• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ထိုင်းနယ်စပ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ နိဂုံးချုပ်တော့မည်

by Brian Wei
26 March 2024
in သတင်း
A A
ထိုင်းနယ်စပ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ နိဂုံးချုပ်တော့မည်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက မိုးဗြဲတွင် တွေ့ရသည့် KNDF တပ်ဖွဲ့ဝင်များ / ဘုန်းအောင်

6.3k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့က မြန်မာတွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို ထပ်လောင်း ကတိပြုပြီး ယခုအခါ ၎င်းတို့သည် ကရင်နီ (ကယား) ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း ပြောသည်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် တော်လှန်ရေး မဟာမိတ်များသည် လွန်ခဲ့သောနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက် ထိုင်းနယ်စပ်ရှိ အရှေ့တောင်ပိုင်း ကရင်နီပြည်နယ်နှင့် အနီးရှိ ရှမ်းပြည်တောင်ပိုင်းမှ မြို့အများအပြားကို သိမ်းပိုက်ထားသည်ဟု မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းနယ်စပ်ရှိ စခန်းများမှ စစ်ကောင်စီတပ်များကို လျင်မြန်စွာ မောင်းထုတ်လိုက်သည့် မိုခါမုန်တိုင်း စစ်ဆင်ရေးအပြီးတွင် ၁၁၁၁ စစ်ဆင်ရေးကို စတင်ခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

မိုခါမုန်တိုင်း စစ်ဆင်ရေးကို KNDF, ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လက်နက်ကိုင် အဖွဲ့အစည်း ကရင်နီတပ်မတော် (KA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) က လွန်ခဲ့သောနှစ် ဇွန်လတွင် စတင်သည်။ ၎င်းတို့ စုပေါင်းပြီး မယ်စဲ့မြို့နှင့် စစ်ကောင်စီနယ်စပ်စခန်း ခုနစ်ခုကို ပထမဆုံးလအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

ထို သုံးဖွဲ့သည် ၁၁၁၁ စစ်ဆင်ရေးကို ဆက်လက် လုပ်ကိုင်ပြီး ကရင်နီပြည်နယ်မှ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ နန်းမယ်ခုံမြို့များနှင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှ မိုးဗြဲမြို့ကို သိမ်းပိုက်ခဲ့သည်။ ဖယ်ခုံမြို့နယ်သည် ကရင်နီ တိုင်းရင်းသားအများစု နေထိုင်သောမြို့နယ် ဖြစ်သည်။

ကရင်နီပြည်နယ်၏ မြို့ ကိုးမြို့အနက် သုံးမြို့ကိုသာ တော်လှန်ရေး အင်အားစုများ မသိမ်းပိုက်ရသေးကြောင်း KNDF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက်တွင် KNDF ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာသည်။

တော်လှန်ရေး အင်အားစုများသည် လွိုင်ကော်၊ ဖရူဆို၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များ အပါအဝင် ကရင်နီ ပြည်နယ်၏ ၁၀ ရာခိုင်နှုန်းကိုသာ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း KNDF ကြေညာချက်တွင် ဖော်ပြထားသည်။

KNDF သည် ဒီးမော့ဆိုကို သိမ်းပိုက်ထားသော်လည်း တမြို့လုံးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း KNDF ပြောခွင့်ရသူ ကိုစောတာအိုက်စိုးက ပြောသည်။ ထိုမြို့အနီး စခန်းအနည်းငယ်တွင် စစ်ကောင်စီတပ်များ ရှိနေကြောင်း ၎င်းကပြောသည်။

KNDF ထိန်းချုပ်နယ်မြေများတွင် အရပ်သားများ လွတ်လပ်စွာ သွားလာနိုင်ကြသော်လည်း တိုက်ပွဲ ဖြစ်ပွားနေဆဲနေရာများ၊ စစ်ကောင်စီတပ် အမြောက်များနှင့် ပစ်ခတ်သောနေရာများ၊ မြေမြှုပ်မိုင်းများ ထောင်ထားသည့် နေရာများရှိ နေအိမ်များသို့ မပြန်နိုင်သေးကြောင်း ဆက်လက်ပြောကြားသည်။

နိုဝင်ဘာလမှစတင်ပြီး စစ်ကောင်စီတပ်များသည် ပြည်နယ်အတွင်း စခန်း ၁၆ ခုမှ ဆုတ်ခွာသွားကြောင်း KNDF က ပြောသည်။

ထိုစခန်းတခုစီတွင် စစ်ကောင်စီစစ်သား ၄၀ မှ ၁၀၀ အထိ ရှိခဲ့ကြောင်း ကိုစောတာအိုက်စိုးက ပြောသည်။

မတ်လ ၂၃ ရက်နေ့အထိ KNDF နှင့် မဟာမိတ်များသည် ကရင်နီပြည်နယ်၊ မြို့နယ် ရှစ်မြို့နယ်မှ စစ်ကောင်စီတပ်စခန်း ၆၅ ခုကို သိမ်းပိုက်ထားကြောင်း သိရသည်။

ပြည်နယ်အတွင်းတွင် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ကြားကာလ ပြည်နယ်အစိုးရအဖြစ် လွန်ခဲ့သောနှစ် ဇွန်လတွင် တည်ထောင်ထားသည်။

KNDF တပ်များသည် ဥပဒေအထက်တွင် မရှိပေ။ အများပြည်သူနေရာများတွင် မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးထားသည့် အသက် ၂၇ နှစ်အရွယ် အရပ်သားတဦး ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် သေဆုံးမှုအတွက် KNDF တပ်ဖွဲ့ဝင် နှစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ နှင့် တလ ချမှတ်ထားသည်။

ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များကို အခြေခံပြီး ထိုတပ်ဖွဲ့ဝင်များကို ထောင်ချခြင်းဖြစ်သည်။ ထိုပြစ်ဒဏ်ကို စစ်ဥပဒေ ပုဒ်မ ၂၂ နှင့် ၃၀ အရ စစ်ခုံရုံးက ချမှတ်ခြင်းဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Junta is Nearing Its End in The Thai Border State of Karenni ကို ဘာသာပြန်သည်။)

You may also like these stories:

ရှားတောမြို့ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်

ကရင်နီစစ်ရှောင်တို့ရဲ့ ဝိုးတဝါး အိမ်ပြန်လမ်း

ဖယ်ခုံမြို့ တဝက်ခန့် ကရင်နီပူးပေါင်းတပ်များ စိုးမိုးထား

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

RelatedPosts

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
6
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
48
ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
229

ကရင်နီပြည် လွတ်မြောက်ဒေသဆီသို့ ခရီးနှင်ခြင်း

ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ

Your Thoughts …
Tags: ၁၁၁၁ စစ်ဆင်ရေးKNDFPDFကယားပြည်နယ်ကရင်နီ
Brian Wei

Brian Wei

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
သက္ကယ်ကျင်းရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ (ရုပ်/သံ)

သက္ကယ်ကျင်းရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ (ရုပ်/သံ)

တပ်မတော်နေ့ ပွဲကို ဘာ့ကြောင့်ညနေပိုင်းအချိန်လုပ်တာလဲ (ရုပ်/သံ)

တပ်မတော်နေ့ ပွဲကို ဘာ့ကြောင့်ညနေပိုင်းအချိန်လုပ်တာလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved