ဖေဖော်ဝါရီလနောက်ဆုံးပတ်လောက်ကနေ စတင်ပြီး ရန်ကုန်နဲ့ အခြားမြို့ပြတွေမှာလျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးဝါးစွာဖြစ်ပေါ်နေပြီး၊ အချို့မြို့နယ်တွေမှာဆိုရင် တရက်လုံးလျှပ်စစ်မီး ပြတ်တောက်သွားအထိ ရှိတယ်လို့ မြို့ပြနေ ပြည်သူလူထုတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း မြို့တွေမှာ လျှပ်စစ်ကားနဲ့ ရထား ပြေးဆွဲဖို့အတွက်မူဝါဒတွေရေးဆွဲနေတယ်လို့ ပြောဆိုနေပေမယ့်၊ စစ်ခေါင်းဆောင်တွေ အခြေစိုက်ရာနေပြည်တော်မှာတောင် လျှပ်စစ်မီး အလှည့်ကျပေးဖို့ လုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။
လျှပ်စစ်မီး မရရှိတဲ့ပြသနာကြောင့် အိမ်ရှင်မတွေအပြင် လျှပ်စစ်မီးနဲ့ အင်တာနက်ကို အမှီပြု အလုပ်လုပ်နေရသူတွေနဲ့ အွန်လိုင်းစနစ်နဲ့ စာသင်နေရတဲ့ ကျောင်းသားတွေမှာလဲ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။