးများသည်းထန်စွာ ရက်ဆက် ရွာသွန်းမှုများကြောင့် တိုင်းနှင့်ပြည်နယ်အသီးသီး၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသလို မြို့ပေါင်း ၁၃ မြို့မှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။

စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ကာ ရေကြီးရေလျှံမှုများဖြစ်ပွားနေသောနေရာများမှာ ဧရာဝတီတိုင်းအတွင်းရှိ ဆိပ် သာ၊ ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ ပဲခူးတိုင်းတွင် ပဲခူးမြို့၊ မဒေါက်နှင့် ရွှေကျင်မြို့၊ ညောင်လေး ပင်၊ မွန်ပြည်နယ် ဘီးလင်းမြို့၊ ကရင်ပြည်နယ် ဘားအံမြို့၊ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တို့ဖြစ်ကြောင်း စစ်ကောင် စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

ထိုထဲမှ အဆိုးဆုံးရေကြီးသည့်မြို့မှာ ပဲခူးတိုင်း မဒေါက်မြို့ဖြစ်ပြီး ပဲခူးမြို့စိုးရိမ်ရေအမှတ်မှာ ၈၈၀ စင်တီမီတာ ဖြစ်ပြီး လက်ရှိတွင် ၁၀၀၃ စင်တီမီတာရှိသဖြင့် စိုးရိမ်ရေမှတ်ထက် ၁၀၀ စင်တီမီတာကျော်မြင့်နေကြောင်း မိုးဇလက ထုတ် ပြန်သည်။

ပဲခူးမြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း ၂ လက်မခန့်သာ ကျဆင်းနိုင်ပြီး စိုးရိမ်ရေအမှတ်ထက်တွင် ဆက်လက် တည် ရှိနေမည်ဖြစ်ကြောင်း မိုးဇလ၏ ယနေ့ တိုင်းထွာချက်အရ သိရသည်။

ပဲခူးမြို့တွင်လည်း ဇူလိုင် ၂၆ ရက်မှစတင်ကာ ပဲခူးမြစ်ရေ၏ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာသလို မိုးဆက် တိုက် ရွာသွန်းမှုကြောင့် ရပ်ကွက်တချို့နှင့် လမ်းပေါ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

ပဲခူးမြို့ရှိ လူမှုကယ်ဆယ်ရေးအသင်းတခုမှ တာဝန်ရှိသူက “ပဲခူးမှာတော့ အခုထိတော့ ရေမကျသေးဘူး။ ပိုတောင်မြင့် လာတယ်။ ရေတက်တာကြာတော့ လူတွေလည်း တော်တော် အခက်အခဲဖြစ်တယ်။ ရေဘေးသင့်ပြည်သူတွေ ပိုများလာ တယ်။ အဓိက စားစရာလိုအပ်လာတာပဲ“ ဟု ပြောသည်။

ပဲခူးတိုင်းအတွင်းရှိ ရေကြီးနစ်မြုပ်နေသည့် နေရာတချို့/ CJ

ပဲခူးမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခု ဖွင့်လှစ်ထားကာ ရေဘေးသင့်ပြည်သူ ၂ သောင်းခွဲကျော်ကို ကူညီကယ်ဆယ်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
89
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ကျောက်ကြီးဒေသခံတဦးက “ကျမတို့ ကျောက်ကြီးဘက်မှာ ဖုန်းဘေကလည်း ဝယ်လို့မရ၊ ဈေးကလည်း အဆမတန် တက်နေတယ်။ ရေကလည်း အိမ်တောင် မြုပ်နေတယ်၊ တချို့အိမ်တွေဆို တန်းလေးတွေခိုနေရ၊ ခေါင်မိုးပေါ် အမိုး အကာတွေ ကာနေရနဲ့ အခက်အခဲတအားဖြစ်တယ်။ တချို့ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ အိမ်တွေ အများကြီးပဲ။ အလှူရှင်တွေရှိရင် ကျောက်ကြီးစုနဲ့ ရွာသစ်ဘက်ကို လှူစေချင်ပါတယ်” ဟု ပြောသည်။

အလားတူ ကရင်ပြည်နယ်တွင် သံလွင်မြစ်ရေတက်ကာ ဘားအံမြို့၏ စိုးရိမ်ရေမှတ်မှာ ၇၅၀ စင်တီမီတာရှိပြီး လက်ရှိ စိုးရိမ်ရေအမှတ်ထက် ၁၇၆ စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း မိုးဇလက ထုတ်ပြန်သည်။

ရေဘေးကြောင့် ဘားအံမြို့နယ်တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ခု ဖွင့်လှစ်ထားပြီး အမျိုးသား ၄,၁၃၀ ဦး၊ အမျိုးသမီး ၄,၄၈၆ ဦး စုစုပေါင်းလူဦးရေ ၈,၆၁၆ ဦး ကို နေရာချထားပေးကြောင်း စစ်ကောင်စီက ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်သည်။

ဘားအံမြို့ လူမှုကယ်ဆယ်ရေးအသင်းတခုက “ဒီနေ့ ရေက ၁ ပေလောက်တော့ကျသွားပြီ။ ဒါပေမယ့် စိုးရိမ်ရေ အမှတ် ရဲ့ အထက်မှာတော့ ရှိနေသေးတယ်။ ရေက မြုပ်နေတုန်းပဲ။ ရေက ရပ်ကွက် ၈ ခုရှိတာမှာ အားလုံးမြုပ်နေတာ။ ၇၀ ရာ ခိုင်နှုန်းလောက်ကို မြုပ်တာ။ ရေက လွန်ခဲ့တဲ့ ၄ ရက်ကတည်းက စတက်တာ။ ညကတော့ မိုးရွာတယ်။ ဒီမနက်တော့ သိပ်မရွာဘူး” ဧရာဝတီကို ပြောသည်။

ဘားအံမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းများကို အထက ၁၊ အထက ၃၊ အထက ၄၊ အထက ၅၊ အမက ၁၁၊ မိုးလုံလေ လုံ အားကစားကွင်း၊ ရွှေမျှော်ဘုရား၊ မူလတန်းလွန်ကျောင်းများတွင် ဖွင့်လှစ်ထားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များ ထံက သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့ ရေမြုပ်နေစဉ်/ CJ

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ၊ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်ရှိ ရွာပေါင်း ၄၁ ရွာ အတွက်လည်း ရေနစ်မြုပ်နေပြီး ပြည်သူ ၁၈,၆၉၈ ဦး ရေဘေးသင့်နေခြင်းကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း KNU က ဇူလိုင် ၂၉ တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်က ကျောက်ကြီးမြို့နယ် တောကြောင်ပေါက်ရွာရှိ စစ်တောင်းမြစ် ရေတမံကျိုးခြင်း ကြောင့် ရေများအလုံးအရင်းနှင့် ဝင်လာပြီး တောကြောင်ပေါက်ရွာက နေအိမ်များလည်း နစ်မြုပ်ခဲ့ကြောင်း၊ ကျောက်ကြီးနှင့် ရွှေကျင် ၂ မြို့နယ်လုံးရှိ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းတလျှောက် ရွာများ လည်း ရေဘေးသင့်နေကြောင်း KNU က ဖော်ပြသည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများအပြားတွင်လည်း ဇူလိုင် ၂၁ ရက်မှ စတင်ကာ တနင်္သာရီ မြစ်ရေသည် စတင်မြင့်တက်လာခြင်းဖြစ်ပြီး ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် ပေ ၃၀ ရောက်ရှိကာ အန္တရာယ်ရေ အမှတ် ထက် ၆ ပေ ကျော်လွန်ကာ မြို့၏ ၄ ပုံ ၃ ပုံခန့် ရေနစ်မြုပ်လျက်ရှိသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ တကူ၊ ဘန်လော၊ ဘန်လင်၊ ကိုးအင်း၊ ကျောက်စရစ်၊ သိန္ဒော၊ ဘန်းပြည့်၊ ခြောက်အိမ်စု၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ တိုက်ကမ်းနှင့် ညောင်ပင်ကွင် ရွာများအပါအဝင် ကျေးရွာအများအပြားတွင် ရေနစ်မြုပ်နေ ပြီး ပြည်သူအများအပြား ပိတ်မိနေခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ဇူလိုင် ၂၉ ရက် ထုတ်ပြန်ချက်အရ လာမည့် ဩဂုတ် ၄ ရက် တပတ်တာ မိုးလေဝသခန့်မှန်းချက်အရ မုတ်သုံမိုး ပိုကောင်းနိုင်ပြီး အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း၊ မွန်နှင့် တနင်္သာရီဒေသများတွင် မိုးသည်းထန်မည် ဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာပြည်အထက်ပိုင်းရှိ မြစ်ရေများ အောက်ပိုင်းဒေသများသို့ ဆင်းလာပြီး ရွာသွန်းမည့် မိုးရေများနှင့် ပေါင်း ကာ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်နိုင် ကြောင်း NUG က သတိပေးထားသည်။

ပဲခူးတိုင်းအတွင်းရှိ ရေကြီးနစ်မြုပ်နေသည့် နေရာတချို့/ CJ

ထိုသို့ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ရောက်ရှိနေသည့် မြို့များရှိနေသလို လက်ရှိတွင် ရန်ကုန်တိုင်းရှိ မြို့နယ်များ အတွင်း ၌လည်း မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ မြစ်ရေတက်ခြင်းတို့ကြောင့် ရပ်ကွက်တချို့ ရေနစ်မြုပ်လျက်ရှိသည်။

You may also like these stories:

ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်လမ်း မိုးကြီးသဖြင့် ဆက်တိုက်ပြိုကျနေ

သံတွဲ သူဌေးချောင်းဆည် ကျိုးမည်ကို ဒေသခံများ စိုးရိမ်

ဒေါနအရှေ့ခြမ်း စစ်ရှောင်များ ရေဘေးဒုက္ခ ထပ်ကြုံရ

စစ်ရေးပြင်းထန်နေသော သံတွဲနှင့် တောင်ကုတ်မြို့ ရေကြီးနေ

Your Thoughts …
Tags: စိုးရိမ်ရေအမှတ်ပဲခူးဘားအံမြစ်ရေတက်မွန်ရေကြီးရေလျှံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပုသိမ်မြို့

ပုသိမ်မြို့

by ဧရာဝတီ
16 February 2025
5k

ဧရာဝတီတိုင်း ဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စပါးကျီကြီး ဖြစ်တဲ့ အလျောက် ပုသိမ်မြို့ဟာ ဆန်စပါး ကြိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်ပါတယ်။

ကန်သုံးဆင့်ဆရာတော် ထွက်ဆိုချက် မြေပြင်နှင့် ကွဲလွဲဟု စစ်ကောင်စီပြော

ကန်သုံးဆင့်ဆရာတော် ထွက်ဆိုချက် မြေပြင်နှင့် ကွဲလွဲဟု စစ်ကောင်စီပြော

by ဧရာဝတီ
21 June 2024
3.8k

နေ့လယ် ၁ နာရီခွဲခန့်က မြို့ သာနှင့် မဂျီကံမရွာကြား နယ်မြေလုံခြုံရေးလုပ်နေသည့် စစ်ကောင်စီတပ်များကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက မိုင်းဆွဲတိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် သားကျင်ကျေးရွာဘက်မှ...

ပဲခူးမြို့၊ ပဲခူးရိုးမတောင်

ပဲခူးမြို့၊ ပဲခူးရိုးမတောင်

by ဧရာဝတီ
9 March 2025
3.4k

ပဲခူးဟာ သမိုင်းအရ ဟံသာဝတီ အမည် နဲ့ ဟံသာဝတီ မင်းဆက် နဲ့ တောင်ငူ မင်းဆက်တို့ရဲ့ မင်းနေပြည်တော် အဖြစ် ထင်ရှားခဲ့တဲ့ မြို့တော် ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဘားအံ၌ ကုန်ကားများသာမက ဂိုဒေါင်များကိုပါ ရှာဖွေ

ဘားအံ၌ ကုန်ကားများသာမက ဂိုဒေါင်များကိုပါ ရှာဖွေ

by မိုင်းစောလွင်
7 March 2025
3k

အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး အမိန့်ဖြင့် ထိုင်းနယ်စပ်မှဆင်းလာသော ကုန်တင်ယာဉ်များကို ပြီးခဲ့သည့် မတ်လ ၅ ရက်ကတည်းက ဖမ်းထားရာ ကား ၇၀၀ကျော် ပြန်လွှတ်ပေးခြင်း မရှိသေးသလို ဘားအံရှိ ကုန်သည်များ၏ နေအိမ်နှင့် ဂိုဒေါင်များကိုပါ ဝင်ရောက်...

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

by မိအိသဉ္ဇာမြင့်
26 March 2024
2.6k

ကော့ဘိန်းမြို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေနတ်တောင်မြို့ မိုင်၅၀ခန့်သာ ဝေးပြီး မတ်လ ၂၅ရက်က ရဲနှင့် စစ်သားများ တပ်စွဲထားသည့် ကော့ဘိန်းရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ခြင်း...

တိုင်းရင်းသားပြည်နယ်များကို စည်းရုံးရန် စစ်ကောင်စီ ကြိုးစား

တိုင်းရင်းသားပြည်နယ်များကို စည်းရုံးရန် စစ်ကောင်စီ ကြိုးစား

by ဧရာဝတီ
15 September 2023
2.2k

မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီနှင့် ပတ်သက်သည့် ပြည်သူ့စစ်များနှင့် လားရှိုးတွင် တွေ့ဆုံသည်။

Next Post
အမေရိကန်ဒေါ်လာနှင့် ရွှေဈေး ပိုမြင့်လာ

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး ပိုမြင့်လာ

မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ

မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved