ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွ မြို့ကို အာရက္ခတပ်တော် (AA) က အလုံးစုံသိမ်းပိုက်ရရှိသွားပြီး နယ်မြေ ရှင်းလင်းရေးတွေကို လုပ်ဆောင်နေပြီလို့ AA က ဧရာဝတီကို အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလထဲက ဂွမြို့နယ်ကို AA ကဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာမှာ နောက်ဆုံး လက်ကျန် ခြေမြန်တပ်ရင်းခမရ ( ၅၆၂ )ကို အပြီးသတ် သိမ်းပိုက်ပြီးနောက် မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
တောင်ကုတ်၊ အမ်း နဲ့ ဂွ မြို့တွေကို အေအေက အောက်တိုဘာလထဲက တပြိုင်နက် ပိတ်ဆို့တိုက်ခိုက် ခဲ့တာဖြစ်ပြီး အခု ဒီဇင်ဘာလအတွင်းမှာပဲ အဲ့ဒီမြို့တွေအပြင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကိုပါ သိမ်းပိုက်ရရှိခဲ့တာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy