မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) က အထူးဒေသ (၁) နေထိုင်ခွင့်ကတ် ကိုင်ဆောင်ထားသူတွေကို တရုတ်နိုင်ငံတွင်းဝင်ထွက်ခွင့် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ပြုလုပ်ပေးနေပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အခု ဇွန်လက စတင်ပြီး ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်နဲ့ လောက်ကိုင် (ရန်လုံကျိုင်းနယ်စပ်ဂိတ်) တွေမှာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ပြုလုပ် ပေးနေတာ ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ အရင်ကလည်း တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်ထားတဲ့ မြန်မာဘက်ခြမ်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အသိအမှတ်ပြု သက်သေခံကတ်ကိုင်ဆောင်ထားသူတွေကို တရုတ်ပြည်အတွင်းဝင်ရောက်ခွင့် ပြုလေ့ရှိတာပါ။
ပြီးခဲ့တဲ့ ဧပြီလက ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA သိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့ကို တရုတ်ဖိအားနဲ့ စစ်ကောင်စီထံ ပြန်လည်လွဲပြောင်းပေးအပ်ပြီးနောက် MNDAA နဲ့ တရုတ်ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာတဲ့ သဘောကို ပြသနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #MNDAA #တရုတ် #လောက်ကိုင် #ချင်းရွှေဟော် #နယ်စပ်ဂိတ် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













