အာဏာသိမ်းမှုဒဏ်၊ စစ်မှုထမ်းဥပဒေ၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ သဘာဝဘေးအန္တရာယ် စတာတွေကို ခါးစည်းခံနေကြရတဲ့ ပြည်သူတွေဟာ အခုလည်း သန်းခေါင်စာရင်းရဲ့ ခြိမ်းခြောက်မှုကြုံနေရပါတယ်။
သန်းခေါင်စာရင်းမေးခွန်းတွေထဲမှာ လူဦးရေအကြောင်းအရာ၊ အသက်အပိုင်းအခြား၊ ပိုင်ဆိုင်မှုအကြောင်းအရာ၊ ပြည်ပရွှေ့ပြောင်းသွားလာမှု စတဲ့အကြောင်း အရာတွေ အပါအဝင် အသေးစိတ်မေးမြန်းမှုတွေဟာ လူထုကို ပိုပြီးစိုးရိမ်စေတာဖြစ်ပါတယ်။
သန်းခေါင်စာရင်းကိုဆယ်နှစ်တကြိမ်ကောက်လေ့ရှိပြီး တိုင်းပြည်အတွက် အရေးပါတဲ့ လုပ်ငန်းစဉ် တခုဖြစ်ပေမယ့် သူတို့ကိုဆန့်ကျင်သူတွေကိုမမိရင် မိသားစုဝင်တွေကိုဖမ်းဆီးတာ၊ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းတာ အပြင် အတင်းအဓမ္မ စစ်သားစုဆောင်းနေတဲ့ စစ်ကောင်စီလက်ထက်မှာတော့ ပြည်သူလူထုအနေနဲ့ အချက်အလက်အမှန်တွေပေးဖို့ စိုးရိမ်မှုတွေရှိနေတာပါ။
#မြန်မာ #ဧရာဝတီ #သန်းခေါင်စာရင်း #စစ်ကောင်စီ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













