စစ်တပ်အနေနဲ့ တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ ဗထူးဗိုလ်သင်တန်းကျောင်းဆင်းပွဲ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
တပ်မတော်သားတွေအနေနဲ့ ဒို့တာဝန်အရေး ၃ ပါးကို လက်ကိုင်ထားပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူလူထုတွေအတွက် တရားသော စစ်ကို ဆက်လက် ဆင်နွှဲကြရမယ်လို့လည်း ဆိုခဲ့တာပါ။
တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ထိန်းချုပ် နယ်မြေချဲ့ထွင်ရေးတွေ အတွက် NUG၊ CRPH၊ PDF အဖွဲ့တွေနဲ့ ပူးပေါင်းနေတယ်လို့လည်း ဆိုထားပါတယ်။ ဒီလို အခြေအနေတွေကြောင့် တရားသောစစ်ကို ဆက်လက် ဆင်နွှဲရမယ်လို့လည်း ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်မှာ တပ်တွင်း စိတ်ဓာတ်ပျက်ပြားမှုတွေအတွက် ပြန်တည်ဆောက်ရေး လုပ်ငန်းစဥ်တွေ ဆက်တိုက် လုပ်ဆောင်နေသလို၊ ဝါဒဖြန့်ချီရေးကိုလည်း စစ်ခေါင်းဆောင်တွေ ကိုယ်တိုင် တပ်တွင်းလှည့်လည် ပြောဆိုနေပြီး စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေကနေလည်း နေ့စဥ် ဖော်ပြနေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












