ကျောက်မဲ ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG တို့က ထုတ်ပြန် လိုက်ပါတယ်။
TNLA ထိန်းချုပ်နယ်မြေက ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဇန်နဝါရီ ၂၅ ရက်နေ့က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ တာကြောင့် CDM ဆရာဝန် ၁ ဦးအပါအဝင် ၊ အရပ်သား ပြည်သူ ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး၊ ၂၀ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို၊ ဆေးရုံလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ကြေညာထား ပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လစ်လျူမရှု့ပဲ မြန်မြန် တားဆီးအရေးယူဖို့ကိုလဲ NUG က တောင်းဆိုထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy