• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ရေး အရေးနိမ့်နေသည့် စစ်ကောင်စီ လူထုအပေါ် ရှုံးမဲမဲနေဟု AA ပြော

by ဧရာဝတီ
22 July 2022
in သတင်း
A A
၂၀၂၀ ခုနှစ်အတွင်းက တွေ့ရသည့် AA တပ်ဖွဲ့ဝင်တဦး  / ဧရာဝတီ

၂၀၂၀ ခုနှစ်အတွင်းက တွေ့ရသည့် AA တပ်ဖွဲ့ဝင်တဦး / ဧရာဝတီ

7.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီတပ်သည် စစ်ရေးအရ အရေးနိမ့်နေသည့်အခါတိုင်း ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး မတရားဖမ်းဆီး သတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိသလို ယခုအခါ ရခိုင်ပြည်နယ်အတွင်း၌လည်း ရှုံးမဲမဲပြီး ပြည်သူများအား အပြစ်ရှာဖမ်းဆီးမှုများ ပြုလုပ် နေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) က ထုတ်ပြန်ပြောဆိုလိုက်သည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်သည့်အခါတိုင်း ရှုံးနိမ့်အထိနာနေသည့်အတွက် ရခိုင်ပြည်နယ် အတွင်း ကုန်းလမ်း၊ ရေလမ်းများ၌ စစ်ဆေးရေးဂိတ်များဖွင့်လှစ်ပြီး အကြောင်းအမျိုးမျိုးပြ စစ်ဆေးမှုများပြုလုပ်ကာ လူဖမ်း ပွဲ ပြုလုပ်နေခြင်းကြောင့် ယခုရက်အပိုင်းအတွင်း သေရေး၊ ရှင်းရေးမှလွဲပြီး မလွှဲမရှောင်သာ အခြေအနေရောက်မှသာ ခရီး သွားလာကြရန်လည်း ULA/ AA က ဇူလိုင် ၂၁ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

ULA/ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “စစ်ကောင်စီတပ်က သူတို့ စစ်ပွဲမှာရှုံးနိမ့်တဲ့အခါတိုင်း၊ သူတို့ဘက်က အကျ အဆုံးအထိအခိုက် များတဲ့အခါတိုင်းမှာ ပြည်သူကို ဦးတည်ပစ်မှတ်ထားပြီးတော့ မတရားဖမ်းဆီး သတ်ဖြတ်တာတွေကို တောက်လျှောက်လုပ်နေတယ်။ မြန်မာနိုင်ငံအနှံ့ လူမျိုးအသီးသီးနေတဲ့ နေရာတွေမှာလည်းလုပ်နေသလို ကျနော်တို့ ရခိုင် ပြည်မှာလည်းပဲ သူတို့ အဲဒီအတိုင်းပဲ လုပ်နေတယ်။ အဲဒီအတွက်ကြောင့် ပြည်သူတွေ စစ်ကောင်စီရဲ့ မတရားဖမ်းဆီး သတ် ဖြတ်မှုအန္တရာယ်ကို ရှောင်နိုင်ဖို့အတွက် သတိပေးထုတ်ပြန်ရခြင်း ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် လတ်တလောအခြေအနေအရ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေသဖြင့် နှစ်ဖက်အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ခြင်း ရှိမရှိဆိုသည်ကိုမူ စစ်ကောင်စီတပ်နှင့် တရားဝင် စာရွက်စာတမ်းဖြင့် လက်မှတ်ရေးထိုး အပစ်ရပ်ထားခြင်း မဟုတ်သည့်အတွက် တစုံတရာပြောကြားရန် မရှိကြောင်း ဦးခိုင်သုခက ဆိုသည်။

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက တိုက်ပွဲဖြစ်တိုင်း ပြည်သူကို ဒုက္ခပေးခြင်းမှာ စစ်ကောင်စီတပ်၏ ဗျူဟာတခုဖြစ်ပြီး ပြည်သူအပေါ် အလွန့်အကျွံ ဖိနှိပ်မှုများ ပြုလုပ်လာမည်ဆိုပါက ULA / AA က တာဝန်ယူဖြေရှင်းသွားလိမ့်မည် ဖြစ်ကြောင်း သုံးသပ်မှတ်ချက်ပေးသည်။

၎င်းက “ပြည်သူကို ဒုက္ခပေးတာက စစ်ကောင်စီရဲ့ အလေ့အထတခု၊ သူတို့ရဲ့ နည်းဗျူဟာတခု ဖြစ်နေတယ်။ သို့သော် အဲဒီ နည်းဗျူဟာက မထိရောက်ပါဘူး။ ပြည်သူတွေ နာကျည်းချက်နဲ့ စစ်ကောင်စီနဲ့ ပိုပြီးတော့ ကင်းကွာလာမယ်။ ပြည်သူတွေကို တော်တော်ကြီး ဒုက္ခပေးလာမယ်။ ပိုပြီးတော့ အနိုင်အထက် ပြုလာမယ်ဆိုရင်တော့ ULA/ AA က အဲဒီတာဝန်ကို ထမ်း ဆောင်သွားမယ်လို့ ယူဆတယ်” ဟု ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်းက တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်တွင် မောင်တောမြို့နယ်၊ မြဝတီကျေးရွာနှင့် တရိန်းကျေးရွာကြား စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၄ ဦး ဖမ်းဆီးခံရပြီး အများအပြား သေဆုံးခဲ့ကြောင်း AA ၏ သတင်းနှင့်ပြန်ကြား ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့နောက်ပိုင်း ဇူလိုင် ၁၉ ရက်တွင် မောင်တောမြို့နယ်အတွင်းရှိ ပန်းတောင်ပြင်စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ်သည် ဒေသခံ ၂ ဦးကို ဖမ်းဆီးခဲ့သလို ဇူလိုင် ၂၀ ရက်ကလည်း ကြိမ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်သား ၃ ဦးနှင့် သာကုန်းကျေးရွာတာဝန်ခံ ၁ ဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့သည်။

ထို့ပြင် ဇူလိုင် ၁၉ ရက်တွင် ကျောက်တော်မြို့နယ်၊ ကဝိရတနာစစ်ရှောင်စခန်း၌ တိမ်းရှောင် ခိုလှုံနေသည့် စစ်ရှောင်အမျိုး သား ၁ ဦးနှင့် ပုဏ္ဏားကျွန်းမြို့ခံ ၁ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထိုသို့ စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထား ဖမ်းဆီးမှုများကြောင့် မောင်တောမြောက်ပိုင်းရှိ ဒေသခံ ကျေးရွာသားများမှာ လယ်ယာလုပ်ငန်းခွင်နှင့် တောတောင်များထဲသို့ မသွားရဲကြတော့ကြောင်း ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်း၌လည်း ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးနေသည့်အတွက် ကြိမ်သာကျေးရွာ၊ ထွန်းရဝေကျေးရွာ၊ ပြားချောင်းကြီးကျေးရွာ၊ အလယ်ရွာကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံများမှာ နီးစပ်ရာကျေးရွာ များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရသေ့တောင်မြို့ခံများထံမှ သိရသည်။

ရသေ့တောင်မြို့ခံတဦးက “စစ်ကောင်စီတပ်က အခုဆိုရင် ကျနော်တို့ ရသေ့တောင်မြို့အဝင် မြစ်လယ်မှာကို လုံခြုံရေး ချထားတယ်။ မြို့အဝင်အထွက်မှာလည်း စစ်ဆေးရေးဂိတ်တွေ အသစ်ထပ်ချထားပြီး နေတယ်။ ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲဖြစ်မှာစိုးလို့ ရွာသားတွေ ကြိုပြီးတော့ရှောင်နေကြတာ ရှိတယ်။ AA ကလည်း ရွာသား တွေနာမှာစိုးလို့ ကြိုရှောင်ခိုင်းတဲ့သဘော ရှိတယ်။ ပြားချောင်းကြီးတံတား ပတ်ဝန်းကျင်မှာတော့ တံတားကိုကျော်လာရင် ပစ်တယ်လို့ ပြောထားလို့ စစ်ကောင်စီတပ်ကတော့ အဲဒီတံတားကို မကျော်ရဲဘဲ ပြန်လှည့်လာတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ အခြေအနေတွင် မြို့နယ်ချင်းထိစပ်နေသည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့်မြို့နယ်များရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကြား ရှေ့တိုးလာလျှင် ပစ်မည်ဆိုသည့်သဘောဖြင့် တဖက်နှင့်တဖက် မလှမ်းမကမ်းတွင် နေရာယူထားကြသောကြောင့် တိုက်ပွဲဖြစ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

You may also like these stories:

မောင်တောတွင် စစ်တပ်က ဖမ်းဆီးနေသဖြင့် ဒေသခံတို့ စိုးရိမ်နေ

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

အာဏာအားပြိုင်မှုကြားက ရခိုင် လူဖမ်းပွဲ

AA နှင့်တိုက်ပွဲတွင် အထိအခိုက်များပြီးနောက် စစ်တပ်က အရပ်သားများကိုဝင်ဖမ်း

Your Thoughts …
Tags: AAစစ်ကောင်စီစစ်ရေးရခိုင်ပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဒေါ်လာဈေး ထိုးတက်နေတဲ့ ဂယက် ပြည်ပထွက်မယ့် လုပ်သားတွေထိခိုက် (ရုပ်/သံ)

ဒေါ်လာဈေး ထိုးတက်နေတဲ့ ဂယက် ပြည်ပထွက်မယ့် လုပ်သားတွေထိခိုက် (ရုပ်/သံ)

တရုတ်- မြန်မာ နယ်စပ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း / ဧရာဝတီ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါး ဖြစ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved