ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုရဲ့ အကျိုးဆက်အနေနဲ့ ရပ်တည်ဖို့ ခက်ခဲတဲ့ လုပ်ငန်းတွေ များပြားလာသလို ရပ်လိုက်ရပြီဖြစ်တဲ့ လုပ်ငန်းတွေလည်း ရှိနေပါတယ်။ စီးပွားရေးကျဆင်းလာပြီး ပြည်သူအများစု ဝင်ငွေ သိသိသာသာ လျော့ကျလာမှုနဲ့ အတူ ချေးငွေလုပ်ငန်းတွေဆီကနေ ချေးယူထားတဲ့ ကြွေးမြီးတွေကို ပြန်ဆပ်ဖို့ရာမှာလည်း ခက်ခဲကြန့်ကြာမှုတွေ ဖြစ်လာနေပါတယ်။
ချေးငွေတွေ ပေးဆပ်မှု လျော့လာတာနဲ့အတူ အသေးစားချေးငွေ လုပ်ငန်းတွေမှာလည်း လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေ ကြုံနေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကပ်ဘေးကာလမှာ အသေးစားချေးငွေ လုပ်ငန်းတွေ အနေနဲ့ ဘာတွေကြုံတွေ့နေရတယ်၊ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကို သိရှိဖို့အတွက် မြန်မာနိုင်ငံ အသေးစားငွေ ရေးကြေးရေး ကူညီမှုအသင်း (MMFA) အတွင်းရေးမှူး ဒေါ်ဖြူယမင်းမြတ်နဲ့ ဆက်သွယ်မေးမြန်းသွားမှာပဲ ဖြစ်ပါတယ်။
ရိုက်ကူး – ကျော်သူရ၊ အောင်ခိုင်မျိုး
တည်းဖြတ် – အောင်ခိုင်မျိုး











