• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

by မိအိသဉ္ဇာမြင့်
26 March 2024
in သတင်း
A A
ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

မွန်-ကရင်နယ်စပ်မှ ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များ သိမ်းယူအပြီးတွေ့ရစဉ်

2.6k
VIEWS
Share on FacebookShare on Twitter

မွန်နှင့် ကရင်ပြည်နယ်အစပ်ရှိ ကော့ကရိတ်မြို့နယ် ကော့ဘိန်းရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းကြောင့် စစ်ရေးလှုပ်ရှားမှုများ ပိုမိုလာနိုင်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်အပါအဝင် တပ်စခန်းများကို ခြိမ်းခြောက်နိုင်မည်ဟု တော်လှန်ရေးအဖွဲ့များ ကဆိုသည်။

ကော့ဘိန်းမြို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေနတ်တောင်မြို့ မိုင်၅၀ခန့်သာ ဝေးပြီး မတ်လ ၂၅ရက်က ရဲနှင့် စစ်သားများ တပ်စွဲထားသည့် ကော့ဘိန်းရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

မကြာသေးမီက မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့သည့် မွန်ပြည်သစ်ပါတီ အာဏာရှင်ဆန့်ကျင်ရေး(NMSP-AD)အဖွဲ့လည်း ကော့ဘိန်းတိုက်ပွဲတွင် ပါဝင်ခဲ့သည်။

NMSP-AD အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ နိုင်ဗညားမွန်က “ကျိုက်မရော- မော်လမြိုင်- ကော့ကရိတ်မြို့တွေမှာ ကော့ဘိန်းက အလယ်ကျတယ်။ သူ့ပတ်ပတ်လည်မှာရှိတဲ့ မြို့တွေကို စစ်ရေးအရ လှုပ်ရှားတဲ့အခါ ပိုပြီးထိရောက်တဲ့ အနေအထားမျိုး ဖြစ်တယ်၊ ကော့ဘိန်းရဲစခန်းက ရှေ့တန်းခံစစ်စခန်း ဖြစ်ပြီး သူ့အတွက် နောက်ခံစခန်းတွေဖြစ်တဲ့ တရနာတို့ ကျိုက်မရော ဘက်က နယ်မြေစိုးမိုးမှုအပေါ် ခြိမ်းခြောက်နိုင်တဲ့ သဘောမျိုးဖြစ်တယ်။ ကျနော်တို့ စိုးမိုးနယ်မြေ ပိုပြီးကျယ်ပြန့်လာ တယ်”ဟု ဧရာဝတီသို့ပြောသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့များအနီးတဝိုက် စစ်ရေးလှုပ်ရှားမှု ပိုလာနိုင်ပြီး၊ အခြားဆက်စပ်သည့်စခန်းများကိုပါ ဆက်လက်ထိန်းချုပ်သွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကော့ဘိန်းရဲစခန်းကို ကာကွယ်နိုင်ရန် စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ သုံးကာ တိုက်ခိုက်သလို ဂျိုင်းမြစ်အတွင်းရှိ စစ်ရေယာဉ်မှလည်း လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ သိမ်းဆည်းရမိခဲ့သလို တပ်မ ၂၂လက်အောက်ခံ ခြေမြန် တပ်ရင်း ခမရ ၂၁၀မှ တပ်ကြပ်ကြီး ၂ဦး သေဆုံးခဲ့ပြီး တပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကာ ရဲမိသားစုဝင် အမျိုးသမီး ၁၂ ဦး၊ ကလေး ၇ ဦး၊ ဗိုလ်ကြီး အဆင့်အပါအဝင် စစ်သားနှင့်ရဲ ၂၃ဦးတို့ကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

မွန်-ကရင်နယ်စပ်မှ ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များ သိမ်းယူအပြီးတွေ့ရစဉ်

ဖမ်းမိသူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လွှဲပြောင်းပေး အပ်ထားကြောင်း Lion Battalion Commando- ဗျူဟာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် တော်လှန်ရေးအဖွဲ့များသည် စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံနေသည့် အဆင့်မဟုတ်ဘဲ မြို့ပေါ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သည့် အဆင့်သို့ ရောက်လာကြောင်း မွန်ပြည်နယ်လွတ်မြောက်ရေးတပ်တော် (MLA) ၏ အတွင်းရေးမှူး နိုင်မာဃကလည်း ပြောသည်။

၎င်းက “အဓိကကတော့ ဒီနေရာမှမဟုတ်ဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စကစရှိတဲ့ ဘယ်ဒေသကိုမဆို ဝင်ရောက် ပြီး တိုက်ခိုက်ရှင်းလင်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။ တဖြည်းဖြည်းနဲ့ စကစရဲ့ အာဏာသိမ်းမှုကို တွန်းလှန်လာတာ တောထဲ တောင်ထဲကနေ ရွာတွေထဲ ရောက်လာပြီး။ ရွာတွေထဲကနေ မြို့ပေါ်တွေကိုချဉ်းကပ်လာနိုင်ပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲကြောင့် ကော့ဘိန်းရွာအပါအဝင် ခရုံဂူ၊ ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ၊ ကော့မိတ်စသည့် ရွာများရှိ အိမ်များပျက်စီးမှုရှိပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

“မနေ့က တရက်ထဲကို တရနာ၊ ဓမ္မသနဲ့ ကော့ပေါက်က ပြည်သူ ၆၄၀ လောက်ရှိတယ်။ အဲဒီရွာတွေက ရွာကြီးတွေဆိုတော့ ပိတ်မိနေတဲ့သူတွေလည်း သောင်းနဲ့ချီရှိတယ်”ဟု စစ်ရှောင်များကို ကူညီကယ်ဆယ်နေသူတဦးက ပြောသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
23
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
197
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
40

လက်ရှိ ကော့ဘိန်းရွာတဝိုက်၌ တိုက်ပွဲများငြိမ်သက်နေပြီး စစ်ကောင်စီက ခရုံဂူ၊ ကော့သတ်နှင့် တရနာရွာများမှာ စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံများထံက သိရသည်။

ကော့ဘိန်းရဲစခန်းတိုက်ပွဲတွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၃ ပျံလွှားတပ်ဖွဲ့၊ Lion Battalion Commando-ဗျူဟာစစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ အာဏာရှင်ဆန့်ကျင်ရေး(NMSP-AD) နှင့် ဒရုန်းတပ်ဖွဲ့များဖြစ်ကြသော ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO)တပ်ရင်း၆ ဒရုန်းတပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း လက်အောက်ခံ G-2နှင့် G3တပ်ဖွဲ့၊ Fix Wings၊ Saw Dragon Drone Force(SDDF)၊၊ Alphabet Fix Wings ပါဝင်သည်။

You may also like these stories:

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ

တလှိုင်းပြီးတလှိုင်း လာနေသော စစ်ရေးလှုပ်ရှားမှုများ

ထိုင်းနယ်စပ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ နိဂုံးချုပ်တော့မည်

Your Thoughts …
Tags: KNLANMSP-ADကရင်ကော့ကရိတ်ကော့ဘိန်းမော်လမြိုင်မွန်အရှေ့တောင်တိုင်းစစ်ဌာနချုပ်
မိအိသဉ္ဇာမြင့်

မိအိသဉ္ဇာမြင့်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

by Zachary Abuza
28 August 2024
16.2k

အတိုက်အခံတို့၏ စစ်ရေး အောင်မြင်မှုများသည် စစ်မြေပြင်ကို အခြေခံအားဖြင့် ပြောင်းလဲစေပြီး စစ်တပ် မည်သို့ နာလန်ထမည်ကို မှန်းဆရန် ခက်ခဲသည်။

Next Post
“မဟာဘူတ တပ်မတော်”

“မဟာဘူတ တပ်မတော်”

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved