စစ်အာဏာသိမ်းပြီးတဲ့နောက် မတရားတဲ့ ပုဒ်မတွေနဲ့ မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရပြီး ကျန်းမာရေး ဆိုးဝါးနေတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကို စစ်ကောင်စီက အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
နှလုံးရောဂါအခံရှိတဲ့ ဝန်ကြီး ဦးဝင်းခိုင်ဟာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကတည်းက ကျန်းမာရေး ဆိုးဝါးနေတာကြောင့် ဆေးကုသမှု ခံနေရတာဖြစ်ပြီး၊ လွတ်ငြိမ်းခွင့်ပြုလိုက်ချိန်မှာတော့ ICU ခန်းထဲ ရောက်ရှိနေတယ်လို့ ပြောပါတယ်။
ဝန်ကြီး ဦးဝင်းခိုင်ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းချိန်မှာ နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံခေါင်းဆောင်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













